Monday 9 September 2013

ပျိုမေများ အလှတိုးပြီး ဆံကေသာတစ်မျှင်မျှ မြေမခရအောင်

by ပိုပိုဇော်(သဘာဝအားအင်)September 10, 2013 at 2:39am

ကေသာဆိုတာ ဦးကင်းထက်မှာပဲ ပေါက်ဖွားနေထိုင်ရှင်သန်လေ့ရှိတဲ့ သက်ရှိတစ်မျိုးပါ။ ဒါပေမဲ့ အချိန်မတိုင်ခင် ရွက်နုကြေသလို တဖြုတ်ဖြုတ်ကြွေနေမယ်ဆိုရင် မကြာခင် လုံးပါးပါးကာ ခေါင်းတုံးလုံးကြီး ဖြစ်ရချည်ရဲ့။ တုံးလုံးဆို ဘယ်တုံးလုံးမှ ကြည့်မကောင်းသလို ခေါင်းးတုံးလုံးနဲ့ ပျိုမေတွေအတွက် စတိုင်သစ်တစ်ခုမဖြစ်မလာနိုင်ပါဘူး။  


ဆံပင်ကျွတ်ခြင်းအကြောင်းရင်း

ဆံပင်ကျွတ်ခြင်းအမှုဟာ ယခုခေတ်မိန်းမတွေကြားမှာ အရမ်းကို ခေတ်စားလာနေတဲ့ ပြဿနာတစ်ရပ် ဖြစ်တယ်။ အမေရိကန်မှာဆိုရင် အမေရိကန်အမျိုးသမီး ၂၅ သန်းကျော် ဆံပင်ကျွတ်ရတဲ့ဒုက္ခနဲ့ ရင်ဆိုင် နေရတယ်။ ရိုးရိုးဆံပင်ကျွတ်တဲ့ ပြဿနာ မဟုတ်ဘူးနော်။ ထိပ်ပြော်ငတဲ့ အဆင့်ကိုကူးမယ့် ဆံပင်ကျွတ် ပြဿနာအဆင့်။ ဒါကြောင့် သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ စိတ်ဆင်းရဲ၊ ရုပ်ဆင်းရဲကြီးစွာဖြစ်နေကြရတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက ဟော်မုန်းတွေကြောင့်ရယ်၊ စိတ်ဖိစီးမှု တွေကြောင့်ရယ်၊ စိုးရိမ်ကြောင့်ကြမှုများလို့ရယ်၊ မျိုးရိုးဗီဇကြောင့်ရယ်ဆိုတဲ့ အချက်တွေကြောင့် ဖြစ်ရတာလို့ သိရတယ်။  

နောက်ထပ်အကြောင်းအရင်းကတော့ မိန်းမတွေရဲ့ ဓမ္မတာနဲ့ သက်ဆိုင်တယ်။

အသည်းအသန်ဖျားနာပြီးနောက်ပိုင်း၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန်ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက်ပိုင်း သုံးလေးလလောက်မှာလည်း ဆံပင်အများအပြား ကျွတ်ရတဲ့ပြဿနာဟာ အဖျားအနာနဲ့ ပတ်သက်နေ တာမို့ ယာယီသာဖြစ်ပြီး နောက်ပိုင်း ပြန်ကောင်းသွားလေ့ရှိတယ်။ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ရတယ်ဆိုတာက ဟော်မုန်းတွေထဲက သိုင်းရွက်ဂလန်းက အထုတ်လွန်၊ ဒါမှမဟုတ် အလျှာ့လွန်နေရင်လည်း ဆံပင်က ကျွတ်နိုင်သေးတယ်။ သိုင်းရွက်ဂလန်းကြောင့်ဆိုရင် သိုင်းရွက်ဂလန်းကိုကုမှ အနာနဲ့ဆေးဆည့်ပြီး ပျောက်မှာဖြစ်မယ်။ ဟော်မုန်းထွက်ရှိမှု အချိုးအစား မညီမျှမှုကြောင့် ဆံပင်ကျွတ်ရတာဟာ ယောက်ျားလေးမှာရော၊ မိန်းကလေးတွေမှာရော ဖြစ်ပါားလေ့ရှိပါတယ်။  

ကလေးမွေးပြီး သုံးလအကြာမှာ ဆံပင်ကျွတ်ရတာလည်း ဟော်မုန်းကြောင့် ဖြစ်ပါ တယ်။

ဟော်မုန်းအနေအထားဟာ ကိုယ်ဝန်မဆောင်ခင်အနေအထားသို့ ပြန်ရောက်သွားမယ်ဆိုရင် ပြန်ကောင်းသွားပါလိမ့်မယ်။ ဆံပင်ရဲ့ဇီဝစက်ဝန်းဟာ တဖန်ပြန်လည်ပတ်လာပါလိမ့်မယ်။ တချို့ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါသေးတယ်။ ဒီလိုဆေးဝါးကြောင့် ဆံပင်ကျွတ်မှန်း သိရရင် ကိုယ်သောက်သုံးနေတဲ့ ဆေးဝါးကို အသောက်ရပ်လိုက်ရင် ဆံပင်ကျွတ်တာလည်း အလိုလို ရပ်တန့်သွားမှာဖြစ်တယ်။ ဆေးဝါးကြောင့် ဖြစ်ရတဲ့ ဘေးထွကိုးကျိုး တစ်ခုလို့ ဆိုရပါမယ်။ အာရုံကြောနဲ့ ပတ်ဝတ်တဲ့ ဆေးဝါးတွေကြောင့် အဖြစ်များပါတယ်။

နောက်ပြိး တားဆေးတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။

ယားနာကူးစက် ရောဂါတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဒါကတော့ ယားနာပျောက်ဆေးနဲ့ တင် ကိစ္စပြတ်နိုင်ပါတယ်။ တခြားေ၇ာဂါတွေကြော်င့လည်း ဆံပင်ကျါတ်နိုင်ပါသေးတယ်။ ဥပမာ - ဆီးချို ရောဂါတို့လို ရောဂါတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တဲံအခါမှာ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းကို သေချာဆန်းစစ်ရှာဖွေပြီးမှ အနာနဲ့ ဆေး တည့်အောင်ကုမှ ပျောက်ကင်းမှာ ဖြစ်တယ်။ အမှန်တော့ ဆံပင်ကျွတ်ပြဿနာကို

♣♣♣ကြိုတင်ကာကွယ်နိုင်တယ်။ သဘာဝနည်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်♣♣♣  

၁။ ဦးရေပြားကို နှိပ်နယ်ပေးခြင်း

ဆီ( သံလွင်ဆီ၊ အုန်းဆီ) နဲ့ ခေါင်းကိုလိမ်းပြီး ဦးရည်ပြားကို နှိပ်နယ်ပေးရပါမယ်။ လက်ချောင်းထိပ်ဖျား လေးတွေနဲ့ ဦးရည်ပြားကို နှိပ်နယ်ပေးပါ။ ဆံပင်ပြန်ပေါက်လာစေဖို့ များစွာ အထောက်အကူဖြစ်စေပါ တယ်။ ဦးရည်ပြားကို နှိပ်နှယ်ပေးမှုကြော်င့ ဦးရည်ပြားအောက်ကသွေး စီးဆင်းလည်ပတ်မှုကို ကောင်း မွန်စေလို့ ဆံပင်တွင်းပေါက်လေးတွေကို ပြန်လည်အလုပ်လုပ်လာစေပါတယ်။ နောက်ပြီးဆဲလ်သေတွေ ကိုလည်း ဖယ်ရှားရှင်းလင်းပေးစေတာမို့ သန်စွမ်းကျန်းမာတဲ့ ဆံသားရရှိလာစေပါတယ်။ ဘာမှ ဟုတ်ဘူးလို့ ထင်ရတဲ့ ဒီဦးရည်ပြား နှိပ်နှယ်ပေးမှုဟာ အဲဒီ့ကေသာတစ်မျှင်မျှ မြေမခရအောင် လောက် အစွမ်းထက်တာမို့ ဂရုအမှုပြုပြီး အသေအချာ နှိပ်နှယ်ကာ ကိုယ့်ဆံသားကို ကိုယ့်ဘာသာ ထိန်းသိမ်းပေး ပါ။  

၂။ ခေါင်းလျှော်ရင်

ခေါင်းလျှော်တဲ့အခါတိုင်းမှာ ဦးရည်ပြားကို နှိပ်နယပြီးလျှော်ပေးဖို့လည်း လိုအပ်ပါတယ်။ ခြောက်သွေ့ခဲစ ပြုနေတဲ့ရှမ်ပူကို မသုံးပါနဲ့။ ရှမ်ပူဝယ်တဲ့အခါမှာ ပါဝင်တဲ့အမယ် ပစ္စများစာရင်းမှာ “Scalp Health” ဦး ရည်ပြား ကျန်းမာရေးအတွက်လို့ ရေးထားတဲ့ ရှမ်ပူမျိုးဟာဆိုရင် ဦးရည်ပြားကို ကျန်းမာစေတာမို့ ဆံပင်ကျွတ်ခြင်းကို တားဆီးစေနိုင်ပါတယ်။

၃။ နောက်လှန်မဖီးနဲ့

ခေါင်းဖီးတဲ့အခါမှာ ဆံပင်ကို နောက်လှန်မဖီးပါနဲ့။ ကျစ်ဆံမြီးကို တင်းနေအောင်ကျစ်တာမျိုးလည်း မလုန်ပါနဲ့၊ ဆံပင်ကို လွတ်လွတ်လပ်လပ်နဲ့ ရှိနေပါစေ။ ၄။ အပျိုစင်အတိုင်းရှိနေပါစေ ကေသာကို အပျိုစင်အတိုင်း ဘာမှ အကောက်၊ မဖြောင့်ပါနဲ့။ ဟိုက်လိုက်လည်း မဖောက်နဲ့၊ ဆေးလည်း မဆိုးပါနဲ့။ အပျိုစင်လေးလို သဘာဝအတိုင်း ရှိနေပါစေ။ ကောက်လိုက်၊ ပြီးရင် ပြန်ဖြောင့်လိုက်၊ ဖြောင့်ပြီး ဆေးဆိုးလိုက်၊ မကြိုက်လို့ ဟိုက်လိုက်ပြန်ဖောက်လိုက်လုပ်နေတဲ့ ဆံပင် အပျိုစင် ဘ၀ကနေလေဆာကျသွားတဲ့ က္ကုတ္ထိယလိုပဲ “အနေမတတ်လို့ ကိုယ်ရိရ” ဆိုသလို ဆံနွယ်တွေ ရှိပြီး မကြာခဏ ကျွတ်လာမှာ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ အပူနဲ့ဓာတုပစ္စည်းတွေရဲ့ အကျိုး သက်ရောက်မှုကြောင့် ဆံသားရဲ့ ပြင်ပ သက်ရောက်မှုခုခံနိုင်စွမ်းအားဟာ တဖြည်းဖြည်းလျှောကျလာလို့ ပဲဖြစ်တယ်။  

၅။ ဗီတာမင်ဘီ

ဗီတာမင်ဘီဟာ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ဆံပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ ဖြည့်တင်းပေးပါတယ်။ နောက်ဆုံးပိတ်ပြောချင်တာကတော့ အရက်ပျံပါတဲ့ ဆံကေသာ ကုန်ပစ္စည်းတွေ ရှောင်ရှားပါ။ ဆေးလိပ် သောက်ခြင်း၊ ဆေးလိပ်အနံ့ရူမိခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်စေတာမို့ ဂရုစိုက်ပေးရပါမယ်။ အမှန်တော့ ကေသာဆိုတာ အမြင့်ဆုံးဦးခေါင်းအရပ်မှာပဲ တည်ရှိနေတာတင့်တယ်လှပါတယ်။ မြေမခစေချင်တဲ့ ဒီကေသာအကြောင်း ဒီမျှနဲ့ရပ်နားရင်း သူငယ်ချင်းအားလုံး ကိုယ်၊ စိတ်နှဖြာ ရွှင်ရွှင်လန်းလန်း ရှိကြပါစေလို့ ဆုတောင်းလျှက်……

credit to >>>8 Days

No comments:

Post a Comment