Monday 13 January 2014

သိထားသင့်သော ဆီးချို သွေးချိုရောဂါအကြောင်း

by #ပိုပိုဇော်(သဘာဝအားအင်)January 13, 2014 at 8:59pm

ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဟော် မုန်းဓာတ်လုံလုံလောက်လောက် မထုတ်နိုင်၍သော်လည်းကောင်း၊ အင်ဆူလင်ထွက်ပေမယ့် အင်ဆူ လင် အာနိသင်နည်းရင်သော်လည်း ကောင်း၊ သွေးတွင်း သကြား ဓာတ် အစဉ်အဆက်များပြားနေခြင်း လည်းကောင်းတို့ကြောင့် ဖြစ်ပေါ် လာသော ရောဂါအစုအဝေး ကို ခေါ်ပါ တယ်။ ဆီးပဲချိုတာလား၊ သွေးလည်းချိုသေး လား။ဒီရောဂါကို ဂရိ၊ အေသင်စတဲ့ ဘက်မှာ BC 1500 မတိုင်ခင်ကတည်းက စတွေ့ခဲ့တာပါ။ Diabetes Mallitus ရဲ့ အဓိပ္ပာယ်က Diabetes ကရေတစ်လျှောက်၊ Mallitus ကချို ခြင်းလို့ အဓိပ္ပာယ် ရပြီး အဲဒီနှစ်ခုပေါင်းလိုက်တော့ Diabetes Mallitus လို့ ဆီးချို ရောဂါကို နာမည်ပေးခဲ့တာပါ။ ဆီး ထဲမှာ ဘယ်လောက်ပဲ ချိုနေနေ၊ သွေးထဲမှာ သကြားဓာတ်တွေ များ ပြားနေပြီး ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါ အားလုံးကို ထိခိုက်ပျက်စီးခြင်းက သွေးချိုဆိုတာ မှန်ကန်နေလို့ ဒီ ၁ဝ စုနှစ်နောက်ပိုင်းမှာမှ ဆီးချို ထဲမှာ သွေးချိုရောဂါ ဆိုတာ ထပ်ထည့်ပေး ခဲ့တာပါ။ အချို့တွေက ဒီရောဂါ ကို ရောဂါနှစ်ခုလို့ ထင်ကြတယ်။ ကျွန် တော်ကတော့ ဆီးချို ရောဂါရှိတယ်၊ သွေးမှာရော ချိုနေပြီလား စသည် ဖြင့်မေးကြတယ်။ အဓိကကတော့ သွေးထဲမှာ သကြား ဓာတ်တွေများ နေတာပါပဲ။ ဒီရောဂါကို ရှာဖွေ ဖော်ထုတ်တဲ့အခါမှာ သွေးထဲမှာ သကြားဓာတ် အစဉ်တစိုက်များပြား နေတာကို ဖော်ထုတ်ဖို့လိုပါတယ်။ ယခင်ခေတ်ကလို  Benedict’s Solution အပြာရောင်အရည်နဲ့စစ်ပြီး ဆီးအရောင်ပြောင်း တာကို ကြည့်ကု ရင်မှားပါလိမ့်မယ်။ ဆီးချို သွေးချိုဆိုပေမယ့် ကျွန်တော်တို့ က သွေးချို အတွက်ကိုပဲ ကုမှာ ဖြစ်ပါ တယ်။ ဆီးချိုသွေးချိုရောဂါကို ဖြစ် စေတာက Insulin  အင်ဆူလင် မရှိ လို့ပါ။


အင်ဆူလင်မရှိခဲ့ရင် သွေးချို ဓာတ် တွေဟာ အသည်းထဲကို စိမ့် မဝင်နိုင်ဘူး။ အသည်းထဲဝင်နိုင်ရင် လည်း အသည်းထဲမှာ သိမ်းပြီးသို လှောင် မထားနိုင်တော့ဘူး။ မသိမ်း ထားနိုင်တော့ အသည်းထဲကနေ သွေးထဲ ရောက်လာတယ်။ အသည်း ထဲက အထိန်းအကွပ်မရှိ ထွက်လာ တဲ့ သကြားဓာတ်တွေဟာ သွေးထဲ မှာ စုပုံလာပြီး
ဆီးချိုသွေးချိုရောဂါ ပေါ်လာတာပါ။

ဆီးချိုသွေးချိုရောဂါ အမျိုးအစား များ

ဆီးချိုသွေးချို အဓိက အမျိုး အစား ၄ မျိုးရှိပါတယ်။
၁။ အင်ဆူလင်ကို မှီခိုနေရသော ဆီးချိုသွေးချိုရောဂါ (IDDM)
၂။ အင်ဆူလင် မမီခိုသော ဆီးချို သွေးချိုရောဂါ (NIDDM)
၃။ အခြားအကြောင်းကြောင့် ဖြစ် လာသော ဆီးချိုသွေးချို ရောဂါ။
၎။ ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်လာ သော ဆီးချိုသွေးချိုရောဂါတို့ပဲ ဖြစ်ပါတယ်။

ယခုဖော်ပြရေးသားမှာက ကမ္ဘာမှာရှိတဲ့ ဆီးချို သွေးချိုရောဂါ ရှင် အများစုမှာတွေ့ရလေ့ရှိတဲ့ အမျိုးအစား ၂ အကြောင်းပါ။ အမျိုးအစား ၁ အကြောင်းလည်း အနည်းငယ် ပါပါမယ်။

အမျိုးအစား ၁ ဆီးချိုသွေးချို ရောဂါဆိုတာဘာလဲ။

အမျိုးအစား ၁ မှာ ပန်ကရိယ က အင်ဆူလင်ဟော်မုန်းကို လုံလုံ လောက်လောက်ထုတ်မပေးနိုင် တော့ဘူး။ ၉၅ ရာခိုင်နှုန်းလောက်ကို မထုတ်ပေးနိုင်တော့ဘဲ လုံးဝပျက်စီး သွားတဲ့လူမျိုးတွေမှာ ဖြစ်တယ်။အဖြစ်များတာကအသက် ၃ဝ အောက် လူငယ် လူရွယ်တွေမှာ အဖြစ်များတယ်။ ယေဘုယျအားဖြင့် ငယ်ငယ်ရွယ် ရွယ်တွေမှာ စဖြစ်ကြတယ်။ ဥရောပ နိုင်ငံတွေမှာ ဖြစ်တာများပါတယ်။ မြန်မာနိုင်ငံမှာက ဆီးချို၊ သွေးချို ရောဂါရှင် အယောက်တစ်ရာမှာ ၅ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်း လောက်ဟာ အမျိုးအစား ၁ တွေပါ။ ဒါကြောင့် အမျိုးအစား ၁ ကို အမျိုးအစား၂ ထက်ပိုနည်းပြီး တွေ့ ရတတ်ပါတယ်။

အမျိုးအစား ၂ ဆီးချို သွေးချိုရောဂါ ဆိုတာဘာလဲ။

အမျိုးအစား၂ မှာတော့ ပန်ကရိယကနေ အင်ဆူလင် ဟော် မုန်းထွက်တော့ထွက်တယ်။ ဒါပေမဲ့ ရှိသင့်ရှိထိုက်တဲ့ ပမာဏထက် နည်းနေသေးတယ်။ အင်ဆူလင်ရဲ့ အာနိ သင်ကို ဆန့်ကျင်တဲ့ အကြောင်းအချက်တွေ (Insulin resistance)  ခန္ဓာကိုယ်ထဲမှာ ပေါ်လာလို့ ဖြစ်တာကို အမျိုးအစား ၂ လို့ခေါ်ပါတယ်။ အဖြစ်များတာက အသက်ကြီးပိုင်း၊ ၃ဝ နှစ် အောက်ပိုင်းမှာပိုဖြစ်ဖို့ အလား အလာများပါတယ်။ ဆီးချိုသွေးချိုလူနာ ၉၅ ရာခိုင် နှုန်းကျော်ဟာ အမျိုးအစား ၂ ဆီးချိုရောဂါရှင်များသာ ဖြစ်ပါ တယ်။

အမျိုးအစား ၂ ရောဂါဟာ အသက် ကြီးမှ ဖြစ်တာလား။

ဆီးချို သွေးချိုရောဂါ အမျိုး အစား ၂ ကို အသက်ကြီးမှ ဖြစ် တယ်လို့ ထင်ခဲ့ကြပေမယ့်၊ အရှေ့ တောင်အာရှမှာ လူနာစစ်တမ်း ကောက်ကြည့်ချက်အရ ငယ်ငယ် ရွယ်ရွယ် မှာလည်း ဖြစ်တာတွေ့ရပါ တယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလာလို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ကြောက်စရာ ဆီးချိုသွေးချို ရောဂါဆီးချိုသွေးချိုရောဂါဟာ အလွန်ကြောက်စရာကောင်းပါ တယ်။
ဘာကြောင့်လဲဆိုတော့..

၁။ ဖြစ်နှုန်းများခြင်း
၂။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ် အင်္ဂါအစိတ်အပိုင်းအားလုံး နီးပါးကို ထိခိုက်ပျက်စီးစေခြင်း
၃။ နောက်ဆက်တွဲဆိုးကျိုး ဝေဒနာ များ ခံစားရခြင်း
၎။ဆေးကုသမှုစရိတ်စက ကြီးမား ခြင်းနှင့်
၅။ သေနှုန်းများစေနိုင်ခြင်းတို့ ကြောင့်ပဲ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုဖြစ်ပွားနှုန်းတွေ များလာရသည့်အကြောင်းရင်း

ဒီအကြောင်းပြောရမယ်ဆိုရင် ဆီးချိုသွေးချိုရောဂါထဲက အမျိုး အစား ၂ ဆီးချိုသွေချိုရောဂါဟာ အသက်အရွယ်နဲ့ ဆက်သွယ်ပြီး ဖြစ် တယ်။ အသက်နည်းနည်းကြီးတဲ့ လူတွေမှာတော့ ပိုဖြစ်တာပေါ့။ အသက်ကြီးလာတော့ ပန်ကရိယရဲ့ အင်ဆူလင်ထုတ်တဲ့ နှုန်းကနှုန်းက တုံ့ပြန်နှုန်းထားကျလာလို့ပါပဲ။ အသက်ကြီးလေဖြစ်ဖို့ အလားအလာ ပိုများလေပါပဲ။ ဒါကြောင့်

၁။ ကမ္ဘာ့လူဦးရေတိုးတက်များ ပြားလာခြင်း။ လူများတော့ ရောဂါဖြစ်ဖို့ အခွင့်အလမ်းပိုများလာတာပေါ့။
၂။ သက်ကြီးရွယ်အိုအုပ်စုတွေ တိုး လာခြင်း။ အသက်ကြီးမှဖြစ်တဲ့၊ ရောဂါ တွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး စတာတွေ ပိုဖြစ်လာတယ်။
၃။ မြို့ပြတွေတည်ဆောက်လာ ခြင်း။ မြို့ပြတွေစက်ရုံတွေ တည် ဆောက်လာကြတော့ လူတွေ လှုပ်ရှားမှုပြုလုပ်တဲ့ အခွင့်အရေး တွေ နည်းပါးလာတယ်။ လမ်း လျှောက်မယ့်အစား ဓာတ်လှေကား၊ စက်လှေကားတွေသုံးလာကြတယ်။
၎။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း။ လေ့ကျင့်ခန်းနည်းပါးလာ ခြင်းတို့ကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းတိုးပွားလာတယ်လို့ ယူဆလို့ ရပါတယ်။
၅။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ (အဆီ၊ အချိုနဲ့အငန်များတဲ့) အစား အစာများစားသုံးခြင်း
၆။ Stress (စိတ်ဖိစီးမှု) တွေကြောင့် လည်း ဆီးချို၊ သွေးချို ရောဂါအပြင် သွေးတိုး၊ နှလုံးနဲ့ လေဖြတ်ခြင်းတွေ ပိုဖြစ်လာတယ်လို့ ယူဆကြတယ်။

ဆီးချိုသွေးချို ရောဂါရဲ့လက္ဓဏာများ

မကြာခဏဆီးသွားခြင်း အာခြောက်ခြင်း၊ ရေငတ်ခြင်း ခွန်အားမရှိသလိုဖြစ်ပြီး နုံးနယ်နေ ခြင်း အစဉ်သဖြင့် ဆာလောင်နေခြင်း ရုတ်တရက်ကိုယ်အလေးချိန်ကျသွားခြင်း အမြင်အာရုံတွေဝေဝါးလာခြင်း အနာမကျက်ခြင်းနှင့် အနာဖြစ်လွယ် ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက် တွဲရောဂါလက္ခဏာများ နောက်ဆက်တွဲ လက္ခဏာ ၂ မျိုးရှိပါတယ်။

၁။ အချိန်တိုကာလတွင် ဖြစ်ပေါ်လာ သော ဆင့်ပွားရောဂါနှင့်
၂။ ရေရှည်ကာလတွင် ဖြစ်ပေါ်လာ သောဆင့်ပွားရောဂါတို့ ဖြစ်ပါ တယ်။

အချိန်တိုကာလအတွင်း ဖြစ်ပေါ် လာသော ဆင့်ပွားရောဂါများ
ခန္ဓာကိုယ်ထဲတွင် အကြောင်း ကြောင်းကြောင့် အချိုဓာတ်တွေ ရုတ်တရက်ကျဆင်းသွားခြင်း။ ဥပမာ ဆီးချိုဆေးသောက်ပြီး အစာ မစားမိတော့ အချိုဓာတ်တွေ အလွန် အမင်းကျဆင်းပြီးကတုန်ကယင် ဖြစ်လာတတ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရဲ့ ရောဂါ မပေါ်ခင်ကာလမှာ reactive hypoglycemia  နဲ့လာတတ်တယ်။ အစားစားလိုက်ရင် သွေးထဲမှာ သကြားဓာတ်တွေ တက်လာပြီး ခန္ဓာကိုယ်က အင်ဆူလင် အများကြီး ထွက်လာတဲ့ အတွက် ကတုန်ကယင် ဖြစ်လာတာပေါ့။ အဲဒါဟာ ဆီးချို သွေးချိုရောဂါရဲ့ ပထမဦးဆုံးသော လက္ခဏာလည်း ဖြစ်နိုင်တယ်။

ကိုယ်ခန္ဓာတွင်း ကီစုန်းဓာတ် ပစ္စည်းများများပြားနေ၍ သွေး အတွင်းအက်စစ်ဓာတ် လွန်ကဲနေ ခြင်း။ အဲဒီအခါမှာ လူက အသက်ရှူ ရင် လေငတ်သကဲ့သို့ ပါးစပ်ကပါ အသက်ရှူနေရတယ်။ သွေးတွေပျစ်ခဲလာပြီး သတိ လစ်မေ့မျောခြင်း။ သွေးထဲမှာ လက်တစ်အက်စစ် တွေများလာခြင်း။ ရောဂါပိုးဝင်လွယ်၍ အနာများ ကျက်ခဲခြင်း တို့ ဖြစ်တတ်ပါတယ်။

ရေရှည်ကာလတွင် ဖြစ်နိုင်သော ဆင့်ပွားရောဂါများ

ကျောက်ကပ်ထိခိုက်ပျက်စီးနိုင် ခြင်း မျက်စိအမြင်လွှာကို ထိခိုက်ပြီး မျက်စိကွယ်နိုင်ခြင်း အာရုံကြောထိခိုက်ခြင်း ဦးနှောက် သွေးကြော၊ နှလုံးသွေး
ကြောပိတ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါဟာ ကျောက်ကပ်၊ မျက်စိနဲ့ အာရုံကြော တွေကို ထိခိုက်နိုင်တဲ့ အတွက် နှစ်စဉ်ဆောင်ပုဒ်တွေ အသုံးပြုပြီး အသိပေးခဲ့ပါတယ်။

ဒေါက်တာအောင်ဆန်းဝင်း
photo copy from google search
credit to >>ရတီမဂ္ဂဇင်း

No comments:

Post a Comment