Sunday 23 February 2014

တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်

by #ပိုပိုဇော်(သဘာဝအားအင်)February 24, 2014 at 1:00am

(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်

ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

ကျန်းမာရေးနှင့်အညီ ကိုယ်အလေးချိန် လျှော့ချပါ

by #ပိုပိုဇော်(သဘာဝအားအင်)February 24, 2014 at 12:00am

ကိုယ်အလေးချိန် လျော့ကျဖို့ရာအတွက် အစာငတ်ခံရမယ်လို့ မဆိုလိုပါဘူး။ ဘယ်လိုအစာတွေကို လျှော့စားသင့်တယ်၊ ဘယ်လိုအစာတွေကို ရှောင်သင့်တယ်၊ ဘယ်လို အစားအသောက်တွေကို စားသင့်တယ်၊ ဇီဝရုပ်ဖြစ်ပျက်မှုကို ဘယ်လို ထိန်းချုပ်သင့်တယ် စတဲ့ နည်းလမ်းတွေကို သိရှိလိုက်နာရုံနဲ့ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါလိမ့်မယ်။

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ

by #ပိုပိုဇော်(သဘာဝအားအင်)February 23, 2014 at 11:40pm

ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

by #ပိုပိုဇော်(သဘာဝအားအင်)February 23, 2014 at 11:16pm

လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။

တင်းတိပ်ကို ဘယ်လိုဖျောက်ရပါ့

by #ပိုပိုဇော်(သဘာဝအားအင်)February 23, 2014 at 11:01pm

အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်မှာကို စိုး ထိတ်နေကြရပါတယ်။

တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့၊ မျက်နှာသန့် ရှင်းမှုမရှိခြင်း၊ မသန်ု့  ရှင်းသောမျက်နှာသုပ်ပုဝါ(သို့ မဟုတ်)တို့ ဖတ် ပုဝါ(သို့ မဟုတ်)ကရင်မ်ပပ်ဖ်ရေမြှုံ့ တို့  ကိုသုံးစွဲခြင်း၊ မသန့် ရှင်းသောလက်ဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်း၊ မိမိနဲ့ ဓာတ်မတည့် သည့် ဓာတုပစ္စည်းများပါဝင်သော မိတ်ကပ်များလိမ်းကျံခြင်း၊ နေလောင်ခြင်း၊ ဓမ္မတာမ မှန်ဘဲ သွေးပုပ်သွေးညစ်များကြွင်းကျန်ခြင်း၊ နံ့  သာဖြူလိမ်းခြင်း စသည်တို့ ကြောင့် တင်း တိပ် စွဲနိုင်ပါတယ်။ ပင်ကိုယ်မျက်နှာအသားအရေခြောက်သွေ့ သူများမှာ တင်း တိပ်ပေါက် ဖို့  ရာနှုန်းပြည့်နီးပါးသေချာနေပါပြီ်။ ခန္ဓာကိုယ်အပူဓာတ်များသည့် အမျိုး သမီး များ သွေးမဆုံးခင် နှင့် သွေးဆုံးပြီးစအချိန်တွေမှာ တင်းတိပ်ပေါက်လေ့ ရှိပြီး၊ သွေးဆုံးပြီးနှစ် အတန်ငယ်ကြာတဲ့အခါမှာတော့ သူ့ အလိုလိုပျောက်သွားတတ် ပါတယ်။  

Wednesday 19 February 2014

စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ

by #ပိုပိုဇော်(သဘာဝအားအင်)February 19, 2014 at 6:28pm

အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။  

Monday 17 February 2014

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

by #ပိုပိုဇော်(သဘာဝအားအင်)February 18, 2014 at 1:33am

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

အူမကြီးကင်ဆာ ရောဂါကို ကာကွယ် နိုင်သည့် နည်းလမ်းငါးသွယ်

by #ပိုပိုဇော်(သဘာဝအားအင်)February 18, 2014 at 1:23am

၁။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်သော ကော်ဖီ သောက်ပါ

နေ့စဉ်  ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ဗင်ဒါဗစ် တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲခင်မှာပင် ကြီးထွားမှု ရပ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။

ဗိုက်ပူလို့ စိတ်ညစ်နေသလား

by #ပိုပိုဇော်(သဘာဝအားအင်)February 18, 2014 at 12:53am

အမျိုးသမီး အများစုဟာ ဗိုက်ပူ တာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီ ဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစား မယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား

by #ပိုပိုဇော်(သဘာဝအားအင်)February 18, 2014 at 12:20am

(၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်

ကရဝေးရွက်ကို ဟင်းလျာတွေထဲ ထည့်ချက်ရင် ဟင်းနံ့ကို သင်းပျံ့စေပြီး အရသာ တိုးစေပါတယ်။ ကရဝေးရွက်ကို ချက်လိုက်တဲ့အခါ ဟင်းလျာထဲမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပမာဏကို တိုးစေပါတယ်။ အဲဒီ အင်တီအောက်ဆီးဒင့်တွေက ကင်ဆာ၊ အစာအိမ်အနာနဲ့ အဆစ်ရောင်နာတွေကို တွန်းလှန်နိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အနာတွေကို မြန်မြန်ကျက်စေပြီး ခြင်ကိုက်ရာ အနာတွေကို သက်သာစေပါတယ်။

Sunday 16 February 2014

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 17, 2014 at 2:37am

လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၄င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။ ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့ အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး ။ လို အပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ၀က်ခြံထွက်ြ ခင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့ အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက် စီးစေနိုင်ပါတယ်။

Friday 14 February 2014

စပျစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူး

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 5:14am

စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ် အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းအောင် အိပ်ရေးဝ၀အိပ်ပါ

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 4:32am

အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

စိတ်ပျော်ရွှင်ဖို့ လိုအပ်တိုင်း စားသင့်သည့် အကောင်းဆုံးအစာ ငါးမျိုး

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 3:34am

စိတ်ပျော်ရွှင်မှုအတွက် အစားအစာက အသုံးဝင်တယ်လို့ သင်ထင်ပါသလား။  မှန်ပါတယ်။ အစားအစာနဲ့ စိတ်ခံစားမှုဟာ ဆက်စပ်မှု ရှိနေပါတယ်။ အကြောင်းကတော့ အစားအစာ တချို့မှာ ဆီရိုတိုနင်ဓာတ်၊ ထရစ်ပတိုဖန်ဓာတ်စတဲ့ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတ်တွေအပြင် ဗီတာမင် B6၊ B12 နဲ့ ဖောလစ်အက်စစ်စတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေလို့ပါ။

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 5:34am

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။  သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့်  ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

ဝမ်းဗိုက်မှ အဆီလျှော့ချပြီး နှလုံးရောဂါကို ကာကွယ်ပါ

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 2:11am

ခါးအတိုင်းအတာကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက် လျှော့ချနိုင်ပါတယ်။  တခြား အဆီအမျိုးအစားတွေဖြစ်တဲ့ ပေါင်နဲ့ တင်ပါးမှာ အဆီရှိတာဟာ ခန္ဓာကိုယ် ဝစေသလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှအဆီတွေ အမြန်ဆုံး ပျော်ဝင်သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

မကြာခဏ ခံစားရလေ့ရှိသော လေပွခြင်း

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 1:19am

ဝမ်းဗိုက်ပြည့်အင့်ပြီး တင်းကျပ်ကျပ်ဖြစ်ကာ လေပွတာကို ခံစားနေရတာကြောင့် မအီမသာ ဖြစ်နေပါသလား။  ဆေးပညာရှင်တွေက လေပွတာမဖြစ်အောင် ကာကွယ်နည်းတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တယ်လို့ အကြံပြုထားပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း လေပွတာပြီး ဝမ်းဗိုက် တင်းကျပ်ကျပ်ဖြစ်တာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားရနိုင်ပါတယ်။ လေပွတာက အသည်းနဲ့ နှလုံးရောဂါတွေ ခံစားရတာကြောင့် ဖြစ်နိုင်ပေမယ့် အများစု ခံစားရတတ်တာကတော့ အူအတွင်းရှိ လေတွေကြောင့်ပါ။ အစားအစာတွေကြောင့် လေပွတာ၊ ဝမ်းချုပ်လို့ လေပွတာ စတဲ့ လေပွတာကို ဖြစ်စေတဲ့ အကြောင်းတွေ များစွာ ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

သင့်ကျန်းမာရေး အကောင်းဆုံး အခြေအနေတွင် ရှိစေရန်

by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 12:27am

သင့်ကျန်းမာရေး အခြေအနေကို သင်အသိဆုံးပါ။  ဆရာဝန်တွေက သင်ခံစားနေရတဲ့ ဝေဒနာ အလုံးစုံကို မသိနိုင်ပါဘူး။ သင့်အနေနဲ့ ရောဂါဝေဒနာ တစ်ခုခု ခံစားနေရတဲ့ အချိန်မှာ သင့်ကျန်းမာရေးက အကောင်းဆုံး အခြေအနေမှာ ရှိနေစေဖို့ သိထားသင့်တဲ့ အချက်တွေရှိပါတယ်။

Wednesday 12 February 2014

သံလွင်ဆီ၏အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 12:12am

သံလွင်ဆီသံလွင်ဆီဆိုတာ သံလွင်သီးကနေရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေဘူယျအားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတ၀ှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ်အနီးတ၀ိုက် ဒေသတွေမှာ အသုံးများကြပါတယ် ။

ရွှေဖရုံသီး အစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 12:31am

ရွှေဖရုံသီး အစေ့

ရွှေဖရုံသီးစေ့ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ဈေးလည်းမကြီး၊ ရှားလည်းမရှားတဲ့ သဘာဝ အစားအသောက် တစ်မျိုးပါ။  ရွှေဖရုံသီးစေ့ကို လှော်ပြီး အခွံခွာ ဒီအတိုင်းစားကြသလို မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ ချင်းသုပ်ထဲ ရောစားကြလေ့ရှိပါတယ်။ ရွှေဖရုံသီးစေ့သာမက ဖရုံစေ့အနက် ဆိုတာလည်း လူကြိုက်များတဲ့ စားစရာ တစ်မျိုးပါပဲ။ ဒီလိုကျွန်တော်တို့ လက်တစ်ကမ်းက သဘာဝ အစားအသောက်တွေရဲ့ အရသာရှိခြင်းထက် အများကြီး ပိုတန်ဖိုးကြီးမားလွန်းတဲ့ အာနိသင်တွေကို သိရှိစေဖို့ The Voice Weekly စာမျက်နှာများမှ အလျဉ်းသင့်သလို ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောဂါ တစ်ခုချင်း အသေးစိတ် ဆောင်းပါးတွေ ဆက်တိုက် တင်ဆက်လာရာမှ တစ်ပတ်ခြား၊ နှစ်ပတ်ခြား အပြောင်းအလဲလေးတွေ အနေနဲ့ သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း ကဏ္ဍများ တင်ဆက်ခြင်းကို နှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

သွေးတိုး/သွေးတက်နေသလား ဒန့်သလွန်ရွက်ကိုစား

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 12:55am

ဒန့်သလွန်ပင်သည် မြန်မာပြည်၌ ဘယ်မြို့ ဘယ်ရွာ၌မဆို ရှာလို့ရသည်။ မြန်မာလူမျိုးတိုင်း ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီးကို နှစ်ခြိုက်စွာစားသုံးလေ့ရှိသည်။
ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်သည် လူသားတို့ စားသုံးသည့် အာဟာရရှုထောင့်မှ ကြည့်ရှုပါလျှင် ကုံလုံကြွယ်ဝသည့် အာဟာရဓာတ်များ ပါဝင်နေသည်။

စပျစ်သီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကား

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 2:00am

စပျစ်သီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကား စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

သင့်အသားအရေအတွက် ကောင်းသော အသီးများနှင့် ဆေးဘက်ဝင် အပင်များ

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 1:13am

စမုံစပါး (Anise)

စမုံစပါးစေ့များမှာ ဘက်တီးရီးယား ပိုးမွှားများကို သတ်နိုင်တဲ့ အားပျော့တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက် ရှူရာမှာ အနံ့ ကို လတ်ဆတ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ စမုံစပါး အဆီကိုတော့ နှိပ်နယ် ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိတ်၊ အင်ပျင် ရှိရင်တော့ မသုံးသင့်ပါဘူး။

ဂွေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 12:00pm

သရက်သီးနဲ့ ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည် ရွှမ်းသလို ကယ်လိုရီ ပါဝင်မှု ပို လျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်။ ဂွေးသီးကို အလွယ်တကူ ဝယ်ယူလို့ ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိတာကိုလည်း တွေ့ရပါတယ်။ ဂွေးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာကြည့်ရအောင်.။

တိုင်းရင်းဆေး ကဏ္ဍ (ငုပင် နှင့် ပိတောက်ပင်)

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 2:51am

မြန်မာ့ ဓလေ့ တစ်ဆယ့်နှစ် လရာသီ မြန်မာ့ ပွဲတော်များ အနက် ကမ္ဘာသိ၊ မြန်မာ သိ၊ အထင်ရှား ဆုံး ပျော်ရွှင် ဖွယ်ရာ ပွဲတော်မှာ သင်္ကြန်ပင်ဖြစ်ပါ သည်။ သင်္ကြန်၏ အငွေ့အသက်များ၊ နွေဦး၏ အပူရှိန်တို့ဖြင့် ပိတောက် ပန်းများနှင့် ငုပန်းများ လှိုင်လှိုင်ပွင့် ကြပါသည်။ သင်္ကြန်ရက်အတွင်းမှာ နေရာတိုင်း၌ ရွှေဝါရောင်လွှမ်းလျက် ရှိနေပါသည်။ အမိမြန်မာမြေ၏ ယဉ်ကျေးသော သင်္ကြန်ရက်အတွင်း စာရေးသူအနေနှင့် ယခင်နှစ်တိုင်း လိုလိုပင် ရုပ်ရှင်စာစောင်များတွင် ပိတောက်ကဗျာ များစွာကို ရေးသား ခဲ့ပါသည်။ Health Digest ကျန်းမာ ရေးနှင့် ဆေးပညာဂျာနယ်တွင် ငုပန်းနှင့် ပိတောက်ပန်းတို့၏ ဆေး ဖက်ဝင်ပုံများနှင့်ပတ်သက်၍ စာဖတ် ပရိသတ်များအတွက် ရေးသားတင်ပြ ရန် စဉ်းစားရင်းဖြင့်သာ ကျန်ရစ်ခဲ့ပြီး ဆောင်းပါးမရေးဖြစ်ခဲ့ပါ။ စာရေးသူ နှစ်သက်သော ပိတောက်ပင်နှင့် ငုပင်တို့အကြောင်း စာရေးသူ အသက် ၆၉ နှစ်မြောက်အထိမ်းအမှတ်အဖြစ် Health Digest ကျန်းမာရေးနှင့် ဆေး ပညာဂျာနယ်တွင် တင်ပြလိုက်ပါသည်။

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်

by #ပိုပိုဇော်(သဘာဝအားအင်)February 12, 2014 at 2:40pm

ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။

Tuesday 11 February 2014

Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ

by #ပိုပိုဇော်(သဘာဝအားအင်)February 12, 2014 at 2:04pm

 မိုက်ဂရိမ်း ဆိုတာ ဘာလဲ ...?

မိုက်ဂရိမ်းဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း ( unilateral ) မှာ အရမ်းပြင်းထန်တဲ့ နှလုံးခုန်သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့ အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တဒိတ်ဒိတ်၊ တဆစ်ဆစ် ကိုက်နေခြင်းကို ဆိုလိုပါတယ် ။ ဘာတွေနဲ့တွဲပြီး ဖြစ်တတ်သလည်းဆိုတော့ ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းစူးစူးကို မခံနိုင်ခြင်း ၊အသံ အနံ့ စူးစူးတွေကို မခံမရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ် ။ ဒီခေါင်းကိုက်တာဟာ ခဏ ခဏ ဖြစ်ပေါ်လေ့ရှိပြီး မိုက်ဂရိမ်းခံစားရလေ့ရှိတဲ့ အသက်အရွယ်တွေမှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး ။ 

ကိုယ်လေးချိန် လျှော့ချဖို့ လိုအပ်ချက် ၅ချက်

by #ပိုပိုဇော်(သဘာဝအားအင်)February 12, 2014 at 1:10pm

လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီ စားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလို ၀ိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွားသည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။ ကဲ၊ ဒီလိုဆို diet လုပ်လိုက် ၀ိတ်လျှော့လိုက်၊ ရပ်လိုက် ပြန်ဝလိုက် သံသယာတော့ လည်နေပြီ။ ဒါကြောင့် နောက်တစ်နည်းအနေနဲ့ Diet လိုခဏတာပဲ စားတဲ့နည်းမဟုတ်ပဲ၊ အမြဲလည်း စားလို့ရ၊ တကယ်လည်း ပိန်စေမယ့် နည်းရှိပါတယ်။

အရေးပေါ် (၇)ရက်အတွင်း ၀ိတ်ချနည်း

by #ပိုပိုဇော်(သဘာဝအားအင်)February 12, 2014 at 11:59am
 
''အကျီင်္လှလှလေး ၀တ်ဖို့ Emergency ၇ရက်အတွင်း ၀ိတ်ချနည်း''
သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ၀ိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းက ရေရှည် ၀ိတ်ချချင်သူအတွက်တော့ အလုပ်မဖြစ်ပေမယ့် ၁ပတ်အတွင်း အကျီင်္လှလှလေး ၀တ်ဖို့အတွက်တော့ သင့်လျော်တဲ့နည်းပါ။

Monday 10 February 2014

အချို့လူတွေမှာ ဘာကြောင့် ခြင်ပိုကိုက်ခံရတာလဲ

by #ပိုပိုဇော်(သဘာဝအားအင်)February 11, 2014 at 11:36am

အချို့လူများသည်အိမ်အပြင်ထွက်သည်နှင့်ခြင်ကိုက်ခံရလေ့ရှိပြီးအချို့တွင် ခြင်တောထဲသွားနေသော်လည်း ခြင်တစ်ကောင်မျှအကိုက်မခံ ရပေ။

ခြင်များသည် သွေးနံ့ကိုမိုင်ပေါင်းများစွာကပင် အနံ့ရသော်လည်း သွေးနံ့ကိုမူတည်၍ ကိုက်ရမည့်အရာကို ရွေးချယ်လေ့မရှိ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်လျက်ရှိသည့်ပစ်မှတ်ကိုသာ ရွေးကိုက်လေ့ရှိသည်။

ပြုံးရယ်ခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ


ရယ်မောခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ သွေးဖိအား လျော့နည်းစေခြင်း

၂။ သွေးလည်ပတ်မှုအား ကောင်းစေခြင်း၊ သွေးမှ အောက်ဆီဂျင်ဓာတ် ပိုရခြင်း

။၃။ အာခေါင်၊ လည်ချောင်း၊ ၀မ်းဗိုက်၊ ကြော၊ အသက်ရှုလမ်းကြောင်း တစ်လျှောက်ရှိ ကြွက်သားများအား သန်မာစေခြင်း။

အစာအိမ်ရောင်ခြင်း

by #ပိုပိုဇော်(သဘာဝအားအင်)February 11, 2014 at 11:04am

အရက်အလွန်အကျွံသောက်ခြင်း၊ကာလကြာရှည်စွာအန်ခြင်း၊စိတ်ဖိစီးခြင်း၊အကိုက်အခဲပျောက်ဆေးကဲ့သို့ ဆေးများသုံးစွဲခြင်းတို့ကြောင့် အစာအိမ်ရောင်ရမ်းတတ်သည်။

အစာအိမ်နံရံတွင်နေထိုင်လေ့ရှိသည့် Helicobacter pylori  ဘီးတီးရီးယားသည် အစာအိမ်အနာ ဖြစ်စေသည်။

အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း

by #ပိုပိုဇော်(သဘာဝအားအင်)February 11, 2014 at 10:34am

အစာအိမ်နှင့် အူလမ်းကြောင်းက အစားအစာချေဖျက်သည့်အခါ ဂက်စ်များထွက်လာသည်။ ထိုဂက်စ်များကြောင့် ဗိုက်ပွစေပြီး ပြင်ပသို့ စွန့်ထုတ်ပေးမှသာ ဂက်စ်များ လျော့နည်းနိုင်သည်။

တစ်နေ့လျှင်ခြောက်ကြိမ်မှ အကြိမ်(၂၀)အထိ လေလည်ခြင်းသည် ပုံမှန်ဖြစ်သည်။ မျိုချစဉ်ရောပါသည့်လေ၊ အစားအစာနှင့် ဖျော်ရည်၊ ၀မ်းချုပ်ခြင်း၊ ဆေးဝါး၊ ဓာတ်စာ၊ အူရောင် ရောဂါ၊ အူလမ်းကြောင်းကျဉ်းခြင်း၊ ဟော်မုန်းအပြောင်းအလဲရှိခြင်းတို့ကြောင့် အူလမ်းကြောင်းအတွင်း ဂက်စ်ထလာတတ်သည်။

မိမိလက်လေးများ လှပနေစေဖို့ နည်းလမ်းတစ်ချို့

by #ပိုပိုဇော်(သဘာဝအားအင်)February 11, 2014 at 2:05am

လက်ဖဝါးဆိုတာ လူတစ်ယောက်ရဲ့ အကြောင်းကို လက္ခဏာ မကြည့်ဘဲနဲ့ များစွာဖော်ပြနေပါတယ်။ အဲဒီ့လူ တစ်ယောက် ဘယ်လိုနေတယ်၊ ဘယ်လိုသူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက် သလဲ ဆိုတာ ဖော်ပြနေပါတယ်။ နောက်ပြီး အဲဒီ့ လူတစ်ယောက်ရဲ့ အသက်အရွယ်ကို လည်း ဖော်ပြနေပါတယ်။ မိန်းမတစ်ယောက် အတွက်တော့ လက်ဆိုတာ ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။ 

Saturday 8 February 2014

Probiotic အစားအစာများ

by #ပိုပိုဇော်(သဘာဝအားအင်)February 7, 2014 at 1:24pm

(၁)ဂေါ်ဖီအချဉ်

ယင်းတွင် ဗီတာမင် B,A,E,C  တို့ပါဝင်၍ ဓာတ်မတည့်သော လက္ခဏာများကို လျော့ချပေးနိုင်သည်။

(၂)ချောကလက်အမည်း

Probiotic ကို ချော့ကလက် အမည်းတွင် အခြားနို့နှင့် နို့ထွက် ပစ္စည်းများထက် လေးဆပို၍ ပါဝင်သည်။

ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်အကြောင်း သိသင့်သောအချက်များ (Prediabetes)

by #ပိုပိုဇော်(သဘာဝအားအင်)February 8, 2014 at 10:49am

သွေးတွင်း သကြားဓာတ်က ပုံမှန်ထက် ပိုများနေတာကို ဆီးချိုသွေးချို ရောဂါ အကြိုအဆင့် (Prediabetes) လို့ ခေါ်ပါတယ်။  ဒီအဆင့်ကို အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါလို့ မသတ်မှတ်နိုင်ပါဘူး။ ဒီအချိန်မှာ လုံလောက်တဲ့ ထိန်းသိမ်း စောင့်ရှောက်မှု မရှိရင် ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ကနေ နောက် ၁၀ နှစ်လောက် အတောအတွင်းမှာ အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါကို ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ အကြိုအဆင့် ကာလမှာ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ဘဝနေထိုင် စားသောက်မှု ပုံစံကို လိုက်နာပေးလိုက်ရင် သွေးတွင်း သကြားဓာတ်က ပုံမှန် ဖြစ်သွားပါလိမ့်မယ်။

ခြေထောက် ကိုက်ခဲခြင်း (Foot aches) အတွက် အလွယ်ကုသနည်းများ

by #ပိုပိုဇော်(သဘာဝအားအင်)February 8, 2014 at 10:03pm

ခြေထောက် (foot) တစ်ချောင်းမှာ အရိုးပေါင်း ၂၆ ခု၊ အဆစ်ပေါင်း ၃၃ ဆစ်၊ အရွတ်ပေါင်း ၂၀၇၊ ကြွက်သားပေါင်း ၁၉ ခုနဲ့ ခြေထောက် တစ်ခုဖြစ်ဖို့ တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့ အကြောမျှင်ပေါင်း များစွာ ပါရှိပါတယ်။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၈၀၀၀ မှ ၁၀၀၀၀ ကြား ခြေလှမ်းလေ့ ရှိတာကြောင့် ခြေဖဝါးပေါ်မှာ ကျရောက်တဲ့ ဖိအားဟာ သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်ထက် ပိုပြီး များလေ့ ရှိတတ်ပါတယ်။ ဒါ့အပြင် မိမိနဲ့ အံဝင်ခွင်ကျမှု မရှိတဲ့ ဖိနပ်တွေ ဝတ်ဆင်တာကြောင့် ခြေထောက် နာကျင်တတ်ပါတယ်။ ခြေထောက် နာကျင်တာ သက်သာတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

သင့်ကို နာမကျန်း ဖြစ်စေနိုင်သော အလေ့အထ ငါးမျိုး

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 12:18pm

တစ်နေ့တာ အလေ့အထများစွာက သက်ရှည်ကျန်းမာရေးနဲ့ ဆက်စပ်မှု ရှိနေကြပါတယ်။  အောက်ပါ အခြေအနေတွေက သင့်ကို နာမကျန်းဖြစ်စေနိုင်တဲ့ အရာတွေ ဖြစ်တယ်ဆိုတာ အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပါတယ်။

ပဲနီလေး၏ ကျန်းမာရေးစွမ်းပကား

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 7:16am

ပဲနီလေးဟာ ပရိုတင်းဓာတ်နဲ့ ပေါင်းစပ် ကာဗိုဟိုက်ဒရိတ်တို့ ရောထားတဲ့ အပြစ်ကင်းစင်တဲ့ အစားအသောက် ဖြစ်ပါတယ်။  ပဲနီလေးက မြန်မြန် ကျက်လွယ်တာကြောင့် ဟင်းချို၊ စွပ်ပြုတ်နဲ့ အသုပ်အဖြစ် ပြုလုပ် စားသုံးနိုင်ပါတယ်။

ပဲနီလေးရဲ့ ကျန်းမာရေး အာနိသင်ကတော့ ပျော်ဝင်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေး နိုင်ပါတယ်။ ပဲနီလေး ချက်ပြီးသား တစ်ခွက်စာ ပမာဏမှာ အမျှင်ဓာတ် ၁၆ ဂရမ် ပါဝင်ပါတယ်။

ဂရင်ဂျီနာ လိပ်ခေါင်းအတွက်သဘာဝ ဆေးတစ်လက်

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 7:47am

အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊ ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။
ငါတော့ ပထမဆုံး လက်ပံဆူးနဲ့ စမ်းတယ်။
လက်ပံဆူးကို အစိုအတိုင်း ဖြတ်၊ အစီးတွေ အဖြူရောင် ထွက်တယ်။
အဲဒီ အဖြူရောင် အစီး (အစေး)နဲ့ အနာပေါ် လိမ်းပေး၊
လက်ပံဆူး ခြောက်သွားရင်လဲ ကျောက်ပျဉ်ပေါ်မှာ ရေနည်းနည်းဆွတ်ပြီး သွေး၊
အဲဒီအရည်ကို ဆွတ်ပေး၊ လူးပေး၊
တနေ့ သုံးခါလောက် ပျစ်ပျစ်လူးပေး၊ သက်သာသွားမယ်။

နားကျန်းမာရေး

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 10:08am

အဖြစ်များတဲ့ နားပြဿသာနာအများစုဟာ ရောဂါကြောင့်ဖြစ်တာ မဟုတ်ပါဘူး။

နားဖာချေးဝင်ပြီး နားပိတ်ခြင်း

နားထဲကို နားကြပ်တံနဲ့ ထိုးသွင်းတာကြောင့် နားပိတ်ဆို့တာက အဖြစ်များပါတယ်။ နားဖာချေးဝင်ပြီး နားပိတ်ဆို့မှုကြောင့် အကြားအာရုံ လျော့နည်းတာကို ဖြစ်စေပြီး နားအူတာနဲ့ တစ်ခါတစ်ရံ နားကိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နားကို နားကြပ်တံနဲ့ သန့်ရှင်းစင်ကြယ်အောင် ဖယ်ထုတ်ဖို့ မလိုအပ်ပါဘူး။ နားမှာ သူ့အလိုလို သန့်စင်အောင် လုပ်နိုင်တဲ့ သဘာဝနည်း ရှိပြီးသားပါ။ နားစည်ထဲမှာ အဆီတွေက အမှုန်အမွှားတွေကို ပိတ်ဆို့စေနိုင်ပြီး နားဖာချေးအဖြစ် နားထဲကနေ အပြင်ကို ထွက်သွားတတ်ပါတယ်။ ကျွန်မတို့ သတိမပြုမိဘဲနဲ့ကို နားဖာချေးတွေက အလိုလို ထွက်သွားတာမျိုးပါ။

ကြက်မောက်သီး၏ ကျန်းမာရေးစွမ်းပကား

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 8:58am

ကြက်မောက်သီးအခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင်သန်းနေပြီး အရသာအနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ ၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ ဒီလို အာဟာရတန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေးစွမ်းပကားတွေကို ရရှိစေပါတယ်။

ကြက်သွန်ဖြူ ၏ ကျန်းမာရေး အကျိုးပြုပုံ (၂၁)ချက်

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 8:03am

ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။

ခဝဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 8:41am

ကလေးတွေက စားလို့ အရသာမရှိဆုံး ဟင်းသီးဟင်းရွက်ပဲလို့ ပြောလေ့ရှိတဲ့ အသီးက ခဝဲသီးပါ။  ခဝဲသီးရဲ့ အရသာက အလွန်မကောင်းဘူး ဆိုပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ အများကြီး ပေးနိုင်ပါတယ်။

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေနိုင်

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 8:19am

ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။

စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုး တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

တစ်နေ့မှာကော်ဖီ ဘယ်နှစ်ခွက် သောက်သင့်သလဲ

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 9:31am

ကဖင်းဓာတ်ဟာ လူကို လန်းဆန်း စေခြင်း၊ တက်ြွကစေခြင်း၊ စွမ်းအင်ပြည့် ဝစေခြင်းစတဲ့ အကျိုးတွေကို ရရှိစေ တယ်လို့ လေ့လာမှုတွေအရတွေ့ရှိခဲ့ပါ တယ်။

တစ်နေ့မှာ ကဖင်းဓာတ်ကို ၂၀ဝ နဲ့ ၃၀ဝ မီလီဂရမ် (သုံးခွက် ဒါမှမဟုတ် လေးခွက်) မှီဝဲနိုင်ပါတယ်။ အဲဒီထက်ပို မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကျန်း မာရေးပြဿနာတွေရှိနေတတ်ပါတယ် 

Thursday 6 February 2014

မိခင်တို့၏ နုပျိုအောင် နေထိုင်နည်းများ

by #ပိုပိုဇော်(သဘာဝအားအင်)February 6, 2014 at 2:02pm

အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသားအရေကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသားအရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

စိတ်ကျရောဂါကို လျော့ပါးစေမည့် စားသောက်မှုပုံစံ

by #ပိုပိုဇော်(သဘာဝအားအင်)February 6, 2014 at 12:47pm

လူအများစုဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို အကြောင်း အမျိုးမျိုးကြောင့် ကြုံတွေ့ နေရတတ်ပါတယ်။ တစ်ခါတလေ နာကျင်မှုနဲ့အတူ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေပါ ကြုံရတတ်ပါတယ်။  စိတ်ကျရောဂါတွေကို လျော့ပါးစေဖို့ အစားအစာ တချို့ဟာ တိုက်ရိုက်ပတ်သက်မှု ရှိတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိခဲ့ကြပါတယ်။ သဘာဝ အာဟာရတွေဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်၊ ဖက်တီးအက်စစ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ် စတာတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထွက်စေပြီး စိတ်ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။ တချို့ အစားအစာတွေကြောင့် စိတ်လှုပ်ရှားမှု၊ ရင်တုန်မှုနဲ့ ဖိစီးမှုကို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် အရက်၊ ကဖင်းနဲ့ အချိုလွန်ကဲတဲ့ အစာတွေကြောင့်ပါ။ တချို့အစားအစာတွေဟာ သင့်ဦးနှောက်ဆီကနေ အာရုံကြောစနစ်ကို ကောင်းမွန်တဲ့ ခံစားမှုတွေ ပေးစွမ်းနိုင်ပြီး ပျော်ရွှင်တဲ့ စိတ်ခံစားမှုတွေကို ရရှိစေနိုင်ပါတယ်။

မရှိမဖြစ်တဲ့ ရေ

by #ပိုပိုဇော်(သဘာဝအားအင်)February 6, 2014 at 11:58am

လူတို့၏ ကိုယ်ခန္ဓာအတွင်း အသက်ရှင်နေမှုအတွက် ဖြစ်ပျက်လျက် ရှိသော ဇီဝိတ သဘာဝ ကိစ္စတို့သည် ကိုယ်အတွင်းရှိ အရည်များတွင် အမှီသဟဲ ပြု၍သာ ဖြစ်ကြပေသည်။  ထို့ကြောင့်ပင်လျှင် ရေသည် အောက်စီဂျင်ဓာတ်မှ လွဲလျှင် လူနှင့် အခြားသတ္တဝါများအတွက် မရှိမဖြစ်သော အဓိကဝတ္ထုတစ်ခု ဖြစ်ပေသည်။ သာမာန် ပတ်ဝန်းကျင်အခြေအနေတွင် လူတစ်ယောက်၏ လိုအပ်သည့် ရေအချိန်အဆကို တွက်ဆရန် မလိုပေ။ အဘယ့်ကြောင့်ဆိုသော် ရေသည် ကိုယ်ခန္ဓာအတွင်း ရေမလုံမလောက် ဖြစ်ကာ ရေငတ်သည့် လက္ခဏာများ ဖြစ်ပေါ်လာသည်။ ရေကို တစ်နည်းနည်းဖြင့် သောက်ကြရပေမည်။ ဤကဲ့သို့ သဘာဝအရ ဖြစ်ပေါ်လာမှု

ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်

by #ပိုပိုဇော်(သဘာဝအားအင်)February 6, 2014 at 11:21am

တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း
အောင်မင်္ဂလာ မြို့ပတ်လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ(ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက---

ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ
ပြောပြစမ်းပါဦး---