Tuesday 4 February 2014

ကိုယ်အလေးချိန် လျှော့ချရေး

by #ပိုပိုဇော်(သဘာဝအားအင်)February 4, 2014 at 3:09pm

ခန္ဓာကိုယ် အချိုးကျ သွယ်လျလှပသူတွေပဲ ဝတ်လို့ရတဲ့ ဝတ်စုံလှလှလေးတွေ၊ ဘောင်းဘီအကျပ်လေးတွေကို တွေ့တဲ့အခါတိုင်း ကိုယ်အလေးချိန် လျော့ကျချင်စိတ်တွေ ဖြစ်ပေါ်နေပါသလား။ တစ်နေ့လုံး အလုပ်တွေ မရပ်မနား လုပ်နေရတာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ ခက်ခဲနေပါသလား။ အားကစားခန်းမကို သွားပြီး လေ့ကျင့်ခန်း မလုပ်နိုင်တာကြောင့် ကိုယ်အလေးချိန် မလျှော့ချနိုင်တော့ဘူးဆိုပြီး စိတ်ညစ်မနေပါနဲ့။ အလုပ်လုပ်ရင်း ကိုယ်အလေးချိန် ထိန်းနိုင်မယ့် နည်းတွေက -


အစာငတ်မခံပါနှင့်

အစာကို လုံးဝမစားဘဲ မနေပါနဲ့။ အစာကို ရှောင်လွန်းရင် ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ရုံသာမက ပြန်စားတာနဲ့ ချက်ချင်း ကိုယ်အလေးချိန် ပြန်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစာကို လုံးဝမစားဘဲ ရှောင်တဲ့နည်းနဲ့ ကိုယ်အလေးချိန် မချသင့်ပါဘူး။

အစားအသောက်လျှော့ချမှု အစီအစဉ်

အစားအသောက်ကို ရေတို ထိန်းချုပ်ပြီး စားသောက်တဲ့နည်းဟာ ရေရှည် ကာလအတွက် အလုပ်မဖြစ်ပါဘူး။ သုံးရက်အတွင်း ကိုယ်အလေးချိန် ၁၀ ပေါင် လျော့ကျစေမယ့် နည်းက ကောင်းပေမယ့် ရေရှည်မှာ မလုပ်နိုင်ရင် ထိရောက်မှု မရှိပါဘူး။ ရေရှည်မှာ ထိန်းချုပ်စားသောက်နိုင်မယ့် နည်းကိုပဲ ရွေးချယ်သင့်ပါတယ်။

အစားထိုးမှု

စားသောက်တဲ့ အစားအသောက်တိုင်းကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အစားထိုး စားသောက်ပေးပါ။ ဥပမာပြောရရင် ဆင်းဒဝှစ်ခ်ျကို မရောနိစ် (Ma-yonnaise)  အပြည့်သုတ်ပြီး စားတတ်သူဆိုရင် အဲဒီမုန့်အစား ဟင်းသီးဟင်းရွက်စွပ်ပြုတ် ဒါမှမဟုတ် သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။ ဒီနည်းလမ်းဟာ သင့်ကို ဗိုက်ပြည့်တာချင်း တူပေမယ့် ကယ်လိုရီ ရရှိမှုနည်းပြီး ရေရှည်မှာ ကိုယ်အလေးချိန်ထိန်းသိမ်းပြီး ဖြစ်နေပါလိမ့်မယ်။

လမ်းလျှောက်ခြင်း

ညစာစားပြီး လမ်းလျှောက်တာက အစာစားတာကြောင့် တက်လာတဲ့ ကိုယ်အလေးချိန် အပိုတွေကို လျော့ကျစေပါလိမ့်မယ်။ အနီးအနားသွားတဲ့အခါ ကား ဒါမှမဟုတ် ဘတ်စ်ကားစီးမယ့်အစား လမ်းလျှောက်သွားတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။         

ကြယ်စင်
photo copy from google search
originally posted by Good Health
Source: http://news.yatanarpon.com.mm/news/news-58621

No comments:

Post a Comment