Friday 6 September 2013

ကျမ္မာစေဖို့ သစ်သီးဖျော်ရည်သောက်ကြစို့ 

by ပိုပိုဇော်(သဘာဝအားအင်)September 7, 2013 at 5:46am

သစ်သီးဝလံတစ်ခုချင်းစီမှာ ကျမ္မာရေးအတွက်ကိုယ်ပိုင်အာနိသင်ပါရှိကြကာ၊ အကယ်၍ သစ်သီး ၂-မျိုး/ ၃-မျိုး ရောစပ်သောက် ခြင်းက အောက်ပါကျမ္မာရေးအကျိုးကျေးဇူးများကို ရရှိစေပါတယ်။ သို့ သော် ထိုသစ်သီးဖျော်ရည်များကိုဖေါ်စပ်ပြီး ၄၈-နာရီအ တွင်း သောက်ရမှာဖြစ်ပါတယ်။ အကယ်၍ ၄၈-နာရီထက်ကျော်လွန်တဲ့အခါ အရသာပျက်ပြယ်ရုံသာမက၊ အာဟာရဓာတ်များ လည်း ဆုံးရှုံးသွားပါတယ်။

(၁) လ္ဘက်စိမ်းရေနွေးကြမ်းထဲကို ပူစီနံရွက် ၃-ရွက်နှင့် သံပုရာသီး ၁-စိပ်ညှစ်သောက်ခြင်းက၊ အစာမကျေခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှုမ၀ခြင်း စသည့်ဝေဒနာများကို သက်သာပျောက်ကင်းစေပြီး၊ ပူစီနံရဲ့ တန်ခိုးကြောင့် လူကိုလန်းဆန်းသွားစေပါတယ်။ ထို့ ပြင် အဆီကျစေလို့ ကိုယ်အလေးချိန်ထိန်းလိုသူများ မှီဝဲသင့်ပါတယ်။(နံက်စာစာြး ပီးတိုင်း တနေ့ တကြိမ်သောက်ပါ။ သံပုရာ သီး အခွံပါထဲ့စိမ်၍သောက်ပေးပါ၊ သံပုရာခွံကိုတော့ ၀ါးစားရန်မလိုအပ်ပါ။)

(၂) စတော်ဘယ်ရီသီး နဲ့ ကီဝီသီးဖျော်ရည်က နှလုံးကျမ္မာခြင်း၊ ကိုယ်ခံစွမ်းအားတိုးတက်မြင့် မားလာခြင်း၊ သွေးထဲရှိသကြားပမာ ဏကို ထိန်းညှိပေး၍ ဆီးချို/ သွေးချိုကျစေခြင်း၊ အစာကျေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါတယ်။ (ညနေစာစားပြီး (သို့ မဟုတ်) ညအိပ်ယာဝင်ခါနီးသောက်ပေးနို င်ပါတယ်)

(၃) သခွားသီး၊ သံပရိုသီးနဲ့  သံပုရာသီးဖျော်ရည်က ခန္ဒာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ခြင်း၊ လေပွခြင်း၊ အစာမကျေခြင်းတို့  ကိုပျောက်ကင်းစေပါတယ်။ ထို့ ပြင် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာကြောင့် ကိုယ်အလေးချိန်ကျစေပါတယ်။ (သံပရိုသီးနဲ့  သံပုရာသီး အခွံပါထဲ့စိမ်၍သောက်ပေးပါ၊ သို့ သော် ၄င်းအခွံများကို ၀ါးစားရန်မလိုအပ်ပါ။)

(၄) သံပရိုသီး၊ သံပုရာသီး နဲ့ လိမ္မော်သီးဖျော်ရည်က ဗ်ီတာမင်စီကြွယ်ဝလို့  ကိုယ်ခံစွမ်းအားကောင်းစေပြီး၊ အအေးမိနှာစေး ချောင်းဆိုး စသည့်ရာသီကူးစက်ဖျားများ ကင်းဝေးစေပါတယ်။ အစာမကျေရင်ပူခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ (ရေခဲရေ၊ ရေခဲတုံးမသုံးဘဲ ရိုးရိုးသောက်ရေဖြင့်သာသောက်ပါ)

(၅) လတ်လတ်ဆတ်ဆတ် ကျြိတ်ချေထားသော ဂျင်း စားပွဲတင်ဇွန်း ၂-ဇွန်း၊ ပါးပါးလှီးထားသော အနေတော်သခွားသီး ၁-လုံး၊ ပါးပါးလှီးထားသော အနေတော်ရှောက်သီး ၁-လုံး၊ ပူစီနံရွက် ၁၂-ရွက်တို့ ကို သောက်ရေသန့်  ၂လီတာ၊ ထဲမှာစိမ်၍ ရေခဲ သေတ္တာထဲ တညသိပ်ပါ။ နောက်နေ့  မှာ ရေဆာတိုင်း ထိုဖျော်ရည်ကို သောက်ပေးပါ။ ကိုယ်အလေးချိန် မြန်မြန်ကျလိုသူများနှင့်၊ ဗိုက်ရွှဲနေသူများအတွက် အသင့်တော်ဆုံးဖြစ်ပြီး၊ ကိုယ်ခံစွမ်းအားလည်း ကောင်းစေပါတယ်။ (ရှောက်သီးကိုအခွံနွှာရန်မလိုပါ)

(၆) အာလူးကြီးကြီး ၁-လုံး၊ မုန်လာဥနီ ၁-လုံး၊ အနီရောင်ပန်းသီး ၁-လုံး တို့ ကို ကြိတ်၍ အနံ့ အရသာကောင်းစေရန် သံပုရာရည် (သို့ မဟုတ်) ရှောက်ရည်ညှစ်ထဲ့ပြီး နံက်တစ်ကြိမ်၊ ညနေ ၅နာရီမတိုင်မှီတစ်ကြိမ် စုစုပေါင်းတနေ့ နှစ်ကြိမ်စီသောက်ပေးပါ။ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယကင်ဆာကိုသက်သာပျောက် ကင်းစေသည့်ပြင်၊ နှလုံးကိုကျမ္မာစေခြင်း၊ သွေးတိုးရောဂါ၊ ကြွက် သားများနာကျင်ခြင်း၊ မျက်စေ့ခြောက်၍အမြင်အာရုံမှုံဝါးခြင်းတို့ ကိုပါသက်သာစေပါတယ်။ (ပန်းသီးကို အခွံမနွှာပါနှင့်။ ထိုဖျော် ရည်ကို ဖော်စပ်ပြီးချက်ချင်းလတ်လတ် ဆတ်ဆတ်သောက်ပါ။ သို့ မဟုတ်ပါက အာဟာရဓာတ်ပျက်ပြယ်သွားစေပါတ ယ်)

(၇) ဆီးချိုရောဂါရှိသူများ သခွားသီးအသေး ၁-လုံး၊ အခွံစိမ်းပန်းသီး ၁-လုံး၊ ကြက်ဟင်းခါးသီး တ၀က်၊ တရုပ်နံနံပင် (အရိုး+ အရွက်) ၂-ပင်၊ အစိမ်းရောင်ငရုပ်ချိုပွ(ခေါ် )ပန်းငရုပ်သီး တ၀က်တို့ ကို ရောကြိတ်၍ တစ်နေ့ တစ်ကြိမ်သောက်ပါ။ ရက် သတ္တ ၃-ပတ်ကြာသောက်ပြီးပါက သိသိသာသာ ဆီးချိုကျသွားပါလိမ့်မယ်။(နံက်ပိုင်းသောက်ပေးပါ၊ ပန်းသီး အခွံနွှာရန်မလိုအပ်ပါ)

(၈) ယူရစ်အက်ဆစ်များသော ဂေါက်ရောဂါဝေဒနာသည်များအတွက် အကောင်းဆုံးဆေးတစ်ခွက်ပါ။ အနေတော်သင်္ဘောသီး အစိမ်း ၁-လုံးကို အစေ့ဖယ်၍ ခပ်ပါးပါးအတုံးလေးတွေတုံးပြီး၊ ၃-လီတာပမာဏ တည်ထားသောရေနွေးဆူဆူထဲသို့ ထဲ့ပြီး၊ oolong(ခေါ်)လ္ဘက်စိမ်းလ္ဘက်ြေ ခာက်အထုပ်လေး ၅-ထုပ်ခပ်သောက်ပေးပါ။ ရေဆာတိုင်းမကုန်မချင်းသောက် ပါ။ (သဘောင်္သီး စိမ်းကို အခွံနွှာရန်မလိုပါ။ oolong လ္ဘက်စိမ်းရွက်ခြောက်များကို  City Mart များတွင်ရနိုင်ပါသည်)

(၉) သိုင်းရွိုက်ရောဂါရှိသူများ  အုန်းရည် ၁-ဖန်ခွက်ထဲသို့ အနေတော်သခွားသီး တ၀က်၊ တရုပ်နံနံပင်(အရိုး+အရွက်) ၂-ပင်၊ မုန်လာဥနီ ၁-လုံးတို့ ကိုကြိတ်ထဲ့၍ ရှောက်ရည်ညှစ်သောက်ပါ။ (တနေ့ တကြိမ် နံက်စာ(သို့ မဟုတ်)နေ့ လည်စာစားပြီး သောက် ပါ။ မုန်လာဥနီ နှင့် သခွားသီး တို့ ကိုအခွံနွှာပါ)

(၁၀) ရှောက်ရည် နဲ့ စတော်ဘယ်ရီသီးဖျော်ရည်တို့ က အစာချေစံနစ်ကိုကောင်းမွန်စေ ပြီး၊ ၀မ်းချုပ်ခြင်းမှကာကွယ်ပေးကာ ခန္ဒာ ကိုယ်ထဲရှိအဆိပ်အတောက်များကိုပြေစေပါတယ်။ (နံက်စာမစားမီ(သို့ မဟုတ်)နေ့ လည်စာစားပြီး တနေ့ တကြိမ်သောက်ပေးပါ)

(၁၁) ခန္ဒာကိုယ်တွင်းအဆိပ်အတောက်ေ ပြစေရန် နှင့် အသားအရေကြည်လင်စေဖို့  ပန်းသီး ၁-လုံး၊ နာနတ်သီး ၁-စိပ်၊ သံပုရာ သီး ၁-လုံး၊ လိမ္မော်သီး ၂-လုံး၊ တရုပ် နံနံပင် ၂-ပင်တို့ ကို ဖျော်စက်ဖြင့် ကျိတ်ချေ၍ နံက် (သို့ မဟုတ်) နေ့ လည်စာစားပြီး နောက်သောက်ပါ။ ရက်သတ္တ ၁-ပတ်တိတိ သောက်ပြီးနောက်မှာ အကျိုးထူးခံစားလာစေပါတယ်။

(၁၂) ခေါင်းတခြမ်းကိုက်သူများအတွ က် နာနတ်သီး ၁-စိပ်၊ ကိုက်လန် ၃-ရွက်၊ တရုပ်နံနံ(အရိုး+အရွက်) ၁-ပင်၊ အနေတော် သခွားသီး တ၀က်၊ သံပုရာသီး ၁-စိပ်၊ ဂျင်းလက် ၁-ဆစ်တို့ ဖြင့် ဖျော်သောက်ပေးပါ။ (ခေါင်းတိုက်တိုင်း ဖျော်သောက်ပေးပါ)

(၁၃)အိပ်ရေးပျက်၍ ခေါင်းမကြည်လင်ခြင်း၊ သွေးတိုးကျစေရန် နှင့် သွေးတွင်းကိုလက်စထရောကျစေရန်တို့ အတွက် နံက်စာ စားပြီးတိုင်း ရေနွေးဖြူ(သို့ မဟုတ်)လ္ဘက်ခြောက်ခတ်ထားသော  ရေနွေးခွက်ထဲသို့ ရှောက်သီး(သို့ မဟုတ်)သံပုရာသီး ၁-စိပ် ညှစ်ထဲ့၍သောက်ပါ။ (အခွံပါထဲ့ သောက်ပါ။ အခွံကိုဝါးစားရန်မလိုအပ်ပေ)

ပေါက်ပေါက်
(မှီငြမ်း။ INFUSED WATER- A NEW CONCEPT. by Int’l Health Digest on 10th July 2013)

No comments:

Post a Comment