Friday 13 September 2013

အရက်နာမကျအောင်( ဆောင်ရန်/ရှောင်ရန်) နည်းလမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)September 14, 2013 at 4:14am

ယမကာလုင်များအတွက် သတင်းကောင်းလေးပါ။

(၁) ကဖိန်းဓာတ် ရှောင်ပါ။ ကဖိန်းဓာတ်ပါသောအရည်များက ရေဓာတ်ခမ်းခြောက်စေလို့ အရက်သောက်နေစဉ် ကဖိန်းဓာတ် ကြွယ်ဝသော ကော်ဖီ နှင့် အချိုရည်များကိုရှောင်ပါ။

(၂) ဗီတာမင်အာဆေး ဆောင်ပါ။ ဗီတာမင်ဆေးဝါးများက အရက်နာကျခြင်းကင်းဝေးစေလို့ ၊
အရက်မသောက်ခင် တစ်ရက်ကြို တင်၍ ဗီတာမင်အားဆေးတစ်ပြားမှီဝဲပါ (သို့ မဟုတ်) အရက်သောက်ပြီး နံက်အိပ်ယာနိုးတဲ့အခါ ဗီတာမင်အားဆေးတစ်ပြား သောက်ပါ။

(၃) အက်စ်ပရင်ဆေးပြား ဆောင်ပါ။ အရက်သောက်ပြီးနောက် အိပ်ယာမ၀င်ခင် အက်စ်ပရင်ဆေးပြား (၂)ပြားကို သောက်ရေ တစ်ဖန်ခွက်ဖြင့်သောက်ပါ။ နောက်တစ် နေ့ နံက် အရက်နာကျခြင်းကင်းဝေးပြီး၊ ခေါင်းကိုက်မဖြစ်စေတော့ပါဘူး။

(၄) ဗီတာမင်ဘီ ဆောင်ပါ။ ဗီတာမင်ဘီကလည်း အရက်နာကျခြင်းကို ပျောက်ကင်းစေလို့  မှီဝဲသင့်တဲ့ဆေးပြားလေးပါဘဲ။

(၅) သခွားသီးဆားရည်စိမ် စားပါ။ အရက်သောက်စဉ် ခန္ဓာကိုယ်ထဲ ဆားနှင့်အရည်ဓာတ်လုံလောက်နေမှသာ အရက်နာမကျစေ နိုင်ပါ။ ထို့ ကြောင့် အရက်မသောက်ခင် သခွားသီးဆားရည်စိမ် စားပေးပါ။

(၆) အာလူးကြော် စားပါ။ အာလူးကြော်ရဲ့  ကစီဓာတ်အဆီအနှစ်များက အစာအိမ်ထဲရှိ အယ်လ်ကိုဟောကို စုပ်ယူပစ်နိုင်စွမ်းရှိလို့  ၊အရက်နာကျခြင်း မဖြစ်စေတော့ပါ။

(၇) အရက်စုံရောနှောသောက်ခြင်း ရှောင်ပါ။ ဥပမာ ၀ိုင်သောက်နေသူက ၀ိုင်တစ်မျိုးတည်းကိုသာသောက်ပါ။ အကယ်၍ အရက်စုံ ရောနှောသောက်ခြင်းက အာနိသင်ပမာဏ အတိုင်းအဆမသိနိုင်တော့ဘဲ အရက်နာကျခြင်းကိုဦးတည်လာစေပါတယ်။

(၈) လိမ္မော်သီး (သို့ ) လိမ္မော်ရည် သောက်ပါ။ အထူးသဖြင့် ဖရူးတို့ စ်ဓာတ်ပါရှိသော လိမ္မော်သီးက ခန္ဓာကိုယ်ထဲရှိ အဆိပ်အ တောက်ကိုပြေစေပြီး၊ ခွန်းအားပြည့်ဝလာစေပါ တယ်။

(၉) သံလွင်ဆီ စားပါ။ သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်းသောက်ခြင်း(သို့ မဟုတ်)သံလွင်ဆီပါသော ဟင်းရွက်သုပ်စားခြင်းက အရက်နာကျ လုံးဝမခံစားရစေပါဘူး။

(၁၀) နွားနို့  သောက်ပါ။ နွားနို့ က အစာအိမ်ကိုကောင်းကျိုးပြုပါတယ်။ ညအလွန်အကျွံသောက်ပြီးနောက်၊ နံက်အိပ်ယာထ နွားနို့ တစ်ခွက် သောက်ပေးခြင်းဖြင့် အရက်နာကျသက်သာစေသလို၊ ဗိုက်လည်းမအောင့်စေတော့ပါ။

(၁၁) ရေ သောက်ပါ။ အရက်သောက်နေစဉ် ရေ ၁-ဖန်ခွက်သောက်ဖို့ မမေ့ပါနဲ့ ။ ထို့ ပြင် အရက်သောက်ပြီးနောက် ညအိပ်ယာ ၀င်ခါနီး သောက်ရေ ၂-ခွက် ထပ်သောက်ပေးပါ။

(၁၂) ဌက်ပျောသီး စားပါ။ ဌက်ပျောသီးထဲမှာပါတဲ့ ပိုတက်စီယမ်က အရက်နာကျခြင်းကိုဓာတ်ပြယ်စေလို့  နံက်အိပ်ယာထမှာ ဌက်ပျောသီး ၁-လုံးစားပေးပါ။

(၁၃) ကြက်ဥ စားပါ။ ကြက်ဥထဲရှိ သဘာဝ cysteine ဓာတ်က အရက်နာကျခြင်းကိုဖြစ်စေတဲ့ acetaldehyde(ခေါ်)အရောင်မဲ့ အငွေ့ ပျံသောအဆိပ်ရည်ကို ဖြိုခွဲပေးနိုင်လို့  နံက်အိပ်ယာထ ကြက်ဥစားပေးပါ။

(၁၄) ပျားရည်စစ်စစ် သောက်ပါ။ အရက်သောက်ပြီးနောက် ပျားရည်ကို ရေနွေးလေးဖြင့်ဖျော်သောက်ခြင်းက အရက်နာကျခြင်း ကို ယူပစ်သလိုပျောက်ကင်းစေပြီး၊ နံက်အိပ်ယာထ လန်းဆန်းလာပါလိမ့်မယ်။

(ပေါက်ပေါက်)
ကိုးကား။ Best Remedy for Hang Over

No comments:

Post a Comment