Showing posts with label အထွေထွေသုတ. Show all posts
Showing posts with label အထွေထွေသုတ. Show all posts

Monday, 31 March 2014

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ

by #ပိုပိုဇော်(သဘာဝအားအင်)April 1, 2014 at 12:36pm


ကျန်းမာရေး ကောင်းဖို့ရာအတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း”  ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

Sunday, 23 February 2014

တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်

by #ပိုပိုဇော်(သဘာဝအားအင်)February 24, 2014 at 1:00am

(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်

ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

ကျန်းမာရေးနှင့်အညီ ကိုယ်အလေးချိန် လျှော့ချပါ

by #ပိုပိုဇော်(သဘာဝအားအင်)February 24, 2014 at 12:00am

ကိုယ်အလေးချိန် လျော့ကျဖို့ရာအတွက် အစာငတ်ခံရမယ်လို့ မဆိုလိုပါဘူး။ ဘယ်လိုအစာတွေကို လျှော့စားသင့်တယ်၊ ဘယ်လိုအစာတွေကို ရှောင်သင့်တယ်၊ ဘယ်လို အစားအသောက်တွေကို စားသင့်တယ်၊ ဇီဝရုပ်ဖြစ်ပျက်မှုကို ဘယ်လို ထိန်းချုပ်သင့်တယ် စတဲ့ နည်းလမ်းတွေကို သိရှိလိုက်နာရုံနဲ့ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါလိမ့်မယ်။

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ

by #ပိုပိုဇော်(သဘာဝအားအင်)February 23, 2014 at 11:40pm

ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

by #ပိုပိုဇော်(သဘာဝအားအင်)February 23, 2014 at 11:16pm

လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။

Wednesday, 19 February 2014

စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ

by #ပိုပိုဇော်(သဘာဝအားအင်)February 19, 2014 at 6:28pm

အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။  

Monday, 17 February 2014

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

by #ပိုပိုဇော်(သဘာဝအားအင်)February 18, 2014 at 1:33am

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား

by #ပိုပိုဇော်(သဘာဝအားအင်)February 18, 2014 at 12:20am

(၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်

ကရဝေးရွက်ကို ဟင်းလျာတွေထဲ ထည့်ချက်ရင် ဟင်းနံ့ကို သင်းပျံ့စေပြီး အရသာ တိုးစေပါတယ်။ ကရဝေးရွက်ကို ချက်လိုက်တဲ့အခါ ဟင်းလျာထဲမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပမာဏကို တိုးစေပါတယ်။ အဲဒီ အင်တီအောက်ဆီးဒင့်တွေက ကင်ဆာ၊ အစာအိမ်အနာနဲ့ အဆစ်ရောင်နာတွေကို တွန်းလှန်နိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အနာတွေကို မြန်မြန်ကျက်စေပြီး ခြင်ကိုက်ရာ အနာတွေကို သက်သာစေပါတယ်။

Sunday, 16 February 2014

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 17, 2014 at 2:37am

လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၄င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။ ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့ အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး ။ လို အပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ၀က်ခြံထွက်ြ ခင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့ အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက် စီးစေနိုင်ပါတယ်။

Friday, 14 February 2014

စပျစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူး

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 5:14am

စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ် အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းအောင် အိပ်ရေးဝ၀အိပ်ပါ

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 4:32am

အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

စိတ်ပျော်ရွှင်ဖို့ လိုအပ်တိုင်း စားသင့်သည့် အကောင်းဆုံးအစာ ငါးမျိုး

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 3:34am

စိတ်ပျော်ရွှင်မှုအတွက် အစားအစာက အသုံးဝင်တယ်လို့ သင်ထင်ပါသလား။  မှန်ပါတယ်။ အစားအစာနဲ့ စိတ်ခံစားမှုဟာ ဆက်စပ်မှု ရှိနေပါတယ်။ အကြောင်းကတော့ အစားအစာ တချို့မှာ ဆီရိုတိုနင်ဓာတ်၊ ထရစ်ပတိုဖန်ဓာတ်စတဲ့ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတ်တွေအပြင် ဗီတာမင် B6၊ B12 နဲ့ ဖောလစ်အက်စစ်စတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေလို့ပါ။

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 5:34am

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။  သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့်  ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

ဝမ်းဗိုက်မှ အဆီလျှော့ချပြီး နှလုံးရောဂါကို ကာကွယ်ပါ

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 2:11am

ခါးအတိုင်းအတာကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက် လျှော့ချနိုင်ပါတယ်။  တခြား အဆီအမျိုးအစားတွေဖြစ်တဲ့ ပေါင်နဲ့ တင်ပါးမှာ အဆီရှိတာဟာ ခန္ဓာကိုယ် ဝစေသလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှအဆီတွေ အမြန်ဆုံး ပျော်ဝင်သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

မကြာခဏ ခံစားရလေ့ရှိသော လေပွခြင်း

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 1:19am

ဝမ်းဗိုက်ပြည့်အင့်ပြီး တင်းကျပ်ကျပ်ဖြစ်ကာ လေပွတာကို ခံစားနေရတာကြောင့် မအီမသာ ဖြစ်နေပါသလား။  ဆေးပညာရှင်တွေက လေပွတာမဖြစ်အောင် ကာကွယ်နည်းတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တယ်လို့ အကြံပြုထားပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း လေပွတာပြီး ဝမ်းဗိုက် တင်းကျပ်ကျပ်ဖြစ်တာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားရနိုင်ပါတယ်။ လေပွတာက အသည်းနဲ့ နှလုံးရောဂါတွေ ခံစားရတာကြောင့် ဖြစ်နိုင်ပေမယ့် အများစု ခံစားရတတ်တာကတော့ အူအတွင်းရှိ လေတွေကြောင့်ပါ။ အစားအစာတွေကြောင့် လေပွတာ၊ ဝမ်းချုပ်လို့ လေပွတာ စတဲ့ လေပွတာကို ဖြစ်စေတဲ့ အကြောင်းတွေ များစွာ ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

သင့်ကျန်းမာရေး အကောင်းဆုံး အခြေအနေတွင် ရှိစေရန်

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 12:27am

သင့်ကျန်းမာရေး အခြေအနေကို သင်အသိဆုံးပါ။  ဆရာဝန်တွေက သင်ခံစားနေရတဲ့ ဝေဒနာ အလုံးစုံကို မသိနိုင်ပါဘူး။ သင့်အနေနဲ့ ရောဂါဝေဒနာ တစ်ခုခု ခံစားနေရတဲ့ အချိန်မှာ သင့်ကျန်းမာရေးက အကောင်းဆုံး အခြေအနေမှာ ရှိနေစေဖို့ သိထားသင့်တဲ့ အချက်တွေရှိပါတယ်။

Wednesday, 12 February 2014

သံလွင်ဆီ၏အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 12:12am

သံလွင်ဆီသံလွင်ဆီဆိုတာ သံလွင်သီးကနေရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေဘူယျအားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတ၀ှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ်အနီးတ၀ိုက် ဒေသတွေမှာ အသုံးများကြပါတယ် ။

ရွှေဖရုံသီး အစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 12:31am

ရွှေဖရုံသီး အစေ့

ရွှေဖရုံသီးစေ့ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ဈေးလည်းမကြီး၊ ရှားလည်းမရှားတဲ့ သဘာဝ အစားအသောက် တစ်မျိုးပါ။  ရွှေဖရုံသီးစေ့ကို လှော်ပြီး အခွံခွာ ဒီအတိုင်းစားကြသလို မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ ချင်းသုပ်ထဲ ရောစားကြလေ့ရှိပါတယ်။ ရွှေဖရုံသီးစေ့သာမက ဖရုံစေ့အနက် ဆိုတာလည်း လူကြိုက်များတဲ့ စားစရာ တစ်မျိုးပါပဲ။ ဒီလိုကျွန်တော်တို့ လက်တစ်ကမ်းက သဘာဝ အစားအသောက်တွေရဲ့ အရသာရှိခြင်းထက် အများကြီး ပိုတန်ဖိုးကြီးမားလွန်းတဲ့ အာနိသင်တွေကို သိရှိစေဖို့ The Voice Weekly စာမျက်နှာများမှ အလျဉ်းသင့်သလို ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောဂါ တစ်ခုချင်း အသေးစိတ် ဆောင်းပါးတွေ ဆက်တိုက် တင်ဆက်လာရာမှ တစ်ပတ်ခြား၊ နှစ်ပတ်ခြား အပြောင်းအလဲလေးတွေ အနေနဲ့ သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း ကဏ္ဍများ တင်ဆက်ခြင်းကို နှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

သွေးတိုး/သွေးတက်နေသလား ဒန့်သလွန်ရွက်ကိုစား

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 12:55am

ဒန့်သလွန်ပင်သည် မြန်မာပြည်၌ ဘယ်မြို့ ဘယ်ရွာ၌မဆို ရှာလို့ရသည်။ မြန်မာလူမျိုးတိုင်း ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီးကို နှစ်ခြိုက်စွာစားသုံးလေ့ရှိသည်။
ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်သည် လူသားတို့ စားသုံးသည့် အာဟာရရှုထောင့်မှ ကြည့်ရှုပါလျှင် ကုံလုံကြွယ်ဝသည့် အာဟာရဓာတ်များ ပါဝင်နေသည်။

တိုင်းရင်းဆေး ကဏ္ဍ (ငုပင် နှင့် ပိတောက်ပင်)

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 2:51am

မြန်မာ့ ဓလေ့ တစ်ဆယ့်နှစ် လရာသီ မြန်မာ့ ပွဲတော်များ အနက် ကမ္ဘာသိ၊ မြန်မာ သိ၊ အထင်ရှား ဆုံး ပျော်ရွှင် ဖွယ်ရာ ပွဲတော်မှာ သင်္ကြန်ပင်ဖြစ်ပါ သည်။ သင်္ကြန်၏ အငွေ့အသက်များ၊ နွေဦး၏ အပူရှိန်တို့ဖြင့် ပိတောက် ပန်းများနှင့် ငုပန်းများ လှိုင်လှိုင်ပွင့် ကြပါသည်။ သင်္ကြန်ရက်အတွင်းမှာ နေရာတိုင်း၌ ရွှေဝါရောင်လွှမ်းလျက် ရှိနေပါသည်။ အမိမြန်မာမြေ၏ ယဉ်ကျေးသော သင်္ကြန်ရက်အတွင်း စာရေးသူအနေနှင့် ယခင်နှစ်တိုင်း လိုလိုပင် ရုပ်ရှင်စာစောင်များတွင် ပိတောက်ကဗျာ များစွာကို ရေးသား ခဲ့ပါသည်။ Health Digest ကျန်းမာ ရေးနှင့် ဆေးပညာဂျာနယ်တွင် ငုပန်းနှင့် ပိတောက်ပန်းတို့၏ ဆေး ဖက်ဝင်ပုံများနှင့်ပတ်သက်၍ စာဖတ် ပရိသတ်များအတွက် ရေးသားတင်ပြ ရန် စဉ်းစားရင်းဖြင့်သာ ကျန်ရစ်ခဲ့ပြီး ဆောင်းပါးမရေးဖြစ်ခဲ့ပါ။ စာရေးသူ နှစ်သက်သော ပိတောက်ပင်နှင့် ငုပင်တို့အကြောင်း စာရေးသူ အသက် ၆၉ နှစ်မြောက်အထိမ်းအမှတ်အဖြစ် Health Digest ကျန်းမာရေးနှင့် ဆေး ပညာဂျာနယ်တွင် တင်ပြလိုက်ပါသည်။