Wednesday 2 October 2013

သင့်ကျန်းမာရေးအတွက် သောက်သုံးသင့်သော ဖျော်ရည်ရှစ်မျိုး

by ပိုပိုဇော်(သဘာဝအားအင်)October 2, 2013 at 9:17pm

ကျန်းမာရေးအတွက် အသင့်ပြုပြင် ထားတဲ့ ဖျော်ရည်တွေအစား သစ်သီးကို ပြုလုပ်ထားတဲ့
ဖျော်ရည်မျိုးက ပိုမိုသင့် တော်တယ်ဆိုတာကို သင်သိပြီးသား ဖြစ်မှာပါ။ ဘယ်လို သစ်သီးဖျော်ရည်တွေက သင့်ကျန်းမာရေးကို ဘယ်လိုပုံစံ ကျန်းမာနေစေတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သလဲသီးဖျော်ရည်

သလဲသီးဟာ အဝါရောင်အခွံရှိပြီး အထဲမှာ အနီရောင်အစေ့လေးတွေများ စွာပါဝင်တဲ့အသီးမျိုးပါ။ ချိုချဉ်နဲ့ ဖန်တဲ့ အရသာရှိပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေများစွာ ပါရှိပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ အသီးတစ်မျိုးလည်းဖြစ် ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် သင်သောက် နေကျ ဖျော်ရည်တွေထဲမှာ သလဲသီး ဖျော်ရည်ကို ထပ်ပေါင်းဖြည့်စွက်ပေးပါ။


၂။ ဘလူးဘယ်ရီသီးဖျော်ရည်

ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့အပြင် အသက်ရှည်စေတဲ့ အသီး တစ်မျိုးလို့ ဆိုပါတယ်။ ကယ်လိုရီ လုံးဝ မပါဝင်တာကြောင့် နေ့စဉ် ဘလူးဘယ်ရီ သီးတစ်ခွက် ဖျော်သောက်ပေးရင်လည်း ခန္ဓကိုယ်အလေးချိန်မတက်စေနိုင်ပါဘူး။ ကိုယ်လက်စထရောကို ကျစေတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ ပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး ရောဂါတချို့ကို လည်း တားဆီးနိုင်ကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ မျက်စိအမြင်အာရုံကိုတိုးစေပြီး မှတ်ဉာဏ်ကောင်းစေကာ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင် ပါတယ်။

၃။ ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့အရသာရှိပြီး အနီရောင်ဖြစ် တဲ့ ဘယ်ရီသီးဟာ ရောဂါပိုးတွေကို ကာ ကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှ လုံးကျန်းမာရေးကိုကောင်းစေတဲ့ Flavonoid တွေပါဝင်ပြီး ဘက်တီးရီးယား တွေကို တိုက်ထုတ်နိုင်တဲ့အာနိသင်ရှိကာ ဆီးလမ်းကြောင်းပိုးဝင်တဲ့သူတွေအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ ဒါပေမဲ့ လတ်ဆတ်တဲ့အသီးကို ဝယ်ပြီး ဖျော်ရည်ပြု လုပ်သင့်ပြီး အသင့်ပြုလုပ်ထားတဲ့ ဖျော်ရည်တွေက သကြားပါဝင်မှု များတတ်ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ခရင်မ်ဘယ်ရီသီး ဖျော်ရည်ဖြစ်ဖို့ လတ်ဆတ်တဲ့ ခရင်မ်ဘယ်ရီးသီးကိုသာ ဖျော်သောက်ပါ။

၎။ လိမ္မော်သီးဖျော်ရည်

လတ်ဆတ်တဲ့ လိမ္မော်သီးဖျော်ရည်မှာ ဗီတာမင်စီကြွယ်ဝပြီး အင်တီအောက် စီးဒင့်တွေကြွယ်ဝပါတယ်။ ကင်ဆာကို တားဆီးနိုင်ဖို့ ဗီတာမင်စီက ကူညီနိုင်တဲ့ အပြင် ဆဲလ်ပျက်စီးမှုတွေကိုလည်း ကာ ကွယ်ပေးနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်ပြီး ကိုယ်ဝန်ဆောင် သည်တွေသောက် သုံးပါက ကလေးမွေးဖွားရ လွယ်ကူစေပါ တယ်။ လိမ္မော်သီးဖျော်ရည်မှာ ကယ်လ ဆီယမ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါသရီးဖက်တီး အက်စစ်တွေပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၅။ ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်ဟာ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ တခြားကျန်းမာရေးကောင်းစေတဲ့အချက် တွေအနေနဲ့ အသက်ရှူစနစ်ကို ကောင်း မွန်စေတာ၊ အစာခြေစနစ်ကို ကောင်း မွန်စေတာ၊ စွမ်းအင်တိုးစေတာ၊ ရောဂါ တိုက်ထုတ်ပေးတာ၊ အမြင်အာရုံကောင်း စေတာစတဲ့ အချက်တွေများစွာပါဝင်တာ ကြောင့် တစ်နေ့ကို ပန်းသီးဖျော်ရည် တစ်ခွက်လောက် သောက်ပေးသင့်တယ် လို့ ဆိုပါတယ်။

၆။ စပျစ်သီးဖျော်ရည်

စပျစ်သီးဖျော်ရည်က သွေးဖိအား ကို ထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကိုလည်း ကျစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောပျက်စီးမှုကို လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

၇။ အမည်းရောင် ချယ်ရီသီးဖျော်ရည်

အမည်းရောင် ချယ်ရီသီးဖျော်ရည် ကတော့ ကြွက်သားတွေပျက်စီးတာနဲ့ နာကျင်တာကို သက်သာစေတဲ့ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါ တယ်။ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အ များအပြားပါဝင်ပါတယ်။

၈။ အနီရောင် စပျစ်သီးဖျော်ရည်

အနီရောင် စပျစ်သီးကတော့ ကင်ဆာကို တားဆီးပေးပြီး မကောင်းတဲ့ ကို လက်စထရောကို လျော့ကျစေကာ နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးအ ထောက်အကူပြုတယ်လို့ဆိုပါတယ်။

သဲသဲ
By Good Health

No comments:

Post a Comment