Friday 17 January 2014

လေဖြတ်ခြင်းမှ ကာကွယ်နိုင်အောင်

by #ပိုပိုဇော်(သဘာဝအားအင်)January 18, 2014 at 12:06am

သင်ရဲ့ ကိုလက်စထရောကို ပုံမှန်အဆင့်ရောက်အောင် ထိန်းထားနိုင်တာကြောင့် လေဖြတ်တာကို ကာကွယ်နိုင်တယ်လို့ သင်ထင်နေပါသလား။ နယူးယောက် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ လေ့လာမှုအရ ကိုလက်စထရောဟာ လေဖြတ်တာအပေါ် ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။ လေဖြတ်တာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဟာ ထရိုင်ဂလစ်စရိုက် အဆီကြောင့်ပါ။ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆင့်ကို ပုံမှန်ဖြစ်အောင် ထားနိုင်မယ်ဆိုရင် လေဖြတ်နိုင်ခြေ ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အောက်ပါအတိုင်း ပြုလုပ်ပါ။


၁။ ဗီတာမင်အီး မှီဝဲပါ

မကြာခင်က လေ့လာမှုအရ Tocoterienols အမျိုးအစား ဗီတာမင်အီးကို နေ့စဉ် ၁၂၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်း၊ အူနဲ့ အဆီဆဲလ်တွေမှ ထရိုင်ဂလစ်စရိုက် (TG) ထုတ်လုပ်မှု နှေးကွေးသွားပြီး TG အဆင့် ၂၈ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ Tocoterienols  ဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တာကြောင့် အစာမရှိဘဲ မှီဝဲမယ့်အစား အစာနဲ့အတူ မှီဝဲရင် စုပ်ယူနှုန်း နှစ်ဆခန့် မြင့်မားနိုင်ပါတယ်။

၂။ လက်ဖက်ရည်ကြမ်း (White Tea) သောက်ပါ

လက်ဖက်ပင်မှ White Tea ဖြစ်အောင် ပြုလုပ်ရာမှာ လုပ်ရတဲ့ လုပ်ငန်းစဉ် နည်းတာကြောင့် အပင်ဒြပ်ပေါင်းရဲ့ အကျိုးအာနိသင်တွေ ပိုမိုရရှိကာ အသည်းအတွက် အာဟာရဖြစ်စေပြီး TG ထုတ်လုပ်မှုကိုလည်း စိစစ်ပေးနိုင်ပါတယ်။ နေ့စဉ် ၁၆ အောင်စခန့်  White Tea သောက်တာကြောင့် ၂၄ နာရီအတွင်း TG  မြင့်တက်မှုကို ရပ်တန့်စေနိုင်ပါတယ်။ ဆိုဒါပါဝင်တဲ့ အချိုရည်တွေ အများကြီး သောက်သုံးတတ်သူတွေ အနေနဲ့ White Tea ကို သောက်သုံးသင့်ပါတယ်။ ခန္ဓာကိုယ်မှ ဆိုဒါကို စုပ်ယူမှု မြန်ဆန်ပြီး TG  အဆင့်တွေ မြင့်တက်လာတာကို White Tea မှ ညတွင်းချင်း ပြန်လည် လျှော့ချနိုင်ပါတယ်။

၃။ ပဲမုန့်စားပါ

ပဲပိစပ်မှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်း Isoflavones တွေဟာ အသည်းနဲ့ အဆီဆဲလ်အတွင်း TG ထုတ်လုပ်မှုကို ကန့်သတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပဲလှော်လက်တစ်ဆုပ်စာ ဒါမှမဟုတ် ပဲဟင်းကို နေ့တိုင်း စားတာကြောင့် ခြောက်ပတ်အကြာမှာ TG အဆင့် ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ကနေဒါမှ လေ့လာမှုအရ သိရပါတယ်။

၎။ လေ့ကျင့်ခန်းလုပ်ပါ    
  
လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ အလုပ်ပိုလုပ်ရပါတယ်။ ကြွက်သားတွေ အလုပ်ပိုလုပ်နိုင်ဖို့ လောင်စာအဖြစ် အဆီတွေ လိုအပ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို နေ့စဉ် မိနစ် ၃၀ ပုံမှန်ပြုလုပ်ရင် အဆီတွေ မြန်မြန်လောင်ကျွမ်းပြီး ညတွင်းချင်း TG အဆင့် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ပါတယ်။ သင်ဟာ ထိုက်ချိ၊ ယောဂ၊ ရေကူးတာ ဒါမှမဟုတ် စကားတပြောပြောနဲ့ လမ်းလျှောက်တာလိုမျိုး ခန္ဓာကိုယ်မှ ချွေးမထွက်တဲ့ လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်မယ်ဆိုရင် အကျိုးကျေးဇူး နှစ်ဆ ပိုရနိုင်တယ်လို့ ဂျု့တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာကြောင့် အဆီစာနဲ့ ကာဗိုဟိုက်ဒရိတ်စာတွေ စားချင်စိတ်များအောင် လှုံ့ဆော်နိုင်ပြီး သင်လောင်ကျွမ်းသွားတဲ့ အဆီထက် ကယ်လိုရီပိုပြီး အစာတွေ စားသုံးမိကာ ပိုလျှံနေတဲ့ အစာတွေဟာ သွေးကြောတွေ ပိတ်ဆို့နိုင်တဲ့ TG အဖြစ် ခန္ဓာကိုယ်တွင်းမှာ စုဆောင်းမိနိုင်ပါတယ်။

၅။ ထိုင်ရာမှ မကြာခဏ မတ်တပ်ရပ်ပါ

သင့်အလုပ်စားပွဲပေါ်မှ တစ်နာရီတစ်ခါ တစ်မိနစ်လောက် လမ်းထလျှောက်တာကြောင့် သင်ထိုင်ခုံပေါ်မှာ အကြာကြီး ထိုင်နေတာထက် သင်ရဲ့ TG  အဆင့် သိသိသာသာ ကျဆင်းနိုင်တယ်လို့ သြစတြေးလျမှ လေ့လာမှုအသစ်အရ သိရပါတယ်။ မကြာခဏ ထပြီး လှုပ်ရှားမှုလုပ်တာကြောင့်  TG တွေကို ထိန်းချုပ်ဖို့ အလွန်အကျိုးရှိတယ်လို့ ဆိုပါတယ်။ များများ ရွေ့လျားနိုင်ဖို့ လိုအပ်တဲ့ လောင်စာအတွက် TG တွေ ပိုမိုလောင်ကျွမ်းရလို့ပါ။

၆။ ဟင်းခတ်အမွှေးအကြိုင်ကို အသုံးပြုပါ

သင်စားတဲ့ ဟင်းတွေ၊ အထူးသဖြင့် ဆီပြန်ဟင်းတွေထဲမှာ ဂျင်း၊ ကြက်သွန်ဖြူ၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ နံနံပင်၊ ဇီယာ အစရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တဲ့ ဟင်းခတ်အမွေးအကြိုင် မဆလာတွေကို အသုံးပြုရင် TG အဆင့် ၃၃ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ပန်ပြည်နယ်မှ သုတေသီတွေက အကြံပေးထားပါတယ်။

Tip! - TG အဆင့် လျော့ကျစေနိုင်သည့် အားဖြည့်ဆေးဝါးများ

၁) အိုမီဂါ-၃၊   
၂) Niacin ဗီတာမင်ဘီ အမျိုးအစားဖြစ်ပြီး ဒီဆေးကို မှီဝဲတာကြောင့် TG အဆင့်ကို ထက်ဝက်ခန့် လျှော့ချနိုင်တဲ့အပြင် နှလုံးကို အကာအကွယ်ပေးတဲ့ ကောင်းတဲ့ ကိုလက်စထရောအဆင့် (HDL) အဆင့်ကို မြင့်မားစေနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
photo copy from google search
originally posted by Good Health
http://news.yatanarpon.com.mm/news/review-63787

No comments:

Post a Comment