Thursday 30 January 2014

ကိုယ်သင်းနံ့လေးမွှေးစေဖို့

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 6:41am

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်း
ဆက်ဆံရေးမှာလည်း အောင်မြင်မှာပါ။

တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်းတွေထဲမှာ လိင်အမျိုးအစားအလိုက်လည်းကွာခြားပါတယ်။

စိတ်ကျရောဂါကို မိမိဘာသာ ကိုင်တွယ် ဖြေရှင်းနည်း

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 7:26am

ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ကျရောဂါ အပျော့စားကို ဖြေဖျောက်နိုင်ရန်အတွက် မိမိဘာသာ ကိုင်တွယ်ဖြေရှင်းရသော နည်းလမ်းများ  အကြောင်းကို Singapore General Hospital မှ စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာ Lee Huei Yen က ပြောပြထားပါသည်။

သင်ဟာ သန်စွမ်းကျန်းမာမှု ရှိရဲ့လား

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 7:53am
 
သင့်ခန္ဓာကိုယ်က လုံလောက်တဲ့ ကြံ့ခိုင်သန်စွမ်း ကျန်းမာမှုအဆင့် ရှိရဲ့လား  ဆိုတာကို သိနိုင်ဖို့ အောက်ပါမေးခွန်းတွေကို ဖြေကြည့်လိုက်ပါ။ မေးခွန်းအများစုမှာ “Yes” ဆိုတဲ့ အဖြေထွက်တယ်ဆိုရင် သင်က သန်စွမ်းကျန်းမာမှု လုံလောက်တဲ့အဆင့် ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

နှလုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့် နည်းလမ်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 8:04am
 
နှလုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့် နည်းလမ်းများ

လုပ်ငန်းခွင် ဖိစီးမှုရှိကာ အလုပ်မြဲမှ မြဲပါ့မလားဆိုပြီး စိတ်ပူပင် သောကများ နေရတာဟာ အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးကျန်းမာ ရေးကို ထိခိုက်စေ နိုင်ကြောင်း ချီကာဂိုမှာ ကျင်းပခဲ့တဲ့ အမေရိကန် နှလုံး ကျန်းမာရေး အသင်းအဖွဲ့ အစည်းအဝေးက ဆိုပါတယ်။ လုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး ခံစားနေရတဲ့ နာတာရှည် စိတ်ဖိစီးမှု များနေတဲ့ အမျိုးသမီးတွေကို ၁ဝနှစ်ကြာ လေ့လာမှုအရ သူတို့ဟာ တခြား အမျိုးသမီးတွေထက် နှလုံးရောဂါထနိုင်ခြေ ( Heart Attack) ဖြစ်နှုန်း ၈၈ ရာခိုင်နှုန်း ပိုများကြောင်း သိရ ပါတယ်။ ဒါ့အပြင် ပင်ပန်းလွန်းတဲ့ အလုပ် လုပ်ရသူ အမျိုးသမီးတွေ ဟာလည်း တခြား အမျိုးသမီးတွေထက် နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေ ၄ဝ ရာခိုင်နှုန်း ပိုများ ပါတယ်။ ဒါကြောင့် အလုပ် လုပ်နေရသူ အမျိုးသမီး တွေအနေနဲ့  နှလုံးရောဂါထခြင်း မဖြစ်အောင် ၉ဝ ရာခိုင်နှုန်း နီးပါး ကာကွယ် ပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်စေမည့် အလေ့အထ ၁၁ မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 9:28am

လေ့လာမှုတွေအရ နှလုံးကို ကျန်းမာ ဖွံ့ဖြိုးစေမယ့် အကြောင်း အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အနီရောင် စားပါ

စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲသီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ်သီး၊ အနီရောင် ငရုတ်ကောင်းမှုန့်၊ ဝိုင်အနီရောင်နဲ့ စပျစ်သီး အနီရောင်လို အသီးတွေမှာ လိုင်ကိုပင်း (Lycopene) တွေ ပါဝင်ပြီး သစ်သီးအရောင်ကို ရင့်စေတဲ့ ကရိုတီနွိုက်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီအစားအစာတွေထဲမှာ စွမ်းအင်ပြည့် အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကာ နှလုံးကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ အင်တီအောက်ဆီးဒင့် အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်တာကြောင့် နှလုံးရောဂါသည်တွေ အတွက် အကောင်းဆုံး အာဟာရပါလို့ လေ့လာသူတွေက ဆိုပါတယ်။

ကမ္ဘာတစ်ဝန်းမှ အဆီလျှော့ချရေး လျှို့ဝှက်ချက်များ

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 8:34am

ခန္ဓာကိုယ်မှာ အဆီပိုတွေကင်းပြီး သွယ်လျ လှပစေဖို့အတွက် နေ့စဉ်စားသောက်တဲ့ နည်းလမ်းတွေက အရေးပါပါတယ်။  ဒါကြောင့် နိုင်ငံအသီးသီးက ကျင့်သုံးကြပြီး တကယ်ထိရောက်မှုရှိကာ လွယ်လည်းလွယ်ကူတဲ့ အဆီလျှော့ချရေး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရွယ်တင် နုပျိုစေမည့် သဘာဝ နည်းလမ်း ၁၀

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 10:06am

အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေ ချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

နုပျိုကာ အရွယ်တင်စေရန် စားသင့်သော အာဟာရများ

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 10:21am

နုပျိုကာ လှပစေဖို့အတွက် အစားအသောက်တွေကလည်း အရေးပါနေပါတယ်။
သုတေသနတွေအရ လေ့လာထားတဲ့ အောက်ပါ သဘာဝ အစားအစာတွေဟာ အနာကျက်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာ အသားအရေကို နုပျိုကာ အရွယ်တင် လှပစေပါတယ်။

Wednesday 29 January 2014

တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 4:25am

တချို့ ဟင်းသီးဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမိုအာနိသင်ရရှိစေပါတယ်။

ခရမ်းချဉ်သီးနှင့် ထောပတ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမိုကောင်းမွန် အောင် ပံ့ပိုးပေးနိုင်ပါတယ်။

သွေးတိုးအတွက်သဘာဝ ဆေးနည်း

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 4:21am


လူအတော်များများမှာ အသက်အရွယ် ရလာတဲ့အခါ များသောအားဖြင့် သွေးတိုးရောဂါ ဖြစ်လေ့ရှိတတ်ကြပါတယ်။ စာရေးသူကိုယ်တိုင် ခေါင်းတွေကိုက်ပြီး ဇက်ကြောတွေ တက်လို့ ဆေးခန်းသွားပြတဲ့အခါ သွေးတိုးရှိနေကြောင်းကို ပထမဆုံး သိရပါတယ်။
သွေးတိုးဝေဒနာရှင်များအနေနဲ့ မိမိကိုယ်တိုင် အလွယ်တကူ ဖော်စပ်ပြီး စားသုံးနိုင်တဲ့ ဆေးနည်းတစ်ဖုံကို စာရေးသူကိုယ်တိုင် ဖော်စပ်စားသုံးခဲ့ပြီးမို့ သွေးတိုးဝေဒနာရှင်များအတွက် ကိုယ်ချင်းစာစိတ်ထားပြီး ဖော်ပြပေးလိုက်ပါတယ်။

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 4:13am
 
အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။

အသက်ကြီးခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 29, 2014 at 8:36pm

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြပါတယ်။  အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

by #ပိုပိုဇော်(သဘာဝအားအင်)January 29, 2014 at 8:29pm

ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။

ခုနစ်ရက်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ ကျဆင်းနိုင်အောင်

by #ပိုပိုဇော်(သဘာဝအားအင်)January 29, 2014 at 5:12pm

အခုဖော်ပြမယ့် နည်းလမ်းဟာ ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက်  ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

Tuesday 28 January 2014

အသံတိတ် လူသတ်ရောဂါများအကြောင်း သိသင့်သော အချက် ၁၀

by #ပိုပိုဇော်(သဘာဝအားအင်)January 28, 2014 at 2:28pm
 
(၁) “အသံတိတ် လူသတ်ရောဂါ” ဆိုတာ ရောဂါလက္ခဏာ လုံးဝမပြတဲ့ ဒါမှမဟုတ် ရောဂါလက္ခဏာ နည်းနည်းပဲ ပြတဲ့ ရောဂါကို ဆိုလိုပါတယ်။  ဒီရောဂါတွေကို မကုသဘူးဆိုရင် သေဆုံးစေနိုင်ပါတယ်။

(၂) နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါတွေက အဓိက အသံတိတ် လူသတ်ရောဂါတွေ ဖြစ်ကြပါတယ်။

Monday 27 January 2014

အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 28, 2014 at 1:49pm
 
အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။  အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝဝ အိပ်ပါ။

မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

မွှေးပျံ့လန်းဆန်းသော အာခံတွင်း ပိုင်ဆိုင်နိုင်စေရန်

by #ပိုပိုဇော်(သဘာဝအားအင်)January 28, 2014 at 11:15am

အောက်ပါမေးခွန်းတို့ကို ဖြေကြည့်ကာ သင့်ခံတွင်းနံ့ ထာဝစဉ် သင်းပျံ့နေစေဖို့ ဘာတွေ လိုအပ်သလဲ လေ့လာကြည့်ရအောင်...။

၁။  လူဦးရေရဲ့ ဘယ်နှရာခိုင်နှုန်းက မကြာခဏ ခံတွင်းနံ့ နံနေတတ်သလဲ။

(က) ၅၀ ရာခိုင်နှုန်း
(ခ) ၂၀ ရာခိုင်နှုန်း
(ဂ) ၁၀ ရာခိုင်နှုန်း
(ဃ) ၂ ရာခိုင်နှုန်း

အဖြေ = (က)  

လူနှစ်ယောက်မှာ တစ်ယောက်နှုန်းက သူတို့ ဘဝရဲ့ အသက် အပိုင်းအခြား တစ်ခုမှာ မကြာခဏ ခံတွင်းနံ့ နံမှုကို ရင်ဆိုင်ဖူးကြပါတယ်။ ကလေးငယ်တွေရဲ့ ခံတွင်းနံ့ကတော့ နံမနေတတ်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ကလေးငယ်တွေဟာ တံတွေး၊ သွားရည်များစွာ ထွက်ရှိတတ်သလို အစားအစာ အကြွင်းအကျန်တွေ ကပ်ငြိနေမယ့် သွားတွေလည်း မရှိတာကြောင့်ပါ။ ဒါ့အပြင် လူကြီးတွေလို ခံတွင်းနံ့ နံစေတဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ လုံးဝမရှိတာကြောင့် ကလေးငယ်တွေမှာ ခံတွင်းနံ့ မနံတတ်ပါဘူး။

အလွယ်ကူဆုံး ဝိတ်ချနည်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 28, 2014 at 10:47am

ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ်အလေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဘဝနေထိုင်မှုပုံစံ လိုအပ်ပါတယ်။ ကျန်းမာတဲ့ဘဝနေထိုင်မှုဖြစ်ဖို့ လေ့လာကြည့်ပါ။

Friday 24 January 2014

အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ

by #ပိုပိုဇော်(သဘာဝအားအင်)January 25, 2014 at 11:44am

လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။  အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။

အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း

အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့ မပျော်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

by #ပိုပိုဇော်(သဘာဝအားအင်)January 25, 2014 at 11:01am

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။

ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။

မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်

by #ပိုပိုဇော်(သဘာဝအားအင်)January 25, 2014 at 10:10am

၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင်အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေများစွာ ပါဝင်ပြီး မုန်လာဥ  (Beetroot)  မှ  ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြောငယ်တွေ သွေးယိုစိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် Retinopathy  (မျက်စိ မမြင်ရတဲ့ အကြောင်းရင်းတစ်ခု) မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား ကျဆင်းနိုင်သည့် နည်းလမ်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 25, 2014 at 9:45am

သွေးတိုးရှိသူ အများစုမှာ ဆားလျှော့စားရုံလောက်နဲ့  သွေးဖိအား ကျဆင်းနိုင်ဖွယ် မရှိပါဘူး။  နှလုံးတိုက်ခိုက် ခံရတာကိုလည်း မကာကွယ်နိုင်ပါဘူး။ ဆားလျှော့စားတာဟာ ဆားကို Sensitive ဖြစ်သူတွေမှာသာ သွေးဖိအား ကျဆင်းနိုင်ပါတယ်။ ဒီလူတွေဟာလည်း သွေးတိုးရောဂါ ရှိသူထက်ဝက်ထက် လျော့နည်းပါတယ်။ သွေးဖိအား ကျဆင်းနိုင်တဲ့ နည်းအသစ်တွေကို UCLA မှ သုတေသီတွေက အောက်ပါအတိုင်း အကြံပေးထားပါတယ်။

စိတ်ဖိစီးမှုကင်းစင်စေမည့် အကောင်းဆုံးသဘာဝအစာ

by #ပိုပိုဇော်(သဘာဝအားအင်)January 25, 2014 at 8:05am
 
နေ့စဉ် ခံစားရနေတဲ့ စိတ်ဖိစီးမှုမှန်သမျှ ကင်းစင်စေဖို့ တစ်နေ့တာ စားသောက်တဲ့ အစာတွေထဲမှာ အောက်ပါသဘာဝ အစာလေးမျိုးကို ထည့်သွင်းစားသင့်ပါတယ်။

(၁) ငါး

စိတ်ဖိစီးမှု လျော့ကျစေဖို့ သင်စားတဲ့ အစာထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်အောင် ထည့်စားသင့်ပါတယ်။
ဒီမရှိမဖြစ်အဆီဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို လျော့ကျစေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ငါးအဆီဖြည့်စွတ်ဆေးကိုလည်း မှီဝဲပေးနိုင်ပါတယ်။ သဘာဝအစာကနေ အိုမီဂါ ၃ ဖက်တီးအက်စစ်ရရှိစေဖို့ တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ်ခန့် အဆီပါတဲ့ ငါးသုံးအောင်စ ဒါမှမဟုတ် သစ်ကြားသီး လက်တစ်ဆုပ်စာ ပမာဏကို စားပေးသင့်ပါတယ်။

နုပျိုလှပမူ့အတွက်သဘာဝပေါင်းတင်နည်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 24, 2014 at 1:04pm

ရတီကိုချစ်ကြတဲ့ ပျိုမေတို့ရေ….. ရတီမေတို့အတွက်မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေမှာ အရေးအကြောင်းတွေမဖြစ်အောင် ထိန်းသိမ်းရနိုင်မယ့်ပေါင်းတင်နည်းနဲ့ လက်သည်းလေးတွေအတွက် အကြံ ပြုချက်စသဖြင့်အတွက် အကြံဥာဏ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။  

အရေးအကြာင်းကင်းပြီး နုပျိုမှုကိုထိန်းသိမ်းပေးမယ့် ရှေးတရုတ်အမျိုးသမီးများ၏ မျက်နှာပေါင်းတင်နည်း

ယခုဖော်ပြမယ့်နည်းလမ်းကို ဘယ်အသက်အရွယ်မဆို သုံးစွဲနိုင်ပါတယ်။ ဒီနည်းလမ်းကိုသုံးစွဲခဲ့သူတွေဟာ အသက် ၅ဝ၊ ၆ဝ ရောက်တဲ့အထိအသားအရေ မတွန့်ခဲ့ကြ ဘူးလို့ သိရပါတယ်။ ရှေးတရုတ်အမျိုးသမီးများနဲ့ ချင်မင်းဆက်က သေဆုံးချိန်အထိ နုပျိုလှပခဲ့တဲ့ Cixiဘုရင်မ ကြိုက်နှစ်သက်တဲ့ အသားအရေထိန်းသိမ်းနည်း တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီမျက်နှာပေါင်းတင်နည်းကိုအလွယ်ကူဆုံး ပစ္စည်းအမယ်များနဲ့ပြောပြရရင်တော့ လိုအပ်တာက ကြက်ဥ ၃ လုံး၊ ဝိုင်နီနဲ့ ပျားရည်တို့ဖြစ်ပါ တယ်။

Wednesday 22 January 2014

ခေါင်းကိုက်ဝေဒနာ အတွက် အိမ်တွင်းကုထုံးများ

by #ပိုပိုဇော်(သဘာဝအားအင်)January 23, 2014 at 1:42pm

ခေါင်းကိုက်ဝေဒနာ ဖြစ်လာတဲ့အခါ မီးပိတ်ပြီး လှဲလှောင်းကာ အနားယူလိုက်ရုံ၊ အကိုက်အခဲပျောက်ဆေးကို သောက်လိုက်ရုံနဲ့ သက်သာသွားတတ်ပေမယ့် ခေါင်းကိုက်ဝေဒနာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။

သင်မထင်မှတ်ထားသော သင့်အတွက် ကျန်းမာရေး ကောင်းစေမည့် အရာများ

by #ပိုပိုဇော်(သဘာဝအားအင်)January 23, 2014 at 1:32pm

တစ်ခါတစ်ရံ ကောင်းတယ်လို့ ထင်ထား တာတွေက မထင်မှတ်ဘဲ မကောင်းတာ ဖြစ်နေတတ်သလို မကောင်းဘူးလို့ ထင်ထားတဲ့ အောက်ပါ အရာတွေဟာ အမှန်တကယ် သင်ရဲ့ ကိုယ်နဲ့ စိတ်အတွက် ကောင်းစေ နိုင်တယ်လို့ သိရပါတယ်။

(၁) အညိုရင့်ရောင် ချောကလက်မှာ  ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်

အညိုရင့်ရောင် ချောကလက်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်ရုံ မကပါဘူး။ စိတ်ဓာတ် ကျဆင်းမှု လျော့နည်း စေနိုင်တဲ့ Endorphin နဲ့ Serotonin ကိုလည်း ထုတ်လုပ် ပေးပါတယ်။ အညိုရင့်ရောင် ချောကလက် စားတာကြောင့် အချို စားချင်စိတ်လည်း လျော့သွား နိုင်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ

by #ပိုပိုဇော်(သဘာဝအားအင်)January 23, 2014 at 1:18pm

Asthma ဆိုသော ဝေါဟာရမှာ ရှေးဂရိဘာသာစကားဖြစ်ပြီး၊ Panting or Short drawn breath(ခေါ်)တိုတောင်းလျှင်မြန်စွာ အ သက်ရှုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတဲ့ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်ရဲ့ တုန့် ပြန်မှုက အသက်ရှုလမ်းကြောင်းမှာ ပြသနာအကြီးကြီးဖြစ်စေပါတော့တယ်။ ကလေး/လူကြီး၊ ကျား/မ မရွေးဖြစ်တတ်ကာ၊ အများအားဖြင့် မိဘမျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိပါတယ်။ ညသန်းခေါင်(သို့ မဟုတ်)နံက်လင်းအားကြီး အချိန်တွေမှာ ရောဂါထလေ့ ရှိပြီး၊ ချွေးေ စး များထွက်ကာ တရွှီရွှီမြည်အသက်ရှူကျပ်ခြင်းကြောင့် အလွန်ပင်ပန်းလှသလို၊ ရောဂါ ခံစားနေရသူကိုကြည့်၍ ဘေးမှမြင်ရ/ကြားရ သူအဖို့ လည်း စိတ်မသက်သာလှပေ။

Tuesday 21 January 2014

အရေပြားကို ဖျက်ဆီးတတ်သော အဓိက အကြောင်းရင်း ၁၇ ချက်

by #ပိုပိုဇော်(သဘာဝအားအင်)January 22, 2014 at 3:36am

၁။ ကမ်းခြေ၊ ပင်လယ်ပြင်နဲ့ နေပူတဲ့ ခရီးတွေ သွားချိန်မှာ နေရောင်ကို ကာကွယ်နိုင်တဲ့ Sun Cream ကို  အသုံးမပြုဘဲ အပြင်ထွက်ခြင်း။

၂။ ဆေးလိပ်နဲ့ စီးကရက် သောက်သုံးတတ်ခြင်း၊ ဒါမှမဟုတ် ဆေးလိပ် သောက်သုံးတတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း။

၃။ အရက်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်တွေကို အလွန်အကျွံ သောက်သုံးတတ်ခြင်း။

တစ်နေ့တာ ပိုမို အဆင်ပြေလာစေမည့် နည်းလမ်း (၁၀)မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 22, 2014 at 3:08am

သင့်တစ်နေ့တာကို အခုထက် ပိုမို အဆင်ပြေစေချင်သလား။ ငါးမိနစ်ပဲ အချိန်ပေးဖို့ လိုပါတယ်။  အလုပ်များလှတဲ့ နေ့ရက်တွေအတွင်း တစ်နေ့တာ ပိုမို အဆင်ပြေလာစေဖို့ လုပ်သင့်တဲ့ အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) အိပ်ခန်းကို သာယာအောင် ပြင်ဆင်ပါ  

နံနက် မိုးလင်းလာချိန်မှာ စိတ်ကြည်လင် လန်းဆန်းစေဖို့ အိပ်ခန်းက ရှင်းလင်း နေသင့်ပါတယ်။ တစ်နေ့မှာ အချိန် ငါးမိနစ်လောက် ပေးပြီး အိပ်ခန်းကို ရှင်းလင်းလိုက်ရင် နံနက်အချိန်က စပြီး တစ်နေကုန် စိတ်ဖိစီးမှု လျော့ကျကာ စိတ်ခံစားမှုနဲ့ စွမ်းအင်အဆင့် မြင့်တက်နေပါလိမ့်မယ်။

ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေး ဝေဒနာများ

by #ပိုပိုဇော်(သဘာဝအားအင်)January 22, 2014 at 2:32am

သင့်ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်တာကြောင့် အောက်ပါ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။

ရိုးဆစ်ကိုက်ခဲနာကျင်ခြင်း

ရေဓာတ်ခန်းခြောက်တာကြောင့် ပထမဆုံး တွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီလို ကိုက်ခဲတာကြောင့် အဆစ်တွေကိုလည်း နာကျင် ကိုက်ခဲစေနိုင်ပါတယ်။ ရေဓာတ် အလုံအလောက် ရှိမှသာ ခန္ဓာကိုယ်ထဲက အဆိပ်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေရင် ဦးနှောက်ဟာ နာကျင်မှုကို အချက်ပြလေ့ ရှိပါတယ်။ ဒါကြောင့် အရိုး၊ အဆစ်နဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်ရတာ ဖြစ်ပါတယ်။

ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 22, 2014 at 2:03am

ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင်ကြပါတယ်။ လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။

(၁) အစာကြေစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိစေပါဘူး။

ဗီတာမင်ဒီကို ဘာကြောင့် လိုအပ်သလဲ

by #ပိုပိုဇော်(သဘာဝအားအင်)January 22, 2014 at 1:37am

ဗီတာမင်ဒီဟာ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်စ် စုပ်ယူရေးနဲ့ ဇီဝရုပ် ဖြစ်ပျက်မှုတို့အတွက် အရေးပါ ပါတယ်။  ကယ်လစီယမ်နဲ့ ဗီတာမင်ဒီတို့ဟာ လုပ်ငန်းအမျိုးမျိုး၊ အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရိုးတည်ဆောက်မှုတို့ကို လုပ်ဆောင်ပါတယ်။

- ဗီတာမင်ဒီဟာ ကိုယ်ခံစွမ်းအားစနစ် ဟန်ချက်ညီမျှရေးအတွက် အရေးပါ ပါတယ်။

- အအေးမိတာလို ဝေဒနာတွေ ကင်းစေဖို့ ကိုယ်ခံစွမ်းအားစနစ် ကောင်းအောင် ဗီတာမင်ဒီက လုပ်ဆောင်ပေးတယ်လို့ ကော်လိုရာဒို ဆေးတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 22, 2014 at 1:00am

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။

Monday 20 January 2014

အစားရှောင်နေရသော သက်ကြီးများအတွက် ဖြေရှင်းနည်း ၁၀ နည်း

by #ပိုပိုဇော်(သဘာဝအားအင်)January 21, 2014 at 12:59pm


၁။ ဂရိတ်ဖရုသီးနဲ့ သောက်နေတဲ့ ဆေးတွေ မတည့်ခဲ့ရင်

တချို့အစားအစာတွေ၊ သစ်သီးတွေက သင်သောက်သုံးနေရတဲ့ ဆေးတွေရဲ့ အာနိသင်ကို နှောင့်ယှက် တတ်ပါတယ်။ ဂရိတ်ဖရုသီးက သွေးပေါင်ကျဆေး၊ စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးတွေနဲ့ ဓာတ်ပြုမှု ရှိတာကြောင့် ဒီဆေးတွေ သောက်ထားတဲ့အခါ ဂရိတ်ဖရုသီးစားတာ၊ ဖျော်ရည်သောက်တာတွေ မလုပ်သင့်ပါ။ ဂရိတ်ဖရုသီးမှာ ဗီတာမင်စီနဲ့ ပိုတက်စီယမ်တွေ ပါဝင်တယ် ဆိုပေမယ့် ဂရိတ်ဖရုသီးအစား လိမ္မော်သီးနဲ့ ရှောက်သီးတွေကို စားသုံးနိုင်ပါတယ်။

အိပ်ရာမဝင်ခင် အာဟာရ မှီဝဲမှုနှင့် ပတ်သက်၍ သိကောင်းစရာ

by #ပိုပိုဇော်(သဘာဝအားအင်)January 21, 2014 at 12:05pm

ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ အစာက စွမ်းအင်ပေးနိုင်တာကြောင့် တစ်နေ့တာ လုပ်ရမယ့် လုပ်ဆောင်မှုတွေကို အဆင်ပြေပြေ လန်းလန်းဆန်းဆန်း လုပ်နိုင်စေ ပါတယ်။  အစားအသောက်က အိပ်စက်မှုမှာလည်း အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။ အိပ်ရာမဝင်ခင်မှာ သင့်တော်တဲ့ အာဟာရ မှီဝဲမှုကြောင့် သင့်ကို အလွယ်တကူ အိပ်မောကျစေနိုင်သလို ရွေးချယ်တဲ့ အစာမမှန်တာကြောင့်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ပုန်းကွယ်နေသည့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို အောင်နိုင်မှု ရှိစေရန်

by #ပိုပိုဇော်(သဘာဝအားအင်)January 21, 2014 at 10:36am

နှလုံးရောဂါနဲ့ ပတ်သက်လာရင် လူအများစုဟာ ကိုလက်စထရောကိုသာ ဂရုစိုက်တတ်ကြပါတယ်။  ခန္ဓာကိုယ်ရဲ့ အဆီတစ်မျိုးဖြစ်တဲ့ ထရိုင်ဂလစ်စရိုက (TGs) ခေါ်တဲ့ မကောင်းတဲ့ အဆီကလည်း နှလုံးရောဂါအတွက် အထူး အရေကြီးပါတယ်။ မကောင်းတဲ့အဆီ (TGs) တွေ များလွန်းနေရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများသွားပါတယ်။ သွေးအတွင်း မကောင်းတဲ့အဆီ (TGs) အဆင့် ထက်ဝက်လောက် ကျဆင်းအောင် ၁၅ မိနစ်ခန့်သာ အချိန်ယူပြီး အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

by #ပိုပိုဇော်(သဘာဝအားအင်)January 21, 2014 at 10:05am

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းသည့် အကြောင်းရင်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 21, 2014 at 8:59am

(၁) စိတ်ကျဝေဒနာ

စိတ်ကျဝေဒနာသည် ကမ္ဘာနှင့် အ၀ှမ်းခံစားနေကြရသည့် ရောဂါတစ်မျိုးဖြစ်ပြီး ၀မ်းနည်းခြင်း၊ စိတ်မွန်းကျပ်ခြင်း၊ စိတ်တိုခြင်းတို့ကြောင့် နေ့စဉ်လုပ်ငန်းများ ထိခိုက်စေသည်။ အစာစားချင်စိတ်ကိုပါ ပျက်ယွင်းစေသောကြောင့် ရုတ်တရက် ကိုယ်အလေးချိန်ကျစေသည်။

(၂) နာတာရှည် လေပြွန်ရောဂါ

နာတာရှည် လေပြွန်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း အတွင်းရောဂါပိုး ၀င်ရောက်လေ့ရှိပြီး မောပန်းခြင်း၊ ရင်ကျပ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်စေသည်။

ရုံးခန်းအတွင်းနေရင်း ရနိုင်သော ရောဂါ ခြောက်မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 20, 2014 at 3:32pm

ရုံးတွင်း အလုပ်လုပ်သူ အများစုဟာ သူတို့ရဲ့ စားပွဲမှာသာ အချိန် ကုန်ဆုံးကြတာ များပါတယ်။ ကွန်ပျူတာ၊ အင်တာနက်တွေ သုံးစွဲလို့ရတဲ့ ဒီကနေ့ အချိန်မှာ အလုပ်စားပွဲ ကြာကြာ ထိုင်ကြတာ ဆန်းတော့ မဆန်းပါဘူး။ အလုပ်စားပွဲမှာ အချိန်ကြာကြာ ထိုင်တာကြောင့် သင့်ကျန်းမာရေးကို ခြိမ်းခြောက်နေတယ် ဆိုတာကိုကော သင် သတိထားမိပါရဲ့လား။ ခါးနာတာ၊ မျက်လုံးညောင်းတာ၊ စိတ်ဖိစီးမှု များတာကြောင့် သင်ရဲ့ အိပ်တဲ့ပုံစံ ပြောင်းလဲလာတာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရုံးအတွင်း နေရင်း သင့်ကို ရောဂါ ရစေနိုင်တာတွေကို သိရှိနိုင်စေဖို့ ရေးသားလိုက်ပါတယ်။

ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 20, 2014 at 3:20pm

တစ်နေကုန် ပင်ပန်း နွမ်းနယ် နေပါသလား။ တစ်နေ့ ထက် တစ်နေ့ အားအင်ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ ပါသလား။ မကြာခဏ သမ်းဝေကာငိုက်မျည်း နေတတ် ပါသလား။ ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကိုရှာကာ အမြဲ သွက်လက် အားအင် ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကိုဖော်ပြလိုက်ပါတယ်။

Sunday 19 January 2014

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 20, 2014 at 10:53am

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။

သက်ရှည်ကျန်းမာဖို့ နေ့စဉ်မှီဝဲရမယ့် သက်စောင့်ဓာတ်(၆)မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 20, 2014 at 10:05am

အစားစားတာ ကျန်းမာဖို့ဖြစ်တယ်။ ကျန်းမာဖို့ဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်စာတွေကို စားရမယ်။ ဒီ အာဟာရဖြစ်စေတဲ့ အစားအစာတွေဟာ အသက်ရှင်ဖို့နဲ့ အသက်ရှည်ဖို့ ဖြစ်တယ်။ သင့်ကျန်းမာရေးကို အထွတ်အထိပ်မှာ ရှိစေမယ့်၊ အလွယ်တကူလည်း ရနိုင်တဲ့ အာဟာရဓာတ်စာတွေရှိတဲ့အကြောင်း သတင်းကောင်းပါးလိုပါတယ်။

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာအုပ်စု လေးမျိုး

by #ပိုပိုဇော်(သဘာဝအားအင်)January 20, 2014 at 8:59am

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နိုအက်စစ်တွေက ဆံပင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေပါပဲ။ ပရိုတင်းဓာတ် များများရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂ က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

Saturday 18 January 2014

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)January 19, 2014 at 4:21am

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်နဲ့ ကွတ်ကီးမုန့်တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။

ကျောက်ကပ် ပြဿနာမှ ကာကွယ်နိုင်အောင်

by #ပိုပိုဇော်(သဘာဝအားအင်)January 19, 2014 at 3:17am

မကြာခဏ မောပန်းတတ်တာနဲ့ လေပွတတ်တာဟာ ကျောက်ကပ် ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူထဲက ၄၁ သန်းဟာ ကျောက်ကပ်ပြဿနာနဲ့ ကြုံတွေ့နေကြရပြီး  မောပန်းတာ၊ မှတ်ဉာဏ် ကျဆင်းတာနဲ့ ခြေထောက် ဖောရောင်တာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ အောက်ပါတို့ဟာ ကျောက်ကပ်ပြဿနာ ဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တာကြောင့် ပြုလုပ်သင့်တဲ့ အကြောင်းအရာတွေပါ။ 

(၁) ကျောက်ကပ် ကျောက်တည်ခြင်း မဖြစ်အောင် အချဉ်အရသာရှိတဲ့ သစ်သီး စားပါ

ကျောက်ကပ်မှာ ကျောက်တည်တဲ့ ပြဿနာရှိရင် သေးငယ်တဲ့ အရွယ်ပမာဏ ကျောက်လေးတွေတောင် အညစ်အကြေး သန့်စင်နိုင်တဲ့ ပြွန်လမ်းကြောင်းလေးတွေကို ပိတ်ဆို့နိုင်တဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ကျောက်ကပ်က သန့်စင်နိုင်စွမ်း လျော့နည်း သွားနိုင်ပါတယ်။ ဗီတာမင်စီများစွာ ပါဝင်တဲ့ အချဉ်အရသာရှိတဲ့ သစ်သီး ဒါမှမဟုတ် ဘယ်ရီသီး တစ်ခွက်စာကို နေ့စဉ်စားသုံးရင် ကျောက်ကပ် ကျောက်တည်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ ဆွီဒင်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။အစားအစာမှ ရရှိတဲ့ ဗီတာမင်စီဟာ ကျောက်တည်စေနိုင်တဲ့ ပုံဆောင်ခဲ သေးသေးလေးတွေကို ပျော်ဝင်နိုင်တာကြောင့်ပါလို့ ဆိုပါတယ်။ 

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆီးသွားခြင်း၏ အံ့သြဖွယ်ရာ အချက်များ

by #ပိုပိုဇော်(သဘာဝအားအင်)January 19, 2014 at 1:06am

မကြာခဏ ဆီးမသွားပါနှင့်

မကြာခဏ ဆီးသွားလွန်း တာကြောင့်  ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။

လက်ဖျက်ရည်ကြမ်း သောက်ပါ

ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက် ရောက်မှု ကောင်းမွန် တယ်လို့ ဆိုပါတယ်။

ခါးမနာအောင် အိပ်စက်နည်းပုံစံ

by #ပိုပိုဇော်(သဘာဝအားအင်)January 19, 2014 at 12:36am

ခါးမနာအောင် အိပ်စက်နည်းပုံစံ နံနက်အိပ်ရာထတိုင်း ခါးနာပြီး ကိုက်ခဲနေရင်၊ မွေ့ရာကလည်း အသစ်ဖြစ်နေရင် သင်အိပ်တဲ့ ပုံစံ အနေအထားကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီလို့ Atlanta မှ ဒါရိုက်တာ စကော့က ဆိုပါတယ်။

ပက်လက်လှန်အိပ်တာက ခါးနဲ့ ကျောရိုးမကြီးကို သဘာဝမကျတဲ့ အနေအထားမျိုးဖြစ်စေပြီး ခါးကြွက်သား၊ အဆစ်နဲ့ အာရုံကြောတွေပေါ် ဒဏ်သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာက နိုးထတိုင်း ခါးမနာအောင် အောက်ပါအတိုင်းအိပ်ပါ။

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်း

by #ပိုပိုဇော်(သဘာဝအားအင်)January 18, 2014 at 11:58pm

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိ သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါ တယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထား တဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပိုကိုယ်အလေးချိန်တွေ လျော့ကျစေ ဖို့လုပ်ဆောင်ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ် လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ြွကက်သားတွေ သန်စွမ်း အောင် အိပ်ထမတင်လေ့ကျင့်ခန်း၊ အ လေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ က အကောင်းဆုံးနည်းပါ။ ဒါက ကိုယ် အလေးချိန်ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်

လိမ္မော်သီးရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်

by #ပိုပိုဇော်(သဘာဝအားအင်)January 18, 2014 at 11:15pm

ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်

လိမ္မော်သီးတစ်လုံးဟာ တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ရဲ့ ၁၁၆.၂%ကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းရှိပြီး အအေးမိခြင်း၊ နားပြည်ပိုးဝင်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။  

Friday 17 January 2014

လေဖြတ်ခြင်းမှ ကာကွယ်နိုင်အောင်

by #ပိုပိုဇော်(သဘာဝအားအင်)January 18, 2014 at 12:06am

သင်ရဲ့ ကိုလက်စထရောကို ပုံမှန်အဆင့်ရောက်အောင် ထိန်းထားနိုင်တာကြောင့် လေဖြတ်တာကို ကာကွယ်နိုင်တယ်လို့ သင်ထင်နေပါသလား။ နယူးယောက် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ လေ့လာမှုအရ ကိုလက်စထရောဟာ လေဖြတ်တာအပေါ် ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။ လေဖြတ်တာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဟာ ထရိုင်ဂလစ်စရိုက် အဆီကြောင့်ပါ။ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆင့်ကို ပုံမှန်ဖြစ်အောင် ထားနိုင်မယ်ဆိုရင် လေဖြတ်နိုင်ခြေ ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အောက်ပါအတိုင်း ပြုလုပ်ပါ။