Sunday 5 January 2014

ဦးနှောက်ကျန်းမာဖွံ့ဖြိုးမှု့ အတွက် အစားအသောက်များ

by ပိုပိုဇော်(သဘာဝအားအင်)January 6, 2014 at 6:19am

လူ့ဦးနှောက်ဟာ နေ့စဉ် စားသုံးတဲ့ အစားအစာ ကယ်လိုရီရဲ့  ၂၀ ရာခိုင်နှုန်း ကို ဆုပ်ယူ သုံးစွဲ ပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်စားသောက်တဲ့ အစားအစာတိုင်းဟာ မိမိ မှတ်ဥာဏ်နဲ့ ဦးနှောက်ကျန်းမာ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်။ ဦးနှောက်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အစားအစာအချို့ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ Grain

ဆန်၊ဂျုံ နဲ့ ဆက်စပ် အစားအစာများက အကောင်းဆုံးပါပဲ။ တကူးတက ရှာစားစရာတောင် မလိုပါဘူး။ နေ့စဉ်စားသုံးမှုမှာ ပါဝင်နေပြီး သွေးထဲမှာ ဂလူးကိုစ့်ဓာတ် တိုးစေပါတယ်။ ယင်း ဂလူးကိုစ့်များက ဦးနှောက် များထိ လည်ပတ် စီးဆင်းပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။


၂။ ငါး

ငါးထဲမှာကိုမှ အဆီများတဲ့ငါးမျိုးက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ငါးဆီဟာ EPA, DHA လို့ခေါ်တဲ့ ဓာတ်မျိုး ပါဝင်ပြီး ဆေးတောင် တကူးတက သောက် စရာ မလိုပါဘူး။ သူက အယ်လ်ဇိုင်းမား ၊ ဦးနှောက်တစ်ခြမ်းသေ နဲ့ ဆက်စပ်ရောဂါများကိုကာကွယ်ပြီး မှတ်ဥာဏ်လည်း တိုးစေပါတယ်။

၃။ စပျစ်သီး

စပျစ်သီးကို ပုံမှန်စားသုံးဖို့ တိုက်တွန်းထားပါတယ်။ သူက အတိုမှတ်ရမယ့် မှတ်ဥာဏ်များကို မှတ်သားပေးမှုမှာ အားကောင်းစေပြီး အခြားသော လုပ်ဆောင်ချက်များလည်း ရှိနေပါသေးတယ်။

၎။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက Lycopene ဟာ သဘာဝအလျောက် Antioxidant ဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်ပါတယ်။ တစ်ခုခုရယ်ကြောင့်မို့ ဦးနှောက်ကို ထိခိုက်ရင်တောင် သူက ဆဲလ်တွေ ပြန်ရှင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

၅။ ဗီတာမင် ဘီ

ဗီတာမင် ဘီ ဓာတ်ကြွယ်တဲ့ အစားအစာအားလုံးက ဦးနှောက်ကျန်းမာရေး အတွက် အကျိုးပြုပါတယ်။ ဘီအပြင် ဗီတာမင် ဘီ-၆၊ ဘီ ၁၂၊ ဖိုးလစ် အက်ဆီ တို့လို ဆက်စပ်ဗီတာမင်များလည်း ထိုနည်းတူ ဖြစ်ပြီး ဦးနှောက်နဲ့ ဆက်စပ်ရောဂါကို ကုသတဲ့အခါလူနာကို B6,B12 ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို မှီဝဲခိုင်းပါတယ်။ ဥပမာ - ပဲ၊ပြောင်း၊ ငှက်ပျော တို့လို အစားအစာများ ဖြစ်ပါတယ်။

၆။ ဗီတာမင် စီ

ဗီတာမင် စီ ဓာတ်အများစုက သစ်သီးများက ရရှိပါတယ်။ ယင်းဓာတ်က ဦးနှောက်ရဲ့  တုန့်ပြန်မှုအား ကောင်းစေ ပြီး လန်းဆန်းစေပါတယ်။

၇။ ရွှေဖယုံသီး

ရွှေဖယုံသီးလို့ အစားအစာဟာ သံဓာတ် ပြည့်ဝပြီး မှတ်ဥာဏ်ကောင်း လို့ တွေးခေါ်မှု စွမ်းရည် မြင့်တင် ပေးပါတယ်။

၈။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ဗီတာမင် ကေ ဓာတ်ပြည့်ဝပြီး ဦးနှောက်စွမ်းရည် မြင့် တင်ပေးလို့ စာပေ သင်ယူလေ့လာမှု၊ ကျက်မှတ်မှု၊ မှတ်သားမှု ဥာဏ်ကောင်းစေပါတယ်။

၉။ ကလျာဏီပင်

Sage လို့ခေါ်တဲ့ ကလျာဏီပင်မျိုး တစ်ခုရှိပါတယ်။ သူက အသားဟင်းချက်ရာမှာလည်း ထည့်သုံးနိုင်တဲ့ အရွက်တစ်မျိုး ဖြစ်ပြီး မှတ်ဥာဏ်အား တိုးစေတယ်လို့ ဆိုပါတယ်။

၁၀။ ဝက်သစ်ချသီး

ဝက်သစ်ချသီး တစ်မျိုးတည်း မဟုတ်ပါဘူး။ ဟေဇယ်သီး၊ သစ်အယ်သီးတို့ လို အစေ့ အစားအစာများကို အသက်ကြီးသူမျး စားသုံးဖို့ အမေရိကန် ဆေး ပညာရှင်များက တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယင်းအစေ့များဟာ ဗီတာမင် အီး ဓာတ် ကြွယ်ဝပြီး အသက်ကြီးတဲ့ ဦးနှောက်လုပ်ဆောင်ချက် နှေးကွေးသွားမှုကို ပြန်လည် မြင့်တင်ပေးပါတယ်။

အောင်ခမ်း
Ref: medic-facts
photo copy from google search
credit to >>International news for myamar

No comments:

Post a Comment