Tuesday 4 February 2014

ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေမည့် နည်းများ

by #ပိုပိုဇော်(သဘာဝအားအင်)February 4, 2014 at 2:17pm

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေမှသာ ဝင်လာတဲ့ ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်မှာပါ။  ဒါကြောင့် ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေဖို့ နည်းလမ်းကောင်းတွေကို ရေးသားလိုက်ရပါတယ်။


(၁) ခန္ဓာကိုယ်ကို လှုပ်ရှားပါ

ကိုယ်ခံစွမ်းအားကောင်းစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး အရိုးပါးရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၂) ဆေးဖက်ဝင် ဖြည့်စွက်ဆေးများကို စဉ်းစားပါ

ဆေးဖက်ဝင်တဲ့ ကြက်သွန်ဖြူ၊ ကညွတ်၊ ဂျင်စင်း၊ အကျိုးပြု ဘက်တီးရီးယား စတဲ့ ဆေးဖက်ဝင် အစားအသောက်တွေကို စားပေးရင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး အထွေထွေ ကျန်းမာရေးကို တိုးတက်စေပါတယ်။

(၃) ရယ်မောပါ

အူလှိုက်သည်းလှိုက် ရယ်မောတာက သင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဟာသဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတာကြောင့် ပျော်ပျော်နေတတ်သူတွေက နာမကျန်းမှုဖြစ်နှုန်း လျော့နည်းကြတာပါ။

(၄) ဗီတာမင် မှီဝဲပါ

သင်စားတဲ့ အစားအသောက်က အာဟာရ အပြည့်အဝမပါဘူးလို့ ထင်ရင် မာလ်တီဗီတာမင်အားဆေး သောက်ဖို့ စဉ်းစားပါ။ နေ့စဉ် မာလ်တီဗီတာမင်အားဆေး သောက်ပေးရင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၅) အိပ်ရေးဝဝ အိပ်ပါ

လုံလောက်တဲ့ အိပ်ချိန်မရှိရင် ကိုယ်ခံစွမ်းအားစနစ်က အပြည့်အဝ ကောင်းမွန်ဖို့ မလွယ်ပါဘူး။ အရွယ်ရောက်သူ အများစုဟာ တစ်ညမှာ ၇-၈ နာရီခန့် အိပ်စက်သင့်ပါတယ်။

(၆) ခွေးမွေးပါ

ခွေးတွေဟာ လူတွေအတွက် အကောင်းဆုံး မိတ်ဆွေလို့ ပြောကြပါတယ်။ ခွေးတွေနဲ့ တခြား အိမ်မွေးတိရစ္ဆာန်တွေ ရှိတာကြောင့် သင့်ကို နွေးထွေးမှု ရရှိစေပြီး လှုပ်ရှားမှု လုပ်ဖြစ်စေကာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ အိမ်မွေးတိရစ္ဆာန် ရှိတာက သွေးတိုးကျစေပြီး သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျစေကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဒါ့အပြင် ခွေးတစ်ကောင် ရှိတာက ကိုယ်ခံစွမ်းအားစနစ် ကောင်းစေပြီး ကလေးတွေမှာ ဓာတ်မတည့်မှုဖြစ်နှုန်း လျော့ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၇) ခိုင်မာသော လူမှုရေးကွန်ရက်ကို တည်ဆောက်ပါ

မိတ်ဆွေသူငယ်ချင်းဆိုတာ အရေးပါမှန်း သိကြပေမယ့် သူတို့နဲ့ ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးရှိတာက ကျန်းမာရေးအတွက် အကြီးအကျယ် အထောက်အကူပြုမှန်း သိချင်မှ သိပါလိမ့်မယ်။ လတ်တလော လေ့လာမှုအရ ခိုင်မာတဲ့ ဆက်ဆံရေးရှိသူတွေဟာ အထီးကျန်သူတွေထက် အသက်ရှည်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။

(၈) အင်တီအောက်ဆီးဒင့် ရအောင် မှီဝဲပါ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါက အင်တီအောက်ဆီးဒင့်ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများများ ရရှိစေနိုင်ပါတယ်။ အစားအသောက်ကရတဲ့ အင်တီအောက်ဆီးဒင့်ဟာ ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အင်တီအောက်ဆီးဒင့် များများရရှိစေဖို့ လိမ္မော်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီစိမ်း၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ မုန်လာဥ၊ ဖရဲသီး၊ သင်္ဘောသီးနဲ့ အစိမ်းရောင်ဟင်းရွက် စတာတွေကို စားပေးသင့်ပါတယ်။

(၉) အပြုသဘောဆောင်သောစိတ် ထားရှိပါ

အကောင်းမြင်စိတ်ရှိတာက ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်စေပါတယ်။ ကျောင်းသားတွေကို လေ့လာမှုတစ်ရပ်အရ အကောင်းမြင်စိတ် ရှိလေလေ၊ ကိုယ်ခံစွမ်းအားစနစ် ပိုကောင်းလေလေ ဖြစ်တာကို တွေ့ရပါတယ်။ နှစ်သက်တဲ့ အလုပ်တွေမှာ အချိန်ပေးပြီး အဆိုးမြင် အတွေးတွေကို နှင်ထုတ်လိုက်ပါ။

(၁၀) လက်ဆေးပါ

ကိုယ်ခံစွမ်းအားစနစ် ကောင်းပြီး နာမကျန်းမှုကို တိုက်ထုတ်နိုင်ဖို့ အလွယ်ဆုံး နည်းတစ်ခုက သင့်လက်တွေကို မှန်မှန် ဆေးကြောပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းက သင်နဲ့ သင့်ပတ်ဝန်းကျင်က လူတွေကို ကျန်းမာစေပါတယ်။ လက်တစ်ကြိမ်ဆေးရင် စက္ကန့် ၂၀ အချိန်ပေးဖို့လိုပြီး ဆပ်ပြာနဲ့ ရေကို သုံးပါ။

ကြယ်စင်
photo copy from google search
originally posted by Good Health
Source: http://news.yatanarpon.com.mm/news/review-58616

No comments:

Post a Comment