Wednesday 18 September 2013

မှတ်ဥာဏ်အားကောင်းစေနိုင်တဲ့ ချောကလက်ဖျော်ရည်

by ပိုပိုဇော်(သဘာဝအားအင်)September 18, 2013 at 5:41pm


မှတ်ဥာဏ်အားကောင်းစေနိုင်တဲ့ ချောကလက်ဖျော်ရည်။ ကိုကိုး(ခေါ်)ချောကလက်ဖျော်ရည်ပူပူ တနေ့  ၂-ခွက်ပုံမှန်သောက်ပေးခြင်းက ဦးနှောက်ကိုကျမ္မာစေပြီး၊ မှတ်ဥာဏ်စွမ်းရည် တိုး တက်မြင့်မားလာစေတယ်လို့  ဟားဗာ့ဒ်ဆေးတက္ကသိုလ်မှ ဆေးသုတေသီများက အကြံပြုထားကြပါတယ်။

ဟားဗာ့ဒ်ဆေးတက္ကသိုလ်မှ ဆေးသုတေသီတွေရဲ့ စမ်းသပ်ချက်က ဒီလိုပါ။ ·

ပျမ်းမျှ အသက် ၇၃ နှစ်အရွယ်ရှိ အဖိုး/အဖွား အယောက်၆၀ တို့ ကို တစ်နေ့ လျှင် ချောကလက်ဖျော်ရည်ပူပူ ၂-ခွက် နှုန်းနဲ့  ရက် (၃၀)တိတိ တိုက်ကျွေးခဲ့ပါတယ်။
· အဲဒီလိုတိုက်ကျွေးရာမှာ အဖိုး/အဖွား စုစုပေါင်းအယောက် ၆၀-ကို၊ အယောက် ၃၀-စီ အုပ်စု ၂-စုခွဲပါတယ်။ ·
အုပ်စု(က)ကို ကိုကိုး(ခေါ်)flavanol ဓာတ်မြင့်မားစွာပါတဲ့ချောကလက်ဖျော်ရည်ပူပူ(ပျစ်ပျစ်) သောက်သုံးစေပြီး၊ ကျန် အုပ်စု(ခ) ကို flavanolဓာတ် နဲနဲသာပါတဲ့ ချောကလက်ဖျော်ရည်ပူပူ(ကျဲကျဲ)သောက်စေပါတယ်။ · အဲဒီလို ဖျော်ရည်သောက်နေစဉ် ကာလပတ်လုံး အဖိုး/အဖွားတွေရဲ့ မှတ်ဥာဏ်စွမ်းအားနဲ့  အဖြေမှန်တုန့် ပြန်နိုင်မှုကို ဥာဏ်စမ်းမေးခွန်းလေးတွေနဲ့ စမ်းသပ်မေးမြန်းတဲ့အခါ ဖျော်ရည်ပျစ်ပျစ်သောက်သူတွေမှာ ယခင်က မေးခွန်း(၁)ခု အတွက် အဖြေမှန်ရဖို့  ၁၆၇-စက္ကန့် ကြာမှသာဖြေဆိုနိုင်သော်လည်း၊ သောက်ပြီးနောက်မှာတော့ ၁၁၆-စက္ကန့် မှာ ဖြေဆို နိုင်ခဲ့ကြပါတယ်။ (ချောကလက်ဖျော်ရည်ကျဲကျဲ သောက်သူတွေမှတော့ ထူးထူးခြားခြား တုန့့်ပြန်မှုစွမ်းအားတိုး တက်မ လာပါဘူးတဲ့) ·

ရက် ၃၀ကြာတဲ့အခါ၊ ချောကလက်(ပျစ်ပျစ်)သောက်သူတွေက၊ ယခင်ကထက် မှတ်ဥာဏ်စွမ်းရည် ၈.၃% တိုးတက် လာတယ်လို့ ဆိုပါတယ်။ · ဒါတင်မကသေးပါဘူး။ အဲဒီလိုစမ်းသပ်ကာလအတွင်း အဖိုး/အဖွား အယောက် ၆၀ ရဲ့ ဦးနှောက်ကို ဓာတ်မှန်ရိုက်၊ MRI scans များနဲ့ ကြည့်တဲ့အခါမှာလည်း၊ ဖျော်ရည်ကျဲကျဲသောက်သူတွေရဲ့ ဦးနှောက်အဖြူဖတ် ပတ်ပတ်လည်မှာ သွေးစီး ဆင်းမှုမရှိပါဘူးတဲ့။

အဲဒါကို ဆေးသိပ္ပံပညာအရ neurovascular coupling(ခေါ်)ဦးနှောက်အာရုံကြောတွေနဲ့ 
ဆက်စပ် နေတဲ့သွေးကြောမှာ သွေးစီးဆင်းမှုပိတ်ဆို့ ခြင်းရောဂါ " လို့ ခေါ်ပြီး၊ ထိုရောဂါက Alzheimer(ခေါ်)ဦးနှောက်ဇရာကြို အယ်လယ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေပါတယ်တဲ့။ ဟားဗာ့ဒ်ဆေးတက္ကသိုလ်ရဲ့ အထက်ပါ စမ်းသပ်ချက်ကို Johns Hopkins ဆေးတက္ကသိုလ်မှ အယ်လ်ဇိုင်းမား ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူ Paul B. Rosenberg ဆိုသူမှလည်း အတည်ပြုထောက်ခံထားပြီး၊ကိုကိုး(ခေါ်)အမည်းရောင်ချောကလက်ဖျော်ရည် နေ့ စဉ်သောက် သုံးခြင်းက သွေးလည်ပတ်မှုကောင်းစေတာကြောင့် ဦးနှောက်၊ အာရုံကြော၊ နှလုံးရောဂါတို့ အပြင် သွေးတိုးရော ဂါကိုပါ ကျစေတယ်လို့  ထပ်လောင်းအကြံပြုထားပါတယ်။

ထို့ ကြောင့် အသက် ၇၀ ၀န်းကျင် မိခင်/ဖခင် နဲ့  အဖိုး/အဖွားများကို ကော်ဖီ/လ္ဘက်ရည်တိုက်မယ့်အစား ကိုကိုး(ခေါ်)ချောက လက်ဖျော်ရည်ပူပူ တနေ့(၂)ခွက် တိုက်ကျွေးရင်း ဒါနပြုသင့်ပါကြောင်း။

ပေါက်ပေါက်
မှီငြမ်း။ Academic Journal Article on 8th Aug 2013 - 3:00 PDT)

No comments:

Post a Comment