Sunday 15 September 2013

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ငှက်ပျောသီး

by ပိုပိုဇော်(သဘာဝအားအင်)September 15, 2013 at 7:46pm

ငှက်ပျောသီး ဟုတ်လား ဘာလို့ ငှက်ပျောသီးလဲ. . .
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာလို့ ပြောလိုက်တာနဲ့ မြန်မာတွေရဲ့မျက်လုံးထဲမှာ ဆယ်လ် မွန်ငါး၊ တူနာငါး၊ ဘလူးဘယ်ရီသီး၊ လက်ဖက်စိမ်းစတဲ့ ဂျာနယ်တွေထဲမှာ ပါနေကျ အစားအစာတွေကိုပဲ ပြေး မြင်လေ့ရှိပါတယ်။

ဒါပေမယ့်တကယ် လက်တွေ့ဘဝမှာ ဒီအစားအစာ တွေက လွယ်ကူသက်သာစွာ မရနိုင် ပါဘူး။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအဖြစ် ဘယ်အစား အစာကို ရွေးချယ်သင့်ပါသလဲ။
ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဈေးသက်သာပြီး ၁၂ ရာသီလုံးရရှိ နိုင်တဲ့ငှက်ပျောသီးကိုပဲ ညွှန်ပြရပါ လိမ့်မယ်။ ဘာလို့လဲ ၊ ဘာလို့လဲဆိုတော့


၁။ ငှက်ပျောသီးတစ်လုံးမှာ ပျှမ်းမျှ အားဖြင့် ၁၀၅ကယ်လိုရီလောက် ပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ် တဲ့စွမ်းအင်ကို လျင်မြန်စွာ ဖြည့် ဆည်းပေးနိုင်ပါတယ်။ အထူးသဖြင့် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ချိန် တွေမှာပေါ့။

၂။ မကြာခဏခြေသလုံးကြွက်သား တွေ ကြွက်တက်တတ်ပါသလား။ ငှက်ပျောသီးစားလိုက်ပါ။ ငှက်ပျော သီးထဲမှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီ ယမ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် သင့်ရဲ့ခြေသလုံးကြွက်သားသာမက တစ်ကိုယ်လုံးမှာရှိတဲ့ကြွက်သားတွေ ကို သက်သောင့်သက်သာရှိစေပါ တယ်။

၃။ ဒါ့အပြင် ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းတဲ့အပြင် ခန္ဓာ ကိုယ်ရဲ့ရေဓာတ်ကို ထိန်းညှိပေးပြီး သွေးတိုး၊နှလုံးရောဂါနဲ့လေဖြတ်ခြင်း တို့က ကာကွယ်ပေးနိုင်ပါတယ်။

၎။ အစာအိမ်ကြာခဏရောင်တတ် ရင်တော့ ငှက်ပျောသီးက အကောင်း ဆုံးအစာအိမ်ဆေးတစ်မျိုးပါပဲ။ ယင်း က အစာအိမ်အပေါ်ယံလွှာကို ဖုံး အုပ်ထားပေးပြီး အက်ဆစ်ထွက်မှုကို လျော့ကျစေပါတယ်။

၅။ ဝမ်းချုပ်တတ်တဲ့သူတွေက အစား အစာမှာ အမျှင်ဓာတ်များစွာပါတဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါ တယ်။ ဘယ်အစာတွေက အမျှင် ဓာတ် ပါမှန်းမသိရင်တော့ ငှက်ပျော သီးကိုသာ မျက်စိမှိတ်ပြီး ရွေးချယ် လိုက်ပါ။

၆။ ညညအိပ်မပျော်ဘူးလား။ ငှက် ပျောသီးကို စားလိုက်ပါ။ ငှက်ပျော သီးမှာပါဝင်တဲ့ tryptophan က သင့်ရဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေ ပြီး အာရုံစူးစိုက်နိုင်အောင် ကူညီပေး နိုင်တဲ့အပြင် အိပ်စက်ရာမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါ တယ်။

၇။ မမတွေအတွက် ဘာလို့ပိုမိုရွေး ချယ်သင့်လဲဆိုတော့ ငှက်ပျောသီး စားခြင်းအားဖြင့် အသားအရေပိုမို တောက်ပစေရုံသာမက ငှက်ပျော သီးနဲ့ မျက်နှာပေါင်းတင်ခြင်းအားဖြင့် အသားအရေကို ပိုမိုနူးညံ့ချောမွေ့ စေပြီး ရေဓာတ်ကို ပိုမိုထိန်းသိမ်း ထား ပေးနိုင်ပါတယ်။

၈။ လိင်ကိစ္စမှာ မစွမ်းဆောင်နိုင်လို့ စိတ်ညစ်နေတဲ့ အမျိုးသားတွေအ တွက်ကတော့ ငှက်ပျောသီးက စပါယ်ရှယ်ရွေးချယ်စရာပါပဲ။ ငှက် ပျောသီးမှာပါတဲ့ အာဟာရတွေက အမျိုးသားဟော်မုန်းတွေကို ပိုမို ထွက်စေရုံသာမက လိင်ဆက်ဆံ ပြီးတဲ့နောက်မှာလည်း ကျေနပ်မှုကို ပိုမိုရစေပါတယ်။ ကဲ ငှက်ပျောသီးကို ရွေးချယ်ကြ တော့မှာလား ၊
ဖိုးသောကြာ
ref:Medindia
credit to >>Health Updates Journal Vol.2, No.35

No comments:

Post a Comment