Friday 10 January 2014

ကြက်ဥ စားမယ် ဆိုရင်

by #ပိုပိုဇော်(သဘာဝအားအင်)January 11, 2014 at 3:20am

ကြက်ဥ များဟာ ထူးခြား သော အာဟာရ ဓာတ်များ နှင့် သိပ်သည်း ပြည့်ဝလျက်ရှိသည့် စားစရာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥထဲမှာ အသား ဓာတ် ကောင်းကောင်း ပါဝင်တယ်။ ချက်ပြုတ်ကြော်လှော်ရန် လွယ်ကူ တယ်။

ကြက်ဥအနှစ် (Yolk) ထဲမှာ အဆီတွေ ပါဝင်နေတာမှန်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ ကြက်ဥအကာတွေကိုသာ စားရမယ်လို့ အဓိပ္ပာယ်ဆိုလိုခြင်း မဟုတ်ပါ။ အဆီအမျိုးအစားတွေ အားလုံး ပါဝင်သည့်နည်းတူ ကြက်ဥအနှစ်ထဲမှာ ကြက်ဥတစ်ဥလုံး၏ အသားဓာတ် ၃ ပုံ ၂ပုံလည်း ပါဝင်နေတာ ဖြစ်ပါ တယ်။

ဒါ့အပြင် ကြက်ဥအနှစ်ထဲမှာ ပဲ ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် Antioxidants များ ပါဝင်နေ တာဖြစ်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်၊ ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် E တို့ ပါဝင် ပါတယ်။ ကြက်ဥအကာထဲမှာတော့ ဗီတာမင် B ပမာဏအနည်းငယ်မျှသာ ပါဝင်ပြီး ပိုတက်စီယမ်၊ ကြက်ဥ တစ်ဥလုံးမှာပါဝင်တဲ့ အသား ဓာတ်၏ ၃ ပုံ ၁ ပုံသာ ပါဝင်ပါတယ်။


ဒါ့ကြောင့် ကြက်ဥစားမယ်ဆိုရင်အနှစ်ရောအကာပါ တစ်ဥလုံးကိုပဲစားလိုက်ပါ။ ကောင်းခြင်း အဖြာဖြာတွေအားလုံး တစ်ခါတည်းနဲ့ ရရှိသွားပါလိမ့်မယ်။

မောင်
Ref : R.D March 2012
photo copy from google search
credit to >>Health Digest

No comments:

Post a Comment