Sunday 11 August 2013

ရှောက်သီးမှ ပေးစွမ်းနိုင်သော အလှအပဆိုင်ရာ အာနိသင်များ

by ပိုပိုဇော်(သဘာဝအားအင်)August 11, 2013 at 5:35pm

ရှောက်သီးကို အလှအပအတွက် သဘာဝအိမ်သုံး ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၁) ဆံသား တောက်ပြောင်စေတယ်။

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည် တစ်ဆနဲ့ ရေတစ်ဆ ရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင် ပေးပါက ဆံသားတွေ တောက်ပြောင် လှပစေပါတယ်။

(၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်တယ်။

ရှောက်ရည်က ချွေးပေါက်တွေကို ကုံျ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစ အနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာ အဆီပြန်တာကို သက်သာစေပါတယ်။

(၃) လက်သည်း ဖြူစေတယ်။

လက်သည်း အရောင်က ဝါကြန့်ကြန့် ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန် တစ်ခုထဲ ထည့်ပါ။ အဲဒီ ပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ် အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။

(၄) ချွေးနံ့ ပျောက်စေတယ်။

ရှောက်ရည်ထဲမှာ ပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုး ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။

(၅) တင်းတိပ်တွေကို ဖယ်ရှားပေးတယ်။

ရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီး အစက်အပြောက်တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်မှု အစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့ တို့ပြီး အစက်အပြောက် ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။

(၆) အစွန်းအထင်းတွေကို ဖယ်ရှားပေးတယ်။

အ၀တ်အစားတွေမှာ အစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့ အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ် ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီး အစွန်း ချွတ်ပေးနိုင်ပါတယ်။ အ၀တ်စက နူးညံ့လွန်းတဲ့ အစ ဖြစ်နေရင်တော့ ရှောက်ရည် တစ်မျိုးတည်းကိုသာ အစွန်းချွတ်ဆေး အဖြစ် အသုံးပြုပါ။

(၇) ဗောက်ပျောက်စေတယ်။

ရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့ အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။ ဗောက်ထ နေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသား အနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

(၈) ကြေးချွတ်ဆေး အဖြစ် အသုံးပြုနိုင်တယ်။

ရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။
credit >>>SweSone Media Group

No comments:

Post a Comment