Sunday 22 September 2013

ညည လူတွေ အိပ်ချိန်မှာ အိပ်မရတဲ့ ရောဂါ ခံစားနေရပါသလား

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 4:01pm

ညည လူတွေ အိပ်ချိန်မှာ အိပ်မရတဲ့ ရောဂါ ခံစားနေရပါသလား? ညည လူတွေ အိပ်ချိန်မှာ အိပ်မရတဲ့ ရောဂါ ခံစားနေရပါသလား။ ဒါမှ မဟုတ် ညကြီးမိုးချူပ် ခဏခဏ နိုးလာ၍ အိပ်ရေးမ၀ တဲ့ ရောဂါ ခံစားနေရပါသလား။ ဒီလိုမှမဟုတ် အမြဲတမ်း မနက်အစောကြီး နိုးနိုး နေသလား။ ဒီလိုဖြစ်နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး လူပေါင်းများစွာ ထိုကဲ့သို. ဝေဒနာများ ခံစားနေရပြီး ကောင်းကောင်းအိပ်နိုင်ဖို. ကြိုးစားနေကြပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို. နည်းလမ်းကောင်းလေးများကို စုစည်းတင်ပြပေးလိုက်ပါတယ်။  

 လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အိပ်ရေး ကောင်းကောင်းရစေရုံမျှ မကပဲ အခြား ကျန်မားရေး အကျိုးကျေးဇူးများပါ ရရှိနိုင်ပါတယ်။ လေ့ကျင့်ခန်း ဆိုလို. ပင်းပန်းနွမ်းနယ် စွာ လုပ်ရသော လေ့ကျင့်ခန်းမျိုးမဟုတ်ပဲ နာရီဝက်လောက် ပြေးလိုက်၊ စက်ဘီးစီးလိုက် ခြင်းဟာလဲ သင့်အား အကျိုးကျေးဇူးများ ရရှိစေပါတယ်။ အိပ်ခါနီးလေ့ကျင့်ခန်း လုပ်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ခန္ဓာကိုယ် နိုးကြား ခြင်း အပူချိန် မြင့်တက်လာခြင်းတို.ကြောင့် အလွယ်တကူ အိပ်မပျော်နိုင်ပါဘူး။ ဒါပေမယ့် ယောဂ ကဲ့သို. သက်သာသော လေ့ကျင့်ခန်း ကိုတော့ အိပ်ခါနီးအချိန်မှာ လုပ်ပေးလို.ရပါတယ်။  

 နေ.ခင်း တမှေးအိပ်ခြင်း ရှောင်ပါ  

အချို.သော သူများဟာ နေ.လည်စာ စားသုံးပြီး တစ်ရေးတစ်မော အိပ်တက်ကျပါတယ်။ တချို.ကျတော့လဲ တမှေးအိပ် လေ့ရှိသလို ညအိပ်ချိန်မှာလဲ ကောင်းကောင်း အိပ်ပျော်ပါတယ်။ ဒါပေမယ့် သင်ဟာ ညအိပ်ရခက်နေတဲ့သူဆိုရင်တော့ နေ.ခင်းဖက် တမှေးမအိပ်သင့်ပါဘူး။ တကယ်လို. မအိပ်ရင် မနေနိုင်ဆိုပါက မိနစ်၃၀ ထက်ပိုမအိပ်ပါနှင့်။  

 အလင်းရောင် နှင့် ထိတွေ.ပါ  

နေ.အခါ မှာ အလင်းရောင် ကို လုံလောက်စွာ ထိတွေ.ပေးပါ။ မဖြစ်နိုင်ခဲ့သော် မီးထွန်းပြီး နေပါ။  

ဆေးလိပ်၊အရက်၊ caffeine ရှောင်ပါ  

လူတော်တော်များများဟာ အိပ်ခါနီးအချိန်မှာ အရက် အနည်းငယ်သောက်ခြင်းဖြင့် ကောင်းကောင်းအိပ်စက်နိုင်သည်ဟု ယူဆကြပါတယ်။ မှန်ပါတယ်။ အရက်သောက်ခြင်းဖြင့် အမြန်အိပ်စက်ခြင်းကို ရရှိနိုင်သလို အိပ်နေချိန်အတွင်း ခဏခဏ နိုးနိုး တတ်တဲ့အတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို တော့ မရရှိနိုင်ပါဘူး။ ဒါကြောင့် အိပ်ခါနီး အရက်မသောက်သင့်ပါဘူး။ ဒါမှမဟုတ် အရက်ကို လုံးဝ ဖျက်သင့်ပါတယ်။

Caffeine ဓါတ်ပါသော ကော်ဖီ၊လက်ဖက်ရည်၊ဆိုဒါ ကိုသောက်သုံးခြင်းဖြင့် သောက်သုံးပြီး ၁၀နာရီ ကနေ ၁၂ နာရီထိ ကောင်းကောင်း မအိပ်နိုင်ပါဘူး။ ဆေးလိပ်သောက်ခြင်းဖြင့် နီကိုတင်း ဓါတ် ဟာ လန်းဆန်းတက်ကြွ မူကို ပေးတဲ့အတွက် အိပ်ရာဝင် ရာတွင် အခက်အခဲဖြစ်တက်ပါတယ်။  

 ခုတင်

သင်အိပ်တဲ့ခုတင် ဟာ သေးနေလို.လား။ လူတစ်ယောက်အတွက် ခုတင်ဟာ အကြောဆန်.ရန် ဟိုဘက်ဒီဘက် လှည့်ရန် လုံလောက်သော အကျယ်ရှိသင့်ပါသည်။ ဒါမှ မဟုတ် အိပ်ရာပြင် အရမ်းမာနေသလား၊

ခေါင်းအုံး

အရမ်ပြားနေသလား၊ ကြီးနေသလား။ မိမိအတွက် သက်တောင့်သက်သာဖြစ်စေသော ခေါင်းအုံ. မျိုး ကို သုံးပါ။   

အခန်း  

သင့်အခန်းကို တိတ်တိတ်ဆိတ်ဆိတ်၊ မှောင်မှောင်၊ သင့်တော်တဲ့ အပူချိန် နဲ. လေ၀င်လေထွက်ကောင်းကောင်း ဖြစ်အောင် လုပ်ပါ။  အိပ်ချိန်၊ထချိန် အိပ်ရာဝင်ချိန် ထချိန် တွေကို အချိန်၁ခုတည်း ပုံမှန် သတ်မှတ်ပေးထားပါ။ ဥပမာ - ည ၁၁ နာ၇ီ အိပ်ရာဝင်၊ မနက် ၇ နာရီ အိပ်ရာပုံမှန်ထခြင်း။ တကယ်လို. အိပ်ရာဝင်ချိန် နောက်ကျခဲ့ရင်လဲ မိနစ် ၃၀ ထက် ပိုပြီး နောက်မကျသင့်ပါဘူး။ ရုံးပိတ်ရက်တွေမှာလဲ အချိန်မှန်မှန် ဖြစ်အောင် ထိန်းသိမ်းထားသင့်ပါတယ်။  

အစားအစာ  

အစားစားပြီးရင် အိပ်ငိုက်တက်တယ် ဆိုပြီး အိပ်ခါနီး အစားများများ မစားသင့်ပါဘူး။ မအိပ်ခင် ၂ လောက် အတွင်း အစားမစားသင့်ပါ။ 

Credit to >> မွေးနေ့ ဆုမွန် 

No comments:

Post a Comment