Tuesday 22 October 2013

လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 5:13am

ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း
ကျန်းမာရေးအတွက်များစွာအ ထောက်အကူ  ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်.. တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်.. အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်..

၁. လက်ဖက်ရွက်ဟာ ကင်ဆာဆဲလ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်. ဘလက်ရွက်မှာ ပါတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ ဗီတာမင်စီထက် အဆတစ်ရာအစွမ်းထက်ပြီး  ဗီတာမင်းအီးထက်လည်း ၂၅ဆ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်..ထို့ကြောင့်လဲ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို ကာကွယ်တယ်လို့ သိရပါတယ်..

၂. လက်ဖက်ရွက်ဟာ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်.. ကိုလက်စရောကို လျှော့ချပေးပြီး နှလုံးရောဂါရှိသူများ ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် ဆဲလ်များ သေဆုံးပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးအတွင်းရှိဆဲလ်များကို ပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်.

၃. လက်ဖက်မှာပါတဲ့ Antioxidant ဟာ Free Radicals များကို တိုက်ထုတ်နိုင်စွမ်းရှိတာကြောင့် ကိုယ်ခန္ဓာကို အကာအကွယ်ပေးသော သက်စောင့်ပစ္စည်း ဖြစ်ပါတယ်..

၎. လက်ဖက်ဟာ ကိုယ်တွင်းအဆီများကို လောင်ကျွမ်းခြေဖျက်ပေးပြီး ကိုယ်အလေးချိန်ကို လျှော့ကျစေနိုင်ပါတယ်.. တစ်ရက်ကို ကယ်လိုရီ ၇၀ကို လောင်ကျွမ်းစေနိုင်သောကြောင့် တစ်နှစ်ကို ၇ပေါင်နှင့်ညီမျှသော ကယ်လိုရီများကို ချေဖျက်ပေးနိုင်ပါတယ်..

၅. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် မျက်နှာပြင်အရေးအကြောင်းများကို ဖြစ်ပေါ်စေခြင်း ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်. အရေပြားကိုလည်း ခန္ဓာကိုယ်ပြင်ပမှာဘက်တီးရီးယားများ ၀င်ရောက်ခြင်းမှာ အကာအကွယ်ပေးနိုင်ပါတယ်..

၆. အဆစ်အမြစ်ယောင်ရောဂါဖြစ်ခြင်းမှလည်း အကာအကွယ်ပေးနိုင်ပါတယ်..

၇. လက်ဖက်မှာ ဖလူအိုရိုက်ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အရိုးများကို သန်မာစေတယ်လို့ ဆိုပါတယ်..

၈. လက်ဖက်မှာ ကိုလက်စရောကို လျှော့ကျစေနိုင်စွမ်းရှိပြီး ကိုလက်စရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်ပါတယ်..

၉. လက်ဖက်ရွက်သည် ဆဲလ်များတွင်းရှိ ဂလူကိုစ့်များ ရွေ့လျားခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကျန်းမာစွာ ၀ိတ်လျှော့လိုသူများလေ့ကျင့်ခန်းနေ့စဉ်လုပ်ကာ လက်ဖက်ရည်ကြမ်းကိုလည်း  နေ့စဉ်ပုံမှန်သောက်သုံးပေးလျှင် ကိုယ်အလေးချိန် မြင့်တက်ခြင်းမှကင်းဝေးစေနိုင်ပါသည်.

၁၀. ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်များတိုးပွားခြင်းကို ထိန်းချုပ်ပေးသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း

၁၁. လက်ဖက်မှာ ပါဝင်သော Antioxidants သည် ဦးနှောက်အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသောကြောင့် အကြောအားနည်း၍ ခြေလက်တုန်သော (Parkinson’s) ရောဂါကို ကာကွယ်ပေးခြင်း

၁၂. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် အအေးမိခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးတွင်း ဖိအားမြင့်တက်ခြင်း စသည်တို့ကို ကာကွယ်ပေးနိုင်ခြင်း

၁၃. အစာအဆိပ်ဖြစ်သော ဘက်တီးရီးယားများကို ပျက်စီးစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တက်စေခြင်း၊ သွားအတွင်းရှိ အညစ်အကြေးများ ဘက်တီးရီးယားများကိုသန့်စင်စေနိုင်ခြင်းတို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း၊စိတ်ဖိစီးမှုကို လျှော့ပါး သက်သာစေခြင်း၊ 

ဒါကြောင့်လွယ်လွယ်ကူကူ ရနိုင်ပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) ကိုတော့ဖြင့် လူတိုင်း နေ့စဉ်သောက်သုံးသင့်ပါကြောင်း  

popo  17.10.2012
Ref  >>konaing999.blogspot.com

No comments:

Post a Comment