Thursday 14 November 2013

ရယ်မောခြင်း၏ ကောင်းကျိုးများ

by ပိုပိုဇော်(သဘာဝအားအင်)November 7, 2013 at 10:31am

(၁) နှလုံးကျန်းမာရေး ကောင်းမွန်စေသည်

ရယ်မောခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကာယလေ့ကျင့်ခန်း တစ်ခုပြုလုပ်သကဲ့သို့ အထောက်အကူပြုသည်။ ထို့ကြောင့် နှလုံးသွေးကြောများထံ သွေးစီးဆင်းမှုကောင်းမွန်ပြီး နှလုံးဖောက်ပြန်မှု (heart attack)  မဖြစ်အောင် ကာကွယ်ပေးသည်။

လည်ချောင်းတွင် အရိုးဆူးပါလျှင်

by ပိုပိုဇော်(သဘာဝအားအင်)November 15, 2013 at 12:12am

(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid  က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ

by ပိုပိုဇော်(သဘာဝအားအင်)November 15, 2013 at 12:08am

(၁) ဆားရည်ပလုတ်ကျင်းပါ

လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို ကြုံလာသည်နှင့် ဆားရည်ပလုတ်ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ သည်အထိမဖြစ်အောင်လျှော့ချပေးသည်။

ဆေးဖက်ဝင် ၀ါးပင်

by ပိုပိုဇော်(သဘာဝအားအင်)November 14, 2013 at 11:57pm

ဝါးပင်ကို သုံးသပ်ကြည့်ပါက အစိုဓာတ် ၈၉%၊ ကာဗိုဟိုင်းဒြိတ် ၅.၇% ပရိုတိန်း ၃.၉% တို့ ပါဝင်သည်။ ကယ်လ်စီယမ်၊ မီးစုံး ဓာတ်၊ သံဓာတ်၊ ဗီတာမင် C  နှင့် K  တို့ ရာနှုန်းမြင့်စွာပါဝင်သည်။ ၀ါးရွက် တွင် methanol  ဓာတ်မြင့်မားစွာ ပါဝင်သည်။

(၁) ၀ါးရွက်နှင့်မျှစ်စို့ (၀ါးပင်ပေါက်)တို့သည် လေထိုးလေအောင့်ကဲ့သို့ သောဝမ်းဗိုက်ရောဂါများကို ကုစား နိုင်ပြီး အစာပုံမှန်လည်ပတ်မှု အင်အား ကို ပေးစွမ်းသည်။

ဋရင်ကောက်ပင်၏ကျန်းမာရေးအကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)November 14, 2013 at 11:35pm

ဋရင်ကောက်ပင်ဟာ အစိမ်းရင့်ရောင်ခွေနေတဲ့ပုံ စိမျိုးဖြစ်ပြီး အညိုရောင်အခွံတွေနဲ့ဖုံးအုပ်နေပါတယ်။ဋရင်ကောက်ပင်ရဲ့အရ သာကက ညွတ်ဒါမှမဟုတ်ပဲစိမ်းတွေနဲ့ ဆင်တူပြီးနူးညံ့တဲ့အထိအတွေ့ မျိုးရှိပါတယ်။ကြော်စားရင်အ ရသာရှိလှတဲ့ဋရင်ကောက် ပင်မှာအောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေပါတယ်။ အာဟာရတန်ဖိုးအပြည့်အ၀ပါရြှိ ခင်းဋရင်ကောက် ပင်ရဲ့အသွင်သဏ္ဍန်၊အရသာနဲ့အဟာ ရတန်ဖိုးတွေကသိသာထင်ရှားပါတ ယ်။ကောက်ကွေးနေ တဲ့ဋရင်ကောက် ပင်၁၀၀ ဂရမ်မှာ ၃၄ကယ်လိုရီသာပါရှိပါတယ်။ဒါ့ အပြင်အဟာရတန်ဖိုးမြင့်မားတဲ့ ဋရင်ကောက်ပင်မှာ အင်တီအောက်စီးဒင့်၊ဗီတာမင်၊ အိုမီဂါ၃ နဲ့အိုမီဂါ ၆မရှိမဖြစ်ဖက်တီးအက်စစ်တို့ လည်းပါဝင်ပါတယ်။

Friday 8 November 2013

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 1:31pm

ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။  

Good Hygiene

ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

ဆောင်းရာသီအတွက် မျက်နှာပေါင်းတင်နည်းများ

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 6:00am

လောကကြီးကိုအအေးဓာတ်တွေက လွှမ်းခြုံထားတဲ့ ဆောင်းအေးအေးလေးမှာ နွေးနွေးထွေးထွေးဝတ်ပြီး နေလို့ကောင်းပေမယ့် အသားအရေအတွက်တော့ မကောင်းလှဘူး။ ရင်နှင်းတို့လို အဆီပြန်တဲ့အသားအရေတောင် ခြောက်လာပြီး တင်းနေတတ်သေးတာ… သာမန်အသားအရေကလည်း ခြောက်သွေ့တဲ့အသားအရေဖြစ်…. အရင်ထဲက အသားခြောက်သူတွေကလည်း အသားပတ်ရော…။ အဲ့လိုဆိုတော့ အသားအရေကို ပိုဂရုစိုက်ရတော့မှာပေါ့။ ပေါင်းတင်ရင်လည်း အရင်ပေါင်းတင်နည်းတွေကို သုံးလို့မရဘူးနော်။ အသားအရေက ပြောင်းလဲသွားတာကိုး။ အဲ့ဒီတော့ သူငယ်ချင်းတို့အတွက် အထူးရှာဖွေထားတဲ့ ဆောင်းရာသီမျက်နှာအထူးပေါင်းတင်နည်းတွေကို ရင်နှင်း ပြောပြမယ်နော်။

နာတာရှည်နာကျင်မှုကို ဖြစ်စေတဲ့ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေမယ့် အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 5:46am

အဆစ်အမြစ်ရောင်ခြင်းဟာ အပြင်းအထန် နာကျင်ခြင်း၊ အဆစ်အမြစ်များ ဖောင်းကားရောင်ရမ်းနေခြင်းနဲ့ အဆစ်များ တောင့်တင်းနေခြင်းတွေကို ခံစားရတဲ့အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ရောဂါအမျိုးအစားပေါင်း ၁၀၀ကျော်လောက် ရှိနေပေမယ့် အဖြစ်အများဆုံးကတော့ osteoarthritis,OA  လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာကိုပဲ OA ဖြစ်ပွားသူ ၂သန်းခွဲလောက် ရှိနေတယ်လို့ ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။ ဒီရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပေမယ့် ကုသမှုပုံမှန်ခံယူခြင်း၊ အစားအသောက်နဲ့ နေထိုင်မှုပုံစံ မှန်ကန်ခြင်းတွေက သက်သာစေနိုင်ပါတယ်။ အဲဒီထဲကမှ စားသုံးသင့်တဲ့ အစားအစာတွေကို တင်ပြပေးလိုပါတယ်။

သင်လုံးဝသတိမထားမိဘဲ သင့်ကို အ၀လွန်စေသောအချက်များ

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 5:41am

(၁) စိတ်ဖိစီးမှု

စိတ်ဖိစီးမှု များခြင်းကတော့ သင်ဘာလို့ လွယ်လွယ်နဲ့ အလေးချိန် မကျတာလဲဆိုတဲ့ အကြောင်းထဲမှာ တစ်ခုအပါအ၀င်ပါပဲ။ စိတ်ဖိစီးမှုများခြင်းအားဖြင့် အစာစားချင်စိတ်ကို ပိုဖြစ်ရုံသာမက Cortisol  လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထွက်စေပြီး ယင်းက ၀မ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေ ပိုမိုစုဆောင်းမိစေနိုင်ပါတယ်။

အသားအရေလှပစေရန် အထောက်အကူပြုသည့် ပန်းကလေးများ

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 5:34am

နှင်းဆီပန်း    

မိမိချိုးမည့်ရေချိုးကန်ထဲသို့ နှင်းဆီပွင့်ဖတ်ကလေးများ ထည့်ခြင်းဖြင့် အသားအရေထဲကို စိမ့်ဝင်ပြီး အသားအရေတင်းရင်းမှုကိုဖြစ်စေသည်။ သာမန်အသားအရေကိုဖြစ်စေ၊ ခြောက်သောအသားအရေကို ဖြစ်စေ အားဖြည့်စေသော toner အဖြစ်လည်းကောင်း၊ အဆီပျံသော အသားအရေအတွက် အရေပြားအက်ကွဲမှုကို စေ့သွားစေရန် လည်းကောင်း စသည့်အကျိုးကို ရစေသည်။ အချို့က အသားအရေ ကြေးနီရောင် ဖြစ်ခြင်းမှ ကာကွယ်ရန် နှင်းဆီကို အသုံးပြုကြသည်။ မိမိမအိပ်မီရေချိုးကန်တွင်းနှင်းဆီပွင့်ဖတ်များကို ထည့် ပြီး စိမ်ပေးပါ။ နံနက်တွင် ရေအေးနှင့် ချိုးလိုက်ပါ။ ချော၍ လန်းဆန်းသော အသားအရေကို ရရှိပါလိမ့်မည်။

ပဲစောင်းလျားသီး၏ကျန်းမာရေးအစွမ်း

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 5:27am

ပဲစောင်းလျာသီးကိုပူပြီးစွတ်စိုတဲ့နိုင်ငံတွေမှာအတွေ့များပါတယ်။ယေဘုယျ အားဖြင့်နွယ်ပင်တစ်ပင်အနေနဲ့ပေါက်ရောက်တဲ့ပဲစောင်းလျားပင်ဟာပျမ်း မျှအားဖြင့်3-4မီတာလောက်မြင့်ပါတယ်။ပဲစောင်းလျားပင်ရဲ့အမြစ်ဟာအာ လူးနဲ့ဆင်တူပြီးအာလူးထက်ပရိုတင်းဓာတ်ပါဝင်မှုပိုများပါတယ်။

Wednesday 6 November 2013

ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းနည်း

by ပိုပိုဇော်(သဘာဝအားအင်)November 7, 2013 at 12:18pm

ကျွန်မတို့ အသားအရေဟာ ပူပြင်းခြောက်သွေ့ တဲ့ နွေရာသီ၊ ပူအိုက်စိုစွတ်တဲ့ မိုရာသီတွေကို အံတုလို့ လာလိုက်ကြတာ ဟော…. ချမ်းအေးတဲ့ ဆောင်းရာသီ အရောက်မှာတော့ အသားအရေတွေခြောက်သွေ့ လာပြီး၊ အချို့ ကတော့ ခြောက်သွေ့ ရုံမ က အသားတွေယားယံ ပက်ကျားအက်လာတတ်ကြပါတယ်။ ကဲ..... ဒီတနှစ်မှာတော့ အောက်ပါရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၆)သွယ်ဖြင့် ဆောင်းရာသီကို ကျော်ဖြတ်ရင်း အသားအရေထိန်းသိမ်းကြည့်လိုက်ကြရအောင်။

(၁) ဗီတာမင်အီး ပါဝင်မှုပမာဏများတဲ့ မျက်နှာသစ်ဆပ်ပြာလေးတွေကို ဦးစားပေးရွေးချယ်ဝယ်ယူကြပါနော်။ သူက အသား အရေကို သန့် စင်စေရုံသာမက၊ အာဟာရလည်းဖြစ်စေတယ်လေ။ နောက်ပြီး ရက်သတ္တ ၁-ပတ် ကို တစ်ကြိမ်လောက် နွားနို့  (အစိမ်း)နဲ့ မျက်နှာသစ်ပေးလိုက်ပါဦး။ နွားနို့ က အသားအရေကို ဖြူစင်ဝင်းမွတ်ရုံသာမက၊ အစိုဓာတ်ကိုပါ ထိန်းပေးတာကြောင့် ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ ကြမ်းတမ်းနေမှာကို စိတ်မပူရတော့ဘူးပေါ့။

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို

by ပိုပိုဇော်(သဘာဝအားအင်)November 7, 2013 at 1:09am

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။

လိုအပ်သောပစ္စည်းများ

ကန်စွန်းရွက် (၁) Kg( အရိုးကိုပါ အသုံးပြုပါ။)
ပျားရည်   (၄၀၀) ဂရမ်
ရေ (၄)လီတာမျှ
ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး

ပြုလုပ်နည်း

အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။
အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။
မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။

ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။