Wednesday 25 September 2013

ပိုးမွှားကင်းစင်မှုကို အဟန့်အတားဖြစ်စေသည့် အမူအကျင့်များ

by ပိုပိုဇော်(သဘာဝအားအင်)September 25, 2013 at 7:08pm

 ရေမြှုပ်များကို ကြာမြင့်စွာအသုံး ပြုခြင်း

ရေမြှုပ်များသည် အစိုဓါတ် ကိန်းအောင်းနေနိုင်ပြီး အခေါင်း ပေါက် ငယ်များပါဝင်သောကြောင့် ဘက်တီးရီးယားများ အဓိကခို အောင်းရာ နေရာဖြစ်သည်။ ရေချိုး ခန်းနှင့်မီးဖိုချောင်ရှိ ရေမြှုပ်များကို တစ်လတစ်ခါ အသစ်လဲပါ။

နှုတ်ခမ်းဆိုးဆေးကို သန့်ရှင်းမှုမပြု ခြင်း

နှုတ်ခမ်းဆိုးဆေးသည် ပါးစပ် နှင့်ထိတွေ့အပြီး နောက်တစ်ကြိမ် နှုတ်ခမ်းနီမဆိုးခင်အထိ ဘူးအတွင်း ၌ပိတ်လှောင်ထားသည်ဖြစ်ရာ ဘက် တီးရီးယားများ ပွားများနေတတ် သည်။ နှုတ်ခမ်းနီမဆိုးခင် တစ်ရှူး စက္ကူစနှင့် အပေါ်ယံအလွှာကို သုတ် ဖယ်ရှင်းလင်းပေးပါ။

လက်ကိုင်ဖုန်းကို မသန့်စင်ခြင်း

လက်ကိုင်ဖုန်းသည် မျက်နှာ၊ နားရွက်၊ လက်တို့နှင့် မကြာခဏထိ တွေ့ရပြီး နေရာများစွာ၌ အတင် အချပြုလုပ်ခံရသောကြောင့် ပိုး ပေါင်းစုံကပ်ငြိနေနိုင်သည်။ အရက် ပြန်၊ ဂွမ်းတို့နှင့် လက်ကိုင်ဖုန်းကိုနေ့စဉ်သန့်စင်ပါ။

လက်ကိုင်အိတ်ကို မသန့်စင်ခြင်း

လက်ကိုင်အိတ်သည် စား သောက်ဆိုင်ကြမ်းပြင်၊ မီးဖိုချောင်၊ အိမ်ကြမ်းပြင်၊ အများသုံးသန့်စင် ခန်းကြမ်းပြင် စသည်တို့၌ နေရာချ ခံရလေ့ရှိသောကြောင့် အိမ်သာ ကမုတ်ထက်ပင် ဘက်တီးရီးယားများ ခိုအောင်းတတ်သည့် နေရာဖြစ် သည်။

ကီးဘုတ်ကိုမသန့်စင်ခြင်း

ကွန်ပျူတာအသုံးပြုသူများအဖို့ ကီးဘုတ်သည်အညစ်ပတ်ဆုံးနေရာ ဖြစ်သည်။ ခလုတ်များအကြား ဘက် တီးရီးယားခိုအောင်းရန်လွယ်ကူပြီး ပူပြင်းသည့်ရာသီဥတုတွင် အသုံးပြု မည်ဆိုပါက စေးကပ်ကပ်ပင်ဖြစ် နေတတ်သည်။ အရက်ပြန်နှင့်ဂွမ်း အသုံးပြု၍ ကီးဘုတ်ကိုတစ်ပတ် တစ်ခါ သန့်စင်ပါ။

သီဟ
Source:RD
credit to >>>Health Updates JournalVol.2, No.37

No comments:

Post a Comment