Monday 3 February 2014

ရောဂါကာကွယ်နိုင်သော ဗီတာမင်ဒီ

by #ပိုပိုဇော်(သဘာဝအားအင်)February 4, 2014 at 1:11am

လေ့လာမှုတွေအရ ဗီတာမင်ဒီဟာ ကယ်လ်စီယမ် စုပ်ယူမှုကို အားကောင်းစေရုံသာမက ရင်သား၊ အူမကြီး၊ မမျိုးဥအိမ်နဲ့ တခြား အစိတ်အပိုင်းတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာ ရောဂါတွေကို  မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ဒီ နည်းနည်းပဲ ရှိတာဟာ နှလုံးရောဂါကြောင့် အချိန်မတိုင်ခင် သေဆုံးနိုင်ခြေကို မြင့်မားစေတယ်လို့ လတ်တလော လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ သင်ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဒီဟာ ခုခံစွမ်းအားကို ကောင်းစေတာ၊ ခါးနာ သက်သာစေတာ၊ ဆီးချိုသွေးချို ရောဂါအန္တရာယ်ကို လျော့ကျစေတာနဲ့ စိတ်ဖိစီးမှုကို လျော့ကျစေတာ စတဲ့ ကောင်းကျိုးတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ၅၃ ရာခိုင်နှုန်းကျော်ဟာ နေခြည်နုနု ဒါမှမဟုတ် ငါးနဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေလို အရင်းအမြစ်တွေကို သေချာရယူမှု မရှိတာကြောင့် ဗီတာမင်ဒီကို အလုံအလောက် မရတတ်ပါဘူး။


ဘယ်လို မှီဝဲသင့်သလဲ

နေရောင်ခြည်ကြောင့်ရတဲ့ ဗီတာမင်ဖြစ်တာကြောင့် နေရောင်ခြည်ထိတွေ့ပြီး အချိန် ၁၀-၁၅ မိနစ်လောက်အကြာမှာ ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသော ဗီတာမင်ပါ။ တကယ်လို့ နေရောင်ခြည်ကို မခံယူဖြစ်ရင် ဒါမှမဟုတ် ဗီတာမင်ဒီပါတဲ့ အစားအသောက်တွေကို မစားသောက်ဖြစ်ရင် အကောင်းဆုံး ပမာဏကို ရနိုင်ဖို့ ဖြည့်စွက်ဆေးကို မှီဝဲနိုင်ပါတယ်။ ဗီတာမင်ဒီကို Multivitamin ထဲမှာ ဒါမှမဟုတ် ကယ်လ်စီယမ်နဲ့ တွဲထားတဲ့ ဖြည့်စွက်ဆေးအနေနဲ့ တွေ့ရတတ်ပါတယ်။

ဗီတာမင်ဒီပါသော အကောင်းဆုံး အစားအစာ အရင်းအမြစ်များ

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ ဟာအင်းငါး စတဲ့ ရေအေးငါးတွေ၊ အားဖြည့် နွားနို့နဲ့ ကွေကာ၊ အမဲသားနဲ့ ကြက်ဥ၊ ဘဲဥ အနှစ်တွေထဲမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။

သတိပေးချက်

ဗီတာမင်ဒီကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်တာကြောင့် အဆီမှာပျော်တဲ့ ဗီတာမင်လို့ ခေါ်ပါတယ်။ တကယ်လို့ များလွန်းပြီး အဆိပ်သင့်နိုင်တဲ့ ပမာဏဆိုရင် သွေးတိုးတာနဲ့ ကျောက်ကပ် ထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ လတ်တလော လမ်းညွှန်ချက်အရ အသက် ၅၁ နှစ်အောက် အမျိုးသမီးတွေအနေနဲ့ နေ့စဉ် ဗီတာမင်ဒီ ၂၀၀ အိုင်ယူ၊ အသက် ၅၁ နှစ်အထက် အမျိုးသမီးတွေအနေနဲ့ နေ့စဉ် ဗီတာမင်ဒီ ၄၀၀ အိုင်ယူတို့ကို လိုအပ်ကြောင်း သိရပါတယ်။ ကျန်းမာရေး ကောင်းစေဖို့အတွက် ဗီတာမင်ဒီကို ၁၀၀၀ အိုင်ယူအထိ လိုအပ်ကြောင်း သုတေသီတချို့က ယုံကြည်ကြပါတယ်။

Did you know?

လုံလောက်တဲ့ ဗီတာမင်ဒီပမာဏကို ရရှိတာဟာ အူမကြီး၊ ရင်သားနဲ့ အစာရေမျိုပြွန်ကင်ဆာတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ကို ၃၀-၅၀ ရာခိုင်နှုန်း လျော့ကျစေတယ် ဆိုတာ သင်သိပါရဲ့လား။

ဇွန်
photo copy from google search
originally posted by Good Health
Source: http://news.yatanarpon.com.mm/news/news-11190

No comments:

Post a Comment