Saturday 31 August 2013

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ

by ပိုပိုဇော်(သဘာဝအားအင်)August 31, 2013 at 9:59pm

လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများသည်၊ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ ဧ။် ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။

အစွမ်းထက်မြက် ဒန့်သလွန်ရွက်

by ပိုပိုဇော်(သဘာဝအားအင်)August 31, 2013 at 8:35pm


နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

Friday 30 August 2013

ဆံကေသာ ကျန်းမာရေး အတွက် သင်သိထား သင့်သည်များ

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 10:37pm

ဆံကေသာ လှပကျန်းမာဖို့ရာ အတွက် သင်သိထား သင့်သော အကြောင်း ရင်းတွေကို ရေးသားလိုက်ရပါတယ်။
တစ်နေ့ပျမ်းမျှ ကျွန်သော ဆံပင်အသားအရေ အတွက်
ကျွတ်တဲ့ ဆံပင်အရေ အတွက်ဟာ အခြေအနေအကြောင်း ရင်း အမျိုးမျိုးအပေါ် မူတည်နေ ပါတယ်။ ဒါပေမဲ့ ပျမ်းမျှအား ဖြင့် တစ်နေ့မှာ ဆံပင်အရေ အတွက် ၁၀ဝခန့် ကျွတ်နေတယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထား ပါတယ်။ သင့်ခေါင်းမှာ ရှိတဲ့ ဆံပင်အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းခန့်ဟာ ကျွတ်တော့ မယ့် အနေအထားမျိုး ရှိနေကာ ခေါင်းလျှော်တဲ့အခါ ပါလာ တတ်ပါတယ်။

အမျိုးသားများ စမတ်ကျစေရန် စားသင့်သော အရာများ

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 10:25pm

ယောကျာ်း ပီသတဲ့ ပုံစံမျိုးနဲ့ စမတ်ကျကြည့် ကောင်းစေဖို့ရာ အတွက် လိုးရှင်းတွေ၊  အစိုဓာတ် ထိန်းခရင်မ်တွေ အသင့်အတင့် သုံးဖို့ လိုတာမှန်ပေ မယ့် စားသောက်တဲ့ အစားအသောက်တွေ ကလည်း အရေးပါ နေပါတယ်။ ဒါကြောင့် သင့်ကို အခုထက် ပိုပြီး စမတ်ကျကြည့်ကောင်း နေစေဖို့ အောက်ပါ ရိုးစင်းတဲ့ အစားအသောက် ဆိုင်ရာ စည်းကမ်းကို သတိရလိုက်ပါ။

ကွန်ပြူတာကြည့်သူတိုင်းအတွက်

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 10:05pm

ခု ခေတ်မှာ ကွန်ပြူတာသုံးတဲ့သူ အရမ်းများတယ်နော်။ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာ အလုပ်ကြောင့်ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် အင်တာနက်သုံးရင်း အချိန်ကုန်နေတဲ့သူတွေကလည်း အများကြီးပဲလေ။ ဂိမ်းကို စွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီတော့ ကွန်ပြူတာအသုံးများလွန်းပြီး မျက်စိပြဿနာတွေနဲ့ ကြုံရပြီပေါ့။

အာဟာရဓာတ်တွေချို့တဲ့နေပြီလား

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 9:44pm

ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့နေပြီဆိုရင် ခန္ဓာကိုယ်ကပဲ သတင်းပို့တယ်နော်။ ခေါင်းပေါ်ကဆံပင်ကစလို့ ခြေထောက်ကခြေသည်းလေးတွေပါ ခန္ဓာကိုယ်မှာချို့တဲ့နေတဲ့ လိုအပ်နေတဲ့ အာဟာရတွေကို ပြောပြနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့နေတာကို စောစောစီးစီးသိရင် မြန်မြန်ကုပြီး မြန်မြန်ကောင်းနိုင်တာပေါ့။ စိတ်ဝင်စားစရာကောင်းပါတယ်။ လေ့လာကြည့်ကြစို့နော်။

ခြေဗလာလမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးလေးများ။

By ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 9:25pm

ခြေဗလာလမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးလေးများ။ ကျောက်စရစ်ခဲလုံးလေးတွေပေါ် ဖိနပ်မပါဘဲလမ်းလျှောက်နေတာကို မြင်ဖူးကြမှာပါ။ မြေပြန့် ပေါ်မလျှောက်ဘဲ ဘာ့ကြောင့် တကူးတက ခဲလုံးပေါ်လမ်းလျှောက်ကြရတာလဲ? ဖိနပ်ချွတ်ပြီး ဘာ့ကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက်ကြရတာလဲ?

လူသားတို့ ကျန်းမာရေးအတွက် ကြက်မောက်သီး

By ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 9:14pm

ကြက်မောက်သီးပင်မှ လူသားတို့ အတွက် အာဟာရပြုပေးနိုင်ပုံကို Institute of Medicine က ယခုလို အကြံပြုထားပါသည်။ ကြက်မောက်သီးသာမက၊ အရွက်၊ အသီးခွံ၊ အစေ့၊ ပင်စည် နှင့် အမြစ် တို့ လဲဆေးဘက်ဝင်ကြပါသည်။ ပင်စည်ထဲတွင် saponin, tannin, iron, pectin နှင့် flavonoids တို့ ပါရှိကြပြီး၊ အစေ့ထဲတွင် polifenol နှင့် fat တို့ ပါရှိပါသည်။ ၁၀၀ ဂရမ်ရှိသော ကြက်မောက်သီး တစ်ခွက်စာ ပမာဏတွင်၊ လူသားတို့ ကျန်းမာရေးအတွက်ခွန်အားဖြစ်စေသော ပရိုတင်း ၁.၀ ဂရမ်၊ ကဆီဓာတ် ၃၁.၃ ဂရမ်၊ အမျှင်ဓာတ် ၁.၄ ဂရမ်၊ သီအာမင် ၀.၀၁ ဂရမ်။ ဗိုက်တာမင်စီ ၇.၄ မီလီဂရမ်၊ ဆိုဒီယမ် ၁၆.၅ ဂရမ်၊ ပိုတက်စီယမ် ၆၃.၀ ဂရမ်၊ ကယ်လ်စီယမ် ၃၃.၀ မီလီဂရမ်၊ ဗိုက်တာမင်အေ ၄.၅ IU နှင့် သံဓာတ် ၀.၅ မီလီ ဂရမ် တို့ ပါရှိပါသည်။ ပြည့်ဝဆီနှင့် ကိုလက်စထရောတို့ လုံးဝမပါရှိကြပါ။ ကြက်မောက်သီးတွင် သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ် နှင့် ဆူးခရို့စ်တို့ များစွာပါဝင်ပြီး၊ ကယ်လိုရီပါဝင်မှု နည်းပါသည်။ ထို့ ကြောင့် ယခုလို အာဟာရတန်ဘိုးများစွာ ပါဝင်သည့် ကြက်မောက်သီးကို စားပေးခြင်းဖြင့် အောက်ပါ ကျန်းမာရေးစွမ်းပကားများကို ရရှိစေနိုင်မည် ဖြစ်ပါသည်။

လိမ္မော်သီး ကပေးသော ကျန်းမာရေး အကျိုးကျေးဇူး

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 9:02pm

၁၀၀-ဂရမ် အလေးချိန်ရှိသော လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ထဲတွင်၊ ခွန်အား ၄၇ ကယ်လိုရီ၊ ကဆီဓာတ် ၁၁.၇၅ ဂရမ်၊ ပရိုတင်း ၀.၉၄ ဂရမ်၊ အဆီဓာတ် ၀.၁၂ ဂရမ်၊ ကိုလက်စထရော ၀ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၄၀ ဂရမ်၊ ဖောလိပ် ၃၀ µg ၊ နီအာစင် ၀.၂၈၂ မီလီဂရမ်၊ Pantothenic အက်ဆစ် ၀.၂၅၀ မီလီဂရမ်၊ Pyridoxine ၀.၀၆၀ မီလီဂရမ်၊ Riboflavin ၀.၀၄၀ မီလီဂရမ်၊ ဗီတာမင် ဘီ (သီအာမင်) ၀.၁၀၀ မီလီဂရမ်၊ ဗီတာမင်စီ ၅၃.၂၀ မီလီဂရမ်၊ ဗီတာမင်အေ ၂၂၅ IU ၊ ဗီတာမင်အီး ၀.၁၈ မီလီဂရမ်၊ ဗီတာမင်ကေ ၀ µg ၊ ဆိုဒီယမ် ၀ မီလီဂရမ်၊ ပိုတက်စီယမ် ၁၆၉ မီလီဂရမ်၊ ကယ်လ်စီယမ် ၄၀ မီလီဂရမ်၊ ကော့ပါး ၃၉ မိုက်ခရရိုဂရမ်၊ သံဓာတ် ၀.၁၀ မီလီဂရမ်၊ မဂနီစီယမ် ၁၀ မီလီဂရမ်၊ မဂနီးစ် ၀.၀၂၄ မီလီဂရမ်၊ ဇင့် ၀.၀၈ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၇၁ µg၊ အယ်လ်ဖာကယ်ရိုတင်း ၁၁ µg ၊ Crypto-xanthin-β ၁၁၆ µg ၊ လူတိန်း-zeaxanthin ၁၂၉ µg ၊ Lycopene ၀ µg တို့  အသီးသီးပါရှိကြပါသည်။

ရွှေဖရုံသီး က ပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 8:28pm

WhFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ရွှေဖရုံသီး ၁၀၀ ဂရမ်ထဲတွင် လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်း ၁.၃ ဂရမ်၊ သဘာဝအဆီဓာတ် ၀.၃ ဂရမ်၊ ကစီဓာတ် ၉.၉ ဂရမ်၊ ဗီတာမင်အေ ၂၆၉၀၈ IU ၊ ဗီတာမင်ဘီဝမ်း၊ ၀.၀၃ မီလီဂရမ်၊ ဗီတာမင်ဘီတူး ၀.၀၇ မီလီဂရမ်၊ နီအာစင် ၀.၄ မီလီဂရမ်၊ ဗီတာမင်စီ ၅ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၂ မီလီဂရမ်၊ မီးစုန်း ၄၂ မီလီဂရမ်၊ နှင့် သံဓာတ် ၁.၇ မီလီဂရမ်တို့  အသီးသီးပါရှိကြတယ်လို့ ဆိုပါတယ်။ ၁-ဂရမ် ပမာဏရှိသော ရွှေဖရုံစေ့ထဲရှိ ပရိုတင်းဓာတ်ပါဝင်မှုဟာ နွားနို့ ၁ ဖန်ခွက်စာ ပရိုတင်းဓာတ်ပမာနှင့် ထပ်တူ့ညီမျှတယ်လို့ ဆိုပါတယ်။ ဒါတင်မက သေးပါဘူး။ ရွှေဖရုံစေ့ဟာ ကျန်းမာရေးကိုကောင်းကျိုးပြုစေသည့် မပြည့်ဝဆီ၊ ဗီတာမင်ကေ နှင့် ဗီတာမင်အီးတို့  စုဝေးရာအရင်း အမြစ်လဲ ဖြစ်ပါတယ်တဲ့။

Wednesday 28 August 2013

နှုတ်ခမ်းသား ခြောက်သွေ့မှုကို ဖြေရှင်းကြရအောင်

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 10:40pm

ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေ ကြောင့် သင်ရဲ့ လှပမှုတွေ မှေးမှိန်နေ ရပြီလား။

နူတ်ခမ်းသား ခြောက်သွေ့ရခြင်း အကြောင်းများ

- နေရောင်ခြည်နဲ့ထိတွေ့ခြင်း
- အေးလွန်းခြင်း
- ရာသီဥတုခြောက်သွေ့ခြင်း
- နှုတ်ခမ်းကို လျှာဖြင့် မကြာခဏလျက်ခြင်း
- အာဟာရချို့တဲ့ခြင်း
- ဟော်မုန်းဓာတ်မညီမျှခြင်း - ရေဓာတ်ခန်းခြောက်ခြင်း

ဦးနှောက်ကို အမြဲနုပျိုနေစေရန်

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 10:21pm

ဦးနှောက်ကို အမြဲနုပျိုနေစေရန်

(၁) လှုပ်ရှားပါ

လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

ချက်ချင်း ကုသမှုခံယူရမည့် ဝေဒနာများ

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 10:01pm

ချက်ချင်း ကုသမှုခံယူရမည့် ဝေဒနာများ

(၁) အဆိုးရွားဆုံးခေါင်းကိုက်ခြင်း

တစ်သက်တာ ခံစားခံရသမျှ ခေါင်းကိုက်ဝေဒနာများ ထက် ပိုမိုပြင်းထန်စွာ အဆိုးရွားဆုံးခံစားနေရပါက ဖောင်းကားနေသောသွေးကြော ( aneurysm) တစ်ခု ပေါက်ခြင်း၊ လေဖြတ်ခြင်းဖြစ်နိုင်သည်။ ရုတ်တရက် မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားရပြီး မခံမရပ်နိုင်အောင် ခေါင်း ကိုက်လာပါက ဦးခေါင်းရှိ ဖောင်းကားနေသော သွေးကြောပေါက်ပြီး သွေးယိုစီးခြင်းဖြစ်နိုင်သည်။ သွေး ကြောပေါက်အပြီး နာရီအနည်းငယ်ကို ဆေးပညာ နယ်ပယ်တွင် ရွှေနာရီ (golden hour) ဟုတင်စား ကြသည်။

မာလကာ နဲ့ အလှအပရေးရာ

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 9:45pm

အလှအပရေးရာ မာလကာ အသီးနှင့်အရွက်အသုံးဝင်ပုံ

(၁) မာလကာသီးကို တဝက်လှီးပြီး အစေ့များဖယ်၍ ဖျော်ရည်စက်နှင့် ကြိတ်ပါ။ အုတ်ဂျုံ လက်ဖက်ရည်ဇွန်း

ပိုးမွှားကိုက်သည့်ဒဏ်ရာကို ပျောက်ကင်းစေသောနည်းများ

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 9:17pm

(၁)ပျားတုတ်ခြင်း၊ ပိုးမွှားကိုက်ခြင်း၊ ယားယံခြင်းတို့ကို ငှက်ပျောသီးအခွံ ခွာပြီး ငှက်ပျောသီး၏ အခွံအတွင်း ပိုင်းကို အနာပေါ်သို့ တိုက်ရိုက်မိနစ် (၉၀)ခန့်အုံပါ။ ထို့နောက်ယင်းနေရာ ကို ရေဆေးချပြီး လက်သန့်စင်ရည်ကို လိမ်းခြင်းဖြင့် ယားယံခြင်းကို သက်သာ စေသည်။

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 8:54pm

အစာခြောက်တွေကို အစားများ တာကြောင့် အစာမကြေဘဲ လေပွတာ မျိုးတွေ ဖြစ်စေ တတ်ပါတယ်။ လေပွတာ ကို အလွယ်တကူ သက်သာစေမယ့်နည်း လမ်းတွေရှိပါတယ်။ သင်နေ့စဉ်စားနေ ကျ အစားအစာတွေကို သတ်မှန်ထားပြီး အစာစားပြီးတိုင်း ဖြစ်ပေါ်တတ်တဲ့ သင့် ကျန်းမာရေး အခြေအနေကို လေ့လာနိုင် ပါတယ်။ နေ့တိုင်း လေပွတယ်လို့ခံစား နေရရင် သင်စားနေကျ အစားအစာတွေ ရဲ့ အစာစားနည်းပုံစံကို ငါးရက်လောက် ပြောင်းကာ စားပေးပါ။

မျက်ကွင်းညိုနေပါသလား

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 8:27pm


အမျိုးသားများထက် အမျိုးသမီးများတွင် မျက်ကွင်းညိုတတ်ကြပြီး၊ အမှတ်တမဲ့ကြည့်ပါက နေမကောင်း၍ နုံးချိအားနည်းနေပုံ ပေါ်စေပါတယ်။ မျက်ကွင်းညိုခြင်းကို မိက်ကပ်ဖြင့်ဖုံးဖိမရသလို၊ ဆေးသိပ္ပံနည်းများဖြင့် အရေပြားခွဲစိပ်ပြုပြင်ဘို့ လည်း အင်မတန် မှ ခက်ခဲလှပါတယ်။ မွေးရာပါ (သို့ မဟုတ်) မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုခြင်းကို ယနေ့ အချိန်ထိ ရိုးရာကုထုံးရော၊ သိပ္ပံဆေးဝါး များဖြင့် ထိထိရောက်ရောက် ကုသနိုင်ခြင်းမရှိသေးပါ။ သို့ သော် နေထိုင်စားသောက်ပုံ မမှန်ခြင်းကြောင့်လည်း ရံဖန်ရံခါ မျက် ကွင်းညိုတတ်ပေရာ၊ အောက်ပါ ဆောင်ရန်ရှောင်ရန်နည်းများဖြင့် ညိုသူဖြူ၍ ပြုံးပျော်နိုင်ကြပါစေရန် မျှဝေလိုက်ရပါတယ်။

သံပုရာရည်ကို ဘာ့ကြောင့် နံက်တိုင်းသောက်သင့်တာလဲ

by ပိုပိုဇော်(သဘာဝအားအင်)August 28, 2013 at 8:08pm

အဖြေကတော့သံပုရာသီးထဲမှာ လူသားတို့ ကျန်းမာရေးကိုကောင်းကျိုးပြုတဲ့ အာနိသင်တွေများပြားလို့ ပါဘဲ။ သံပုရာသီးထဲမှာ ကိုယ်တွင်း/ကိုယ်ပ ဗက်တီးရီးယားပိုးမွှားတွေကို သုတ်သင်နှိမ်နင်းပေးနိုင်တဲ့ antibacterial၊ ပြင်ပကူးစက်ဗိုင်း ရပ်စ်ပိုးတွေကို တားဆီးကာကွယ်ပေးတဲ့ antiviral၊ ကိုယ်ခံစွမ်းအားတွေတိုးတက်ကောင်းမွန်စေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ဖြစ်ကြတဲ့ ဆစ်ထရစ်အက်ဆစ်/ကယ်လ်စီယမ်/မဂနီစီယမ်/ဗီတာမင်စီတို့ လုံလောက်စွာပါရှိတာကြောင့် နံက်စာစားပြီးတိုင်း သံပုရာရည် တစ်ခွက်ပုံမှန်သောက်ပေးသင့်တယ်လို့  Daily Health Tips(ခေါ်)အင်တာနက်ကျန်းမာရေးသတင်းလွှာမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့ ဖော်ပြသွားခဲ့ပါတယ်။

Monday 26 August 2013

သင့်ဆံပင်လေးကျန်းမာစေချင်

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 10:21pm

ကောင်းခြင်း ၅-ဖြာထဲတွင် ဆံပင်၏ကောင်းခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သန့် ရှင်းသောဆံပင်သည် လူတစ်ယောက်၏ တစ်ကိုယ်ရေသန့် ရှင်းမှုပြယုဂ် ဖြစ်သကဲ့သို့ ၊ ဆံပင်၏ ကျန်းမာရေးကလည်း ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးနှင့် ဆက်နွယ်နေ၏။ သို့ ပါ၍ သင့်ဆံပင်လေးကျန်းစေရန် အောက်ပါနည်းလမ်း ၂၀ တို့ ဖြင့် မျှဝေလိုက်ရပါသည်။

ဆံပင်ကျွတ်သည့်....ပြဿနာကို.....ရပ်တန့်နိုင်အောင်

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 10:02pm

အမျိုးသားတွေသာ ထိပ်ပြောင်ပြီး ဆံပင်ပါးနေ ကြတာ မဟုတ် ပါဘူး။ အမျိုးသမီး အများစု ဟာလည်း ဘဝရဲ့ တစ်ချိန်ချိန်မှာ ဆံပင်ပါး တတ်ကြ တာကြောင့် မိမိ ကိုယ် မိမိ စိတ်ပျက်နေတာ၊ ယုံကြည်ချက် မရှိတာ တွေ ဖြစ်နေ တတ်ကြပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုထိပ်ပြောင်ကြတာဟာ အမျိုး သားတွေမှာ ပိုမိုပြီးမျိုးရိုးလိုက်တတ်တာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆံပင်အထူးကု ဆရာဝန်နဲ့ ပြသ နေတဲ့လူနာထဲက ၉၀ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ပါလို့ သိရပါတယ်။ အောက်ပါတို့ဟာ ဆံပင်ဆုံးရှုံးတဲ့ ပြဿနာအချို့ဖြစ်ပြီး ကျွမ်းကျင်သူတွေ အကြံပေး ထားတဲ့ ကုသနိုင်တဲ့နည်းလမ်းတွေပါ။

ခေါင်းကိုက်ဝေဒနာအတွက်စိတ်မညစ်နဲ

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 9:42pm

ခေါင်းကိုက်ခြင်းသည် အဖြစ်များဆုံးဝေဒနာများထဲတွ င်တစ်ခုအပါအ၀င်ဖြစ်ပြီး၊ လူကြီးလူငယ် ကျားမရွေးဖြစ်လေ့ရှိကြသည်။ စိတ် ဖိစီးမှုများခြင်း၊ အစားမှားခြင်း၊ အဖျားကြီးခြင်း၊ ၀မ်းချုပ်ခြင်း ၊ သောက်သုံးရသောပဋ္ဋိဇီဝဆေးဝါးများ၏ဘေးထွက်ဆိုးကျိုး၊ ကိုယ်တွင်းအပူခဲခြင်း၊ ဇက်ကြော တက်-ဦးနှောက်အကျိတ်ထွက်ခြင်း-စိတ်ဝေဒနာရောဂါစသည့် ဦးနှောက်အာရုံကြောအမျိုးမျိုး၊ ဟိုမုန်း ပြသနာများ၊ လည်ပင်း၊ အရိုးကျီးပေါင်း၊ သွား-ခံတွင်း-မေးရိုးရောဂါ၊  မျက်လုံး၊ နား၊ခါင်း၊ အာသီး နှင့် လည်ချောင်းရောဂါများ၊ သွေးတိုး ခြင်း၊ဆီးချိုတက်ခြင်းစသည်ဝေဒနာများ ကြောင့် ခေါင်းကိုက်တတ်သည်။

မုန်ညင်းဆီနှင့်ကျန်းမာရေး။

by ပိုပိုဇော် (သဘာဝအားအင်)August 26, 2013 at 9:22pm

1. မုန်ညင်းဆီနှင့် ခန္ဓာကိုယ်အနှံ့ ကိုနှိပ်နယ်ပေးပါက၊ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်များနှင့် ပိုလျှံသောရေများသည် ချွေးအဖြစ် ထွက်ရှိလာအောင် မုန်ညင်းဆီကလှုံ့ ဆော်ပေးနိုင်စွမ်းရှိပါသည် ။ ခန္ဓာကိုယ်အပူချိန်ကိုလဲ ထိန်းညှိပေးပါသည်။

ဂေါ်ရခါးသီးနှင့်ကျန်းမာရေး။

by ပိုပိုဇော် (သဘာဝအားအင်)August 26, 2013 at 11:52am

USDA ၏ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၁၀၀ ဂရမ် အလေးချိန်ရှိသောဂေါ်ရခါးသီးထဲတွင် လူသားတို့ ကျန်းမာရေးကို ကောင်း ကျိုးပြုစေသော၊ ခွန်အား ၁၉ ကယ်လိုရီ၊ ကစီဓာတ် ၄.၅၁ ဂရမ်၊ ပရိုတင်း ၀.၈၂ ဂရမ်၊ အဆီဓာတ် ၀.၁၃ ဂရမ်၊ ချေဖျက်လွယ် သောအမျှင်ဓာတ် ၁.၇ ဂရမ်၊ ဖောလိပ် ၉၃ µg၊ နီအာစင် ၀.၄၇ မီလီဂရမ်၊ ပန်တိုသနစ်အက်ဆစ် ၀.၂၄၉ မီလီဂရမ်၊ ပိုင်ရီ ဒေါက်ဆင်း ၀.၀၇၆ မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၂၉ မီလီဂရမ်၊ သီအာမင် ၀.၀၂၅ မီလီဂရမ်၊ ဗီတာမင်စီ ၇.၇ မီလီဂရမ်၊

Sunday 25 August 2013

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 1:24am

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်ရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး (၅) ထမင်း၊

ပဋိဇိဝဆေးဝါးများနှင့် နွားနို့အန္တရာယ်

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 1:24am


- ဆေးဝါးများကို နွားနို့နှင့်တွဲဖက် မသောက်သင့်ပေ။

- ရောဂါတစ်ခုခုအတွက် ခံတွင်းမှ မျိုချသောက်သုံးလိုက်သော သောက်ဆေးများကို အစာအိမ်မှ အက်စစ်ဓာတ်ပြု၍ အစာခြေဖျက်ပေးပြီး သက်ဆိုင်ရာ ရောဂါထံသို့ သွေးစီးကြောင်းများမှတစ်ဆင့် အနာနှင့်ဆေး တွေ့စေ၍ဝေဒနာသက်သာ လာစေပါသည်။

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 12:56am

ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအား လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်း တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။

ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေရန်

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 12:40am

ဆံပင်သားကို အရောင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင် လိမ်းဂျဲလ်၊ ဆံပင်ဖျန်းစပရေးနဲ့ ဆံပင်လေမှုတ်စက် စတာတွေ ထိတွေ့မှုကြောင့် ဆံပင်သား ခြောက်သွေ့ပျက်စီးမှု ဖြစ်စေရုံ သာမက ဆံပင်အဖျား နှစ်ခွကွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

လျော့ရဲနေသော အရေပြား တင်းရင်းလှပစေမည့် သဘာဝနည်းများ

by ပိုပိုဇော်(သဘာဝအားအင်)August 25, 2013 at 11:52pm

အရေပြား လျော့တွဲတာက အသက်အရွယ် ကြီးလာတာကြောင့် ဖြစ်ပေါ်လာတဲ့ မျက်နှာ အရေပြားရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။  မေးအောက်ပိုင်းနဲ့ မျက်စိအောက်ပိုင်းတွေမှာ ပိုသိသာတတ်ပါတယ်။ အရေပြား လျော့တွဲတာက အရေပြား တင်းရင်းစေတဲ့ အီလက်စတင်နဲ့ ကော်လာဂျင်တို့ ဆုံးရှုံးမှုကြောင့် ဖြစ်ရတာပါ။ အရေပြား လျော့တွဲမှု ကင်းပြီး ပုံမှန်ဖြစ်စဉ် ပြန်ရဖို့ဆိုရင် အောက်ပါ အိမ်သုံးနည်းတွေကို လိုက်နာသင့်ပါတယ်။

ဝက်ခြံအတွက် အခြားကုထုံးများ

by ပိုပိုဇော်(သဘာဝအားအင်)August 25, 2013 at 11:29pm

အရေပြားရှိ ဆံခြည်မျှင် အိတ်တွေမှာ အရေပြား ဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ ဆီကြည်လို့ခေါ်တဲ့ အဆီတွေ ပိတ်ဆို့တဲ့အခါ ဝက်ခြံ ဖြစ်ပေါ်လာပါတယ်။ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေက ကြာလာရင် ဝက်ခြံ အဖုအပိမ့် အပြစ်အနာအဆာတွေ ဖြစ်လာတတ်ပါတယ်။

ပန်းနုရောင် အသားအရေ ပိုင်ဆိုင်စေဖို့ ဆိုရင်

by ပိုပိုဇော်(သဘာဝအားအင်)August 25, 2013 at 11:05pm


ကြည်လင်ပြီး ပန်းနုရောင်သန်းတဲ့ အသားအရေဟာ နုပျိုတက်ကြွတဲ့ အလှတရားကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပန်းနုရောင်သန်းပြီး ချစ်စရာကောင်းတဲ့ အလှကို ပိုင်ဆိုင်လိုသူတို့အတွက် ဘေးထွက်ဆိုးကျိုး မရှိတဲ့ အဆင့် ၁၀ ဆင့်ကို ရေးသားလိုက်ရပါတယ်။  

အရက်လျှော့သောက်ခြင်း အကျိုး ၁၀ ပါး။

by ပိုပိုဇော်(သဘာဝအားအင်)August 25, 2013 at 10:30pm

ဒီစာက အရက်သောက်ဖို့ အားပေးတာမဟုတ်ပါ။ အရက်သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။ အမျိုးသမီးတွေအတွက်ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသားတွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။

Saturday 24 August 2013

ချဉ်ပေါင်ပင်နှင့်မိမိဘာသာ ဆံပင်အလှပြုပြင်နည်းများ။

by ပိုပိုဇော်(သဘာဝအားအင်)August 24, 2013 at 7:05pm


ချဉ်ပေါင်ပင်နှင့်မိမိဘာသာ ဆံပင်အလှပြုပြင်နည်းများ

၁။ ချဉ်ပေါင်ရွက်နှင့်အပွင့်တို့ ကိုရေအနဲငယ်ဖြင့်ရောထောင်းထားပါ။ နှစ်သက်ရာ shampooခေါင်းလျှော်ရည်တစ်ခုခု ဖြင့် လျှော်ပြီးနောက်၊ ထိုချဉ်ပေါင်ရွက်ထောင်းရေကို conditioner အဖြစ် ပေါင်းတင်ပေးနိုင်ပါသည်။ ဆံပင် နှစ်ခွဖြစ်ခြင်းနှင့် ခြောက်သွေ့ သောဆံပင်များကို

ဥာဏ်ထိုင်းစေသည့်  လူနေမှုဘ၀ ပုံစံ

by ပိုပိုဇော်(သဘာဝအားအင်)August 24, 2013 at 6:53pm

ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။

ချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်

by ပိုပိုဇော်(သဘာဝအားအင်)August 24, 2013 at 6:36pm

ချဉ်ပေါင်ပင် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးပြုနိုင်ပါသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို ၊ ချဉ်ရည်ဟင်း...စသည့် ထမင်းမြိန် ဟင်းလျာများအဖြစ် စာလေ့ရှိကြပါသည်။ တချို့ အရပ်ဒေသများ တွင် အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ ကို နေပူပူ တွင် အခြောက်လှန်း ပြီးလက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါသည်။

ဒန့် သလွန်သီး ကပေးတဲ့ ကျန်းမာရေးရဲ့ အာနိသင်များ

by ပိုပိုဇော်(သဘာဝအားအင်)August 24, 2013 at 6:08pm

ဒန့် သလွန်သီးနှင့် အရွက်တို့ ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် protein, carotene, carbohydrates, water, calorie, fiber, fat, vitamin A, vitamin B(choline), vitamin B1(thiamin), vitamin B2(riboflavin), vitamin B3(nicotinic acid), vitamin C(ascorbic acid), calcium, magnesium, phosphorous, potassium, copper, iron, sulphar, arginine, histidine, isoleucine, leucine, lysine, methionine, phenylalanine, threonine, tryptophan, valine စသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်တို့  မြင့်မားစွာပါရှိပါသည်။

ဆီးသီး(ဇီးသီး) နဲ့ သဘာဝအသားအရေထိန်သိမ်းနည်း။

by ပိုပိုဇော်(သဘာဝအားအင်)August 24, 2013 at 5:18pm


ဆီးသီးဟာ မည်သည့်အသားအရေအတွက်မဆို သင့်တော်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြုနိုင်ပါတယ်။ ယနေ့ အလှကုန် ဈေးကွက်ထဲမှာ ဆီးသီးဖြင့်ဖော်စပ်ထားတဲ့ ကုန်ပစ္စည်းများ တွင်ကျယ်စွာရောင်းချနေကြရပါတယ်။ စရိတ်စကမများဘဲ လှပတဲ့အသား အရေပိုင်ရှင်ဖြစ်အောင် မိမိအိမ်မှာ အောက်ပါနည်းလမ်းအသွယ်သွယ်တို့ ဖြင့် ဖန်တီးနိုင်ပါတယ်။

ဆီးသီး(ဇီးသီး) စားခြင်းရဲ့အကျိုးကျေးဇူး။

by ပိုပိုဇော်(သဘာဝအားအင်)August 24, 2013 at 4:51pm

WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၆၆ ဂရမ်အလေးချိန်ရှိသော ဆီးသီးထဲတွင် ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ကယ်လိုရီ ၃၀.၃၆၊ ဗီတာမင်စီ ၆.၂၇ မီလီဂရမ်၊ ဗီတာမင်ကေ ၄.၂၂ မိုက်ကရိုဂရမ်၊ ဗီတာမင်အေ ၂၂၇.၇၀ IU၊ အမျှင်ဓာတ် ၀.၉၂ ဂရမ်၊ tryptophan ၀.၀၁ ဂရမ်၊ ပိုတက်စီယမ် ၁၀၃.၆၂ မီလီဂရမ်တို့ အသီးသီးပါရှိကြပါတယ်။ ဆီးသီးအမျိုးအစားပေါ်မူတည်၍ အရသာ ချဉ်လေ ဗီတာမင်စီ ဓာတ်ကြွယ်ဝလေဖြစ်၏။ အသီးသာမက၊ အရွက် နှင့်ပင်စည်အခေါက်တို့ ကလဲ လွန်စွာဆေးဘက် ၀င်ကြပါတယ်။

Friday 23 August 2013

စိမ်းစားဥ နဲ့ ကျန်းမာရေး။

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 7:42pm

ယခုလိုချမ်းအေးသော ဆောင်းရာသီရောက်ပြီဆိုရင်ဖြင့်၊ တစ်နှစ်မှတခါသာ ပေါ်လေ့ရှိသည့်ရာသီစာစိမ်းစားဥလေးများကို စားသုံးနိုင်ပါပြီ။ အဖြူရောင် ဟင်းသီးဟင်းရွက်နွယ်ဝင် စိမ်းစာဥတို့ သည် အာလူးမျိုးနွယ်ဖြစ်ကြသော်လည်း၊ သူ့ ရဲ့ ကြီးထွာမှုပုံစံသည်

ပျိုမေတို့  အသားအရည်ကျန်းမာလှပရေး နှင့် နာနတ်သီး

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 7:22pm


နာနတ်သီး က လူသားတို့ ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်ရုံသာမက၊ ပျိုမေတို့  အသားအရည်ကျန်းမာလှပရေးအတွက်ပါ အောက်ပါ နည်းလမ်း (၂)သွယ် တို့ ဖြင့် ကောင်းကျိုးပြုပေးနိုင်ပါသည်။

နာနတ်သီး နှင့် ကျန်းမာရေး

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 6:59pm


ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရော ပါဝင်မှုနဲပါးပြီး၊ လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့  စုဝေးရာအရင်းအမြစ်လည်းဖြစ်ပါသည်။

သြဇာသီးနှင့်ကျန်းမာရေး။

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 6:37pm

သြဇာသီးသည် အရသာရှိသည့်ပြင်၊ လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အာဟာရဓာတ်တို့  စုဝေးရာအရင်း အမြစ်ဖြစ်ပါ သည်။သြဇာသီးသာမက၊ အရွက်၊ အစေ့၊ ပင်စည်၊ အမြစ် စသည်ဖြင့် တစ်ပင်လုံးဆေးဖက်ဝင်ပါသည်။

ထူးခြားဆန်းပြား သခွားသီးလေးများ (၂)

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 6:15pm

တစ်ကိုယ်ရည်လှပမှုအတွက် သခွားသီး၏ အကျိုးကျေးဇူးများ။

သခွားသီးဟာ အသားအရည်အတွက် အကောင်းဆုံးအဖော်မွန်ပါဘဲ။ မျက်နှာအသားအရေကို သန့် စင်ခြင်း၊ အေးမြစေခြင်း၊ ချောမွေ့ စေခြင်းနှင့်အသား အရေပြားကို တင်းရင်းသိပ်သည်းကောင်းမွန်စေခြင်း တို့ အတွက် များစွာအကျိုးရှိပါတယ်။ ထို့ ပြင် မျက်နှာပေါ်ရှိ အရေးကြောင်းများကို ဖယ်ရှားပေးပါသည်။

ထူးခြားဆန်းပြား သခွားသီးလေးများ (၁)

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 5:59pm


သခွားသီးတို့ သည် အအေးစာသီးနှံများဖြစ်ကြသော ဗူး၊ ဖရုံ၊ ဖရဲသီး မျိုးနွယ်ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ကျော်ခန့်  မှ စ၍ အိန္ဒိယနိုင်ငံမှာ စတင်ပေါက်ရောက်ခဲ့ကြပါတယ်။ ယနေ့ ကမ္ဘာမှာတော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်တို့ ပြီးရင်၊ သခွားသီးက စတုတ္ထအစားဆုံး ဟင်းသီးဟင်းရွက်လို့ဆိုပါတယ်။ သခွားသီးပင်တို့ ဟာ အပူချိန်မျှတသော နေရာဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပြီး၊ အကြီးမျိုးနှင့် အသေးမျိုးဟူ၍ ၂-မျိုးရှိပါတယ်။

ပန်းဂေါ်ဖီ(အဖြူရောင်) နှင့်ကျန်းမာရေး။

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 5:15pm


အဖြူရောင် ဟင်းသီးဟင်းရွက်မျိုးနွယ်ဝင် ပန်းဂေါ်ဖီတို့ ကို မြန်မာပြည်မှာ တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပြီး၊ ဆောင်းဦးရာသီမှာ လှိုင်လှိုင်ပေါပါတယ်။ လက်တင်ဘာသာစကားဖြစ်သော Caulis (မုန်လာထုပ်) နဲ့ flower (ပန်း) တို့ကို ပေါင်းစပ်ပြီးတော့ Cauliflower ဟု အမည်တွင်၏။ အချို့ ဒေသတွေမှာတော့ ပန်းမုန်လာ (သို့ မဟုတ်) ပန်းပွင့်လို့  ခေါ်ဝေါ်လေ့ရှိကြပါတယ်။ အရောင်အား ဖြင့် အဖြူ၊ လိမ္မော်၊ အစိမ်း၊ ခရမ်းရောင် တို့ရှိပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အဖြူရောင်ကိုသာ အများဆုံး တွေ့ရတတ်ပါတယ်။

Thursday 22 August 2013

အနှိပ်ခံခြင်းကြောင့် သက်သာလျော့  ပါးနိုင်သော ရောဂါဝေဒနာများ

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 1:58am



အနှိပ်ခံတာကြောင့် အောက်ပါ ရောဂါဝေဒနာတွေကို သက်သာ လျော့ပါးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ရေ သောက်ခြင်း၏ အကျိုးအာနိသင်များ

by ပိုပိုဇော်(သဘာဝအားအင်)August 22, 2013 at 7:13pm

၁ ။     ။ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။  

ရေကို ကျန်းမာရေးနှင့်ညီညွှတ်အောင် သောက်သင့်သည့် အချိန် နှင့် ပမာဏများ

by ပိုပိုဇော်(သဘာဝအားအင်)August 22, 2013 at 6:57pm


♣♣နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။ 

♣♣အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

ရေခဲသေတ္တာအသုံးပြုနည်း (အစားအသောက်များကို နည်းလမ်းမှန်စွာသိမ်းကြမယ်)

by ပိုပိုဇော်(သဘာဝအားအင်)August 22, 2013 at 6:39pm


၁။ ပထမဆုံးရေခဲသေတ္တာအပူချိန်ကို စစ်ပေးပါ။ 40F (5C) ထက်နည်းရပါမယ့် မဟုတ်ရင်တော့ အန္တရယ်ရှိသော အစားအသောက်ပိုးမွှားများ ပေါက်ဖွားမှုကို ဖိတ်ခေါ်သလိုဖြစ်နေပါလိမ့်မယ်။

၂။အရွက်များသိမ်းတဲ့ ပုံးမှာ အပူချိန်ပါရင်လည်း အဲဒီအပူချိန်ကိုစစ်ပေးဖို့လိုပါတယ်။ တွေ့ဖူးတဲ့ ရေခဲသေတ္တာအများစုမှာတော့ မပါကြပါဘူး။

Wednesday 21 August 2013

ရေ၏အသုံးဝင်ပုံများ

by ပိုပိုဇော်(သဘာဝအားအင်)August 21, 2013 at 6:03pm

(၁) စိတ်ဖိစီးမှုပြေပျောက်စေခြင်း

စိတ်ရှုပ်ထွေးလာပြီး အလုပ်ဆက်လုပ်ချင်စိတ် မရှိ တော့ပါက ရေအေးအေးနှင့်မျက်နှာသစ်ပါ။ ရေအေး၏ အာနိသင်ကြောင့် ခန္ဓာကိုယ် အပူချိန် ပုံမှန်ဖြစ်ခြင်း၊ နှ လုံးခုန်နှုန်းနှေးစေခြင်းတို့ကြောင့် စိတ်ပူပန်ခြင်း၊ စိတ်ဖိစီး ခြင်းမှ ခေတ္တသက်သာစေသည်။

အသွင်ပြောင်း အဆီဆိုတာဘာလဲ

by ပိုပိုဇော်(သဘာဝအားအင်)August 21, 2013 at 5:48pm


သီးနှံဆီကို ဟိုက်ဒရိုဂျင်အက် တမ်တစ်လုံး ပေါင်းထည့်လိုက်တဲ့ အခါအသွင်ပြောင်းဆီ (trans fat) ရရှိပါတယ်။ အသွင်ပြောင်းဆီဟာ အစားအစာထုတ်ကုန်လုပ်ငန်းမှာ အသုံးဝင်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။