Saturday 26 October 2013

ပင်စိမ်းရွက်၏ ဆေးဖက်ဝင်အစွမ်း

by ပိုပိုဇော်(သဘာဝအားအင်)October 27, 2013 at 9:18am

ပင်စိမ်းရွက်မှာ ရောဂါကာကွယ်နိုင်စွမ်းနဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစွမ်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသိအမှတ်ပြုထားကြတာပါ။ 

ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်

ပင်စိမ်းရွက်မှာ eugenol, citronellol, linalool, citral, limonene နဲ့ terpineol ဆိုတဲ့ ကျန်းမာရေးအကျိုးပြု မရှိမဖြစ်ဆီတွေ ပါဝင်ပါတယ်။ ဒီဓာတ်ပေါင်းတွေက ရောင်ရမ်းမှုကျစေတဲ့ အစွမ်းနဲ့ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ ပင်စိမ်းမှာပါတဲ့ ယူဂျီနော (Eugenol) ဟာ အရိုးအဆစ်ရောင်နာ၊ ရူမတွိုက် အဆစ်ရောင်နာနဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတို့ကို လျော့ကျစေပါတယ်။

အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ

by ပိုပိုဇော်(သဘာဝအားအင်)October 27, 2013 at 8:53am

အိုမင်းမှုဖြစ်စေတဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ထိန်းချုပ်လို့ ရပါတယ်။ လူတစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နုပျိုတယ်လို့ ယူဆနေရင် ကြည့်ကောင်း နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

နုပျိုစေမည့် နေထိုင်နည်း

အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။  

Thursday 24 October 2013

လူကိုခွန်အားဖြစ်စေမယ့် အစားအသောက်(၁၈)မျိုး

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 10:09am

(၁)အစိမ်းရောင်အရွက်ဖားဖားဟင်းရွက်များ

ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက် စတဲ့ စိမ်းရောင်ခြယ်အရွက် တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါရှိပြီး၊ ကယ်လိုရီနဲပါးတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါ့ပြင် ဗီတာမင်အေ၊ ဗီတာမင်စီ နဲ့  ဖောလိပ်ဓာတ်တို့  ကြွယ်ဝတာမို့  ခွန်အားတိုးပွားစေရုံမျှုမက ၊ စိတ်ကျရောဂါတွေကိုပါ တိုက်ထုတ်ပေးပါတယ်။

(၂) အစေ့အဆံများ

ဗာဒံစေ့၊ သစ်အယ်သီး၊ သစ်ကျားသီး၊ သီဟိုစေ့ စတဲ့ အစေ့အဆံတွေမှာ ခံနိုင်ရည်စွမ်းအားထောက်ပံ့ ပေး တဲ့ ပရိုတင်းတွေပါရှိနေပါတယ်။ ၄င်းတို့ ကိုစားသုံးပြီးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းရှိကောင်းကျိုးပြုဆဲလ်တွေကို စွမ်းအားပြည့် ထုတ်လုပ်ပေးနိုင်အောင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်ပေးပါတယ်။

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 6:17am

(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား?

ပုရွက်ဆိတ်တွေက သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။

(၂) ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?

ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။

ဝမ်းချုပ်လို့ စိတ်မညစ်နဲ့

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 5:32am

“ ၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲ ” ဆိုတဲ့စကားအတိုင်း၊ နေ့ တဓူဝ ပါးစပ်မှသွင်းလာသော အစာသစ်များကို ခနာကိုယ်က အာ ဟာရအဖြစ်စုပ်ယူပြီးနောက် မလိုလားအပ်သောအစာဟောင်းများကိုမစင်အဖြစ် အနည်းဆုံးတစ်နေ့  ၁-ကြိမ်မျှ စွန့် ထုတ်ပေးမှ သာ ကျန်းမာရေးနဲ့  ညီညွတ်စေမှာပါ။ အချို့ သူများက ၂-ရက် ၁-ခါသာ ၀မ်းသွားလေ့ရှိပြီး ထို့ ထက်ပို၍၀မ်းမသွားခြင်းကိုတော့ ၀မ်းချုပ်တယ်လို့ ခေါ်ပါတယ်။ စားသောက်မှုစံနစ်မကျခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အထိုင်များ၍ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေ သောက်နည်းခြင်း စသည်တို့ ကြောင့် အရွယ် ၃-ပါးမရွေး ၀မ်းချုပ်နေကြပါတယ်။ ၀မ်းသွားချင်စိတ်ရှိတာကို လစ်လှူရှုမထားဘဲ၊ အချိန်ပေး၍ အိမ်သာတက်တဲ့ အကျင့်ကိုမွေးမြူရပါမယ်။ ၀မ်းချုပ်တာကြာလာတာနဲ့ အမျှ စမျဉ်းခံလာပြီး အတင်းအားစိုက်၍ ညှစ်ထုတ်ရခြင်းကြောင့် လိမ်ခေါင်းရောဂါ၊ စအိုကွဲခြင်း စတဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်စေပါတယ်။

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 5:07am

လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေးအကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။ 

Tuesday 22 October 2013

ရေနွေးကြမ်း သောက်ပြီး ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 5:27am
 
ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။
အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။  

ဒါကြောင့် ရှေးကတည်းက ရေနွေးခြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးခြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ 

လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 5:13am

ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း
ကျန်းမာရေးအတွက်များစွာအ ထောက်အကူ  ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်.. တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်.. အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်..

အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 4:41am

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။
အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။
အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။  

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။  
လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

အံသြဖွယ်ရာ သခွားသီး အစွမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 4:13am

၁။ သခွားသီးဟာ နေ့တိုင်းလိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်းနိုင်ပါတယ်။

သခွားသီးတစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင်ပါတယ်။

၂။ နေ့လည်နေ့ခင်း မောပန်းနွမ်းနယ်နေရင် ကဖင်းဓါတ်ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။

သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် လန်းဆန်းမှုကို မြန်မြန်ရစေပါတယ်။

Saturday 19 October 2013

အဝလွန်နေသူများအတွက်(၇)ရက်အမြန်အဆီချနည်း

by ပိုပိုဇော်(သဘာဝအားအင်)October 20, 2013 at 8:28am

အဟာရဓါတ်ချို့တဲ့မှု့မဖြစ်ေ စတဲ့နည်းလမ်းလေးပါ... စားရမယ့်အစီအစဉ်တွေက..

(အဆီကျဟင်းရည်)

ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွအစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံတစ်စည်း
ဂေါ်ဖီတစ်ထုတ် 

အသီးအရွက်တွေကိုအနေတော်တုံး ပြီးအိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီးပွက်ပွက်ဆူအနေ အထားမှာ၁၀မိနစ်ထား နောက်မှမီးကို
လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်... အဲဒီအရည်တွေကိုဝိတ်ချတဲ့တစ် ပတ်လုံးသောက်၇ပါမယ်...တတ်နိုင်၇င်အ၇ွက်တွေပါစား၇င်ပိုေ ကာင်းတယ်။ ပုံမှန်ဆို တစ်ပတ်ကို ၁၀ ပေါင်ကျပေမယ့်...အရွက်တွေမစားတာေ၇ာ လေ့ကျင့်ခန်းမလုပ်တာရောကြော င့်၅ ပေါင်ဘဲကျပါတယ်
(အနံ့အရသာ၇ှိ စေဖို့ဆားင၇ုပ်ကောင်းဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင် ပါတယ်)

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

by ပိုပိုဇော်(သဘာဝအားအင်)October 20, 2013 at 7:48am

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့်သည်းခြေကျောက် ဖယ်ရှားနည်းမှာပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ဟင်းသီးဟင်းရွက်အချို့ စားသုံးရာ တွင် သတိထားရမည့်အချက်များ

by ပိုပိုဇော်(သဘာဝအားအင်)October 20, 2013 at 4:55am

ပဲပင်ပေါက်ကို ချက်ပြီးမှ စားသုံးသင့်သည်။ အစိမ်းစားခြင်း သည် အခန့်မသင့်လျှင် မအီမလည် ဖြစ်ခြင်း၊ မူးဝေ၊အော့အန်ခြင်း၊ ဝမ်း သွားခြင်းတို့ကို ဖြစ်စေတတ်သည်။

ခရမ်းချဉ်သီးတွင် အက် ဆစ်ဓာတ်ပါဝင်သဖြင့် ဗိုက်ထဲ၌ အစာမရှိဘဲ စားမိပါကဗိုက်နာခြင်း၊ဝမ်းသွားခြင်းစသည့်ဗိုက်ပြဿနာကို  ဖြစ်စေတတ်သည်။ 

ရေခဲသေတ္တာထဲတွင် ထည့်ထားသောဟင်းသီးဟင်းရွက် များကို ကြာရှည်စွာမချက်ပြုတ်ရပါ ။ သို့မဟုတ်က ယင်းတို့တွင်ပါရှိသော အာဟာရဓာတ်များ ပျက်ပြယ်သွား မည် ဖြစ်သည်။

လွယ်ကူသက်သာသဘာဝနည်းနဲ့ ကျောက်ကပ်သန့်စင်ရအောင်

by ပိုပိုဇော်(သဘာဝအားအင်)October 20, 2013 at 4:36am

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း ၊ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ဖယ်ရှားသန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ ထဲက မလိုလားအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူရယ်လို့ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်တိုင်း မနားမနေ အလုပ် လုပ်ပေးနေရတဲ့ မိမိရဲ့ကျောက်ကပ်ကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဂရုစိုက်ဖို့ဆိုတာလဲ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့လွယ်ကူသက်သာသဘာဝ နည်းလမ်းလေးပါ။ 
ဒါကတော့လူတိုင်းသိတဲ့ နံနံပင်ပါဘဲ။

Friday 18 October 2013

ညညချောင်းဆိုးနေရင်

by ပိုပိုဇော်(သဘာဝအားအင်)October 19, 2013 at 2:40am
 
လည်ချောင်း ယားပြီး ချောင်းဆိုး ခြင်းဟာ နေ့ခင်းဘက်မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာ ပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့ အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့ စိတ်က ကြီးစိုး နေပါတယ်။ ဒါပေမယ့် အချိန်မတော် တစ်ရေးနိုးထပြီး ချောင်းတ ဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့် အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန် စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ညမအိပ်ခင် လည်ချောင်း မယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿသနာပြေလည် သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက် ၈ချက်က သင့်ပြဿသနာကို အလွယ်တကူ ဖြေရှင်း ပေးနိုင် ပါလိမ့်မယ်-

ပန်းသီးစားသုံးခြင်းဖြင့်ရရှိ သောကောင်းကျိုး၁၀ချက်

by ပိုပိုဇော်(သဘာဝအားအင်)October 19, 2013 at 2:12am

တစ်နေ့ ပန်းသီး တစ်လုံးစားလျှင် ဆရာဝန်ပင်မလိုဟုအနောက်တိုင်း ဆိုရိုးရှိသည်။ သို့ရာတွင် ပန်းသီးမှရရှိသော ကောင်းကျိုးများကိုမူ တိကျ စွာမပြောနိုင်ပေ။ အောက်ဖြော်ပပါအချက်များသည် ပန်း သီး စားသုးံ ခြင်း၏ဆိုရိုးကို ထောက်ခံသောရလဒ်များပင်ဖြစ်သည်။   

၁။ အရိုးကိုကာကွယ်ခြင်း။

Flavanoid ဒြပ်ပေါင်းသည် သွေးဆုံးပြီး အမျိုးသမီးများ၏အရိုး သိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ်သုတေသီများက ဆိုသည်။ အဆိုပါ ဒြပ်ပေါင်းသည် ပန်းသီး၌သာပါရှိသည်။ ထို့အပြင် ပန်းသီးတွင် ပါသည့် Boronဒြပ်ပေါင်းသည်လည်း အရိုးများကို ခိုင်မာစေသည်။

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ

by ပိုပိုဇော်(သဘာဝအားအင်)October 19, 2013 at 1:41am

ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပြီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ
အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။

Saturday 12 October 2013

ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထအချို့မှ ရရှိနိုင်သော ကောင်းကျိုးများ

by ပိုပိုဇော်(သဘာဝအားအင်)October 12, 2013 at 11:05pm
 
အစာစားပြီးတိုင်း အချိုပွဲ စားခြင်း

အချိုစာတွေကို ကြိုက်နှစ်သက်လို့ စားသုံးတာက ကိုယ်အလေးချိန် တက်စေတယ် ဆိုပေမယ့် သင်စားတဲ့ ပမာဏကို ထိန်းချုပ်စားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့တာ ရရှိတဲ့ ကယ်လိုရီရဲ့ ၈၀ ရာခိုင်နှုန်းကို မနက်၊ နေ့လယ်နဲ့ ညစာတွေကနေ ရရှိပြီး ၂၀ ရာခိုင်နှုန်းကိုတော့ သရေစာက နေရရှိပါတယ်။ အချိုစာကို လုံးဝ မစားဘဲ ရှောင်စရာ မလိုပါဘူး။ ပမာဏကို ထိန်းချုပ် စားဖို့တော့ လိုပါတယ်။  

သင့် မျက်နှာလေးကို အလှတွေ တိုးလာစေမည့် လုပ်ဆောင်ချက်လေးများ

by ပိုပိုဇော်(သဘာဝအားအင်)October 12, 2013 at 8:17pm

လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေ...းနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။  

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့ သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊ ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့ သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင် မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့် ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

Wednesday 9 October 2013

ဆေးဝါးကဲ့သို့ အသုံးပြုနိုင်သည့် အရွက်များ

by ပိုပိုဇော်(သဘာဝအားအင်)October 10, 2013 at 11:42am

သင်ဟာ ကျန်းမာရေးအတွက် အစွမ်းထက် အစားအစာကို စားမယ်လို့ စဉ်းစားမိတယ်ဆိုရင် သံလွင်ဆီ၊ ဘလူး ဘယ်ရီသီးနဲ့ သင်္ဘောသီးတွေကို အရင်ဆုံး မြင်ယောင်မိမှာပါ။ ဒီအစားအစာတွေဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှု များပြားပြီး ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုပေမယ့် အမှန်မှာတော့ ဒီအသီးတွေ သီးတဲ့ အပင်က အရွက်တွေဟာ ကျန်းမာရေး အတွက် ပိုမို ကောင်းမွန်တယ်လို့သိရ ပါတယ်။ သစ်သီးတွေမှာ မပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အဲဒီအရွက်တွေမှာ ပါဝင်နေတာကြောင့်ပါ။ အောက်ပါ အရွက်တွေကို ဆေးဝါးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကိုယ်တွင်း ဟော်မုန်းဓာတ်များ ဟန်ချက်ညီမျှစေရန်

by ပိုပိုဇော်(သဘာဝအားအင်)October 10, 2013 at 11:38am

ကျန်းမာရေးအတွက် ဟော်မုန်းတွေရဲ့ သက်ရောက်မှုက အင်မတန် ကြီးမားပါတယ်။ ဟော်မုန်းတွေရဲ့ အစွမ်းကြောင့် စိတ်ခံစားမှု၊ ကိုယ်အလေးချိန်၊ အူမကြီးကျန်းမာရေး စတာတွေအပေါ် သက်ရောက်မှု ရှိနေသလို ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာစတဲ့ ကိစ္စတွေကလည်း ဟော်မုန်းတွေနဲ့ ဆက်စပ်နေပါတယ်။ သင့်ကိုယ်တွင်းမှာ ဟော်မုန်းဓာတ်တွေ ဟန်ချက် မညီမျှတာကြောင့် နုံးချည့်ညောင်းညာတာ၊ အရေပြားပြဿနာ၊ ကိုယ်အလေးချိန် တက်တာ၊ ဗိုက်ပူတာ၊ အိပ်မပျော်တာ၊ အမြဲလိုလို အိပ်ချင်နေတာ၊ ရာသီအကြိုဝေဒနာ၊ မျိုးအောင်နိုင်စွမ်းမရှိတာ စတဲ့ ကျန်းမာရေး ပြဿနာတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

သင့်ကျန်းမာရေးအတွက် စောစောအိပ်ရာထပါ

by ပိုပိုဇော်(သဘာဝအားအင်)October 10, 2013 at 11:35am

သင့်ကျန်းမာရေးအတွက် စောစောအိပ်ရာထပါ အိပ်ရာစောစောထတဲ့ သူတွေဟာ ညဥ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နေမြင့်မှ အိပ်ရာထသူတွေထက် ပိုမို ပျော်ရွှင်ကာ သွယ်လျ ကျန်းမာကြကြောင်း လေ့လာမှု အတော်များများအရ သိရပါတယ်။ နံနက် စောစောထတဲ့ သူတွေက အလုပ်မှာ ပိုမို စွမ်းဆောင်နိုင်စွမ်းရှိပြီး အလုပ် တွင်ကျယ်တာကြောင့် ယေဘုယျအားဖြင့် ဝင်ငွေ ပိုကောင်းကြကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဆိုရင်လည်း အိပ်ရာ စောစောထကာ လေ့လာ မှတ်သားမှု ပြုလုပ်တဲ့အတွက် နေမြင့်မှ အိပ်ရာထသူတွေထက် အမှတ်ပြည့်ရနိုင်ခြေ ပိုများကြောင်း တက္ကဆက်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့် နံနက်စောစော အိပ်ရာထသူတွေက ပိုမိုကျန်းမာ ထက်မြက်ရသလဲ ဆိုတဲ့အချက်ကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့အခါ အောက်ပါ လျို့ဝှက်ချက် ခြောက်ရပ်ကို တွေ့ရှိခဲ့ရပါတယ်။  

သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသော စားသောက်ဖွယ်ရာများ

by ပိုပိုဇော်(သဘာဝအားအင်)October 10, 2013 at 11:30am

မြန်မာပြည်တွင် နှလုံးသွေးကြော ပိတ်ဆို့ခြင်း ရောဂါ တဖြည်းဖြည်း အဖြစ်များ လာပါသည်။ ၄င်းရောဂါကြောင့် သေဆုံးသော လူနာများကို တွေ့ရှိလာပါသည်။ အောက်ပါ အစားအစာများသည် သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ် ပေးသော စားသောက် ဖွယ်ရာများ ဖြစ်ကြောင်း သိရှိရပါသည်။

(က) ငရုတ်သီးမှုန့်

သန့်ရှင်းသော၊ လတ်ဆတ်သော ငရုတ်သီး ခြောက်မှုန့်များသည် သွေးကြော ပိတ်ဆို့မှုကို တားဆီးပေးသဖြင့် အလွန် ထိရောက်သော အစားအစာ ဖြစ်သည်။

တစ်ကိုယ်ရည် သန့် ရှင်းခြင်း နှင့် ကျန်းမာရေး

by ပိုပိုဇော်(သဘာဝအားအင်)October 9, 2013 at 3:18pm

ကျန်းမာရေးကောင်းမွန်ခြင်း နှင့် ချို့ တဲ့ခြင်းသည့် မိမိကိုယ်ကိုယ်သန့် ရှင်းစွာနေထိုင်ခြင်း ၊ စားသောက်ခြင်းတို့ အပေါ်တွင်ရာခိုင်နှုန်းအတော်များများ အကျိုးသက်ရောက်မှု့ များရှိပါသည် ။

တစ်ချို့ ဆိုလျှင်ကျန်းမာရေး အသိပင်ရှိပင်ငြားလည်း လုပ်ဆောင်ရန် ပျင်းခြင်း ၊ ပေါ့ပေါ့ပါးပါး နေထိုင်ခြင်းတို့ ကြောင့် ကျန်းမာရေးချို့ တဲ့ခြင်းအကျိုးဆက်များရရှိလာပါတယ် ။ အသိမရှိလို့ ဆိုတာကို လက်ခံနိုင်ပေမဲ့ အသိရှိပြီး ပြု့ မှု့ နေထိုင်ခြင်းသည်အလွန်ပင်ဆိုးရွားပါတယ် ။

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲ ပျောက်ဆေးများ

by ပိုပိုဇော်(သဘာဝအားအင်)October 9, 2013 at 2:09pm

ဂျင်း

ဂျင်းက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ် စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံး သင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကတော့ နားကိုက်တာကို ပျောက်ကင်း စေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ကြက်သွန်ဆီ ဆိုလို့ အခြား မဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

ပဋိဇီဝဆေး(ပိုးသတ်ဆေး)တွေသောက်မယ်ဆိုရင်

by ပိုပိုဇော်(သဘာဝအားအင်)October 9, 2013 at 1:42pm

ရောဂါပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသရာမှာ ရောဂါပိုးတွေကို သေအောင်သတ်နိုင်မှသာ သက်သာ ပျောက်ကင်း နိုင်မှာပါ။ ပိုးသတ်ဆေး တွေဟာ ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ နာမကျန်းဖြစ်ခြင်းတွေကို ကုသရာမှာ အထိရောက်ဆုံးပါပဲ။ တစ်ခြားသောနည်းလမ်းတွေ၊ ဆေးတွေ ဟာ ရောဂါတွေကို ခဏတာ သက်သာအောင် လုပ်ကောင်းလုပ်နိုင်မှာပါ ၊ ဒါပေမယ့် အရှင်းပျောက်သွားအောင်တော့ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ပိုးသတ်ဆေးတွေကို သောက်တဲ့ အခါ ဂရုတစိုက် ကြပ်ကြပ်မတ်မတ် သောက်ဖို့ လိုအပ်ပါတယ်။ ဂရုမစိုက်ဘူး၊ ညွှန်ကြားတဲ့ အတိုင်းသေသေချာချာမသောက်ဘူးဆိုရင်တော့ ရောဂါပိုးတွေဟာ ဆေးတွေကို ယဉ်ပါးလာနိုင်ပြီး ရောဂါတွေကို ကုသဖို့ ခက်ခဲလာနိုင်ပါတယ်။

Tuesday 8 October 2013

ဂေါက်ရောဂါ (Gout) ဆိုသည်မှာ

by ပိုပိုဇော်(သဘာဝအားအင်)October 9, 2013 at 12:58pm

ဂေါက်ရောဂါလို့ ပြောလိုက်ရင်လူတော်တော်များက တစ်လွဲတွေးတတ်ကြပါတယ်။ တစ်ကယ်တမ်းတော့ ဂေါက်ရောဂါဆိုတာ Gouty Arthritis လို့ ခေါ်တဲ့ အဆစ်ရောင်ရောဂါတစ်မျိုးပါပဲ။ အဆစ်ရောင်ရောဂါလို့ ပြောပြန်တော့ လေးဘက်နာ ရောဂါ၊ အရိုးပွ အဆစ်ရောင်နာ စတဲ့ အဆစ်ရောင်ရောဂါတွေနဲ့ မှားတတ်ကြပြန်ပါတယ်။ ဒီတော့ အစားအသောက်အနေအထိုင်ဆင်ခြင်မှ သက်သာနိုင်မဲ့ဂေါက်ရောဂါ အကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။

အခွံကို မလွှင့်ပစ်ဘဲ စားသုံးနိုင်သည့် ဆေးဘက်ဝင်အသီးများ

by ပိုပိုဇော်(သဘာဝအားအင်)October 8, 2013 at 6:07pm

(၁)ကီဝီသီး

အမွှေးနုကလေးများ နှင့် ကီဝီသီးတွင် အင်တီအောက်ဆီးဒင့်မြင့်မားစွာပါဝင်ပြီး အစာအဆိပ် ဖြစ်တတ်သော Staphylococcus  နှင့် E-coli စသည့်ရောဂါပိုးမွှားများ ကို တိုက်ထုတ်နိုင်သည်။

(၂) နာနတ်သီး 

ယင်း၏အခွံတွင် အမျှင်ဓာတ်နှင့်ဗီတာမင် C တို့ပါဝင် ပြီး ယင်းရှိ broinelain  အင်ဇိုင်းသည် အစာချေဖျက်မှုအတွက် ကောင်းမွန်သည်။ နာနတ်သီးတွင် မာကြောသောအပြင်ပန်းရှိသော် လည်း အခွံအောက်အတွင်းသားက နူးညံ့သည်။ စားသုံးပုံ -အူတိုင်ကို ညှစ်ပြီး အဖတ်များဖြစ်အောင် လုပ်၍ဖျော်ရည်တွင် ထည့်ပြီးစားပါ။  ကျန်နေသောအဖတ်များကို စွတ်ပြုတ်၊အ သားဟင်းပြုတ်တို့နှင့်ရောစားပါက ဖိုင်ဘာဓာတ်ကို ရရှိစေသည်။

ဦးနှောက်၏ဉာဏ်ရည်စွမ်းအားကို တိုးမြှင့်ပေးသောအစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)October 8, 2013 at 5:55pm

(၁) ဂျုံနှင့်လုပ်သောအစာများ

ယင်းတွင် ပါဝင်သော Low -GI က ဂလူးကို့စ်ကို သွေးတွင်းသို့ ဖြည်းညှင်းစွာ စီးဆင်းစေပြီး တစ်နေ့တာ စိတ်ပိုင်းဆိုင်ရာနိုးကြားမှုကို ဖြစ်ပေါ်စေသည်။

(၂)ငါးအဆီ

သဘာဝအရ မရှိမဖြစ် လိုအပ်သောအိုမီဂါ ၃သည် ငါးအဆီ တွင် EPA နှင့် DHA အဖြစ် ရှိနေ သည်။ ပဲပိစပ်ဆီ၊ ဖရုံစေ့၊ ပဲပိစပ်၊ သစ်ကြားဆီတို့တွင်လည်း အလားတူ ဦးနှောက်လုပ်ငန်းစဉ်၊ နှလုံး၊ အဆစ်အမြစ် အတွက်ကောင်းစေသည်။ ဥပမာ ဆယ်လ်မွန်ငါး၊ ငါးသား လောက်ယောက်ဖ၊ ငါးကွန်းရှပ်၊ ငါး သေတ္တာငါးဆီများသည် အယ်လ်ဇိုင်း မားရောဂါကို ကာကွယ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးမှုကို ကာကွယ်ပေးသည်။

သဘာဝအတိုင်း ဆံပင်ဖြောင့်လိုပါသလား

by ပိုပိုဇော်(သဘာဝအားအင်)October 8, 2013 at 5:43pm

(၁) တရုတ်နံနံကြီးတစ်စီးမှ အရည်ညှစ်ပါ။ ပိတ်ပါးဖြင့် ခံပါ။ ထို့နောက် ပုလင်းထဲ ထည့်ပြီး တစ်ညသိပ်ထားပါ။ နောက်တစ်နေ့မှာတော့ ဆံ ပင်တစ်လျှောက်သာမက ဦးရေပြားထိ လိမ်းပေးပါ။ အဲဒီနောက် အသွားကျဲကျဲဘီးနဲ့ဖီးပေးပါ။ ပြီးနောက် ၁နာရီလောက်ထားပြီး ရေဆေးချပါ။ အဲဒီနောက် ဘီးဝိုင်း ဒါမှမဟုတ် သဘာဝအမွှေးအမျှင် ဘီးနဲ့ဖီးပေးပါ။

(၂) ဒုတိယနည်းကတော့ ရေခွက် တစ်ဝက်ကို နွားနို့ခွက်တစ်ဝက်နဲ့ ရောပါ။ ပြီးတဲ့နောက် စပရေးဖြန်းလို့ရတဲ့ဘူးထဲ ထည့်ပါ။ စပရေးမဖြန်းမီ ရှုပ်ထွေးနေတဲ့ဆံပင်တွေကို အရင်ရှင်းပါ။ ပြီးနောက် ဆံပင်ကို စပရေးနဲ့ဖြန်းပြီး တခေါက်ပြန်ဖီးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချပါ။ ဘီးကျဲကျဲနဲ့ဖီးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးပါ။

ဝမ်းဗိုက်အဆီစုခြင်းကို ကာကွယ်ရန်

by ပိုပိုဇော်(သဘာဝအားအင်)October 8, 2013 at 5:27pm


(၁)အသည်းကို ၀န်ပိစေသောအစားအစာများ၊ အစာချေဖျက်မှုကို လျော့ချပေးသောအစားအစာများ စားသုံးမှုကို ချင့်ချိန်ရပါမည်။ သကြားဓာတ် ၊ သဘာဝနှင့်ဆန့်ကျင်သော အချိုဓာတ်ပါသည့်အစားအစာများ၊ ကဖိန်း၊ အဆီကို ဖြစ်သောအစားအစာများ၊ ဆိုဒါတို့ကို ရှောင်ရပါမည်။

(၂)အိုမီဂါ(၃)အက်ဆစ်ကို စားသုံးပါ ။ ငါးဆီ (၆)ဂရမ်စားပေးခြင်း၊ ဆယ်လ်မွန်၊၊ ငါးကွန်းရှပ်တို့ကို တစ်ပတ်လျှင် (၂)ကြိမ်ရအောင် စားပါ။ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်နှင့် အင်တီအောက်ဆီးဒင့်ပါသောအစာများကို စားပါ။

မူးဝေခြင်းအတွက် အိမ်တွင် လွယ်ကူလျှင်မြန်စွာ သက်သာစေသော နည်းလမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 10:21pm

Vertigo လို့ခေါ်တဲ့ မူးဝေခြင်းကို ခံစားရမယ်ဆိုရင် ခံရသူဟာ  ပတ်ဝန်းကျင်ဟာ ချာချာလည်နေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတွေကို ခံစားရပြီး အော့အန်ခြင်းတွေကိုပါ ရုတ်တရက်ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ နားရဲ့အတွင်းဖက်ပိုင်းက semi-circular လမ်းကြောင်းငယ် မှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းများ

- အတွင်းနားမှာ လွင့်မျောနေသည့် ကယ်လစီယမ်ကာဘွန်နိတ်ပုံဆောင်ခဲငယ်များပိတ်ဆို့နေခြင်း
- နားတွင်းပိုးဝင်မှု ဖြစ်ပွားခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- ခေါင်းထိခိုက်ခြင်း
- ဦးနှောက်အကျိတ်များ
- သွေးအားနည်းခြင်း၊ ဦးနှောက်သို့ သွေးလှည့်ပတ်မှု မလုံလောက်ခြင်း
- သွေးတိုးခြင်း၊ ကိုလက်စတီရောများ ခြင်း၊ ဆီးချိုသွေးချိုရောဂါ
-ရေဓာတ်နည်းပါးခြင်း၊ လေဖြတ်ခြင်း စသဖြင့် အကြောင်းအရာပေါင်းများစွာရဲ့နောက်ဆက်တွဲပြဿနာအနေ နဲ့မူးဝေခြင်းကရှိနေပါတယ်။

ဆီးအောင့်တတ်သူများ အတွက် အစားအစာ

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 10:33pm
ဆီးအောင့်ရတဲ့အကြောင်းရင်းများစွာရှိတဲ့အနက် ဆီးအိမ်တုံ့ပြန်မှု လွန်ကဲခြင်း (overactive bladde) ကြောင့် ဆီးသွားချင်စိတ်ပိုဖြစ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးသွားချင်စိတ် စတင်ဖြစ်ပေါ်သည်နှင့် မအောင့်နိုင်ဘဲ ဆီးအမြန်သွားနိုင်ရန်အားထုတ်ရ ခြင်း၊ဆီးမသွားနိုင်ခင်အောင့်ထားသော်လည်း စိမ့်၍ထွက်ကျခြင်း စသည်တို့ဖြစ်တတ်ပါတယ်။ ဆီးထဲမှာပါလာတဲ့ ဓါတ်တွေကို ဆီးအိမ်ကတုံ့ပြန်မှုလွန်ကဲပြီး ကြာကြာသိမ်းမထားနိုင်ဘဲ အမြန်စွန့်ထုတ်နိုင်အောင် ဆီးအိမ်နံရံကြွက်သားတွေညှစ်တာကြောင့် ဆီးအောင့် ရတာဖြစ်ပါတယ်။ အထူးသဖြင့် ကဖင်း၊အချဉ်ဓါတ်တွေ ဆီးထဲပြန်ပါလာတဲ့အခါ ဆီးအိမ်ကလက်သင့်မခံဘဲ ညှစ်ထုတ်တတ်ပါတယ်။ ဆီးအောင့်တတ်သူများ ဂရုပြုရမည့် အစားအစာတွေကတော့

အရိုးသန်မာအောင် စားသောက်နည်း

by ပိုပိုဇော်(သဘာဝအားအင်)October 8, 2013 at 2:17pm

(၁) ဟင်းသီးဟင်းရွက် စားပါ။

ကိုက်လံ၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက်၊ မုန်လာရွက်၊ တစောင်းချဉ်၊ ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ တရုပ်နံနံပင် စတဲ့ အစိမ်းရောင်ရင့်ရင့် အရွက်တွေက အရိုးအားကောင်းစေပါတယ်။ မုန်လာဥနီ၊ ပဲထောပတ်၊ ဖုချိုင် တို့ ကလည်း နွားနို့ ကဲ့သို့  ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေပါဘဲ။ (သင်္ဘောရွက်ပြုတ်ကို အတို့ အမြှုပ်လုပ်စားခြင်းက အရိုးပျော့ရောဂါ ပျောက်စေနိုင်သလို၊ သင်္ဘောရွက်ကိုအခြောက်လှမ်း၍ အမှုန့် ပြုထောင်းထားပြီး ရေနွေးပူပူမှာ လက်ဘက်ခြောက်လိုခတ်ကာ နေ့ စဉ်သောက်သုံးခြင်းဖြင့် အရိုးမာစေပါတယ်)

Sunday 6 October 2013

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၅ ချက်

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 1:43am

၁။ ကန်စွန်းဥစားပါ ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။ အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 1:29am

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းအရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင့်ရဲ့လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ချေ များပါတယ်။

ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲသင့်ပါတယ်။ အောက်ပါ အကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။

ကျန်းမာရေးအတွက် ပဲပင်ပေါက်

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 1:14am

ပဲရဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အညှောက်ပေါက်သွားတဲ့အခါမှာ အမြင့်ဆုံးဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ အမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာ ဖော်ပြထားပါတယ်။  

ရေသောက်ရန် အကောင်းဆုံး အချိန်

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 12:54am

ရေဟာ လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုး ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန် ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက် သုံးခြင်းဖြင့် သွေးလည် ပတ်မှုကို မြင့်တင် ပေးခြင်း၊ သွေးစေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေ ပါတယ်။

ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 12:46am

ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက် အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက် ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။ အမျိုးသားနှင့် အမျိုးသမီးများအတွက် အမျိုးသားတွေမှာ တစ်နေ့ကို ရေရှစ်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ ခြောက်ခွက်ကနေ ကိုးခွက်အထိ လိုအပ်ပါတယ်။

သင့်ပတ်ဝန်းကျင်ရဲ့ အပူအအေးနဲ့ သင်လှုပ်ရှား ရတဲ့ လုပ်ငန်း ဆောင်တာ ပေါ်မှာ မူတည်ပြီး အနည်းငယ် ပိုလိုအပ်တာမျိုးတွေတော့ ရှိတတ်ပါတယ်။

Saturday 5 October 2013

ကင်ဆာဖြစ်စေသည် ဆဲလ်များကို တိုက်ဖျက်သည့် အသီးအနှံများ

by ပိုပိုဇော်(သဘာဝအားအင်)October 5, 2013 at 7:05pm

၁။ ခရမ်းသီး
၂။ ကြက်ဟင်းခါးသီး
၃။ ကန်စွန်းဥ
၎။ ဖရုံသီး
၅။ မုန်လာဥ
၆။ ကီဝီသီး
၇။ ပင်လယ်ရေမှော်
၈။ ဂျုံ

ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မှိုတက်တဲ့ အစားအစာ နဲ့ မသန့်ရှင်းတဲ့ အစားအစာများ စားသုံးလို့ ဖြစ်ပါတယ်။ ဒီအတွက် ရေပုံ မှန် သောက်ခြင်းကလည်း ကင်ဆာ ရောဂါဆဲလ်များ တိုက်ဖျက်ဖို့ အထောက်အကူ ပြုပြီး အထပ်ဖော်ပြပါ အသီးအနှံ ၈ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် လည်း ကင်ဆာမဖြစ်စေဖို့ တားမြစ် ပေးပါတယ်။ .

Friday 4 October 2013

အစာကို တစွတ်စွတ် စားတတ်တဲ့ အကျင့်ပျောက်လိုသလား

by ပိုပိုဇော်(သဘာဝအားအင်)October 5, 2013 at 2:08am

တချို့လူတွေမှာ အစားအသောက်ကို ပါးစပ်နဲ့ မပြတ် တဇွတ်ဇွတ် စားချင်နေတတ် ကြပါတယ်။
အဲဒီ အကျင့်ကြောင့် ခန္ဓာကိုယ်က ရှိသင့်တာထက် ပိုဝလာ တတ်ပါတယ်။ ဒါက အစားအသောက်ရဲ့ အနံ့ကို ရရှိလေလေ၊ အစာစားချင်စိတ်ကို တွန်းအားပေးတဲ့ ဆာလောင်မှု ဟော်မုန်းတွေ ထွက်ရှိလာလေလေ ကြောင့်ပဲ ဖြစ်ပါတယ်။ အစာအစားချင်စိတ် ပြင်းပြနေရင် အောက်ပါအချက်တွေကို လိုက်နာပါ။

(၁) စပျစ်သီး စားပါ

ထမင်းစားချိန် တစ်ချိန်နဲ့ တစ်ချိန် ကြား ဗိုက်ဆာနေရင် စပျစ်သီးစားပေးပါ က သုံးလအကြာမှာ သုံး ဒသမ ခြောက် ပေါင်နီးပါး လျော့ကျသွားကြောင်း အာဟာရနဲ့ ဇီဝရုပ် ဖြစ်ပျက်မှုအကြောင်း လေ့ လာမှုတစ်ရပ်အရ သိရပါတယ်။

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား

by ပိုပိုဇော်(သဘာဝအားအင်)October 5, 2013 at 1:49am

ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့်

အသားအရေ လှပစေရန် ဆယ်ကျော်သက်အရွယ်ကစပြီး ထိန်းသိမ်းနည်း

by ပိုပိုဇော်(သဘာဝအားအင်)October 5, 2013 at 1:29am

ဆေးလိပ်ငွေ့ ကို ဘယ်တော့မှ မရှူမိပါစေနှင့်

ဆေးလိပ်ငွေ့ဟာ အရွယ်မတိုင်ခင် အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ နဲ့ အသားအရေ နွမ်းနယ် ခြောက်သွေ့ တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်တည့်စမ်းတဲ့အနေနဲ့ပဲ ဖြစ်ဖြစ် ဆေးလိပ်ကို ယောင်လို့တောင် မသောက် မိပါစေနဲ့။ အနားမှာ ဆေးလိပ်သောက် နေရင် ဆေးလိပ်ငွေ့ကင်းတဲ့ နေရာကို ထွက်သွားသင့်ပါတယ်။

ပိန်နေလို့ ဝလာအောင် ဘယ်လိုလုပ်မလဲ

by ပိုပိုဇော်(သဘာဝအားအင်)October 5, 2013 at 12:48am]

ဝ လာ ဖို့ အတွက်လို့ ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ၀ လာဖို့ လိုအပ်ပါတယ်။ လူ ၀ လာတာနဲ့ အမျှ သွေးတိုး၊ ဆီးချို၊ လေးဘက်နာတွေကလည်း ဖြစ်နိုင်ချေ ပိုများလာမှာပါ။ အဲ့ဒီ အတွက် ကျွန်တော်တို့ ဘေးဥပဒ်ကင်းစွာ ၀ ဖို့ကြိုးစားရအောင်။

၁။ အစား ပုံမှန်စားခြင်း။

အစားကို အချိန်မှာ စားတာဟာ ကျန်းကျန်းမာမာနဲ့ ၀ လာစေဖို့ အတွက် နည်းလမ်းကောင်းတစ်ခုပါ။ ဆိုလိုတာကတော့ ဆာတဲ့ အချိန်မှာ လှိမ့်ပိမ့် စား၊ အသားကုန်စားပြီး မဆာတဲ့ အချိန်မှာတော့ ဘာမှ မစားဘဲ နေတာမျိုးဟာ မကောင်းပါဘူး။ ကျန်းမာစွာ ၀ လာစေဖို့ အတွက် အစာကို အချိန်နဲ့ အချိန် စား ဖို့ ကလည်း အရေးကြီးပါတယ်။

ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ

by ပိုပိုဇော်(သဘာဝအားအင်)October 5, 2013 at 12:30am

(၁) ဂျုံကြမ်းဖြင့် ပြုလုပ် ထားသော ပေါင်မုန့် ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင် ဓာတ်များစွာ ပါဝင်တဲ့ အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေ သနပြု သူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ် စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့် စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည် နိုင်တယ်လို့ ဆိုပါတယ်။

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

by ပိုပိုဇော်(သဘာဝအားအင်)October 5, 2013 at 12:11am

(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။ 

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

Thursday 3 October 2013

ကျန်းမာရေးကို အကျိုးပြုစေတဲ့ ဟင်းသီးဟင်းရွက်များ

by ပိုပိုဇော်(သဘာဝအားအင်)October 4, 2013 at 1:04am

ဟိုတယ်နဲ့စားသောက်ဆိုင်တို့ရဲ့ စားဖိုဆောင်တွေမှ အသုံးများတဲ့ ဟင်းသီးဟင်းရွက်အချို့ကလည်းကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုတာ ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲမှာတွေ့လို့  ပြန်လည်ဝေဌလိုက်ပါတယ်။  

ပန်းပွင့်စိမ်း

အသားအရေကောင်းမွန်၍ အလှတိုးစေတယ်၊ မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ အူသိမ်ဦးပိုင်းနဲ့အစာအိမ်အနာပေါက်တာ ကာကွယ်ပေး နိုင်တယ်၊ ပန်းပွင့်စိမ်းကိုများများစားရင် အအေးမိတာမဖြစ်လွယ်ပါ၊ အရောင်အရမ်းကျတယ်၊ အဆိပ်အပုပ်စင်တယ်၊တင်းတိတ်အမည်းအပြောက် ပျောက်တယ်၊ အူမကင်ဆာ၊ဆီးအိတ်ကင်ဆာ၊ရင်သားကင်ဆာတွေအတွက်ကာကွယ်မှု့စွမ်းအား မြင့်မားတယ်၊ ပန်းပွင့်အစိမ်း မှန်မှန်စားပေးခြင်းဟာ အသည်းရဲ့အဆိပ် အပုပ် ရှင်းထုတ်အားပိုကောင်းစေပြီး ကိုယ်ခံအားတက်စေတယ်၊ သွေးကြောမာ ကာကွယ်ပေးပြီး လေဖြတ်ရောဂါဖြစ်နိုင်ခြေ လျော့စေတယ်၊

စက္ခုအာရုံအမြင် ကောင်းစေ အောင်

by ပိုပိုဇော်(သဘာဝအားအင်)October 4, 2013 at 12:28am

သက်ရှိသတ္တ၀ါ အားလုံးအတွက် အရေးကြီးဆုံးအစိပ်အပိုင်းသည် “မျက်လုံးတစ်စုံ” ဖြစ်သည်ကို ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။  ထို့ ကြောင့် လည်း ရှေးလူကြီးမျာက “ မျက်စေ့အဆုံး၊ နားအရှုံး ” ဟု မိန့် ဆိုခဲ့ကြလေ၏။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊ မျက်စေ့အားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်းကို မဆိုလိုသော်လည်း၊ ကျန်းမာရေးအခြေခံဗဟုသုတအားန ည်း၍ နေထိုင် စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့်  စက္ခုအာရုံချို့ ယွင်းသွားခြင်းသည် ကာယကံရှင်အတွက် သာမက၊ နိုင်ငံ တော်အတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပေသည်။

ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့

by ပိုပိုဇော်(သဘာဝအားအင်)October 4, 2013 at 12:08am

အသက် ၂၀ ကျော်လာပြီဆိုရင်ကို ဗိုက်ခေါက်လေးက ထွက်လာပြီနော်။ ၀တဲ့လူတွေဆို ပိုဆိုးတာပေါ့။ စားတာများပြီး လှုပ်ရှားမူနဲရင်၊ အထိုင်များရင် တခြားနေရာတွေထက် ဗိုက်မှာအရင် အဆီတွေစုလာပါလေရော။ ဗိုက်ခေါက်ထွက်လာပြီ ဗိုက်ပူလာပြီဆိုထဲက အ၀တ်အစားဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့မရတော့ဘူး။ ဗိုက်ခေါက်ကို ထင်သာမြင်သာရှိမယ့် အ၀တ်အစားဆိုရင် ရှောင်နေရလို့လေ။လူရှေ့သူရှေ့ထွက်ရမှာကိုလည်းယုံကြည်မှုမရှိတော့ဘူး။

ယောကျာ်းလေးတွေကတော်သေးတယ်။ရင်နှင်းတို့ မိန်းကလေးတွေက ပိုဆိုး.. ကျပ်ကျပ်ညပ်ညပ် ၀တ်ချင်ကြတာကိုး။ အဲဒီတော့ ချပ်ချပ်ရပ်ရပ် ဖြစ်ဖို့လိုတာပေါ့။ ဒီတော့ ရင်နှင်းက နည်းလမ်းလေးတွေ ပေးမယ်။ မပျင်းဖို့တော့ လိုတာပေါ့။ အလှပဂေးတွေဖြစ်ဖို့ သေချာလေး လိုက်လုပ်ပေးနော်။

ကျန်းမာရေးအတွက်စားသင့်တဲ့ မျောက်ငိုသီး (Petai)

by ပိုပိုဇော်(သဘာဝအားအင်)October 3, 2013 at 11:55pm

ဆေးပညာရှင်များ လေ့လာစမ်းချက်အရ မျောက်ငိုသီးမှာ သဘာဝသကြားသုံးမျိုးရှိတာကို တွေ့ရတယ် ။

သစ်သီးသကြား ၊ ဂလုးကို့စ်၊ ကြံသကာ တို့ဖြစ်ပါတယ်။

မျောက်ငိုသီးမှာအမျှင်ဓာတ်များပါဝင်တာမို့ အားအင်ကိုဖြစ်စေပါတယ် ။

မျောက်ငိုသီးထဲမှ Tryptophan ဓာတ် က လူခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ပြောင်းလဲသွားသော ကြောင့်စိတ်ကိုပေါ့ပါးစေ ပြီး စိတ်နေစိတ်ထားကိုပြောင်းလဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိင်စွ မ်းအားရှိပါတယ် ။

ဗီတာမင် B6 ပါရှိပြီးသွေးချိုကိုမျှတအောင်ညှိပေးနိင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေ ပါတယ် ။

မြင့်မားသောသံဓာတ်ပါရှိတယ် ။မျောက်ငိုသီးရဲ့နိုးဆွမှုေ ကြာင့်သွေးထဲမှ ( hemoglobin) သွေးနီဥကို ကိုထုတ်လုပ်နိင်တာမို့သွေးအားနည်းတဲ့အခါ အထောက်အကူပြုနိင်ပါတယ် ။