Monday 9 September 2013

အစားစာချင်စိတ် မရှိသူများ အတွက်

by ပိုပိုဇော်(သဘာဝအားအင်)September 10, 2013 at 3:17am

ထမင်းဟင်းအနံ့ မခံချင် သူများ ၊ ထမင်းဟင်း မြင်လျှင် ပျို့ ချင်အန်ချင်အောင် ခံတွင်းပျက်နေသူများ ယခုတင်ပြပေးသော ဆေးနည်းနှင့် ဆေး (၂)ခွက် မသောက်ရဘဲ အင်းအားလည်းဖြစ် ၊
ထမင်းစားကောင်း ခံတွင်းလိုက်လာပါမည် ။တိုင်းရင်းဆေးလည်း အစွမ်းထက်ပါသည် ။
သင့် အခုသိလို့ လုပ်ပြီး စားကြည့်ပေးလိုက်စမ်းပါ စားကောင်းတိုင်းစားလို့  အိမ်သူသက်ထားနဲ့  စကားများလာလျှင် Mg Mandalay ကြောင့်ပါလို့ တော့ မပြောကြပါနဲ့ ခင်ဗျာ ။

လုပ်ဆောင်နည်းလေးမှာ ………

(၁) သရက်သီး အစိမ်း သုံးလုံး
(၂) သကြားဖြူ (အချို့ သင့်အောင်) 
(၃) မီးသင်း ထားသော ငရုတ်ကောင်းမှုန့်  သင့်ရုံမျှ
(၄) မီးသင်းထားသော လေးညှင်းမှုန့်  သင်ရုံမျှ 
(၅) ဖာလာမှုန့် 
(၆) ပရုတ် အနည်းငယ်နော်

၎င်း ခြောက်မျိုးမှ သရက်သီးအစိမ်းကို ပျော့နေအောင်ပြုတ်ပြီး အနှစ်ကိုယူပါ ။ သကြား ၊ ငရုတ်ကောင်း ၊ လေးညှင်း ၊ ဖာလာ ၊ ပရုတ် တို့ ကို ရောထည့်မွှေးပြီး သမလျှင် စားသုံးနိုင်ပြီ ဖြစ်ပါသည် ။
ထိုဆေးစားပြီးလျှင် လျင်မြန်စွာ ခံတွင်းလိုက်ပြီး စားကောင်း သောက်ကောင်း အိပ်ကောင်းနှင့်လည်း ကျန်းမာ ဝဖြိုးလာမည် ဖြစ်ပါတော့သည် ။

credit to >>> Mg Mandalay

No comments:

Post a Comment