Friday 18 October 2013

ပန်းသီးစားသုံးခြင်းဖြင့်ရရှိ သောကောင်းကျိုး၁၀ချက်

by ပိုပိုဇော်(သဘာဝအားအင်)October 19, 2013 at 2:12am

တစ်နေ့ ပန်းသီး တစ်လုံးစားလျှင် ဆရာဝန်ပင်မလိုဟုအနောက်တိုင်း ဆိုရိုးရှိသည်။ သို့ရာတွင် ပန်းသီးမှရရှိသော ကောင်းကျိုးများကိုမူ တိကျ စွာမပြောနိုင်ပေ။ အောက်ဖြော်ပပါအချက်များသည် ပန်း သီး စားသုးံ ခြင်း၏ဆိုရိုးကို ထောက်ခံသောရလဒ်များပင်ဖြစ်သည်။   

၁။ အရိုးကိုကာကွယ်ခြင်း။

Flavanoid ဒြပ်ပေါင်းသည် သွေးဆုံးပြီး အမျိုးသမီးများ၏အရိုး သိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ်သုတေသီများက ဆိုသည်။ အဆိုပါ ဒြပ်ပေါင်းသည် ပန်းသီး၌သာပါရှိသည်။ ထို့အပြင် ပန်းသီးတွင် ပါသည့် Boronဒြပ်ပေါင်းသည်လည်း အရိုးများကို ခိုင်မာစေသည်။

၂။ ပန်းနာရင်ကျပ်ရောဂါမှကာကွယ်ခြင်း။

မကြာသေးမီကလေလ့ာစမ်းသပ်ချက်အရ ပန်းသီး ဖျော်ရည်ကို နေ့ စဉ် သောက်သုံးသော ကလေးများသည် တစ်လတစ်ကြိမ်သာ သောက်သော ကလေးများထက်ပန်းနာဝေဒနာခံစားရမှုမှလျော့နည်းစေသည်ဟု သိရသည်။ ကိုယ်ဝန်ဆောင်မိ ခင်လောင်း များ၌ ပန်းသီး များများ စားသုးံသူများနှင့် ပန်းသီး မစားသောသူ များကို နိုင်းယှဥြ်ကည့်ပါက မွေး ဖွားလာသော ကလေးများတွင် ပန်းသီး စားသုးံမှု့များသောမိခင်၏်ကလေး၌ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုနည်းပါးကြောင်း တွေ့ရသည်ဟုဆိုသည်။  

၃။ အယ်လ်ဇိုင်းမားရောဂါမှကာကွယ်ခြင်း။

အမေရိကန်နို င်ငံCornellတက်ကသိုလ်မှသိပံ်္ပ ပညာရှင်များ၏ ကြွက်များ နှင့်စမ်းသပ်ချက်အရ ပန်းသီးတွင်ပါဝင်သော Free radical ဒြပ်ပေါင်းသည် ဦး နှော က်ဆဲလ်များရှိFree radicalများ ပျက်စီး ခြင်း မှ ကာကွယ် ပေးသည။် ယင်းသည် အယ်လ် ဇိုင်းမားရောဂါဖြစ်ပွားမှုလျော့ကျစေသည်ဟုဆိုသည။်

၎။ ကိုလက်စထရောကျဆင်းစေခြင်း။

တစ်နေ့လျှင်ပန်းသီး နှစ်လုံး စားသုးံ ပါက သွေးတွင်းအဆီဓာတ် ကို၁၆ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ကြောင်း သိရသည်။  

၅။ အဆုတ်ကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း။

သုတေသီများ၏ လေလ့ာချက်အ ရ ပန်းသီး စားသုးံ သောသူ ၁၀၀၀၀ တွင် အဆုတ် ကင်ဆာဖြစ်ပွားမှု ၅၀ ရာခိုင်နူန်း လျော့ကျစေသည။်

၆။ ရင်သားကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။

Cornellတက်ကသိုလ်မှစမ်းသပ်ချက်အ ရ တစ်နေ့  ပန်းသီး တစ်လုံးနှူုန်း အကျွေးခံရသော ကြွက်များတွ င် ရင်သားကင်ဆာဖြစ်ပွားမှု ၁၆ ရာခိုင်နူန်း ကာကွယ်ကြောင်း တွေ့ရသည်ဟုဆိုသည်။ အဆိုပါကြွက်များကို တစ်နေ့ ပန်းသီး သုံးလုံးကျွေးသောအခါ ၃၉ ရာခိုင်နှုန်းအထိ ကာကွယ်ကြောင်း၊ တစ်နေ့ခြောက်လုံးအထိကျွေးလျှင် ၄၄ ရာခိုင်နှုန်း ကာကွယ်စေကြောင်း စမ်းသပ်တွေ့ရှိရကြောင်း သိရသည်။    

၇။ အူမကြီးကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။ 

အဆိုပါတက်္ကသိုလ်၏ လေ့လာချက်အရ ပန်းသီးဖျော်ရည်တိုက်ကျွေး ခဲ့သော ကြွက်များ၌ အူမ ကြီးကင်ဆာဖြစ်ပွားမှုမှ၄၃ ရာခိုင်နူန်း အထိ ကာ ကွယ်မှုပေးကြောင်း လေ့ လာတွေ့ ရှိရသည။် ပန်းသီး ရှိ Pectin ဒြပ်ပေါင်းသည် အူလမ်း ကြောင်း တစ်လျှောက်ရှိအစာခြေစနစ်ကို အထောက်အကြူပုရုံမက အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးသည်။

၈။ အသည်းကင်ဆာဖြစ်ပွားမှုလျော့နည်းစေခြင်း။ 

ပန်းသီးအခွံပါ ရောကြိတ်ထားသည့် ဖျော်ရည်သောက်သုံးပါက အ သည်းကင်ဆာဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးသည်။   

၉။ ဆီးချိုသွေးချိုကို ထိန်းညှိပေးခြင်း။ 

လူ့ခန္ဒာကိုယ်ရှိ ဂလာကျူတိုးနစ်အက်စစ်ကို ပန်းသီးတွင်ပါဝင်သည့် Pectinဒြပ်ေ်ပါင်းက အထောက်အပံ့ပေးခြင်း ဖြင့် ဆီး ချိုသွေး ချိုကိုထိန်းညှိ ပေးသည်။

  ၁၀။ ကိုယ်အလေးချိန်တက်မလာအောင် ကာကွယ်နိုင်ခြင်း။   

ကိုယ်အလေးချိန်လျှော့နေစဉ် အချိန်အတွင်း ပန်းသီး သို့မဟုတ် သစ်တော်သီး သုးံလုးံ စားသော အမျိုးသမီး များသည် မစားသောအမျိုးသမီး များထက် ကိုယ် အလေးချိန်ကျနူန်း ပို၍ မြန်ဆန်ေ ကြာင်းကို ဘရာဇီး သုတေ သီတို့က လေ့လာချက်အနေဖြင့် ဖော်ပြထားသည်။ 

သွင်သွင်နဒီ
Credit to >>>JACBA 

No comments:

Post a Comment