Tuesday 31 December 2013

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

by ပိုပိုဇော်(သဘာဝအားအင်)January 1, 2014 at 6:53am

၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။  

၂။ နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

နှစ်မိနစ်ဖြင့် ဘ၀အမောပြေစေမည့် နည်းလမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)January 1, 2014 at 6:03am

အရမ်းကို ပင်ပန်း နွမ်းနယ်နေ တယ်လို့ ခံစား နေရချိန် မျိုးမှာ ပင်ပန်းမှုနဲ့ မောပန်းမှု တွေကို ပြေပျောက် စေဖို့ အချိန် နှစ်မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိ ပါတယ်။

အကြင်နာပေးပါ

နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အကြင်နာ ပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင် ကျွမ်း စေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှု တွေ အရ ဆိုပါတယ်။

နှလုံးကိုစောင့်ရှောက်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်း မဖြစ်ရအောင်

by ပိုပိုဇော်(သဘာဝအားအင်)January 1, 2014 at 4:36am

အေးချမ်းတဲ့အချိန် နှလုံးကိုစောင့်ရှောက်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်း မဖြစ်ရအောင် သတိထားရမည့်အချက်များ

❉ သွေးပေါင်ချိန် မှန်မှန် ချိန်ပါ ။

သွေးတိုးရှိသူများ ၊ သွေးချိုမြင့်သူများ ၊ကိုလက်စထရောမြင့်သူများ နှင့်နှလုံးသွေးကြောရောဂါသည်များက အေးချမ်းတဲ့အချိန်မှာ အလွယ်တကူ သွေးကြောများကျု့သွားခြင်း ၊ သွေးပေါင်တိုးခြင်း များဖြစ်တတ်ပါတယ် ။ ဆေးမှန်မှန်သောက်ပါ ။ ရက်ချိန်းမှန်ပြန်ပြပါ ။ အစားအသောက်ကိုထိန်းချုပ် ရှောင်ကျဉ် ပြီး အမြဲ သွေးပေါင်ချိန်ချိန်ဖို့မမေ့ပါနဲ့။

Monday 30 December 2013

ဘာကြောင့်လက်ကထုံကျင်နေတာလဲ

by ပိုပိုဇော်(သဘာဝအားအင်)December 31, 2013 at 12:28am

မကြာခဏ လက်ကျင်ထုံ ရခြင်းက ရောဂါလက္ခဏာ၇မျိုးကိုဖေါ်ပြပါတယ် ။ များသောအားဖြင့်လုတော်တော်များများက လက်ကျင်ထုံ နာရင်ခဏအနားယုလိုက်ရင်ပျောက်သွားမယ်လို့ထင်နေတာ ..ဒါပေမယ့် လက်ကျင်ထုံခြင်းက တခြားရောဂါဖြစ်ပွားနေတာကိုဖေါ်ပြတာမို့သတိထားသင့်ပါတယ် ။

(၁) လည်ပင်းကျောရိုးအဆစ်ရောဂါကြောင့်လက် ထုံကျင်ခြင်း လည်ပင်းကျောရိုးအဆစ်ရောဂါလက္ခဏအမျိုးမျိုးရှိပါတယ်။ လက်ချောင်းလေးတွေထုံကျင်တာလည်းပါဝင်ပါတယ် ။ ဓာတ်မှန်ရိုက်ခြင်းဖြင့်ရောဂါကိုသိနိင်ပြီး နှိပ်နယ်ခြင်း၊ အပုဓာတ်ရောင်ခြည်တို့ဖြင့်ကုသခြင်း၊ ဖြည်းနှေးသောလည်ပင်းလေ့ကျင့်ခန်းကိုလုပ်ခြင်း။ အိပ်တဲ့အခါ ခေါင်းအုံးအနိမ့်အမြင့်ကိုသင့်လျော်စွာထားပါ ။ 7~9cmမြင့်ရင်ရပါတယ် ။ခေါင်းအုံးအမာ အပျော့ အပြင် အိပ်တဲ့အနေအထားကလည်းအရေးကြီးပါတယ် ။သွေးကြောနဲ့အာရုံကြောများကိုပိ (ဖိ)မသွားစေဖို့ရှောင်ကြဉ်ပါ ။

Sunday 29 December 2013

ဂျူးဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)December 30, 2013 at 3:34am

ချိုမြပြီး ကြက်သွန်နီလို အနံ့မျိုးရှိတဲ့ ဂျူးဖူးကို အသားတွေ ကြော်ရာမှာ ရောထည့်လေ့ ရှိကြပါတယ်။ ဂျူးဖူးအရသာကို ကြိုက်နှစ်သက် သူတို့ အတွက် ဂျူးဖူးမှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရေးသား ဖော်ပြလိုက်ရပါတယ်။  

ကယ်လိုရီ ပါဝင်မှု အလွန်လျော့နည်း ပါတယ်

လတ်ဆတ် စိမ်းစိုတဲ့ ဂျူးဖူး ၁ဝဝဂရမ် မှာ ၃ဝ ကယ်လိုရီပဲ ပါဝင်ပါတယ်။ ကယ် လိုရီပါဝင်မှု နည်းတဲ့ အပြင် ကျန်းမာရေး တန်ဖိုးရှိတဲ့ ဖလေဗိုးနွိုက် အင်တီ အောက်ဆီးဒင့်၊ အမျှင်ဓာတ်၊ သတåုဓာတ် နဲ့ ဗီတာမင်ဓာတ်တွေ အများအပြား ပါ ဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေး ဇူးများစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ် ပါဝင်မှု များပါတယ် တခြား ကြက်သွန်နီ၊ ကြက်သွန် မြိတ်စတဲ့ Allium မျိုးနွယ်တွေထက် ဂျူး ဖူးမှာ အပင်ထွက် အမျှင်ဓာတ် အများ အပြား ပါဝင်နေပါတယ်။ လတ်ဆတ်တဲ့ ဂျူးဖူး ၁ဝဝ ဂရမ်မှာ တစ်နေ့တာ လိုအပ် တဲ့ အမျှင်ဓာတ် ၂ဒသမ၅ ၇ ရာခိုင်နှုန်း ပါဝင်နေပါတယ်။

ကန်စွန်းဥ စားသင့်တဲ့ အကြောင်းရင်း

by ပိုပိုဇော်(သဘာဝအားအင်)December 30, 2013 at 2:38am

ကန်စွန်းဥဟာ အလွယ်တကူ ရရှိနိုင်သော၊ ဈေးသက်သာသော၊ အရသာ ရှိသော အသီးအနှံများထဲမှ တစ်မျိုးဖြစ်ပါတယ်။ ကန်စွန်းဥကို ဘာကြောင့် စားသုံးသင့်သလဲဆိုတဲ့ အချက်များကတော့

- နှလုံးတိုက်ခိုက်ခံရခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင် B6 ကြွယ်ဝစွာ ပါရှိခြင်း

- အရေပြားတင်းရင်း၊ နုပျိုမှုကို ထိန်းသိမ်းပေးနိုင်သော ကိုလေဂျင် အမျှင်များကို ထုတ်လုပ်ပေးရာတွင် ကူညီပေးသော ဗီတာမင် C များ ပါဝင်နေခြင်း

- ဗီတာမင် D ပါဝင်ခြင်း၊ ထိုဗီတာမင်သည် စွမ်းအင်ပမာဏ၊ စိတ် အခြေအနေ၊ အရိုးများ တည်ဆောက်ခြင်း၊ နှလုံး၊အရေပြား၊ အာရုံကြောနှင့်သွားကျန်းမာရေး တို့တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်း

သင့်အသည်းကျန်းမာလာစေရန် နည်း (၇) သွယ်

by ပိုပိုဇော်(သဘာဝအားအင်)December 30, 2013 at 1:30am


၁။ ရေများများသောက်ပါ

တစ်ရက်လျှင် ရေသန့် ၈-၁၀ ဖန်ခွက်ခန့်သောက်ပါ။ ၎င်းကသင့်ရဲ့ အသည်းထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အပြင်ရောက်အောင် ထုတ်ပေးပါလိမ့်မယ်။ မိုးလင်းပြီဆိုတာနဲ့ သံပရာရည်ခွက်ကြီးတစ်ခွက်နဲ့ စတင်လိုက်ခြင်းက သင့်အသည်းရဲ့ အဆိပ်အတောက်ထုတ်ပစ်မှုကိုများစွာ အထောက်အကူဖြစ်စေပြီး သံပရာရည်ထဲမှာပါသည့် Citric acid က သည်းခြေ ရည်ယိုထွက်စေကာ ယင်းကလည်း အဆိပ်အတောက်များကို ထွက်စေရန် ကူညီလေသည်။  

အသည်း ကို ကာကွယ်ပေးတဲ့ အမြဲစားသင့်သောပာင်းသီးပာင်ရွှက် ၁၂မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 30, 2013 at 12:49am

ပာင်းရွှက်များတွင်ပြည့်နှက်နေသောဗီတာမင် ၊ များပြားသောသစ်ဆေး ၊ အက်စစ် ၊ အဇီဝမူလ ဆား အစရှိသည်တို့ပါဝင်ပြီး အဲဒီဓာတ်တွေက အသည်းရောဂါသည်များအတွက်ကျန်းမာရေးပြန်လည်ကောင်းမွန်လာ တဲ့အချိန်မှာမရှိမဖြစ်တဲ့ အာပာာရအစာတွေဖြစ်ပါတယ် ။ အသည်းရောဂါသည်များအတွက် အကျိုးပြုသောပာင်းသီးပာင်းရွှက်တွေကများပြားတာမို့ တချို့တွေကိုသူငယ်ချင်းတို့လည်းသိနားလည်ရအောင်မျှဝေလိုက်ပါတယ် ။

(၁) ကြက်သွန်ဖြူ

အသည်းရောဂါသည် သည် ကြက်သွန်ဖြူ ကိုချက်ပြီးသားသာစားသင့်ပါတယ် ။ Vit A, Vit B1, Vit C, Vit C ,ဗက်တီးရီးယားပိုးနှင့်ဗိုင်းရတ်ပိုးကိုဆန့်ကျင်နိင်ခြင်း ၊သွေးလွတ်ကြောများကိုပျော့ပျောင်းစေတယ် ။

လူသိနည်းတဲ့ သကြားရဲ့ဆိုးကျိုး ၁၀ မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 29, 2013 at 5:12pm

 မြန်မာနှလုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကို အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံးခြင်းရဲ့  ဆိုးကျိုးအကြောင်း ၁၀ မျိုးကို တင်ပြလိုက်ပါတယ်။   

(၁)သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။

American Heart Association ရဲ့  အဆိုအရ သကြားလွန်ကဲစွာစားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  

Friday 27 December 2013

ခံတွင်းနံ့ထွက်စေသည့် အကြောင်းရင်းများ

by ပိုပိုဇော်(သဘာဝအားအင်)December 27, 2013 at 2:41pm

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များသည် ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေသည်။
အသီးအနှံများတွင် ရေဓာတ်ကြွယ်ဝသောကြောင့် ခံတွင်းကိုစိုစွတ်စေပြီး ခံတွင်းနံ့ထွက်စေသည့် ပစ္စည်းများကို ကျဲသွားစေသည်။

သို့သော် ကြက်သွန်ဖြူစားသည့်အခါ အနံ့ထွက်စေသည့် ပစ္စည်းများသွေးထဲဝင်ရောက်ပြီး ဓာတ်ငွေ့အဖြစ် အသွင်ပြောင်းကာ ခံတွင်းနံ့ဆိုးစေသည်။

လက်ဖက်စိမ်းရည် (green tea) တွင် ပါဝင်သည့် polypheno  ဓာတ်များသည် သွားအခေါင်းပေါက် ဖြစ်ခြင်းကို ကာကွယ်ပေးပြီး ခံတွင်းနံ့ဆိုးခြင်းကို ကာဆီးပေးသည်။

ကရဝေးနဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်

by ပိုပိုဇော်(သဘာဝအားအင်)December 27, 2013 at 2:34pm

ကရဝေးဆိုတာနဲ့ ဒံပေါက်၊ အမဲနှပ်များမှာ ပါဝင်တဲ့အရွက်ကို မြင်ယောင်မိကြပါလိမ့်မယ်။ဒါပေမယ့် ကရဝေးရွက်လိုပဲ ကရဝေးရဲ့ အစေ့မှာလည်း အသုံးဝင်မှုတွေ ရှိနေပါတယ်။
ကရဝေးဟာ ပေါင်မုန့်၊ ဘီစကွတ်၊ ကိတ်နဲ့ချိစ်တွေမှာ အနံ့ အရသာ ပိုကောင်းစေဖို့ ထည့်သွင်းလေ့ ရှိပါတယ်။

(၁)ကရဝေးစေ့ဟာ ချွဲသလိပ်များကို ဖယ်ရှားရှင်းလင်းပြီး ချောင်းဆိုး ပျောက်ကင်းစေနိုင်ပါတယ်။

(၂)အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်နာခြင်း၊ လေပွခြင်း၊ လေမလည် ခြင်းတွေကို သက်သာအောင် အူကြွက်သားတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

Thursday 26 December 2013

ကိုလက်စထရောဓာတ် ကို အမြန်လျှော့ကျဆင်းစေတဲ့ အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)December 27, 2013 at 2:24pm

အုတ်ဂျုံ ( ကွေကာအုတ်)

နံနက်ခင်းမှာ ကွေကာအုတ်တစ်ခွက်က နှလုံး အတွက်အကောင်းဆုံးနံနက်စာပါ။ ကွေကာအုတ်ကကိုလက်စထရောထဲမှာရှိတဲ့ကုန်ကြမ်းကိုဖျက်စီးတဲ့ "β-glucan"လို့ခေါ်တဲ့ ပျော်ဝင်နိင်သောအမျှင် များက ကိုလက်စထရောထုတ်လုပ်ခြင်းနဲ့စုပ်ယု ခြင်းကိုတားမြစ်ပေးပါတယ် ။ နေ့တိုင်း 2/3( ခွက် ) ကွေကာအုတ် အခြောက်များကိုစားခြင်းဖြင့် ကိုလက်စထရောဓာတ် ၁၆ % ကိုကျဆင်းစေပါတယ် ။

အစာအဆိပ်မသင့်စေဖို့

by ပိုပိုဇော်(သဘာဝအားအင်)December 26, 2013 at 11:34pm

(၁) ဘေးကင်းတဲ့အသားကိုရွေးပါ

စူပါမားကက်မှာ အသားဝယ်လျှင် ရေခဲသေတ္တာ အောက်ဆင့်က အသားကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့်သလောက် မအေးဘဲ ဖြစ်တတ်သည်။

(၂) ကျကျနနသိမ်းပါ

လတ်လတ်ဆတ်ဆတ် အသားများကို ရေခဲသေတ္တာအအေးခန်း (refrigerator) တွင် နှစ်ရက်အထိ ထားနိုင်သည်။ အခဲခန်း(freezer)တွင် လပေါင်းများစွာ အထားခံ သည်။အအေးခန်း (refrigerator) တွင် ၄၀ဒီဂရီဖာရင်ဟိုက်ရှိသင့်ပြီး အခဲခန်း (freezer) တွင်သုညဒီဂရီ ဖာရင်ဟိုက်ရှိသင့်သည်။

Lotion အစား အသုံးပြုနိုင်သည့် အသီးအရွက်ဆီ

by ပိုပိုဇော်(သဘာဝအားအင်)December 26, 2013 at 10:33pm

ခန္ဓာကိုယ်အတွက် Lotion အစား အသီးအရွက်ဆီများကိုလည်း အသုံးပြုနိုင်သည်။ အသားခြောက်ခြင်း၊ အသားမာတက်ခြင်းများအတွက် ပိုးသတ်ဆေးကင်းစွာ အသုံးပြုနိုင်သည်။

(၁)စပျစ်စေ့အဆီ မျက်လုံးတစ်ဝိုက်၊လည်တိုင်တို့အတွက် အရေးအကြောင်းများ လျော့ပါးစေသည်။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သဖြင့် အသားကို လင်းလက်စေသည်။

(၂)သံလွင်ဆီ အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာပါဝင်ပြီး နေရောင်ကြောင့် အသားအရေပျက်စီးမှုကို ဖြစ်စေသော Free redical ကို တိုက်ထုတ်ပေးသည်။

ကြက်အသည်းအမြစ်စားသုံးခြင်းနှင့် ကောင်းကျိုးဆိုးကျိုးများ

by ပိုပိုဇော်(သဘာဝအားအင်)December 26, 2013 at 10:27pm

အစားအစာများတွင် ကောင်းကျိုးနှင့်ဆိုးကျိုးနှစ်မျိုး ဒွန်တွဲရှိနေသည့်အလျောက် ယခုတစ်ပတ်တွင် ကြက်အသည်းအမြစ်၏ အာဟာရကို ဖော်ပြလိုက်ရပါသည်။

(၁)ကြက်၊ ကြက်ဆင်အသည်းအမြစ်တွင် ၆၉ မှ ၇၁ mg ဆိုဒီယမ်ပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါးသည်။ ဆိုဒီယမ်ပါဝင်မှုနှုန်းများလျှင် သွေးတိုးနှလုံးဖြစ်စေသည်။ သို့ဖြစ်၍ အဆင့်သင့်စား အစားအသောက် များဖြစ်သည့် ၀က်၊ကြက်အူချောင်း၊ ၀က်ပေါင်ခြောက်တို့ကဲ့သို့ ဥပါဒ်မများစေပါ။

ဘာကြောင့်နှာစေးရသလဲ

by ပိုပိုဇော်(သဘာဝအားအင်)December 26, 2013 at 4:02pm

(၁)ပင်ပအရာဝတ္ထုများ ၀င်ရောက်ခြင်း

နှာခေါင်းတွင်းသို့ ပြင်ပအရာဝတ္ထုများ ၀င်လာပါက အဆက်မပြတ်နှာချေပြီး နှာရည်ဆက်တိုက်ကျတတ်သည်။ နှာခေါင်းတွင်းဝင်ရောက်လာသည့်ဖုန်၊ မှုန်၊ အနံ့များသည် မိမိနှင့်ရင်းနှီးမှုမရှိဘဲ စူးရှပါက နှာချေခြင်း။ နှာရည်ယိုခြင်း ပိုဖြစ်တတ်သည်။

(၂) ရာသီဥတုအေးခြင်း

အေးသည့် လေထုသည် နှာခေါင်းတွင်းနံရံကို လှုံ့ဆော်သောကြောင့် နှာခေါင်းတွင်း အရည်ကျိတ်များ အလုပ်ပိုလုပ်ပြီး နှာရည်ယိုလေ့ရှိသည်။  

Wednesday 25 December 2013

ရေခဲတုံး၏အံ့အားသင့်ဖွယ်ရာအသုံးဝင်ပုံများ

by ပိုပိုဇော်(သဘာဝအားအင်)December 25, 2013 at 7:33pm


ရေခဲတုံးရဲ့အသုံးဝင်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

မျက်နှာကိုလန်းဆန်းစေခြင်း   

 မိတ်ကပ်မလိမ်းခင်မျက်နှာအသားအရေအနှံ့သုတ်လိမ်းပေးပါ။ချက်ချင်းတောက်ပလာပါလိမ့်မယ်။ရေခဲတုံးကိုနူးညံ့ တဲ့အ၀တ်စဒါမှမဟုတ်တစ်သျှူးနဲ့အုပ်ပြီးမျက်နှာပေါ်အုပ်ပါ။ပြီးမှမိတ်ကပ်လိမ်းရင်မိတ်ကပ်သားစွဲစေပါတယ်။

ပန်းသီး၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

by ပိုပိုဇော်(သဘာဝအားအင်)December 25, 2013 at 5:02pm

ကောင်းကျိုးများ    

ပန်းသီးတွင် ပါဝင်သော Quercetin  ဓာတ်သည် စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု ဖြစ်ပြီး ဦးနှောက်ဆဲလ်များအိုမင်းခြင်းကို ကာကွယ်ပေးသည်။ ပန်းသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် ၀မ်းမှန်မှန်သွားစေပြီး အူမကြီးကင်ဆာရောဂါကို ကာကွယ်ပေးသည်။ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်များကြောင့် အစာချေဖျက်ချိန် ကြာမြင့်စေပြီး သွေးတွင်းသို့ အချိုဓာတ်ဝင်ရောက်မှုနှေးကွေးစေသည်။ ထို့ကြောင့် ဆီးချိုရောဂါရှိသူများအတွက် သင့်တော်သည့် အစာဖြစ်သည်။ ပန်းသီးကို ကိုက်သည့်၊ ၀ါး သည့်အခါ သွားဖုံးကို လှုံ့ဆော်ပေးပြီး ပန်းသီး၏အချိုဓာတ်ကြောင့် သွားရည်ထွက်ရှိမှုများစေသည်။ထို့ကြောင့် သွားပိုးပမာဏကို လျော့ချပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးသည်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး Pectin ဓာတ်များပါဝင်သောကြောင့် ဆိုးကျိုးပေးသည့် LDL  ကိုလက်စထရောကို လျော့ကျစေကာ သွေးတွင်းအဆီ ဓာတ်ပုံမှန်ဖြစ်စေရန် ထိန်းပေးသည်။

Tuesday 24 December 2013

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ

by ပိုပိုဇော်(သဘာဝအားအင်)December 25, 2013 at 12:17pm

ရက်သတ္တပတ်တစ်ခုစာ အိပ်ရေးပျက်လျှင်ပင် စိတ်ဖိစီးမှု၊ ခုခံအား၊ရောင်ရမ်းမှုဖြစ်စဉ်များကို ထိန်းချုပ်သော မျိုးဗီဇများ၏ လုပ်ငန်းများ ချွတ်ယွင်းကုန်သည်။

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများမှာ

- နေ့ညဇီဝစက်ဝန်း မမောက်ကမဖြစ်ခြင်းကြောင့် သွေးဖြူဥလုပ်ငန်းများ ချွတ်ယွင်းပြီးခုခံအားလျော့ကျသည်။
- အိပ်ရေးပျက်လျှင်ဦးနှောက်၏ ကြိုတင်မှန်းဆတတ်သော လုပ်ငန်းများကို အဆပေါင်းများစွာ ဖြစ်ပေါ်စေသောကြောင့် စိုးရိမ်စိတ်လွန်ကဲတတ်သည်။

ကြက်ဆူဆီ(Castor oil) ရဲ့ ကျန်းမာရေးအကျိုးပြုအာနိသင်

by ပိုပိုဇော်(သဘာဝအားအင်)December 25, 2013 at 11:52am

ကြက်ဆူဆီဆိုတာ ကြက်ဆူစေ့ကနေညှစ်ယူပြီးမှ ရလာတဲ့အဆီ ဖြစ်ပြီး ခြံစည်းရိုး ကြက်ဆူဆီနဲ့တော့ မမှားစေလိုပါဘူး။ ဆေးဖက်ဝင် ကြက်ဆူဆီကို Castor oil လို့ခေါ်ဆို ပြီး အာဖရိကနဲ့အိန္ဒိယနိုင်ငံတွေမှာ အများဆုံးတွေ့ရပါတယ်။ သူ့ရဲ့ဆေးဖက်ဝင် အာနိသင်တွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ သုံးစွဲလာမှုများလာပါပြီ။ ဆေးဖက်ဝင် အာနိသင်တွေကို တင်ပြပေးလိုပါတယ်။  

မှဲ့ခြောက် ပျောက်ကင်းစေဖို့ လွယ်ကူသက်သာ အိမ်တွင်း ဆေးနည်းကောင်းများ

by ပိုပိုဇော်(သဘာဝအားအင်)December 25, 2013 at 11:14am

မှဲ့ခြောက်ဟာ ပိုင်ဆိုင်ထားရသူရော၊ မြင်ရသူအဖို့ပါ စိတ်မချမ်းမြေ့စေတဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ မှဲ့ခြောက်ဟာ ဆယ်ကျော်သက်တွေရော၊ သွေးဆုံးပြီးစ အမျိုးသမီးတွေမှာပါ အဖြစ်များပါတယ်။ မျက်နှာတစ်ပြင်လုံးနဲ့ နှာခေါင်းပတ်လည်မှာ မှဲ့ခြောက်ပေါက်တတ်ပါတယ်။ အဖြစ်အများဆုံး အရေပြားအမျိုးအစားကတော့ အဆီပြန်တတ်တဲ့ အရေပြားပဲဖြစ်ပါတယ်။ ဂရုမစိုက်ရင် ၀က်ခြံတွေ ထူလပြစ် ထလာစေပါတယ်။ သက်သာစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးလို ပါတယ်။

Monday 23 December 2013

မည်သူတို့တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ချေ ရှိသနည်း

by ပိုပိုဇော်(သဘာဝအားအင်)December 24, 2013 at 4:20am

ဆီးချို သွေးချိုရောဂါဆိုတာ ဘာလဲ?

ခန္ဓာကိုယ်ထဲတွင် သွေးအချိုဓာတ်များနေလျှင် ဆီးချို သွေးချိုရောဂါရှိသည်ဟု ဆိုနိုင်ပေသည်။ ကုသမှု မခံယူပါက အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆီးချို သွေးချို၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အထူးသဖြင့် မျက်စိ(သို့) သွေးကြောများကို ထိခိုက်စေနိုင်သည်။ ဆီးချို သွေးချိုရောဂါ ဖြစ်စေရန် တွန်းအားပေးသော အချက်များ (Risk Factors) လူတဦး၏ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင် အကြောင်းအရာများသည် ရောဂါတခု ဖြစ်စေရန် တွန်းအားပေးသော အချက်များပင် ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါဖြစ်စေရန် တွန်းအားပေးသော အချက်များကို သုံးပိုင်းခွဲခြားနိုင်သည်။

အအေးမမိအောင်ကာကွယ်နည်းများ

by ပိုပိုဇော်(သဘာဝအားအင်)December 24, 2013 at 1:41am

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ...........
ဆောင်းရာသီက အအေးမိ တတ်တဲ့ရာသီပါ ။ကြာရှည်စိတ်ဖိအားများပြီးအလုပ်လုပ်နေသူက
သာမာန်ရိုးရိုးသုထက် အအေးမိလွယ်တာ အဆ 5 ဆဖြစ်၏ အအေးမမိအောင်ကာကွယ်နည်းတွေလည်းရှိပါတယ် ။
ပိုက်ဆံမကုန် လုမပင်ပန်း လွယ်ကုစွာနဲ့ အအေးမမိအောင်လုပ်ကြရအောင်........

(၁) ဆားရေဖြင့်ပလုပ်ကျင်းနည်း (အငံ အပေါ့ ကိုယ်တိုင်ချင့်ချိန်ပါ) နေ့တိုင်းမနက် ည အစားစားပြီးတိုင်းဆားရေဖြင့်ပလုပ်ကျင်းပါ ။ ဆားရေကခံတွင်း(ပါးစပ်)ထဲမှာရှိတဲ့ ဗက်တီးရီးယား(bacteria.) ပိုးကို သေစေ၏ ။

သဘာဝရဲ့ဆေးမြီးတိုများ (မြင်းခွါရွက်)

by ပိုပိုဇော်(သဘာဝအားအင်)December 24, 2013 at 12:03am

မျက်စိနာ

မြင်းခွါရွက်၊ ချင်းရည်နဲ့ ဖျော်သောက်ပါ။

အနာပေါက်

မြင်းခွါရွက်ကိုထောင်း၊ နနွင်းနှင့်ရောအုံထားပါ။

Saturday 21 December 2013

အစိုဓာတ်ထိန်းခရင်မ် သုံးခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)December 21, 2013 at 5:44pm

နုပျိုကြည့်ကောင်းသော အသားအရေ ရရှိစေခြင်း

အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းတာကြောင့် အသားအရေကို စိုပြည်စေပြီး အရေပြားဆဲလ်သေတွေကို လျော့ပါးစေပါတယ်။ အစိုဓာတ်ထိန်း ခရင်မ်အများစုမှာ နေဒဏ်ကာကွယ်နိုင်တဲ့ SPF ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

ကျန်းမာလှပစေဖို့သဘာဝအဆီများရဲ့အသုံးဝင်ပုံ

by ပိုပိုဇော်(သဘာဝအားအင်)December 21, 2013 at 5:03pm

♥ ခန္ဓာကိုယ်တွင် လိမ်းသော ကိုယ်လိမ်းအဆီ

ဘယ်လို အာနိသင်ရှိသလဲ

အလေးချိန်ပေါ့ပါးပြီး အိုမီဂါ ဖက်တီးအက်စစ်အပြည့်ပါတဲ့ ဂျိုဂျိုးဘားဆီလို အဆီဟာ အရေပြားရဲ့ အဆီအကာအကွယ်ကို သန်စွမ်းစေပြီး အရေပြားခြောက်သွေ့မှုနဲ့ အက်ကွဲတာ မဖြစ်အောင် အရေပြားကို အကာအကွယ်ပေးပါတယ်။ ရေပူနဲ့ ချိုးတာ၊ နေဒဏ်ခံရတာနဲ့ ဓာတုပစ္စည်းတွေ သုံးတာကြောင့် ဖြစ်တတ်တဲ့ အရေပြားခြောက်သွေ့ အက်ကွဲမှုကို ကာကွယ်နိုင်ပါတယ်။

Friday 20 December 2013

ဆူးမွှေးရွှက် (Pandan leaf) ရဲ့အာနိသင်

by ပိုပိုဇော်(သဘာဝအားအင်)December 20, 2013 at 11:18pm

အကျိုး သက်ရောက်မှု ------

နွေးတဲ့ ဒြပ်ဖြစ်ပြီး အဆိပ်မရှိပါ ။ အဓိကသက်ရောက်မှုက အသည်းရောင်ရောဂါ ၊ အဆုတ်ရောဂါ ၊ အပူကျ အဆိပ်ပြေ ၊ အရက်နာကျခြင်း ၊ အရက်မှုးပြေစေခြင်း ၊ အဆစ်အမျက်ရောင် ရောဂါ ( ဂေါက်နာ) အတွက် အသုံးဝင်ပါတယ် ။

ထိုင်း ၊ မြန်မာ ၊ မလေး ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိင်ငံများမှာ အများဆုံးတွေ့ရပြီး အလွယ်တကုဝယ်ယုလို့ရနိင်ပါတယ် ။

အနံ့က သင်းပြီး မွှေး တာမို့ မုန့်အမျိုး မျိုးး ၊ ပာင်းရည် ၊ ရေနှင့်ကြို ချက်သောက်ခြင်း ၊ ကဇွန်းဥ သာကု ၊ ပဲစိမ်းရည်ထဲများတွင် သကြားရည်ကဲ့သို့အသုံးပြူကြပါတယ် ။ ( တရုတ် ရောင်စုံအထပ်မုန့်ထဲတွင် အမွှေးအနံ့အဖြစ် ထည့်သုံးပါတယ်) ၊ ထ္မင်း ချက်ရာထွင်လည်းထည့်သုံးခြင်းဖြင့် တ္မင်း အနံ့ကိုမွှေးစေတာမို့ စားချင်စဖွယ်ဖြစ်စေတယ် ။

Thursday 19 December 2013

ဝိတ်ချနေသူတွေ မစားသင့်တဲ့ အစားအစာ (၅) မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 20, 2013 at 11:55am

ဆောင်းရာသီ ရောက်လာပြီဆိုရင် တခြားရာသီတွေထက် အနည်းငယ်လေးလံထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်တက်ဖို့ အခွင့်အလမ်းပိုများ ပါတယ်။ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေဆိုရင်တော့ အစားအစာကို ချင့်ချိန်စားသုံးရမှာ ဖြစ်သလို ၀ိတ်ချဖို့အတွက် လေ့ကျင့်ခန်းလုပ်နေသူ diet လုပ်နေသူတွေအတွက်လည်း မစားသုံးသင့်တဲ့ အစားအစာတွေကိုသိပြီး ရှောင်ကျဉ်သင့်ပါတယ်။ ဒီဆောင်းပါးမှတော့ ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်စေဖို့ ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုပါတယ်။

အကြောတက် ခြင်းနှင့် ကန်စွန်းရွက်

by ပိုပိုဇော်(သဘာဝအားအင်)December 20, 2013 at 10:22am

ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။

ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။

အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။

လှပတဲ့အသားအရည်ကို ပိုင်ဆိုင်စေဖို့ ဆောင်းတွင်းမှာ စားသုံးသင့်တဲ့ အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)December 19, 2013 at 4:46pm

ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်တာကြောင့် အေးမြခြောက်သွေ့တဲ့ လေအေးတွေဟာ သင့်အရေပြား၊ နှုတ်ခမ်း၊ ပါးနဲ့ ခန္ဓာကိုယ်အနှံ့ထိတွေ့တိုက်ခတ်တော့မှာဖြစ်ပါတယ်။ ဆောင်းရာသီမှာ အသားအရည်ကြမ်းလာခြင်းကို ကာကွယ်ဖို့အတွက် အရေပြားထိန်းသိမ်းမှု အလှကုန်တွေသုံးစွဲရမှာ ဖြစ်သလို တစ်ဖက်တစ်လမ်းကလည်း သင့်တော်မှန်ကန်တဲ့ အစားအစာတွေကို ဆောင်းရာသီမှာ စားသုံးရပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဆောင်းရာသီမှာစားသုံးသင့်တဲ့ အကောင်းမွန် အသင့်တော်ဆုံး အစားအစာတွေကို တင်ပြပေးလိုပါတယ်။

ဆောင်းရာသီမှာစားရမည့် အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)December 19, 2013 at 4:38pm

(၁) ချင်းလက်ဖက်ရည်

အေးသည့်ရာသီဥတု၌ နွေးနွေးထွေးထွေးဖြစ်စေရန် လက်ဖက်ရည်ကြမ်းက အကောင်းဆုံးကူညီပေးနိုင်သည်။ ချင်း(ဂျင်း) ခပ်ထားသော လက်ဖက်ရည် ကြမ်းသည် မူးဝေခြင်းကို သက်သာစေသည်။ ကိုယ်ဝန်ဆောင်စဉ် နံနက်ပိုင်း ပျို့အန်သည့်အခါ၊အစာအဆိပ်သင့်၍ ပျို့အန်သည့်အခါ လက်ဖက်ရည်နွေးကြမ်းတစ်ခွက်ထဲသို့ ချင်းတက်ငယ်တစ်ခုကို ခပ်ထည့်၍ သောက်ပါ။

ဆောင်းရာသီ နှင့် ကျန်းမာရေး

by ပိုပိုဇော်(သဘာဝအားအင်)December 19, 2013 at 3:17pm

အခုရက်ပိုင်း ရန်ကုန်မြို့ မှာတောင် ညနေခင်းတွေ၊ မနက်ခင်းတွေမှာ အအေးဓာတ်လေးတွေကို ခံစားနေရပြီဆိုတော့ နယ်မြို့  တွေမှာတော့ အအေးဓာတ်ကိုသိသိသာသာ ရနေလောက်ပြီ။ ညနေခင်းတွေမှာ ၆ နာရီလောက်ဆိုရင် အလင်းရောင်ပြောက်ပြီး မှောင်နေပါပြီ။ ဒါဆိုရင်တော့ ဆောင်းဝင်နေပြီပေါ့။ ဆောင်းဝင်ပြီဆိုတာကို ဒီလို ရာသီဥတု အခြေအနေတွေကနေပဲ သိရတာတော့မဟုတ်ပါဘူး။ ဒီရက်ပိုင်း လူတော်တော်များများ ဆီက လည်ပင်းနာတယ်၊ ချောင်းဆိုးတယ်၊ နှာစီးတယ် စတဲ့ အသံလေးတွေကြားနေရပါတယ်။ ဒါတွေဟာ ရာသီဥတုအပြောင်းအလဲတွေရဲ့ လက္ခဏာတွေပါပဲ။
ဒါကြောင့် အခုလို မိုးအကုန် ဆောင်းအကူးအချိန်ကနေစပြီး ဆောင်းတွင်းမှာ ဘာရောဂါတွေ အဖြစ်များတယ်၊ ရောဂါတွေမဖြစ်အောင်ဘယ်လို ကာကွယ်ရမယ်ဆိုတာကို သိရှိပြီး ကြိုတင်ပြင်ဆင် ကာကွယ်လို့ ရအောင် ဆောင်းရာသီမှာအဖြစ်များတဲ့ ရောဂါတွေ အကြောင်းကို အနည်းငယ်တင်ပြလိုက်ပါတယ်။

Wednesday 18 December 2013

ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန်

by ပိုပိုဇော်(သဘာဝအားအင်)December 19, 2013 at 5:33am

အုပ်စု ( ၁ ) လုံးဝရှောင်ရမည့် အစားအစာများ ။

သကြားနှင့် သကြားပါဝင်သော အစားအသောက်များ အားလုံးကို လုံးဝ (လုံးဝ )ရှောင်ရပါမည်။ 
သကြား ၊ ဂလူးကို့ စ် ၊ ကြံသကာ ၊ ထန်းလျက် ၊ ယိုအမျိုးမျိုး ၊ ချိုချဉ် ၊ ချောကလက် ၊ အိုက်စ် ကရင် ၊ လမုန့်  ၊ ထိုးမုန့် ၊ မလိုင်မုန့်  ၊ အဖျော်ယမကာ အမျိုးမျိုး ၊ စည်သွပ်အမျိုးမျိုး

အုပ်စု ( ၂ ) ကြုက်သလောက် စားသုံးနိုင်သော အစားအစာများ ။

ဤ အစားအသောက်များကို မိမိနှစ်သက်ပါက စိတ်တိုင်းကျ စားသုံးနိုင်သည့်အပြင် ဗိုက်ဝ အောင်လည်း စားနိုင်ပါသည် ။

သွေးတိုးရောဂါ ရှိသူများစားသင့်သောသစ်သီးများ

by ပိုပိုဇော်(သဘာဝအားအင်)December 19, 2013 at 5:21am

ကီဝီသီး

ကိုလက်စထရောနှင့် triglyceride ကိုကျဆင်းနိင်စွမ်းရှိတယ် ။ကင်ဆာကိုဖြစ်စေသောကာဆီနိုဂျင်ကိုပာန့်တားဆီးနိင်တယ် ။ သွေးတိုး ၊အသည်းရောင်၊နှလုံးရောဂါ ၊ဆီးအိမ်ကျောက်တည်ခြင်း အတွက် ကုသမှုကိုအထောက်အကုပြုပါတယ် ။

နာနတ်သီး

နာနတ်ရည်ထဲမှ အင်ဇိုင်းဓာတ်များကိုပြုလုပ်ပေးနိင်တယ် ။ ဖောယောင်ခြင်းနှင့် ဒူလာ အတွက်ပိုပြီးအသုံးဝင်ပါတယ် ။ မကြာခဏနာနတ်သီးစားခြင်းဖြင့်ခန္ဓာကိုယ်ထဲမှ အမျှင်အင်ဇိုင်းဓာတ်များကို ပိုများလာနိင်ပါတယ် ။ အစာကြေလွယ် ပါတယ် ။

အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 19, 2013 at 5:07am

ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

Wednesday 11 December 2013

လက်တွေ့ ကျကျ ပုရွက်ဆိတ်အန္တာရာယ်နှိမ်နင်းနည်း

by ပိုပိုဇော်(သဘာဝအားအင်)December 12, 2013 at 12:23pm

မုန့် အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့  နည်းလမ်းကောင်းလေးတွေရှိလို့  စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့် လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့် ဖြစ်စေလို့ ၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။ (သို့ မဟုတ်) မုန့် လုပ်ဆော်ဒါနဲ့  သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့  အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

by ပိုပိုဇော်(သဘာဝအားအင်)December 12, 2013 at 10:57am

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အ...နှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။ အဆိပ်အတော်ကများသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

Tuesday 10 December 2013

မိမိလက်လေးများ လှပနေစေဖို့ နည်းလမ်းတစ်ချို့

by ပိုပိုဇော်(သဘာဝအားအင်)December 11, 2013 at 2:15pm

လက်ဖဝါးဆိုတာ လူတစ်ယောက်ရဲ့ အကြောင်းကို လက္ခဏာ မကြည့်ဘဲနဲ့ များစွာဖော်ပြနေပါတယ်။ အဲဒီ့လူ တစ်ယောက် ဘယ်လိုနေတယ်၊ ဘယ်လိုသူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက် သလဲ ဆိုတာ ဖော်ပြနေပါတယ်။ နောက်ပြီး အဲဒီ့ လူတစ်ယောက်ရဲ့ အသက်အရွယ်ကို လည်း ဖော်ပြနေပါတယ်။ မိန်းမတစ်ယောက် အတွက်တော့ လက်ဆိုတာ ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။ 

အဆီပြန်ပြီးခြောက်သွေ့ သော အသားအရေအတွက် သဘာဝကုထုံး

by ပိုပိုဇော်(သဘာဝအားအင်)December 11, 2013 at 10:31am

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့  အပြင်ဘက်ဆုံးအလွှာဖြစ်လို့  လေ-ရေ-နေ စတဲ့ ရာသီဥတု ဒဏ်အမျိုးအမျိုးအပြင်၊ ဖုန်-မီးခိုး-ဓာတုဓာတ်ငွေ့ အမျိုးမျိုးတို့နှင့် နေ့  တဓူဝထိတွေ့ နေရပါတယ်။ မွေးရာပါ ဇီဝဖြစ်တည်မှုကြောင့်လူတစ် ဦးနှင့်တစ်ဦး အသား အရေအမျိုးအစားမတူကြဘဲ ပုံမှန်အသားအရေ၊ အဆီပြန်သော အသား အရေ၊ ခြောက်သွေ့ သောအသားအရေ နှင့် အဆီပြန်ပြီး ခြောက်သွေ့ သောအသား အရေ ဆိုပြီးရှိကြပါတယ်။ ယနေ့ အလှကုန်ဈေးကွက်မှာ အဆိုပါအသားအရေ အမျိုးမျိုးအတွက် အရေ ပြားထိန်းသိမ်းတဲ့ နိုင်ငံစုံ၊ တံဆိပ်စုံ၊ အမယ်စုံ အလှပြင်ပစ္စည်း များရောင်းချလျှက်ရှိနေကြပြီး၊ မိမိအသားအရေနှင့် သင့်တော် လိုက်ဖက်တဲ့ ပစ္စည်းမျိုးကိုအရွေးမမှားဖို့ အထူးလိုအပ်ပါတယ်။

ရှာလကာရည်၏ ဆေးဖက်ဝင်အစွမ်း

by ပိုပိုဇော်(သဘာဝအားအင်)December 11, 2013 at 8:30am

ထမင်းမစားခင် ရှာလကာရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ နာမည်ကျော် အနုပညာရှင် တချို့က ဆိုပါတယ်။  ရှာလကာရည်မှာ အဲဒီအကျိုးကျေးဇူး အပါအဝင် အောက်ပါ တခြားအာနိသင်တွေလည်း ရှိပါတယ်။ 

(၁) အဆိပ်အတောက်ကို ပြေလျော့စေပါတယ်

ရှာလကာရည်မှာ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်း အဆိပ်အတောက်ကို ပြေလျော့စေပါတယ်။ ရှာလကာရည်ဟာ အဆိပ်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ရှာလကာရည်ဟာ သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို အကူအညီပေးလို့ပါ။ ရှာလကာရည်ဟာ သွေးသန့်စင်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှာလကာရည်ဟာ ကိုယ်တွင်း အချွဲမြှေးတွေကို ပြေလျော့စေတဲ့နည်းနဲ့ အဆိပ်တွေကို ချေဖျက်ပေးသလို သားနံရည်စနစ်မှာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့နည်းနဲ့ သားနံရည်ကျိတ်တွေကို သန့်စင်ပေးပါတယ်။ သားနံရည်စနစ် ကျန်းမာနေရင် ကိုယ်တွင်းရှိ ဆဲလ်တွေထဲက အဆိပ်တွေကို ဖယ်ရှားပေးကာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။ 

ရှာလကာရည်လေး အသုံးဝင်ပုံ

by ပိုပိုဇော်(သဘာဝအားအင်)December 11, 2013 at 8:11am

(၁) ပန်းကန်ဆေး(ဘေစင်) ရေဆင်းပိုက်တွေ ပိတ်ဆို့ နေခြင်းအတွက်၊ ရှေးဦးစွာ ရှာလကာရည်နဲ့  မုန့် ဖုတ်ဆော်ဒါတို့ ကို ၁-ခွက်စီ ဆတူရော၍ရေဆင်းပိုက်ထဲ ကို လောင်းပေးပါ။ အချိန် ၅-မိနစ်ကြာတဲ့အခါမှာရေနွေးပူပူလောင်းချလိုက်ပါ။

(၂) မိုက်ကရိုဝေ့ဖ် မီးဖိုအတွင်းပိုင်း ညစ်ပေနေခြင်း(သို့ မဟုတ်)ရေခဲသေတ္တာ အတွင်း အနံ့ ဆိုးတွေပြေပျောက်၍ ပိုးမွှားကင်းစေဖို့  အတွက်၊ ရှာလကာ ရည်နဲ့ ရိုး ရိုးရေအေး တို့ ကို ဆတူရောထားသောရေဖြင့် သန့် ရှင်းရေးပြုလုပ်နိုင်ပါတယ်။

အသက်ကြီးလျှင် ပေါ်လာတတ်သော အညိုရောင် အစက်အပြောက်များ (Age Spots)

by ပိုပိုဇော်(သဘာဝအားအင်)December 11, 2013 at 7:17am

Age Spots ဆိုတာဟာ လက်အနောက် ဘက်၊ လည်ပင်း၊ မျက်နှာနဲ့ ပခုံးပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် ဝိုင်းစက်စက် အစက်အပြောက်တွေ ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုအချိန် များလာတာကြောင့် Age Spots တွေ ပေါ်လာရတာပါ။ ဒါကြောင့် လူအများစုမှာ အသက်ငယ်နေသေးရင် Age Spots တွေ ထွက်လာတာ မတွေ့ရတတ်သေးပါဘူး။ ဒါပေမယ့်လည်း နေရောင်ခြည်နဲ့ သိသိသာသာ ထိတွေ့မှုရှိသူတွေအနေနဲ့ အသက် ၂၀ ဒါမှ မဟုတ် ၃၀ နောက်ပိုင်းမှာ Age Spots တွေ စတင်ထွက်လာ တတ်ပါတယ်။ နေရောင်ခြည်မှာ UV rays တွေ ပါဝင်တဲ့အတွက် အသားအရေ ပျက်စီးမှုတွေ ရရှိလို့ပါ။ နေရောင်ခြည်ကြောင့် ရောင်ခြည်ပစ္စည်းတွေ အရေပြားမှာ ပိုမိုစုဆောင်းလာပြီး အညိုရောင် အစက်အပြောက်တွေ ဖြစ်ပေါ်လာကာ Age Spots တွေ ဖြစ်လာတာပါ။ အကယ်၍ Age Spots တွေရဲ့ အရွယ်ပမာဏ ဒါမှ မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲလာရင် အရေပြား ကင်ဆာဖြစ်နိုင်တဲ့ အတွက် အရေပြားဆရာဝန်နဲ့ သင့်အရေပြားကို တစ်နှစ် တစ်ကြိမ် လောက် စစ်ဆေးသင့်ပါတယ်။ Age Spots တွေ မှေးမှိန်သွားအောင်နဲ့ မဖြစ်အောင် ကာကွယ်နိုင်ဖို့ လုပ်ဆောင်နည်းတွေ ဖော်ပြပေးလိုက်ပါတယ်။  

အန္တရာယ်ရှိသောအစားအစာ ဆယ်မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 10, 2013 at 4:51pm

မြေပဲ(သို့) မြေပဲမှုန့် ၊ ပဲသိးအမျိုးမျိုး ၊ ကြီးမားသောပင်လယ်ငါးအမျိုးမျိုး ၊ Bubble Tea ၊ ငါးသေးသေး အမျိုးမျိုး ၊ Salad ။ ဝက်ကျောက်ကပ် ၊ ပုဇွန် ၊ ပြည်ကြီးငါး ၊ ကော်ဖီမှုန့်တို့ဖြစ်ပါတယ် ။

❉ မြေပဲတွင်Aflatoxin ဆိုတဲ့အဆိပ်က သာမန်တွေ့ရှိရတဲ့ဒြပ်ဖြစ်ပါတယ် ။ အဲဒီအဆိပ်က အသည်းကင်ဆာကိုဖြစ်စေတဲ့အဆိပ်ပြင်းတစ်မျိုးဖြစ်တယ် ။ မြေပဲ ၊ မြေပဲယို စားသုံးရာတွင်လည်းအထုးသတိပြုသင့်ပါတယ် ။

❉ ပဲသီးအမျိုးမျိုး ကို အဆက်မပြတ် ဆွတ်ခုးနိင်တာမို့ ပိုးသတ်ဆေးများ လွန်ကဲစွာ ပဲသီးများတွင် ကျန်ရှိနေနိင်ပါတယ် ။ဒါကြောင့်မို့ပဲသီးရဲ့အပြင်ဖက်ကို သေချာ ပွတ်သပ်ဆေးကြောပါ ။ Soda (စား ဆော်ဒါ ကိုရေနှင့်ဖျော်ပြီး ) ရေထဲမှာ ၅မိနစ် စိမ်ထားပါ ။ ရေနိင်နိင်ဆေးခြင်းဖြင့်ပိုးသတ်ဆေးများကိုဖယ်ရှားနိင်ပါတယ် ။

Monday 9 December 2013

အသားအရေကိုထိခိုက်ပျက်စီးစေမယ့် အစားအသောက်(၁၀)မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 9, 2013 at 4:01pm

(၁) အသားအရေလှပမှုအတွက် န္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိဖို့ လိုအပ် ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ ကို ကော်ဖီ ၃-ခွက်ထက်ပိုမသောက်သင့် ပါ ဘူး။ ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်တွေက ခန္ဓာကိုယ်ထဲက ဟိုမုန်းထွက်ရှိမှုပမာဏကို တိုးပွားလာကာ၊ ရေဓာတ်ခမ်းခြောက်စေတဲ့အပြင် အရေပြားပါးခြင်း၊ အရေးအကြောင်း များပေါ်ခြင်း၊ ရေဓာတ်ခမ်းခြောက်၍ အ သားအရေမွဲခြောက်ခြင်း၊ ကာမဆန္ဒအား နည်းခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။

Sunday 8 December 2013

ပျားရည်ကပေးသောကျန်းမာရေးအာနိသင်များ

by ပိုပိုဇော်(သဘာဝအားအင်)December 8, 2013 at 10:27pm

ဝမ်းကိုရှင်းစေသည်

ပျားရည်တွင် လူသားတို့ကို အကျိုးပြုသည့် lactobacilli ဘက်တီးရီးယားများပါဝင်တဲ့အတွက် ၀မ်းပျက်ဝမ်းလျော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အချို့လည်း အူမကြီးကင်ဆာကို ကာကွယ်နိုင်သည်ဟု ပြောကြသည်။ 

ဆီးချိုသမားတို့အတွက်

ပျားရည်ကို ဆီးချိုသမားများတွင် ဆေးသကြားအဖြစ် သုံးနိုင်ပါသည်။ အချိုကို လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် မရှောင်နိုင်လို့ အနည်းငယ် စားမည်ဆိုပါက ပျားရည်သည် စားသင့်သော သကြားတစ်မျိုးဖြစ်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆီးချိုသမားများအတွက် မရှိမဖြစ်လိုအပ်လှသည်။ ပျားရည်တွင် အဆိုပါ ပစ္စည်းများပါဝင်သောကြောင့် အသည်းကို တစ်ခါတည်း ကာကွယ်ပေးရာရောက်သလို သွေးကြောများ ကျဉ်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။ သွေးထဲတွင် သကြားဓာတ်ကို အရမ်းမတက်အောင် level တစ်ခုတွင် ထိန်းသိမ်းပေးရာတွင်လည်း အထောက်အကူပြုပါသည်။ ဆီးချို အမျိုးအစား ၁ သာမက အမျိုးအစား ၂ တွင်ပါ စားသုံး၍ ရပါသည်။ 

ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်ပါ

by ပိုပိုဇော်(သဘာဝအားအင်)December 8, 2013 at 4:08pm

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။

Saturday 7 December 2013

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)December 8, 2013 at 2:40am

မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာ ကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

ခြေဖနောင့်ကွဲခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း

by ပိုပိုဇော်(သဘာဝအားအင်)December 7, 2013 at 11:56pm


ခြေဖနောင့်နေရာက ကွဲအက်ရတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်ချည်းပဲ မဟုတ်ပါဘူး။  မိမိခြေထောက်ကို မိမိ ဂရုမပြုဘဲ ထားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခြေဖနောင့်နေရာမှာ ကွဲအက်မှုတွေဟာ ခြေထောက်အချင်းချင်း ပွတ်တိုက်မိရာကနေတောင် နာကျင်မှုကို ခံစားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ခြေထောက်နဲ့ ခြေဖဝါးကို သင့်မျက်နှာအလှကို ထိန်းသိမ်းသလိုပဲ ထိန်းသိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

ဆောင်းရာသီတွင် လှပပြီး တက်ကြွ ရွှင်လန်းနေစေရန်

 by ပိုပိုဇော်(သဘာဝအားအင်)December 7, 2013 at 11:36pm

ဆောင်းရာသီရဲ့ မနက်ခင်းက အေးချမ်းပြီး မြူနှင်းတွေနဲ့ မှုန်မှိုင်းနေတာကြောင့် အိပ်ရာက မထချင် ဖြစ်နေပါသလား။  ဆောင်းရာသီမှာ သင်ရဲ့ ပျင်းတွဲနေတဲ့ အမူအကျင့်တွေကို မပြင်ဆင်ပါက ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

ကျက်သရေရှိစွာ လှပတင့်တယ်နေစေရန်

ဆောင်းရာသီမှာ သင့်အလှအပအတွက် အချိန်ပေး ဂရုမစိုက်ပါက တင့်တယ်လှပမှုတွေ မှေးမှိန်နိုင်ပါတယ်။

(၁) နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ ဆောင်းရာသီမို့လို့ နေရောင်ကာခရင်မ် လိမ်းဖို့ မလိုဘူးလို့တော့ မထင်လိုက်ပါနဲ့။ မနက်ပိုင်းသာ အအေးဓာတ် အရှိန်ကြောင့် နေရောင်ခြည်နုနုရဲ့ အပူဒဏ်ကို သိပ်မခံစားရပေမယ့် နေလယ်ပိုင်းမှာတော့ နေရောင်ခြည်ရဲ့ ဒဏ်ကို ထိတွေ့ ခံစားရနိုင်တာကြောင့် အိမ်အပြင်ထွက်တဲ့အခါ နေရောင်ကာခရင်မ် လိမ်းပေးပါ။
(၂) ရေဓာတ်ဖြည့်ပေးပါ ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မှုကို ပိုဖြစ်စေတတ်တာကြောင့် သင့်ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းနေပါက သင့်အရေပြားမှာရှိတဲ့ ဆဲလ်တွေလည်း ခြောက်သွေ့နေတတ်ပါတယ်။ တစ်နေ့ကို ရေရှစ်ခွက် သောက်သုံးပါ။

Friday 6 December 2013

ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေး များ

by ပိုပိုဇော်(သဘာဝအားအင်)December 7, 2013 at 7:58am

ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။

ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာအထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး လုခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့ Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

 အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။

လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ်ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့်နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။