Thursday 6 February 2014

မရှိမဖြစ်တဲ့ ရေ

by #ပိုပိုဇော်(သဘာဝအားအင်)February 6, 2014 at 11:58am

လူတို့၏ ကိုယ်ခန္ဓာအတွင်း အသက်ရှင်နေမှုအတွက် ဖြစ်ပျက်လျက် ရှိသော ဇီဝိတ သဘာဝ ကိစ္စတို့သည် ကိုယ်အတွင်းရှိ အရည်များတွင် အမှီသဟဲ ပြု၍သာ ဖြစ်ကြပေသည်။  ထို့ကြောင့်ပင်လျှင် ရေသည် အောက်စီဂျင်ဓာတ်မှ လွဲလျှင် လူနှင့် အခြားသတ္တဝါများအတွက် မရှိမဖြစ်သော အဓိကဝတ္ထုတစ်ခု ဖြစ်ပေသည်။ သာမာန် ပတ်ဝန်းကျင်အခြေအနေတွင် လူတစ်ယောက်၏ လိုအပ်သည့် ရေအချိန်အဆကို တွက်ဆရန် မလိုပေ။ အဘယ့်ကြောင့်ဆိုသော် ရေသည် ကိုယ်ခန္ဓာအတွင်း ရေမလုံမလောက် ဖြစ်ကာ ရေငတ်သည့် လက္ခဏာများ ဖြစ်ပေါ်လာသည်။ ရေကို တစ်နည်းနည်းဖြင့် သောက်ကြရပေမည်။ ဤကဲ့သို့ သဘာဝအရ ဖြစ်ပေါ်လာမှု
လွဲမှားတတ်ကြောင်း တွေ့ရှိရပေသည်။ ဥပမာပြ ဆိုရပါလျှင် လူတချို့တွင် ပူအိုက်သော ရာသီအချိန်ကာလများတွင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာတတ်သော သာဓကများကို ကြည့်နိုင်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာလည် ချွေးအဖြစ်လည်းကောင်း၊ သာမာန်အားဖြင့် မသိ၍ ရေခိုးရေငွေ့များက လူ၏ ကိုယ်ရေပြားပေါ်မှ ထွက်သွားခြင်းကြောင့် ဖြစ်ပေသည်။ အထူးသဖြင့် ကိုယ်ခန္ဓာ၏ ရေအထွက်အဝင်ကို ပတ်ဝန်းကျင်အခြေအနေ တစ်မျိုး အပြောင်းအလွဲနှင့် ရောဂါအများအပြားတွင် ဂရုစိုက်ရပေမည်။ သာမာန်လူများအတွက် သင်္ဘော၊ မီးရထားစသည်တို့တွင် မီးထိုးလုပ်ရသည့် အလုပ်သမားများ ပူသောနေရာများတွင် အလုပ်လုပ်ရလျှင် ချွေးအထွက်များသဖြင့် ရေပိုမို ရရှိသောက်သုံးရန် လိုအပ်ပေသည်။ သို့မှသာ အပူဓာတ်ကြောင့် ကိုယ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးဥပါဒ်များကို တားဆီးနိုင်ပေမည်။

ကိုယ်ခန္ဓာအတွင်းသို့ ရေဝင်နည်း အမျိုးမျိုး

လူသတ္တဝါတို့သည် လိုအပ်သည့်ရေကို အောက်ဖော်ပြပါ နည်းသုံးမျိုးနှင့် ရရှိနိုင်ပေသည်။
(၁) အဖျော်ယမကာများ သောက်သုံးခြင်း။
(၂) အစားအစာများတွင် ပါရှိလာသော ရေများ (အစားအစာတိုင်း လိုလိုတွင် ရေအနည်းနှင့်အများ ပါသည်)
(၃) ခန္ဓာကိုယ်အတွင်း အစအာဟာရများ ကျေချက် လောင်ကျွမ်းရခြင်းကြောင့်   ဖြစ်ပေါ်လာသော ရေများ။

သာမန်အခြေအနေတွင် ဒုတိယနှင့် တတိယနည်းအရ ရေရရှိပုံ အတိုင်းအဆသည် နေ့စဉ် သောက်သုံးသည့် ပထမနည်းအရ ရရှိသည့် ရေအတိုင်းအဆနှင့် တူညီကြောင်း တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ နေ့စဉ်စားသုံးသည့်ရေမှ လွဲ၍ အခြားအစားအစာ စုစုပေါင်းတွင် ရေ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် လူများတွင် လိုအပ်သည့် ရေတစ်ဝက်ကို အစားအစာများက ရရှိနိုင်ကြောင်း ဖော်ပြရခြင်း ဖြစ်ပေသည်။

ကိုယ်ခန္ဓာအတွင်းမှ ရေထွက်သွားပုံ အမျိုးမျိုးရေသည် ကိုယ်၏ အပြင်ပသို့ နည်းလေးမျိုးနှင့် ထွက်ခွာလျက် ရှိပေသည်။

(၁) အဆုတ်မှ ထွက်ခြင်း

ကျွန်ုပ်တို့ ရှူထုတ်လိုက်သော လေသည် ပြင်ပဝန်းကျင်၏ အပူချိန် ရေခိုးရေငွေ့ စံချိန်ပေါ်တွင်တည်၍ အနည်းနှင့်အများ ပါရှိလေသည်။ ပျမ်းမျှအားဖြင့် ၂၄ နာရီအတွင်း ၃၀၀ စီစီမှ ၄၀၀ စီစီ အထိ ထွက်နိုင်ကြောင်း သိရပေသည်။

(၂) အူသိမ်အူမများမှ ရေထွက်ခြင်း

ဝမ်းဖော၊ ဝမ်းလျှောသည်မှအပ လူတို့ စွန့်ပစ်သော ကျင်ကြီးတွင် တစ်နေ့လျှင် ၁၀၀ စီစီမှ ၂၀၀ စီစီ အထိ ပါသွားနိုင်သည်။

(၃)ကိုယ်ရေပြားပေါ်မှ   ရေထွက်ခြင်း

အထက်က ဖော်ပြပြီးခဲ့သည့်အတိုင်း ချွေးအဖြစ်လည်းကောင်း၊ မမြင်နိုင်သည့် ရေခိုးရေငွေ့အဖြစ်လည်းကောင်း၊ ကိုယ်ရေပြားပေါ်မှ ထွက်လျက်ရှိပေသည်။ ဒုတိယနည်းနှင့် ၆၀၀ စီစီမှ ၈၀၀ စီစီ အထိ ထွက်လျက် ရှိပေသည်။ အူနေရာတွင် အပူများလေလေ၊ ချွေးအထွက် များလေလေ၊ ရေပိုမို လိုအပ်လေလေ ဖြစ်ကြောင်း တင်ပြပါသည်။

(၄) ကျင်ငယ်အဖြစ် ထွက်ခြင်း

ထို့နောက် ရေသည် ကျောက်ကပ်မှ ကျင်ငယ်အဖြစ် ထွက်ခြင်း ရှိပေသည်။ ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း ရေများနေလျှင် ဆီးအသွားများခြင်းဖြင့် ထုတ်ပစ်နိုင်၍ ရေနည်းနေလျှင် ကျင်ငယ်အစွန့်နည်းခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ရေဝင်ရေထွက် သဗ္ဗာယမျှတအောင် ထိန်းသိမ်းနိုင်ခြင်း ရှိပေသည်။ အထူးသဖြင့် ကိုယ်ခန္ဓာတွင်းရှိ အညစ်အကြေး အဆိပ်အတောက်များသည် ကျင်ငယ်နှင့်အတူ ထုတ်ယူခြင်းကြောင့်၊ ကျင်ငယ်ဖြစ်ရန် ရေလိုပေသည်။ ကိုယ်ခန္ဓာအတွင်းတွင် ရေမလုံလောက်က ကျင်ငယ်အစွန့်နည်းလျက် အထက်ဖော်ပြပါ အဆိပ်အတောက် အညစ်အကြေးများက လူခန္ဓာကိုယ်အား ဥပါဒ်ပေးနိုင်ပေသည်။ ထို့ကြောင့် သာမာန်လူတို့သည် ခန္ဓာကိုယ်အတွင်း ရေအထွက်အဝင် သဗ္ဗာယမျှတမှု ရှိမရှိကို ကျင်ငယ်အစွန့် အနည်းအများပေါ်တွင် မူတည်၍ ချင့်ချိန်နိုင်ပေလိမ့်မည်။ ရေ၏ အသုံးဝင်ပုံကို အကျဉ်းအားဖြင့် ဖော်ပြရသော်၊

(၁) ခန္ဓာကိုယ် အနှံ့အပြားသို့ အစာအာဟာရများ သယ်ပေးခြင်း၊
(၂) အညစ်အကြေးများကို ခန္ဓာကိုယ် အပြင်ပသို့ သယ်ယူ ထုတ်ရခြင်း၊
(၃) ကိုယ်ခန္ဓာ၏ အပူသဘောကို ထိန်းသိမ်းပေးရခြင်း စသည်တို့သည် ရေ၏ အဓိက စွမ်းဆောင်ချက်များ ဖြစ်ပေသည်။

တစ်နေ့တာအတွက် ရေကို ပိုသောက်၍ ရောဂါဖြစ်သည်ဟူ၍ မရှိဘဲ၊ လျှော့၍သောက်လျှင်သာ ရောဂါအမျိုးမျိုး ဖြစ်ပေါ်လေသည်။ ထို့ကြောင့် သာမာန် ဉာဏအလုပ်သမား တစ်ဦးသည် တစ်နေ့လျှင် ရေဖန်ခွက် လေးခွက်မှ ခြောက်ခွက်လောက် သောက်သင့်လေသည်။ ကာယလုပ်သားမှာမူ ထိုထက် ၂ ဆ၊ ၃ ဆ ပို၍ သောက်ရပါမည်။ လူတို့၏ မိတ်ဆွေရင်းချာ “ရေ” ဟု ဆိုကြရပေမည်။ 

မြင့်ကိုဝင်း
photo copy from google search
credit to >>>The Mandalay Hill
Source:http://www.yatanarpon.com.mm/cp/shadethemandalayhill/article-37155

No comments:

Post a Comment