Monday 30 September 2013

ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွက် အမဲစက်တွေအတွက်

by ပိုပိုဇော်(သဘာဝအားအင်)October 1, 2013 at 1:57am
 
ဆယ်ကျော်သက်တွေနဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကို အများဆုံးဒုက္ခပေးနေတဲ့ ပြဿနာပေါ့။ သူငယ်ချင်းတို့အတွက် နဲနဲပဲဖြစ်ဖြစ် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၀က်ခြံက စပေါ်လာတဲ့အချိန်ထဲက လူကို စိတ်အနှောင့်ယှက်ပေးတယ်။ ပျောက်သွားရင်လည်း အမာရွတ်တွေကျန်ခဲ့ရော။ အလှအပကြိုက်တဲ့သူတွေအတွက်တော့ မဟာရန်သူတော်ကြီးပေါ့။ ၀က်ခြံအဖုက ပေါ်တာခဏပဲ။

ကျန်ခဲ့အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။ အဲ့ဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။ တစ်ခုပြောပြချင်တာကတော့ အောက်ကနည်းတွေက အရမ်းဆိုးတဲ့အမာရွတ်တွေအတွက်တော့ မရဘူးနော်။ ပြီးတော့ ၀က်ခြံက ပိုးဝင်ရောင်ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့အမာရွတ်တွေရှိရင် ၀က်ခြံတွေကပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေကိုပဲ အားကိုးရမှာပါ သူငယ်ချင်းတို့။

ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ

by ပိုပိုဇော်(သဘာဝအားအင်)October 1, 2013 at 1:41am

သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ။

ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့ အလွယ်တကု မှုးလဲတတ်ပါတယ် ။ ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူ တချို့ ကျန်းမာရေးချို့တဲ့ တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ ။ နဂိုက ခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်း ကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူက သွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။ အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

by ပိုပိုဇော်(သဘာဝအားအင်)October 1, 2013 at 1:06am

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Sunday 29 September 2013

ကင်ဆာကို ကာကွယ်နိုင်သော အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)September 30, 2013 at 6:59am

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွင်ပါဝင်သော ဒြပ်ပေါင်းများအနက် ကင်ဆာရောဂါဖြစ်ပွားစေသည့် အလားအလာကို လျော့ကျစေနိုင်သည်ဟု ယူဆရသော ဒြပ်ပေါင်းတမျိုးမှာ လိုင်ကိုပင် (Lycopene) ဖြစ်သည်။ အဆိုပါ ဒြပ်ပေါင်းမှာ ခရမ်းချဉ်သီး၏ အနီရောင်ကိုဖြစ်စေသော ဒြပ်ပေါင်းဖြစ်သည်။ ထို Lycopene မှာ အင်တီအောက်ဆီဒင့်ပင် ဖြစ်ပြီး ဖရဲသီး၊ မက်မွန်သီးအငယ်စားနှင့်တူသော လိမ္မော်ရောင်ရှိသည့် ဆီးသီး တမျိုးတို့တွင်လည်း ပါဝင်ပြီး အချို့သော ကင်ဆာများဖြစ်ပွားရန် စတင်ပေးသော ဓာတ်များကို တိုက်ဖျက်နိုင်သည်။ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် (Lycopene) ပါဝင်မှု နည်းနေပါက ပန်ကရိယကင်ဆာဖြစ်ရန် အခွင့်အလမ်း ပိုများသည်။ ပန်ကရိယ ကင်ဆာဖြစ်သူများတွင် Lycopene ပါဝင်မှုမှာ ကျန်းမာသောသူများထက် နည်းပါးကြောင်း တွေ့ရှိရသည်။ Lycopene ပါဝင်မှု အနည်းဆုံးရှိသောသူများသည် ကျန်းမာသန်စွမ်း၍ Lycopene ပါဝင်မှု အများဆုံးရှိသော သူများထက် ပန်ကရိယကင်ဆာဖြစ်ရန် အခွင့်အလမ်း ငါးဆပိုများသည်။ Lycopene သည်

ကင်ဆာနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

by ပိုပိုဇော်(သဘာဝအားအင်)September 30, 2013 at 6:38am

ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာ နိဂုံးအတော်များများ ရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ ၁.၅ သန်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့ သေဆုံးသူတွေဟာ တစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။
တနည်းအားဖြင့် ဆိုရင်တော့ သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့ ဆိုရပါလိမ့်မယ်။ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့ မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ ကင်ဆာရောဂါ အများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ တချို့ရှိပါတယ်။

အမျိုးသားတို့ ကြက်သွန်ဖြူစားသင့်သော အချက်သုံးရပ်

by ပိုပိုဇော်(သဘာဝအားအင်)September 30, 2013 at 2:28am

ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု

ပုံမှန် စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်

by ပိုပိုဇော်(သဘာဝအားအင်)September 30, 2013 at 2:23am

အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။

ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

ကင်ဆာမဖြစ်အောင်နေထိုင်စားသောက်နည်း

by ပိုပိုဇော်(သဘာဝအားအင်)September 30, 2013 at 2:18am

ကင်ဆာရောဂါရှိနေပြီ ဆိုရင် အရမ်းကြောက်ကြပါတယ်..ကင်ဆာရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်စားသောာက် ရမယ်ဆိုတာ သိတဲ့သူ နည်းပါးပါတယ်။HIV ရောဂါပြီးရင် ကင်ဆာရောဂါက အဆိုးဆုံးပါ သေမိန်ကျတဲ့သူနဲ့အတူတူပါပဲ..ရောဂါက ဆိုးဝါးသလိုဒီရောဂါတွေရှိနေပြီ ဆိုကတည်းက  စိတ်ဓါတ်ပါကျဆင်းသွားတာက ပိုလို့ ဆိုးပါတယ်ဘယ်ရောဂါမဆို ဖြစ်မှကုသတာထက် မဖြစ်ခင် ကြိုတင် ကာကွယ်ထားတာက အကောင်းဆုံးပါပဲအောက်ပါအချက်အလက်တွေကို တတ်နိုင်သလောက်လိုက်နာပါမိတ်ဆွေသင့်ကို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ နည်းလမ်းတွေပါပဲ..။ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကိုပြောပြဖို့ကျတော့ အချိန်သိပ်မပေးတတ်ကြဘူး။ ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင်ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါတယ်..။

ကိုယ်အလေးချိန် မကျရခြင်း အကြောင်းရင်းများ

by ပိုပိုဇော်(သဘာဝအားအင်)September 29, 2013 at 7:12pm

ခန္ဓာကိုယ် အလေးချိန် ကျစေဖို့ ကြိုး စားနေသူတွေ အနေနဲ့ ကိုယ်အလေးချိန် ဘာကြောင့် မကျရသလဲ ဆိုတဲ့ အချက် တွေကို ဖော်ပြပေး လိုက်ပါတယ်။

၁။ ကျန်းမာရေးနှင့် ညီညွတ်တယ် ဆိုပြီး အလွန်အကျွံစားခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်နဲ့ ပရို တင်း ကြွယ်ဝတဲ့ အစားအစာတွေကို လို အပ်တဲ့ ပမာဏထက် ပိုမစားမိစေဖို့ ထိန်း ပေးနိုင်မှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ စားနည်းပုံစံဖြစ်စေ မှာပါ။ အစေ့အဆန် တွေကို တစ်နေ့တာ အတွက် လက်တစ် ဆုပ်စာသာ စားပေးသင့်ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေကို အမျိုး စုံလင် အောင် ခွက်တစ်ခွက်စာစား ပေးပါ။ ပရို တင်းကြွယ်ဝတဲ့ ဥနဲ့ အသားတွေဆိုရင် တော့ တစ်နေ့ကို ဥနှစ်လုံးနဲ့ အသား နှစ် အောင်စလောက်သာ စားပေးသင့် ပါတယ်။

အသက်အရွယ်အလိုက် လိုအပ်သော အိပ်ချိန်များ

by ပိုပိုဇော်(သဘာဝအားအင်)September 29, 2013 at 6:53pm


မွေးကင်းစကလေးငယ်လေးများသည် တစ်နေ့လျှင် ညဘက်အိပ်ချိန် (၉) နာရီ မှ (၁၀) နာရီ ရှိရန်လိုအပ်ပြီး နေ့ဘက်တွင် (၃) နာရီကျော် လိုအပ်ပါသည်။ တောက်လျှောက် တစ်ဆက်တည်း (၃) နာရီ အိပ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ နေ့ဘက်အိပ်ချိန်များ စုပေါင်းလိုက်လျှင် (၃) နာရီကျော် ရှိရမည်ဟု ဆိုလိုပါသည်။

တွားသွားအရွယ်၊ လမ်းလျှောက်စအရွယ်နှင့် မူလတန်းကြိုအရွယ် ကလေးငယ်များသည် ညဘက်အိပ်ချိန် (၉) နာရီမှ (၁၀) နာရီ ရှိရန်လိုအပ်ပြီး နေ့ဘက်တွင် အိပ်ချိန် (၂) နာရီ မှ (၃) နာရီခန့် လိုအပ်ပါသည်။

Friday 27 September 2013

ကျန်းမာရေး၊ အသီးအရွက်နှင့် အရောင်

by ပိုပိုဇော်(သဘာဝအားအင်)September 27, 2013 at 10:02pm

(၁) အဖြူရောင် အဖြူရောင် အခွံရှိတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေဟာ သင့်ကိုယ်တွင်းခုခံမှုစနစ်ကို ပိုမိုသန်စွမ်းကောင်းမွန်စေပါတယ်...

(၂) အစိမ်းရောင် အစိမ်းရောင်အခွံရှိတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေဟာ သင့်ကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်ဓာတ်တွေကို ဓာတ်ပြယ်စေခြင်းဖြင့် ဖယ်ရှားသန့်စင်ပေးပါတယ်...

(၃) အနီရောင် အနီရောင်အခွံရှိတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေဟာ နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်တို့ကို ကောင်းမွန်စေပါတယ်...

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)September 27, 2013 at 9:29pm

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း (Jasmine Tea) ကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ဝ နီးပါး ကတည်းက ထုတ်လုပ်ခဲ့ပြီး ရေပန်းအစားဆုံး ပန်းရနံ့ လက်ဖက်ရည် ကြမ်း ဖြစ်ပါတယ်။ တစ်ခါတလေ လက် ဖက်စိမ်း လက်ဖက်ရည်နဲ့လည်း တွဲဖက်သုံး လေ့ရှိသလို အူလွန်လက်ဖက်ရည်နဲ့ လည်း တွဲသုံး ပါတယ်။ စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်းမှာ အင်တီအောက် ဆီးဒင့် ကတ်တီချင်ပါဝင်တာကြောင့် ကင်ဆာဖြစ်နှုန်းလျော့ကျတာ၊ နှလုံးခုန် နှုန်း မြန်ဆန်မှု လျော့နည်းတာ၊ သွေးတိုး ကျတာ၊ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ သွေးတွင်း ကိုလက်စ ထရောအဆင့် လျော့ကျတာ စတဲ့ ကျန်း မာရေးအကျိုးကျေးဇူး တွေကို ရရှိစေပါ တယ်။

Thursday 26 September 2013

ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်နဲ့အသင့်တော်ဆုံး အချိန်များ

by ပိုပိုဇော်(သဘာဝအားအင်)September 27, 2013 at 12:32a

“ ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက် ” ဆိုတဲ့ ရှေးစကားရှိပါတယ်။ လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်အပ်လိုပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။
(၂) ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။
(၃) သွေးရဲ့ ၈၃% ကအရေဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။
(၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။
(၆) ခန္ဒာကိုယ်ထဲသိုရောက်ရှိလာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။

အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတဲ့ ပန်းမုန်လာစိမ်း

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 11:47pm

 လေ့လာမှုတစ်ခုအရ ပန်းမုန်လာစိမ်း (broccoli)မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။

အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ osteoarthri tis, OA ရောဂါဟာ အဆစ်အမြစ်တွေ ရဲ့ အရိုးနု cartilage ပျက်စီးယိုယွင်း ခြင်းကြောင့်  ဖြစ်လာရတာဖြစ်ပြီး အဆစ်အမြစ်နာကျင်ခြင်းနဲ့ လှုပ်ရှား မှုတွေ ခက်ခဲခြင်းတွေကို ကြုံတွေ့ခဲ့ ရတာကို လေ့လာရပါတယ်။

ခေါင်းကိုက်စေတဲ့ အကြောင်းရင်းခံများ

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 11:37pm

 ခေါင်းကိုက်ခြင်းဟာ တစ်ခါတစ် ရံမှာ နာတာရှည် အာရုံကြောပြဿနာ တွေကြောင့် ဖြစ်ပွားရပြီး အလယ်အလတ် ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ခံစားရနိုင်ပါတယ်။

migraine  ခေါင်းကိုက်ခြင်းကတော့ အမျိုးသမီး တွေမှာ ပိုအဖြစ်များပြီး စိတ်ဖိစီးမှုများ ရင်လည်း ဖြစ်တတ်ပါတယ်။ ခေါင်း ကိုက်ခြင်းဟာ ဦးနှောက်မှာ အနာဖြစ် ပွားနိုင်တဲ့အဆင့်အထိ ရောက်နိုင်တဲ့ အတွက် ခေါင်းကိုက်ခြင်းကိုဖြစ်ပွား စေတဲ့အကြောင်းအရင်းတွေကိုနား လည်ထားသင့်ပါတယ်။

ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 11:32pm

ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ရပါသေး တယ်။ အဲဒီအတွက်ကြောင့် ကျောက် ကပ်နှလုံးကို ဂရုစိုက်ပေးခြင်းဟာ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးခြင်း မည်ပါတယ်။

ကျောက်ကပ်ပျက်စီးတဲ့ရောဂါ တွေထဲမှာ နာတာရှည်ကျောက်ကပ် ပျက်စီးတဲ့ရောဂါ (chronic kidney disease, CKD)ဟာ အန္တရာယ်များ ပြီး ဆီးစွန့်တဲ့ဖြစ်စဉ်ကို တဖြည်းဖြည်း

ချွေးထွက်နည်းစေဖို့

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 11:27pm

ချွေးတိတ်ဆေး (antiperspirants) ချွေးနံ့ပျောက်ဆေး (deodorants) များဟာ ချွေးနံ့နည်းစေဖို့သာ အဓိကလုပ်ဆောင်နိုင်တာကြောင့် ချွေးထွက်နည်းစေလိုတဲ့အခါ ချွေး တိတ်ဆေး ( antiperspirants)  တွေ သုံးဖို့လိုပါတယ်။

ချွေးထွက်စေတဲ့ ပြွန်ငယ်တွေကို ပိတ်ဆို့ခြင်းဖြင့် ချွေး အထွက်နည်းစေတဲ့ လိမ်းဆေးတွေကို အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။

အ၀တ်အထည်ချည်ထည်၊သိုးမွေးထည်၊ လျှော်၊ ပိုးထည် စသည့် သဘာဝအထည်များ ကို ဦးစားပေးဝတ်ဆင်ပါ။ သဘာဝမ ဟုတ်ဘဲ ဖန်တီးထားသည့် အထည် များသည် လေ၀င်လေထွက်ကောင်းမွန်ခြင်းမရှိဘဲ ချွေးပိုထွက်စေသည်။

ဆေးဖက်ဝင်သောဇီဇ၀ါပန်းဆီ

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 3:28pm

ဇီဇ၀ါပန်းအဆီသည် အကြော အခြင်များကို ပြေလျော့စေသည်။

သို့ဖြစ်၍ စိတ်ဓာတ်ကျခြင်း၊ စိတ် မကျန်းမာခြင်းကြောင့်ဖြစ်ပေါ်တတ်သော စိတ်ဖိစီးမှု၊အားအင်ကုန်ခမ်း၍ ၀န်ပိနေခြင်း၊ စိုးရိမ်ကြောင့်ကျမှုများ၊ အာရုံကြောစနစ်များ ချွတ်ယွင်းမှုကို ကုသရာ၌ အသုံးပြုသည်။

ထိုမျှမက အိပ်မပျော်သော ဝေဒနာခံစားနေရသူများကို ကုသ ရာ၌လည်း အကျိုးဖြစ်စေသည်။

အထက်ပါဝေဒနာများ ခံစားနေရ မည်ဆိုပါက မိမိမအိပ်မီ ဇီဇ၀ါပန်း အဆီအစက်အနည်းငယ်ကို ရေချိုး ကန်တွင် ထည့်ပြီး (၁၅-၂၀)မိနစ် ခန္ဓာကိုယ်ကို စိမ်ပေးပါ။

နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 3:24pm

 ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်ကိုယ်လက်ကိုက်ခဲမှုကိုသက်သာစေသည် လေ့ကျင့်ခန်း ပြုလုပ်အပြီး ကြွက်သားရောင်ရမ်းမှုကို
နှိပ်နယ် ခြင်းဖြင့် သက်သာစေသည်။နာမည် ကျော် အားကစားသမားများတွင် ကိုယ်ပိုင်အနှိပ်ကုထုံးခံယူရာ ဆေး ခန်းနှင့် အနှိပ်ဆရာတို့ ရှိကြသည်။

တရေးအိပ်ခြင်းနှင့် ကော်ဖီ ဘယ်ဟာပိုကောင်းသလဲ

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 3:18pm

 ခေါင်းကိုက်လျှင်

– ကော်ဖီသောက်ပါ ကော်ဖီတွင်ပါသည့် ကဖင်းဓါတ်သည် အကိုက်အခဲပျောက်ဆေးများကို စုပ်ယူမှုအားကောင်းစေသည်။ ပါရာစီတမောနှင့် ကော်ဖီတစ်ခွက် သောက်ခြင်းသည် အကိုက်အခဲ ပျောက်ဆေး အပြင်းစားမလိုဘဲလျှင် မြန်ထိရောက်စွာ သက်သာစေသည်။

မြန်မြန်ပြေးလိုလျှင်

-ကော်ဖီသောက်ပါ ကဖင်းဓါတ်သည် ခံနိုင်ရည်နှင့် လျှင်မြန်မှုကို အားကောင်းစေသည်။ ၇၇ ကီလိုဂရမ်ကိုယ်အလေးချိန်ရှိ သည့် အပြေးသမားတစ်ဦးသည် ကော်ဖီတစ်ခွက်နှင့် တစ်ဝက်ကို

ကိုယ်အလေးချိန် ထိန်းသိမ်းသူများ မဖြစ်မနေ စားသင့်သော သစ်သီးလေးမျိုး

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 8:36am

အောက်ပါ သစ်သီးလေးမျိုးကို ကိုယ်အလေးချိန် လျှော့ချနေသူတွေ မဖြစ်မနေ စားသင့်ပါတယ်။  

ပန်းသီး

ပန်းသီးစားတဲ့အခါ မခွံမနွှာဘဲ စားပါလို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ပန်းသီးအခွံမှာ အဆီကျစေတဲ့ Urolic အက်စစ် ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေကို အထောက်အကူ ဖြစ်စေပါတယ်။ Urolic အက်စစ်က ကြွက်သားတွေကို သန်မာစေပြီး

အမြဲတမ်း မှတ်ဉာဏ် ကောင်းစေမည့် နည်းခုနစ်သွယ်

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 9:00am

လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခုလိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာကို တဖြည်းဖြည်း တွေ့လာရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်ဉာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။  

(၁) မှတ်ဉာဏ်ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားခြင်း

တချို့အပြုအမူတွေက ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဉာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီအပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြာ ကြည့်တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက်ကို ကျန်းမာစေပေမယ့် အကြာကြီးထိုင်ပြီး

Wednesday 25 September 2013

ဆံပင်ကျွတ်ခြင်းအတွက် ထိရောက်သော ပေါင်းတင်နည်းများ

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 8:49pm

ဆံပင်အရင်းများအားနည်းပြီး ဆံပင်များစွာကျွတ်တတ်ပါက ကြက်ဥ ပါသောခေါင်းလျှော်ရည်ကို အသုံး ပြုရပါလိမ့်မည်။ ဆံပင်ကျွတ်ခြင်းကိုကာကွယ် နိုင်သည့် ဆံပင်ပေါင်းဆေး အချို့ကို မိမိကိုယ်တိုင်ပြုလုပ်နိုင်သည်ဖြစ်ရာ ခေါင်းလျှော်ပြီးပါက ပေါင်းတင်ဆေးကို သုံးပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။

(၁)rosemaryရည်ကို ရေနွေး ပူပူထဲတွင် ထည့်၍ မိနစ် (၂၀)ထားပါ။ ထို့နောက် အအေးခံပါ။  ကြက်ဥ(၁)လုံးကိုထည့်ပြီး ဆံပင် အမြစ်အထိရောက်အောင် သုတ် လိမ်းပြီး ခေတ္တထားပြီးမှ ဆေးချပါ။

စိတ်ကျဝေဒနာကို သက်သာစေမယ့် ၀ိုင်

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 8:34pm

ဝိုင်ကို သင့်တင့်မျှတတဲ့ ပမာဏ သောက်သုံးခြင်းဟာ စိတ်ကျဝေဒနာ ကို သက်သာစေမယ်လို့ သုတေသန တစ်ခုက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ယမကာအထူးသဖြင့် ၀ိုင်ကို သင့်တော် တဲ့ ပမာဏသောက်သုံးခြင်းဟာ နှလုံး ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ ကို ဖော်ထုတ်နိုင်ခဲ့ပြီး ယခုလေ့လာ မှုအရတော့ စိတ်ကျဝေဒနာကိုပါ သက်သာစေနိုင်တယ်လို့ သိရှိရပါပြီ။

ကျောက်ကပ် ပြဿနာမှ ကာကွယ်နိုင်အောင်

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 8:11pm

မကြာခဏ မောပန်းတတ်တာနဲ့ လေပွတတ်တာဟာ ကျောက်ကပ် ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူထဲက ၄၁ သန်းဟာ ကျောက်ကပ်ပြဿနာနဲ့ ကြုံတွေ့နေကြရပြီး မောပန်းတာ၊ မှတ်ဉာဏ် ကျဆင်းတာနဲ့ ခြေထောက် ဖောရောင်တာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ အောက်ပါတို့ဟာ ကျောက်ကပ်ပြဿနာ ဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တာကြောင့် ပြုလုပ်သင့်တဲ့ အကြောင်းအရာတွေပါ။

သွေးတွင်းအချိုဓါတ် အတက်အကျဖြစ်စေသည့် အကြောင်းများ

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 7:30pm

ကဖင်း

ကော်ဖီသောက်ပြီး နာရီပိုင်း အတွင်း သွေးချိုတက်တတ်သည်။ သကြားနှင့် နို့ဆီလုံးဝမပါသော ဘလက်ကော်ဖီစစ်စစ် သောက်လျှင် ပင် ကဖင်းဓါတ်ကြောင့် သွေးချိုတက် တတ်သည်။

တရုတ်အစားအစာ

အဆီများသောအစားအစာ၊ ဟင်းအနှစ်များသော အစားအစာ များသည် ရက်အတန်ကြာ သွေးချို တက်စေသည်။ ကာဗိုဟိုက်ဒရိတ်နှင့် အဆီပါဝင်မှုများသည့် ပီဇာ၊ အာလူး ကြော်၊ ဒံပေါက်စသည့်

ခြင်ကိုက်သက်သာပြီး ခြင်ပြေးစေရန်

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 7:14pm

(၁)ကြက်သွန်ဖြူကို ဆီနှင့်ရော၍ (၂၄)နာရီထားပါ။ ထို့နောက် ရေ လက်ဖက်ရည်ပန်းကန်လုံး (၂)ခွက်၊ လတ်ဆတ်သောသံပရာရည် စားပွဲ ဇွန်း(၁)ဇွန်းရောထည့်ပြီး အ၀တ်နှင့် စစ်ပါ။ဖျန်းဘူးထဲထည့်၍ လှုပ်ခါပြီး အခန်းထောင့်ကို ပက်ဖျန်းပါ။

(၂)ယူကလစ်ဆီကို သံပရာရည်၊နေ ကြာဆီနှင့်ရော၍ အသားတွင် လိမ်း ပေးပါ။

(၃)ရှာလကာရည်  Venigar ကို လိမ်းပေးနိုင်သည်။ အသားတွင် လည်းကောင်း၊ မိမိထိုင်သည်ခုံ၊ အလုပ်လုပ်သည့်စားပွဲခြေတိုင်များ တွင်လည်းကောင်း လိမ်းထားပါ။

ပိုးမွှားကင်းစင်မှုကို အဟန့်အတားဖြစ်စေသည့် အမူအကျင့်များ

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 7:08pm

 ရေမြှုပ်များကို ကြာမြင့်စွာအသုံး ပြုခြင်း

ရေမြှုပ်များသည် အစိုဓါတ် ကိန်းအောင်းနေနိုင်ပြီး အခေါင်း ပေါက် ငယ်များပါဝင်သောကြောင့် ဘက်တီးရီးယားများ အဓိကခို အောင်းရာ နေရာဖြစ်သည်။ ရေချိုး ခန်းနှင့်မီးဖိုချောင်ရှိ ရေမြှုပ်များကို တစ်လတစ်ခါ အသစ်လဲပါ။

နှုတ်ခမ်းဆိုးဆေးကို သန့်ရှင်းမှုမပြု ခြင်း

နှုတ်ခမ်းဆိုးဆေးသည် ပါးစပ် နှင့်ထိတွေ့အပြီး နောက်တစ်ကြိမ် နှုတ်ခမ်းနီမဆိုးခင်အထိ ဘူးအတွင်း ၌ပိတ်လှောင်ထားသည်ဖြစ်ရာ ဘက် တီးရီးယားများ ပွားများနေတတ် သည်။ နှုတ်ခမ်းနီမဆိုးခင် တစ်ရှူး စက္ကူစနှင့် အပေါ်ယံအလွှာကို သုတ် ဖယ်ရှင်းလင်းပေးပါ။

Tuesday 24 September 2013

ပိန်နေတဲ့ သူတွေ ဝလာစေချင်ကြရင်

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 8:46am

 လူအများစုက ခန္ဓာကိုယ်ဝနေလို့ ပိန်ချင်ကြပေမယ့်၊ လူနည်းစုကတော့ ဘယ်လောက်စားစား ၀ိတ်တက်မလာဘဲ ပိန်မြဲတမ်းသာ ပိန်လို့ စိတ်ညစ်နေကြရပါတယ်။ မိမိရဲ့ အသက်အရွယ်၊ အရပ် အနိမ့်/အမြင့် နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ရှိမှသာ ကျန်းမာ တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ပိန်သူများ ၀လာအောင်လုပ်ခြင်းကလည်း၊ ၀နေသူများ ကိုယ်အလေးချိန်နဲ့ အဆီတွေလျော့ချ ရသလို လွန်စွာခက်ခဲပါတယ်။ ပြည့်စုံလုံလောက်တဲ့ အစားအစာမမှီဝဲခြင်း၊ စားသောက်မှုပုံစုံမမှန်ခြင်း၊ တစ်ကြိမ်နဲ့ တစ်ကြိမ် အစာစားချိန်ဝေးကွာလွန်းခြင်း၊ အာ ဟာရပြည့်ဝစေတဲ့ အစားအစာကိုမရွေးချယ်တတ်ခြင်းတို့ က လူကိုပိန်စေနိုင်သလို၊ နာတာရှည်နေမကောင်းဖြစ်ခြင်း၊ အဆုတ် ရောဂါကူးစက်ဝေဒနာများ၊ ခံတွင်းပျက်ခြင်း၊ ကင်ဆာရောဂါများ၊ ဟိုမုန်းမညီမျှခြင်း၊ ဟိုက်ပါသိုင်းရွိုက်ရောဂါ စသည့်ရောဂါဆိုး တို့ ကြောင့်လည်း လူကိုပိန်စေပါတယ်။ 

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 8:25am

လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။

နာနတ်သီး စားပါ

နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့်

ဖလန်တောင်ဝှေးနှင့်ကုသခြင်း နဲ့ အသုံးဝင်ပုံများ

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 7:48am

ဖလန်တောင်ဝှေး၏ ကုသခြင်းပျောက်ကင်းစေခြင်း နှင့် အသုံးဝင်ခြင်း ရုက္ခဗေဒအခေါ်အရ Costus speciosus Smith ဟု ခေါ်ပြီး မျိုးနွယ်မှာ Zingiberaceae အုပ်စုဖြစ်၏။ ဟင်ဒီဘာသာဖြင့် keukand ၊ ဆင်ဟာလာ (သီရိ လင်္ကာဘာသာ) ဖြင့် Thebu ဟုခေါ်ဆိုကြသည်။ Costaceae Family တွင်ပါဝင်သည်။ spiral ginger ဟုလည်းခေါ်သည်။ ကမ္ဘာနှင့်အ၀ှမ်းတွင်မျိုးစိတ်ပေါင်း (၄၅) ခုခန့် နှင့် မျိုးကွဲပေါင်း (၈၀) ခန့် တွေ့ ရှိရသည်။ ပုံမှန်အားဖြင့် အရိပ်ကိုကြိုက်နှစ်သက်ပြီး အချို့ မျိုးကွဲ များမှာ နေရောင်ဒဏ်ကိုခံနိုင်ရည်ရှိသည်။

Sunday 22 September 2013

စိုပြည်လှပစေမဲ့ မျက်နှာလေးဖြစ်နေရအောင်

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 3:16pm

A-Almond Oil

ဗာဒံသီးအဆီ မျက်နှာသန့်စင်ရာတွင် အကောင်းဆုံးအဆီ ဖြစ်ပါသည်။ အဆီပြန်ခြင်း နှင့်ဝက်ခြံ၊ တင်းတိတ်များကို ပျောက်ကင်းစေပြီး အသားအရေကို ချောမွေ့ နုးညံ့ စေပါသည်။ ထို့ကြောင့် ဗာဒံသီး အဆီဖြင့် မျက်နှာကို ပွတ်လိမ်းပေးပါ။    

B-Baking Soda

မုန့်ဖုတ်ဆိုဒါ  မုန့်ဖုတ်ဆိုဒါ ထမင်းစာဇွန်း တစ်ဇွန်းခန့်ကို ရေနွေးထဲထည့် ပြီးမွှေပြီး ခြေထောက်ကို စိမ်ပေးလျှင် ခြေထောက်နာကျင်ကိုက်ခဲ မှုများကို သက်သာပျောက်ကင်း စေပါသည်။ ခြေထောက်မှ အနာအဆာများကို ပျောက်ကင်းစေ၍ ချောမွေ့နုးညံ့လာစေပါသည်။ 

ဆံပင်ကျွတ်ခြင်းကို ထိရောက်စွာ ကာကွယ်နိုင်သော အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 3:46pm

ငါး၊ဥ၊ပဲ အမျိုးမျိုး

ဆံပင်များ ကျန်းမာ သန်စွမ်း လာစေရန် ပရိုတိန်းဓါတ် ကြွယ်ဝသော အစားအစာများ စားပေး ရမည်။ ငါး၊ ကြက်၊ အသည်းအမြစ်၊ ဥ၊ ချိစ်၊ ဗာဒံသီး၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ တို့ ဖူး တို့ ကို စားသုံး ပေးနိုင်သည်။ ၄င်းတို့ သည် ပရိုတိန်းဓါတ် များပြီး အဆီဓါတ် နည်းသောကြောင့် စိတ်ချစွာ စားသုံးနိုင်သည်။

သံဓါတ်ပါသော အစားအစာများ

စွန်ပလွန်သီး၊စပျစ်သီးခြောက်၊ ချယ်ရီသီး၊ အစိမ်းရင့်ရင့် အရွက်ဖားဖား အရွက်များသည် သံဓါတ် ပေါများ ကြွယ်ဝ သော အစားအစာများ ဖြစ်ကြသည်။ ဗီတာမင် စီသည် သံဓါတ် စုပ်ယူ နိုင်မှု

စပါးလင် ၏ ကျန်းမာရေးအာနိသင်များ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 3:55pm

မြက်မျိုးနွယ်ဝင် စပါးလင် သည် စပါးလင်မွှေးနှင့် ဟင်းစားစပါးလင် ဟု နှစ်မျိုး ရှိကြောင်း၊ စပါးလင်မွှေး သည် ဟင်းစားစပါးလင်ထက် ပို ၍ ရွက်ပြားကြီးကာ ပို၍ရှည်လျား ကြောင်း၊ အချို့သော စီးပွားရေးဈေး ကွက်များတွင် မျက်နှာပန်း လှ ဈေး ကွက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း တို့ကို လေ့လာ သိရှိရပါသည်။ နည်း  ပညာများ ဘက်စုံတိုးတက် နေသော ယနေ့ခေတ်တွင် ကမ္ဘာ့ဆေးဝါးကုမ္ပ ဏီကြီးများသည် စပါးလင်ဆီကို စား ဆေး၊ သောက်ဆေး၊ လိမ်းဆေး တို့ ထုတ်လုပ် ရောင်းချလျက်ရှိကြလေ သည်။ စပါးလင်၏ အရွက်နှင့်အဆီ ကို တိုင်းရင်းဆေးဝါး များ ထုတ်လုပ် ရာတွင် လည်းကောင်း၊ ရောဂါကုသ ရာတွင် လည်းကောင်း၊ ပရဆေးအ ဖြစ် အသုံးပြုကြ၏။ မြန်မာနိုင်ငံ အ နေဖြင့်မူ လူမျိုးပေါင်းစုံတို့၏ ဟင်း လျာ တွဲဖက်ချက်ပြုတ်ပစ္စည်းတစ်မျိုး အဖြစ် လူသုံးများ လှပေသည်။

ဆေးမှာတစ်မူကြက်သွန်ဖြူ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 4:42pm

(၁) ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် သလိပ်၇ှင်းသည်။ ဆီးကို၇ွှင်စေသည်။ အလွယ်တကူ ကျေ၇ာက် တက်သည့်ေ၇ာဂါပိုးများကိုလည်း ကာကွယ် ပေးနိုင်သည်။ ကင်ဆာဆဲလ်များ ဖြစ်သော ကာစီနိုဂျင် (Carcinogens) များကို ဟန့်တားခြေဖျက် နိုင်စွမ်း ၇ှိကြောင်းပင် ဖြစ်သည်။  

 (၂) ကြက်သွန်ဖြူတွင် ပါဝင်သော အော်ဂင်နိုဆာလ်ဖာ ဒြပ်ပေါင်းသည် ၀မ်းတွင်း၇ှိ ဗက်တီး၇ီးယားများကို ဟန့်တား နိုင်သည်။ အစိမ်းလိုက်စားခြင်းဖြင့် ၀မ်းတွင်းကင်ဆာ ဖြစ်မှုကို ပပျောက်စေနိုင်ကြောင်း

(၃) အမျိုးသမီးများတွင် ဖြစ်တက် လေ့၇ှိသော ၇င်သား ကင်ဆာဆဲလ် (Breast Cancer Cell) များတိုးပွားမှုကို ၇ပ်ဆိုင်းစေသည်။ ကြက်သွန်ဖြူသည် ၇င်သားကင်ဆာ ဖြစ်မှုကိုဟန့်တားစေ နိုင်ကြောင်း

(၄) ကြက်သွန်ဖြှူဆီသည် ပင်ပန်းနွမ်းနယ်မှု Stress ကိုလည်း လျော့နည်းသက်သာ စေနိုင်ကြောင်း  

ညည လူတွေ အိပ်ချိန်မှာ အိပ်မရတဲ့ ရောဂါ ခံစားနေရပါသလား

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 4:01pm

ညည လူတွေ အိပ်ချိန်မှာ အိပ်မရတဲ့ ရောဂါ ခံစားနေရပါသလား? ညည လူတွေ အိပ်ချိန်မှာ အိပ်မရတဲ့ ရောဂါ ခံစားနေရပါသလား။ ဒါမှ မဟုတ် ညကြီးမိုးချူပ် ခဏခဏ နိုးလာ၍ အိပ်ရေးမ၀ တဲ့ ရောဂါ ခံစားနေရပါသလား။ ဒီလိုမှမဟုတ် အမြဲတမ်း မနက်အစောကြီး နိုးနိုး နေသလား။ ဒီလိုဖြစ်နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး လူပေါင်းများစွာ ထိုကဲ့သို. ဝေဒနာများ ခံစားနေရပြီး ကောင်းကောင်းအိပ်နိုင်ဖို. ကြိုးစားနေကြပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို. နည်းလမ်းကောင်းလေးများကို စုစည်းတင်ပြပေးလိုက်ပါတယ်။  

အစာအိမ်နာနှင့် စပ်မိစပ်ရာ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 4:25pm

အစာအိမ်နာနှင့် စိတ်ဖိစီးမှုစိတ်ဖိစီးမှုဟာ ရောဂါအတော်များများကို ဖြစ်စေတယ်လို့ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက ယူဆခဲ့ကြပါတယ်။ San Francisco မှာရှိတဲ့ California တက္ကသိုလ် အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာ ဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ mathy က စိတ်ဖိစီးမှုဟာ ကျန်းမာရေးစနစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ပေမယ့် အစာအိမ်နာဖြစ်စေဖို့ ဒါမှမဟုတ် ပျောက်ကင်းစေဖို့ကိုတော့ သိပ်မစွမ်းဆောင်နိုင်လှပါဘူးလို့ ဆိုပါတယ်  

အိုမင်းခြင်းကို နှောင့်နှေးစေမယ့် နည်းလမ်း(၆)သွယ်

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 11:27am

လူ၊ တိရိစ္ဆာန်၊ သစ်ပင် စတဲ့ သက်ရှိအရာအားလုံး အသက်အရွယ်ကြီးလာခြင်းနဲ့ အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို တားဆီးလို့ မရနိုင် တာ လောကဓမ္မတာပါ။ အသက် ၁-နှစ်ပိုကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲလာပြီး၊ အရေပြားမှာ အစို ဓာတ်ဆုံးရှုံးကာ၊ အသားအရေတွေထိခိုက် ပျက်စီးလွယ်လာပါတော့တယ်။ ကောင်းမွန်မှန်ကန်တဲ့ အနေအထိုင်အစားအသောက် နဲ့  အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားများက အိုမင်းခြင်းနိယာမကိုအတန်ငယ်နှောင့်နှေးစေတာမို့  ရိုးရှင်းတဲ့အောက်ပါ သဘာဝနည်းလမ်း(၆)သွယ်ဖြင့် ကြိုးစားအားထုတ်ကြည့်စေလိုပါတယ်။

၃-ရက်အတွင်း အဆုပ်သန့် နည်း

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 11:09am

၃-ရက်အတွင်း အဆုပ်သန့် နည်း သင့်အဆုပ် ကျန်းမာချင်ပါသလား? အောက်ပါနည်းလမ်း (၇)သွယ်တို့ ဖြင့် လိုက်နာကျင့်သုံးပါ။

(၁) ဂရိတ်ဖရုသီး (သို့ မဟုတ်) နာနတ်သီးတို့ ထဲတွင် အသက်ရှုလမ်းကြောင်းစံနစ်ကို တိုးတက်ကောင်းမွန်စေသော သဘာဝ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ အလုံအလောက်ပါရှိသဖြင့်၊ ထိုသစ်သီးဖျော်ရည်တို့ ကို တစ်နေ့ လျှင် ၃၀၀မီလီ လီတာခန့်  သောက်ပါ။

(၂) နံက်ထမင်းစားပြီးချိန်နှင့် နေ့ လည်စာမစားမီ် ကြားကာလအတွင်း မုန်လာဥနီဖျော်ရည် ၃၀၀မီလီ

Saturday 21 September 2013

သင့်အသားအရေအတွက် ကောင်းသော အသီးများနှင့် ဆေးဘက်ဝင် အပင်များ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 12:53am

စမုံစပါး (Anise)
စမုံစပါးစေ့များမှာ ဘက်တီးရီးယား ပိုးမွှားများကို သတ်နိုင်တဲ့ အားပျော့တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက် ရှူရာမှာ အနံ့ ကို လတ်ဆတ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ စမုံစပါး အဆီကိုတော့ နှိပ်နယ် ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိတ်၊ အင်ပျင် ရှိရင်တော့ မသုံးသင့်ပါဘူး။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင် A နဲ့  ပိုတက်စီယမ် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ချေထား တဲ့ ငှက်ပျောသီး ပျော့ဖတ်များက အရေပြားကို နူးညံ့စေပါတယ်။ ဒါကြောင့် မျက်နှာသန့် ရှင်း ကြည်လင်စေတဲ့

ဆံပင်ကျွတ်ခြင်းကို ဟန့်တားနိုင်သော အိမ်တွင်းနည်းလမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 12:26am

သန်စွမ်း တောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လို  ကြပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလျတဲ့ ဆံသားတွေက အမျိုးတွေရဲ့ လှပမှုကို မှေးမှိန်စေ ပါတယ်။ လွယ်ကူတဲ့ အိမ်တွင်းနည်း တချို့နဲ့ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

(၁) သဘာဝ အစားအစာများနှင့် ဆံပင်ကို အားဖြည့်ပါ

အာဟာရဓာတ်ချို့တဲ့တာက ဆံပင် ကျွတ်တာရဲ့ အဓိက အကြောင်းရင်း တစ် ရပ်ပါ။ ဆံသားတွေ သန်စွမ်း ထူထဲဖို့က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက် စွာ စားသုံးဖို့ လိုပါတယ်။ အာဟာရပြည့် စုံတာက ဆံပင်တွေ သန်စွမ်း ထူထဲစေတဲ့ အပြင် ဆံပင် အရောင်ကိုလည်း တောက် ပြောင်လှပစေ ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေ ထဲမှာ အောက်ပါ အစားအစာတွေ ပါဝင်အောင် စားပြီး

ဆယ်ကျော်သက် ၀က်ခြံ ပြဿနာ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 12:13am

အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ့ အလှဖျတ် တဲ့
ဝက်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ
ပေါက်တယ်ပါတယ်။

ဝက်ခြံဖြစ်စေသော အကြောင်းအရာများမှာ

၁။ အဆီအစိမ့်အစာများ (မြေပဲ၊ ချောကလတ်..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက်အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန့် များ စားခြင်း

အစာအိမ်အောင့်လျှင်အောက်ပါတို့ကို ရှောင်ကျဉ်ပါ။

by ပိုပိုဇော်(သဘာဝအားအင်)September 21, 2013 at 11:58pm

အစာအိမ်အောင့်လျှင်အောက်ပါတို့ကို ရှောင်ကျဉ်ပါ။

(၁)အရက်နှင့်ကဖိန်းကို လျော့ပါ။ သို့မဟုတ် ခေတ္တမျှရပ်ထားပါ။ ယင်း တို့က အက်ဆစ် Level ကို တိုးစေပြီး ရင်ပူခြင်းနှင့် အစာအိမ်နာကျင်မှုကို ပို၍ ဖြစ်စေသည်။

(၂)ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုခြင်းကို ရှောင်ကြဉ်ပါ။ ယင်းတို့က လက်ရှိနာကျင်မှုကို ပို၍ ဖြစ်စေပြီး နောက်ထပ် နာကျင်မှုများ ကိုပါ ဆက်တိုက်ဖြစ်စေတတ်သည်။ ဆေးလိပ်ငွေ့သည် အစာအိမ်မှ အက်ဆစ်ထွက်မှုကို ပိုပြီးတိုးစေသည့် အလျောက် နာကျင်မှုကိုလည်း တာရှည်စေသည်။

သင် သိပ်မစားဖြစ်တဲ့ အကောင်းဆုံး အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)September 21, 2013 at 11:48pm

သိသူ ဖော်စား မသိသူကျော်သွား ဆို သလိုပဲ တချို.သော အစားအစာများ မှ လူ့ ကျန်းမာရေး
အတွက် အင်မတန်မှူ အကျိုးပြုသော်လည်း ပဲ အိမ်ရှင်မတွေရဲ. ဈေးခြင်းတောင်းတွေ မှာ
ဝယ်လာတာ သိပ် မတွေ. ရပါဘူး။ ထိုအစား အစာ တွေ ကတော့

၁။ မုန်လာဥနီ

မုန်လာဥနီ ဟာ အခြားသော အသီးအရွက်များ နှင်. နိုင်းယှဉ်လျှင် အနည်းငယ် ချို
ပါတယ်။ ဘာကြောင့် ကျန်းမာရေး နဲ့ ညီညွတ်လဲ ဆိုတော့ အနီေ၇ာင် သန်းတဲ့ သစ်သီးများ
ဟာ အများသောအာားဖြင့်သွေးတိုး ခြင်းကို ကာကွယ်သောကြောင့် သွေးလွတ်ကြော၊
ပျက်စီမှု ပမာ ဏ ကို နည်းပါးစေပါတယ်။ သွေးတိုးခြင်းရဲ. အကျိုးဆက်ဖြစ်တဲ့ နှလုံးရောဂါ

ကျန်းမာရေး နှင့်ညီညွတ်စေတဲ့ ရေချိုးသောနည်းလမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)September 21, 2013 at 9:45am

ရေချိုးသောစနစ်   

ရေချိုးသော အချိန်မှာ နေ့မွှန်းမတည့်မီ နံနက်ပိုင်း အချိန် ဖြစ်၏။ ယေဘုယျအားဖြင့် နေ့လည် ၁၂နာ၇ီ မထိုးမီနေ့အချိန်ဖြစ်၏။ နံနက်ပိုင်းသည် တက်ဥတုအချိန် ဖြစ်ပြီး၊ ညနေပိုင်းသည် သက်ဥတုအချိန် ပိုင်းဖြစ်လေသည်။ ဆောင်းတစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ် ရေချိုးစနစ်သည်အကောင်းဆုံး ဖြစ်သည်။အချို့အလုပ်များ၍ကိုယ်ခန္ဓာညစ်ပေနေသူတို့မှာ နေမ၀င်မီေ၇ချိုးသင့်သည်။
နေ၀င်ပြီးသွားပါက ရေမချိုးသင့်တော့ပဲ ခြေလက်ဆေးကြောခြင်း အမှုသာပြုသင့်၏။  

အစာအိမ်နာ (သို့) လေနာရောဂါ

by ပိုပိုဇော်(သဘာဝအားအင်)September 21, 2013 at 9:22am

အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင် Peptic Ulcer

ဆိုသည်မှာ အစာခြေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို ဆိုလိုခြင်း ဖြစ်ပါတယ်..
အဓိက အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့ အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်..
အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU) ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)
ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီးတော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..
ဤဆောင်းပါးတွင် ရေးသားသော အစာအိမ်နာ အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl ) နဲ့

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ

by ပိုပိုဇော်(သဘာဝအားအင်)September 21, 2013 at 9:06am



လူတိုင်းလိုလို ၀က်ခြံပေါက်ဖူးကြပြီး ၀က်ခြံနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေလည်း အများအပြားရှိပါတယ်။ သင်ကြားဖူးနေတဲ့ အဲဒီအယူအဆတွေထဲက ဘယ်အချက်တွေကမှန်ပြီး ဘယ်အချက်တွေက မှားနေလဲဆိုတာ သိရအောင် ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ဖော်ပြလိုက်ပါတယ်။

ဆေးမသောက်ပဲ သွေးတိုးကျနိုင်တဲ့ နည်းလမ်း ၁၀ မျိုး

by ပိုပိုဇော်(သဘာဝအားအင်)September 21, 2013 at 8:43am


(၁) ၀ိတ်ချပါ၊ ဗိုက်မရွှဲပါစေနဲ့  

သွေးပေါင်တက်ခြင်းဟာ ၀ိတ်တက်တာနဲ့ တွဲနေတတ်ပါတယ်။ ၁၀ ပေါင်ချတာနဲ့တင် သွေးပေါင်က စပြီး ကျတာပါ။ လွယ်လွယ်ပြောရရင် ၀ိတ်ကျလေ သွေးပေါင်ကျလေပါပဲ။ ဆေးသောက်နေရရင်လည်း ၀ိတ်ကျရင်ဆေးလျှော့လို့ ရနိုင်ပါတယ်။ ၀ိတ်ချရုံတင်မကဘူး ဗိုက်မရွှဲဖို့လည်း အရေးကြီးပါတယ်။ မြန်မာလူမျိုးတွေ အပါအ၀င် အာရှတိုက်သားတွေမှာ ယောက်က်ျားတွေက ခါး ၃၆ လက်မ၊ အမျိုးသမီးတွေက ခါး ၃၂ လက်မထက်များရင် သွေးပေါင်တက်နိုင်ပါတယ်။

Friday 20 September 2013

ကျန်းမာရေးအတွက် လမ်းလျှောက်မယ်ဆိုရင်

by ပိုပိုဇော်(သဘာဝအားအင်)September 20, 2013 at 3:57pm

ကျန်းမာရေးအတွက် လမ်းလျှောက်မယ်ဆိုရင် ...........  

သင့်တော်တဲ့ ရှူးဖိနပ်စီးပါ

လမ်းလျှောက်ရာမှာ သင့်တော်တဲ့ ရှူးဖိနပ်စီးဖို့ အရေးကြီးပါတယ်။ တောင့်တင်းခိုင်မာပြီး သင်နဲ့ကိုက်တဲ့ လမ်းလျှောက်ရှူးဖိနပ်နဲ့ သင့်ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့ နောက်ကျောတွေကို ကာကွယ်ထားပါ။ လမ်းလျှောက်ရှူးဖိနပ်ဟာ မာကျောတဲ့မျက်နှာပြင်ပေါ် လျှောက်တဲ့အခါ ဆောင့်တဲ့ဒဏ်ကို ခံနိုင်စေပါတယ်။ သင်ရဲ့ ရှူးဖိနပ်ကို ခြောက်လထက်ကျော်အောင် အသုံးပြုပြီးရင် နောက်ထပ်အသစ်တစ်စုံဝယ်ဖို့ အချိန်တန်ပါပြီ။  

သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ

by ပိုပိုဇော်(သဘာဝအားအင်)September 20, 2013 at 3:25pm

သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ ............

သွေးအားကောင်းအောင် သို့ တည်းမဟုတ် ဟေမိုဂလိုဗင် အားကောင်းအောင် စားသောက်သင့်သည့်အစားအစာများဘယ်လို့ စားသုံးသင့်သလဲဆိုရင် အဓိကတော့ သံဓာတ်ပါဝင်သည့် အစားသောက်များကို စားသုံးပေဖို့ ဘဲ ဖြစ်ပါတယ် ။