Wednesday 8 January 2014

ဇင့်ဓာတ်ပါဝင်သော အစားအစာများက ဆီးချိုသွေးချိုရောဂါမှာ အသုံးဝင်

by #ပိုပိုဇော်(သဘာဝအားအင်)January 9, 2014 at 3:58am

ဇင့်ဓာတ်ဟာ ခုခံအားစနစ်ကို ထိန်းသိမ်းပေးခြင်း၊ အသားဓာတ် ပရိုတင်းကို ဖွဲ့စည်းခြင်း၊ အင်ဇိုင်းများ ထုတ်လုပ်မှုအားပေးခြင်းနဲ့ ဒီအင်အေ စတင်တည်ဆောက်မှုမှာ ပါဝင်ခြင်းစသော အာနိသင်တွေရှိနေတဲ့ သတ္ထုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဲဒါတွေအပြင် ဆီးချိုသွေးချိုရောဂါမှာလည်း အသုံးဝင်တဲ့အကြောင်းကို လေ့လာမှုတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဇင့်ဓာတ်ဟာ ဆီးချိုသွေးချို ရောဂါရှင်များမှာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုသွေးချို ဝေဒနာရှင်တွေဟာ ဇင့်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသင့်ကြောင်း ဖော်ပြလိုပါတယ်။


ပင်လယ်စာ

ပင်လယ်ကဏန်း၊ ကမာစတဲ့ အစားအစာတွေမှာ ဇင့်ဓာတ် ကြွယ်ဝနေပြီး အိုမီဂါ၃အဆီဓာတ်လည်း ပါဝင်မှုများပါတယ်။ ဒါ့အပြင် ကစီဓာတ်ကိုမတက်စေနိုင်ခြင်း၊သွေးတွင်းဂလူးကိုစ့် မြင့်တက်ခြင်းကို ကာကွယ်နိုင်ခြင်းတွေလည်း ပင်လယ်စာတွေမှာ ရှိနေပါတယ်။  

ဟင်းနုနွယ်

ဟင်းနုနွယ်ရွက် စိမ်းစိမ်းလေးဟာ ကယ်လိုရီနဲ့ ကစီဓာတ်ပမာဏ အလွန်နည်းပါးတာကြောင့် ဆီးချို ဝေဒနာရှင်တွေရွေးချယ်သင့်တဲ့ ထိပ်တန်း ဟင်းသီးဟင်းရွက်ပဲ ဖြစ်ပါတယ်။  

အစေ့အဆန်များ

သစ်ကြားစေ့၊ ဗာဒံစေ့၊ မြေပဲ စတဲ့ အစေ့အဆန်များကို သင့်တင့်မျှတတဲ့ ပမာဏစားသုံးပေးရင် သွေးတွင်းအချိုဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုလက်စတီရော ထုတ်ပယ်ထားတဲ့ အစေ့အဆန်များကို ရွေးချယ်ဝယ်ယူ ဖို့တော့ လိုပါလိမ့်မယ်။

ဖရုံသီး

ဖရုံစေ့မှာ ဇင့်ဓာတ်မြင့်မားစွာ ပါဝင်နေပါတယ်။ ဖရုံစေ့ဟာ အမျိုးအစား-၁ ဆီးချိုသွေးချိုရောဂါရှင်တွေရဲ့ အင်ဆူလင်ထိုးနှံရမှု ပမာဏ ကိုလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဖရုံသီးကို စားသုံးပေးမယ်ဆိုရင် ကိုယ်ခန္ဓာထဲက အင်ဆူလင်ထုတ်လုပ်မှုကို မြင့်တက်စေပြီး ပျက်စီးနေတဲ့ ပန်ကရိယဆဲလ်များကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

သက်ကို
ref: ANI
photo copy from google search
 credit to >>>Health Updates Journal No. 99

No comments:

Post a Comment