Saturday 10 August 2013

သင် လုပ်နေကျ အပြုအမူတချို့က ကျန်းမာရေးနဲ့ တကယ်ညီညွတ်ရဲ့လား

by ပိုပိုဇော်(သဘာဝအားအင်)August 10, 2013 at 12:13pm

လေချဉ်တက်တာ၊ လေလည်တာ၊ နှာခေါင်းထဲ လက်နှိုက်တာ စတဲ့ လူအများစု ပြုလုပ်နေကျ အပြုအမူတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေ ဖြစ်ရဲ့လားဆိုတာ လေ့လာကြည့်ရအောင်။

နားကျပ်တံဖြင့် နားဖာချေးကလောခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး

နားကျပ်တံနဲ့ သင့်နားထဲ ထည့်ပြီး သန့်ရှင်းရေး လုပ်တာကို နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေက ကန့်ကွက် ပါလိမ့်မယ်။ တကယ်တော့ နားဖာချေး ဆိုတာ နားကို ကာကွယ်ပေးပြီး ဘက် တီးရီးယားဟန့်တားတဲ့ အစွမ်းရှိပါတယ်။ နားထဲမှာ နားဖာချေးနည်းလွန်း ရင်တောင် နားက ခြောက်သွေ့ပြီး ယားယံနေတတ် ပါသေးတယ်။ ပိုဆိုးတာက နားဖားချေးကလော် ရင်း နားအတွင်းထဲ အထိ နားဖာချေးတွေ ကို ရောက်ရှိပိတ်ဆို့ မှုနဲ့ နားစည် ထိခိုက်မှု တို့ ဖြစ်စေ နိုင်ပါတယ်။

လေချဉ်တက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်

အစာတွေ အများကြီး စားပြီး ကျယ်လောင်တဲ့ လေချဉ်တက်သံထွက် တာက ကြားလို့ မကောင်းပေမယ့် သင့် အစာအိမ် အတွက်တော့ ကောင်းပါတယ်။ အစာအိမ်မှာ အစာတွေနဲ့ ပြည့်နေတဲ့အ ခါ လေးလံပြီး လေပွနေတတ်ပါတယ်။ အစာရေမျိုပြွန် တစ်လျှောက် အစာအိမ် ကနေ လေတက်လာပြီး ပါးစပ်ကနေ လေထွက် သွားတာက သက်သာရာ ရစေ ပါတယ်။ အစာစားပြီးတဲ့ အခါ လေချဉ်တက် တာက ပုံမှန်ပါ၊ ဒါပေမဲ့ တစ်နေ့လုံး လေချဉ် တက်နေပြီး အစာစားတာနဲ့လည်း မဆက်စပ်ဘူးဆိုရင် လေတွေ အများကြီးကို မျိုချနေရာ ရောက်ပါတယ်။ ဒါက စိတ်ဖိစီးမှုရဲ့ လက္ခဏာတစ်ရပ် လည်း ဖြစ်နေနိုင် ပါတယ်။

လေလည်ခြင်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်

လူအများစုဟာ တစ်နေ့တာအ တွင်း ၁၄ ကြိမ်လောက် လေလည်လေ့ရှိ ပြီး အိပ်နေစဉ်အတွင်း ၃-၅ကြိမ်ခန့် လေ လည်လေ့ ရှိပါတယ်။ လေလည် တယ်ဆို တာ အစာချေဖျက်တဲ့ ဖြစ်စဉ်ရဲ့ အကျိုး ဆက်အနေနဲ့ လေနဲ့ ဓာတ်ငွေ့အရောအ နှော ထွက်ရှိတာဖြစ်ပြီး ပျမ်းမျှအားဖြင့် လေလည်တဲ့ အခါ ပါဝင်တဲ့အရာတွေက နိုက်ထရိုဂျင် ၅၉ ရာခိုင်နှုန်း၊ ဟိုက်ဒရို ဂျင် ၂၁ ရာခိုင်နှုန်း၊ ကာဘွန်ဒိုင်အောက် ဆိုက် ၉ ရာခိုင်နှုန်း၊ မီသိန်း ၇ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၃ ရာခိုင်နှုန်းနဲ့ တခြား ၁ ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။ အူမကြီး ဟာ ညဥ့်လယ်လောက်အတွင်း အသင့် အတင့် ငြိမ်သက်နေပြီး အိပ်ရာနိုးတဲ့ အခါ စတင်လှုပ်ရှားလာပြီး တစ်ညလုံး စုထား တဲ့ လေတွေကို တွန်းထုတ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့လုံးမှာ ပမာဏအပြင်း ဆုံးနဲ့ အကျယ်ဆုံး လေလည်သံက နံနက် ခင်းမှာ ထွက်ပေါ်ရတာပါ။

နှပ်ချေးကလော်ပြီး စားခြင်း

နှပ်ချေးကလော်ပြီး စားခြင်းဟာလေ့လာဆဲနှာခေါင်းထဲ လက်နှိုက်ပြီး နှပ်ချေးတွေကို စားတာဟာ ကိုယ်ခံစွမ်းအားစနစ် ထိခိုက်မှုကိုတော့ မဖြစ်စေနိုင်ပါဘူး။ အကြောင်းကတော့ လူအများစုဟာ နှပ်ချေးတွေ၊ နှရည်တွေကို မတော်တဆ မျိုချမအိတတ်လို့ပါ။

အိပ်ယာထဲ အစာစားခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး

အိပ်ရာထဲ အစာစားတာက အိပ်ရာ ခင်းတွေ၊ စောင်တွေကို ညစ်ပတ်သွားစေ နိုင်တဲ့အပြင် အစာချေဖျက်မှု အတွက် မ ကောင်းပါဘူး။ အိပ်ရာထဲ လှဲပြီး အစာစား တာကြောင့် ဝမ်းဗိုက်မှာ ဖိအားသက်ရောက် မှု ဖြစ်စေပြီး လေထ၊ လေပွစေနိုင်ပါတယ်။ အိပ်ယာဝင်ခါနီးမှာ အိပ်ယာထဲ အစားစားရင် ရင်ပူဝေဒနာ ရစေနိုင်ပါတယ်။ အစာကို များများစားပြီး ၃-၄ နာရီအတွင်းလဲလျောင်း တာက အစာရေမျိုပြွန်က အက်စစ်တွေ ထွက်လာစေတဲ့ အတွက် ဖြစ်ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH

No comments:

Post a Comment