Sunday 22 September 2013

ဆံပင်ကျွတ်ခြင်းကို ထိရောက်စွာ ကာကွယ်နိုင်သော အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 3:46pm

ငါး၊ဥ၊ပဲ အမျိုးမျိုး

ဆံပင်များ ကျန်းမာ သန်စွမ်း လာစေရန် ပရိုတိန်းဓါတ် ကြွယ်ဝသော အစားအစာများ စားပေး ရမည်။ ငါး၊ ကြက်၊ အသည်းအမြစ်၊ ဥ၊ ချိစ်၊ ဗာဒံသီး၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ တို့ ဖူး တို့ ကို စားသုံး ပေးနိုင်သည်။ ၄င်းတို့ သည် ပရိုတိန်းဓါတ် များပြီး အဆီဓါတ် နည်းသောကြောင့် စိတ်ချစွာ စားသုံးနိုင်သည်။

သံဓါတ်ပါသော အစားအစာများ

စွန်ပလွန်သီး၊စပျစ်သီးခြောက်၊ ချယ်ရီသီး၊ အစိမ်းရင့်ရင့် အရွက်ဖားဖား အရွက်များသည် သံဓါတ် ပေါများ ကြွယ်ဝ သော အစားအစာများ ဖြစ်ကြသည်။ ဗီတာမင် စီသည် သံဓါတ် စုပ်ယူ နိုင်မှု
စွမ်းရည်ကို မြှင့်တင်ပေးသည် ဖြစ်ရာ လိမ္မော်သီး၊ စတော်ဗယ်ရီသီး၊ သံပုရာသီး များသည် ဆံပင်ကျွတ်ခြင်းအတွက် ကာကွယ်ရန် အားကိုးရမည့် အစားအစာများ ဖြစ်သည်။
ပဲပင်ပေါက်

ပဲပင်ပေါက်၊ သခွားသီး၊ ငရုတ်ကောင်းအနီ/အနက်၊ အာလူး စသည်တို့ ကို စားသုံးပေးပါ။ ၄င်း တို့ ကို ကျော်လှော် ချက်ပြုတ်ခြင်းထက် သဘာဝအတိုင်း စားသုံးခြင်းက အာနိသင် ပို၍ ပြည့်ဝစေသည်။

ပင်လယ်စာ

ဆံပင်ဓါတ် အားနည်းသော သူများကို လေ့လာရာတွင် ဇင့်ဓါတ် ချို့ တဲ့နေကြောင်း တွေ့ ရ သည်။ ဇင့်ဓါတ် သည် ဆံနွယ် ခြေရင်းရှိ တွင်းများနှင့် ကပ်ညိနေရန် စီမံသည်။ ဇင့်ဓါတ် အား နည်းပါက ဆံပင်များ ကျွတ်ခြင်းကို ဖြစ်ပေါ်စေသည်။ ဇင့်ဓါတ် များစွာပါသော အမဲသား၊ ပုဇွန်၊ အခွံမာသီး၊ ကနုကမာ၊ ကြက်၊ ဘဲ စသည့် ရေမွေး တိရစ္ဆာန်များ စားသုံးနိုင်သည်။

အာလူး

အာလူးကို ဖုတ်စား ပြုတ်စားပါ။ ကျော်မစားပါနှင့်။ အားလူကြော်၊ ဘာဂါတို့ သည် ဆံပင် တအား ကျွတ်စေသော အစားအစာများ ဖြစ်သည်။ အအေး၊ အစပ်တို့ သည်လည်း ဆံပင် ကျွတ်စေသော အစားအစာများ ဖြစ်သောကြောင့် ဆင်ခြင် စားသုံးပါ။

ဆံပင် ကျွတ်ခြင်းကို အားပေး အားမြှောက် ပြုနေသော အစားအစာများကို စားချင်သော အာသီသလေး တစ်ခုထဲ ဖြင့် မစားလိုက်ပါနှင့်။ မိမိ နေ့ စဉ် စားသုံးနေသော အစားအသောက် များထဲတွင် ပရိုတိန်း၊ သံဓါတ်၊ ဇင့်ဓါတ်တို့ ပါဝင်နေရင် ဆံကေသာ အတွက် စိတ်ချရပြီ။

credit to >>မွေးနေ့ဆုမွန်

No comments:

Post a Comment