Saturday 30 March 2013

သင့် မျက်နှာလေးကို အလှပလေးတွေ တိုးလာအောင်

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Saturday, March 30, 2013 at 10:24am

သင့် မျက်နှာလေးကို အလှပလေးတွေ တိုးလာအောင် လုပ်ဆောင်ချက်လေး ......

လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ
ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။

ပူပြင်းလာပြီ ဥတုရာသီ ကာကွယ်မနှေး လိုက်နာပေး

by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Saturday, March 30, 2013 at 9:57am

ရာသီဥတုပူပြင်းချိန်တွင် ဖြစ်တတ်သော ကျန်းမာရေး အန္တရာယ်များ ........

နွေရာသီကို ရောက်ရှိလာချိန်မှာ အပူချိန်မြင့်မားမှုနဲ့ အတူ ကျန်းမာရေးအန္တရာယ်တချို့ ဒွန်တွဲပါလာတတ်ပါတယ်။ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ ရေဓာတ်ခန်းခြောက်တာ၊ အရေပြား နေလောင်တာ၊

Friday 29 March 2013

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Friday, March 29, 2013 at 4:49pm

အစာခြောက်တွေကို အစားများတာကြောင့် အစာမကြေဘဲ လေပွတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။  လေပွတာကို အလွယ်တကူ သက်သာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ သင်နေ့စဉ်စားနေကျ အစားအစာတွေကို သတ်မှတ်ထားပြီး အစာစားပြီးတိုင်း ဖြစ်ပေါ်တတ်တဲ့ သင့်ကျန်းမာရေး အခြေအနေကို လေ့လာနိုင်ပါတယ်။ နေ့တိုင်း လေပွတယ်လို့ ခံစားနေရရင် သင်စားနေကျ အစားအစာတွေရဲ့ အစာစားနည်းပုံစံကို ငါးရက်လောက်ပြောင်းကာ စားပေးပါ။

နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများသော သင့်စားသောက်မှုကို ပြင်ဆင်ရအောင်

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Friday, March 29, 2013 at 4:35pm

သင်ရဲ့ စားသောက်မှုပုံစံက နှလုံးရောဂါ ဖြစ်ပွားမှုကို ဦးတည်စေတယ်ဆိုတာ သင်သိပါရဲ့လား။ အောက်ပါအတိုင်း စားသောက်တာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။

သင် ဝနေရဆဲ အကြောင်းရင်း ငါးရပ်

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Friday, March 29, 2013 at 4:23pm

အမျိုးသားတွေ ဝလာရင် ဗိုက်ပူလာတတ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်တွင်း ကျားဟော်မုန်းတွေ ဟန်ချက်ညီပြီး ကြွက်သားတွေ သန်စွမ်းနေဖို့ဆိုရင် အဝလွန်တာကို လျှော့ချဖို့လည်း လိုပါတယ်။  လတ်တလော လေ့လာမှုတွေအရ အမျိုးသားတွေ အနေနဲ့ ခန္ဓာကိုယ် အဆီကျပြီး ပိန်ဖို့ရာမှာ အတားအဆီး ဖြစ်စေတဲ့ အချက်တွေကို အောက်ပါအတိုင်း သိရပါတယ်။  

Tuesday 26 March 2013

ကော်ဖီကြိုက်သူတွေ သတိထားသင့်တဲ့ ကော်ဖီရဲ့ မကောင်းတဲ့ အချက် (၁၀) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, March 26, 2013 at 6:03pm


ဟိုးယခင်ကတည်းက ကော်ဖီကို လန်းဆန်းတက်ကြွဖို့နဲ့ ထိုင်းမှိုင်းမှုတွေကို ပြေပျောက်ဖို့အတွက် သုံးစွဲခဲ့ကြပါတယ်။ အခုခေတ်အခါမှာတော့ ကော်ဖီဟာတော်တော်လေးရေပန်းစားလာပြီဖြစ်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ကောင်းကျိုးထက်ဆိုးကပိုများတယ်လို့ကျန်းမာရေးသုသေသီများကဆိုကြပါတယ်။ ကော်ဖီက ဘယ်လို ဆိုးကျိုးတွေပေါ်သက်ရောက်နေလဲဆိုတော့-

မျက်လုံးများဖောင်းအစ်နေခြင်းမှု သက်သာစေမည့် နည်းငါးမျိုး

 by ပိုပိုဇော်(သဘာဝအားအင်)  on Tuesday, March 26, 2013 at 5:10pm

မျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ် မိရာက မျက်လုံး ဖောင်းအစ် မှုတို့ ဖြစ်တတ် ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါ နည်းငါးမျိုးကို လိုက်နာသင့် ပါတယ်။

အိပ်စက်ခြင်းနှင့်အတူ အံ့ဩဖွယ်ရာအချက် (၁၁)ချက်

by ပိုပိုဇော်(သဘာဝအားအင်)on Tuesday, March 26, 2013 at 4:54pm

(၁)အသက်ရှင်ရန် အိပ်ပါ

အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။

Monday 25 March 2013

ကင်ဆာရောဂါအတွက် ဒူးရင်းသြဇာ

by ပိုပိုဇော်(သဘာဝအားအင်) on Monday, March 25, 2013 at 8:40pm


ကင်ဆာ နှင့် ဒူးရင်းသြဇာ
ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့ အဖြေ ထွက်ပြီး ကျွန်မတို့တစ်တွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာ တက်ကြွ နေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။

ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ ငှက်ပျောသီး ဖြင့် ၀ိတ်ချခြင်း

by ပိုပိုဇော်(သဘာဝအားအင်)on Monday, March 25, 2013 at 8:28pm


ကဗျာ အရင်က မြန်မာမှုပြုတဲ့ detox diet plan ( http://shwebeauty.com/?p=520)တစ်ခုကို ဖော်ပြခဲ့ဖူးပါတယ်။ ဒီ plan ဟာ ၀ိတ်ကျတာ မြန်ပေမယ့် (၁) ပတ် (၂) ပတ် ထက်ပိုပြီး စားနိုင်ဖို့ မလွယ်ပါဘူး။ အမြဲအလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။  ဒီတော့ ပုံမှန်လေးလည်း စားချင်တာစားမယ်။  ပုံမှန်လေးနဲ့ ဖြည်းဖြည်းချင်းကျမယ့် plan မျိုးကို တောင့်တ ခဲ့ပါတယ်။

ငှက်ပျောသီးကပေးတဲ့အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, March 25, 2013 at 8:15pm


ပျိုမေတို့လက်ရှိသုံးနေတဲ့အလှကုန်တွေအများစုငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့အလှကုန်တွေပဲ  ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် အသုံးပြုကြပါတယ်။
ဒါ့အပြင်ဆံကေသာ  အတွက်   လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံး ပြုကြပါတယ်။

ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, March 25, 2013 at 8:01pm

တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။

အရိုးအဆစ်များ ကျန်းမာသန်စွမ်းစေဖို့ ဆိုရင်

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Monday, March 25, 2013 at 9:58am


အရိုးအဆစ်များ ကျန်းမာရန်

(၁) များများလှုပ်ရှားပေးပါ။ များ များလှုပ်ရှားလေ အဆစ်အမြစ်များ တင်းနေမှု လျော့ကျလေဖြစ်ပါတယ်။ ဒါကြောင့် TV ကြည့်စဉ်ဖြစ်စေ၊ အလုပ်လုပ်စဉ်ဖြစ်စေ ခဏနားပြီး လှုပ်ရှားမှုလုပ်ပေးပါ။

Tuesday 19 March 2013

( ကော်ဖီ ၁ + ရေနွေးကြမ်း ၄ ) သောက်လိုက်ပါ မနှေး



တစ်ရက်လျှင် ကော်ဖီတစ်ခွက်၊ ရေနွေးကြမ်း လေးခွက်သောက်လျှင် လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင် ……...

တစ်ရက်လျှင် ကော်ဖီတစ်ခွက် (သို့ ) လက်ဖက်ရည်ကြမ်း လေးခွက် သောက်လျှင် လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်မည်ဟု ဂျပန်နိုင်ငံမှ သုတေသီများ လေ့လာတွေ့ ရှိခဲ့ကြောင်း ဖော်ပြသည် ။

Sunday 17 March 2013

အရမ်းအန္တရာယ် များနေပြီ ဖြစ်တဲ့အချိုမှုန့်ရဲ့ဆိုးကျိုးတွေ

by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Sunday, March 17, 2013 at 5:00pm


အချိုမှုန့် ဆိုတာ ဘာလဲ ........

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အမျိုးသမီးများ ဓမ္မတာ အကြိုဝေဒနာများရှိလျှင်

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Sunday, March 17, 2013 at 4:47pm


အမျိုးသမီးများ ဓမ္မတာ အကြိုဝေဒနာများရှိလျှင် ...........
(Prementstrual Syndrome)

Essentiak fayttyacids တွေ ချို့တဲ့ရင် ဓမ္မတာ ဝေဒနာအကြို (ဥပမာ သားမြတ်နာကျင်တာ၊ ဆီးစပ်ကိုက်တာ၊ စိတ်တိုတာ) ကို ဆိုးရွားစွာ ခံစားရတတ်တယ်လို့ သုတေသန ပြုသူအများစုက ယုံကြည်ကြပါတယ်။ ဒါကြောင့် ဓမ္မတာ လာခါနီးရက်တွေမှာ Evening Prim Rose Oil ကို

အရေပြားပေါ်မှာအကြောပြတ်တဲ့အရာတွေကြောင့် စိတ်ညစ်နေသလား

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Sunday, March 17, 2013 at 4:34pm

အရေပြားပေါ်မှာအကြောပြတ်တဲ့အရာတွေကြောင့် စိတ်ညစ်နေသလား။

ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ဗိုက်မှာ အကြောပြတ်တဲ့အရေး အကြောင်းတွေ ပေါ်လာလေ့ရှိပါ တယ်။ အဓိကဖြစ်စေတဲ့အကြောင်းက တော့ မျိုးရိုးဗီဇက အဓိကပါဝင်ပါ တယ်။ လူတိုင်းလူတိုင်းကလည်း အရေးအကြောင်းပေါ်ပုံခြင်း မတူကြ ပါဘူး။ သင့်ရဲ့အသားအရောင်ကို လိုက်ပြီး ပန်းရောင်၊ နီညို၊

အရွယ်မတိုင်မီဆံပင်ဖြူနေပြီလား

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Sunday, March 17, 2013 at 4:14pm


အရွယ်မတိုင်မီဆံပင်ဖြူနေပြီလား

ဘယ်အရွယ်ကို အရွယ်မတိုင်မီ ဆံပင်ဖြူတယ်လို့ ခေါ်ကြမလဲ။ ဆံပင် ဖြူရတဲ့အကြောင်းက အရောင်ခြယ် ထုတ်ပေးတဲ့ဆဲလ်တွေ အလုပ်မလုပ် တော့လို့ပါ။ လူဖြူတွေမှာ အသက် ၃၀ မှာ ဆံပင်စဖြူပြီး အာရှသားတွေ ကတော့ ၃၀နောက်ပိုင်းမှာ ဖြူလေ့ ရှိပြီး အာဖရို-အမေရိကန်တွေမှာ ၄၀ နောက်ပိုင်းမှာ ဖြူလေ့ရှိပါတယ်။

Thursday 14 March 2013

နှာခေါင်းသွေးယိုခဲ့လျှင်ဘာလုပ်ရမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Thursday, March 14, 2013 at 11:26pm

Nose Bleed (နှာခေါင်းသွေးယိုလျှင်ဘာလုပ်ရမလဲ)

နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး

Monday 11 March 2013

မိမိလက်သည်းကပြောပြတဲ့မိမိရဲ့ ကျန်းမာရေး

by ပိုပိုဇော်(သဘာဝအားအင်) on Monday, March 11, 2013 at 4:26pm

လက်သည်းများနှင့် ကျန်းမာရေး

၁။ လက်သည်းများ အရောင် ဖျော့နေခြင်း
သွေးအားနည်းခြင်း၊ နှလုံးသွေး အိုင်၍ အလုပ်မလုပ်နိုင်ခြင်း (Congestive Heart Failure)၊ အသည်း ရောဂါနှင့်အာဟာရမပြည့်ဝမှုတို့၏ လက္ခဏာဖြစ်နိုင်ပါတယ်။
၂။ လက်သည်းများဖြူနေပြီး လက် သည်း၏နှုတ်ခမ်းသားများ အရောင် ရင့်နေခြင်း က အသည်းရောဂါ

စိုပြည်တောက်ပသော အသားအရေအတွက် အကြံပြုချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, March 11, 2013 at 4:14pm


-အရေပြားပေါ်မှ ဆဲလ်သေ များကို ဖယ်ရှား၍ သွေးလည်ပတ်မှု မြှင့်တင် နိုင်ရန် ကိုယ်တိုက်ဘရှပ်ဖြင့် ပွတ်တိုက်ပေးပါ။ ခြေဖျားမှစ၍ တင် ပါးဆုံ၊ ၀မ်းဗိုက်၊ လက်မောင်း၊ ရင်ပတ်တ၀ိုက်၊ ပုခုံးနှင့်ကျောကုန်း များကိုပါ ညင်သာစွာ ပွတ်တိုက်သန့် စင်ပေးပါ။

လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင် တဲ့ ထောပတ်သီး

by ပိုပိုဇော်(သဘာဝအားအင်) on Monday, March 11, 2013 at 4:02pm


ထောပတ်သီးစားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု

Sunday 10 March 2013

ညောင်ဗောဓိ ဂုဏ်သတ္တိ နှင့် အကျိုးများပုံများ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, March 10, 2013 at 1:03pm

ညောင်ဗောဓိ ........ ဂုဏ်သတ္တိ နှင့် အကျိုးများပုံများ

မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာ ရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏ ။ ကြေ ခဲ၍ ခြောက်ကပ်၏ ။ ကိုယ်သားကိုယ်ရေ အရောင်အဆင်း ကို တောက်ပစေ၏ ။ သားအိမ်ကို သန့်ရှင်းစေ၏ ။ သည်းခြေ သလိပ်ကို နိုင်၏ ။ အပူ ၊ အနာပေါက် ၊ ပန်းနာ ၊ နူနာ ၊ ပလိပ် ၊ ဂရင်ဂျီနာ တို့ကို ပျောက်ကင်းစေ၏ ။ အသီးမှည့်သည် အေး၏ ။ နှလုံးကို အကျိုးပြု၏ ။

Saturday 9 March 2013

အသက်ရူမ၀ဖြစ်ပြီး မောခြင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, March 10, 2013 at 8:47am

လူ့ခန္ဓာကိုယ် အသက်ရှူစနစ်ရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ပြဿနာ တခုခုရှိခဲ့ရင် မောခြင်းဖြစ်စေပါတယ်။ အသက်ရှူစနစ်ဆိုရာမှာ အသက်ရှူမှုကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း ကနေ အဆုတ်ရဲ့ သေးငယ်တဲ့ လေအိပ်ကလေးတွေအထိ ပါဝင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အာရုံကြောတွေ၊ အသက်ရှူမှုဆိုင်ရာ ကြွက်သားတွေ၊ အဆုတ်၊ လေပြွန်၊ နှလုံး၊ သွေးနီဥအရေအတွက် စတာတွေမှာ ပြဿနာဖြစ်ရင် မောလာတတ်ပါတယ်။

မြင်သူငေးလောက်စရာ ပိုးသားဆံနွယ်လေးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, March 10, 2013 at 8:36am

“ညနေခင်းရဲ့လေပြေထဲမှာ မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ပန်းပွင့်လေးတွေရှက်သွေးဖြာ ကျေးငှက်လေးတွေ တေးမဆိုတော့ပါ” တဲ့။ သီချင်းထဲက ကောင်မလေးဆံပင်ကတော့ သူ့ချစ်သူကလည်း အရမ်းချစ်သလို လူတိုင်းအားကျရတဲ့ ဆံပင်လေးတွေဖြစ်မှာပဲနော်။ ယောက်ျားလေးတွေအတွက်ဖြစ်ဖြစ်၊

လေဝ (သို့မဟုတ်) ဗိုက်စူထွက်သူများအတွက် ဆေးနည်းကောင်း

by ပိုပိုဇော်(သဘာဝအားအင်) on Sunday, March 10, 2013 at 8:13am

အနောက်တိုင်း ဆေးပညာတွင် ဝလာခြင်း၊ ကိုယ်အလေးချိန် တက်လာမြင်း မှန်သမျှသည် ခန္ဓာကိုယ်တွင် အဆီများ စုပုံလာပြီး “ကိုလက်စထရော” တက်လာခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာဆေးပညာတွင်မူ အဆီဝနှင့် လေဝဟူ၍ နှစ်မျိုးရှိသည်။ အိန္ဒိယမှလာသော အာယုဗေဒ ဆေးပညာတွင်ကား လေ၊ သည်းခြေ၊သလိပ်တို့ဖြင့် ဖွဲ့စည်းထားသော

Tuesday 5 March 2013

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, March 5, 2013 at 11:58am

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့
~~~~~~~~~~~~~~~~~~~~~~

ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။

Chlorine (ကလိုရင်း) ရဲ့  အဆိုးအကောင်း သိကောင်းစရာ မှတ်တမ်း

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, March 5, 2013 at 11:38am

ကလိုရင်း (Cl) သည် သိပ္ပံနယ်ပယ်တွင်သာမကသိပ္ပံနှင့် မရင်းနှီးသော သာမန် လူများကပင် အသိများသည့် ဓာတုဒြပ်စင်ဖြစ်သည်..(အထူးသဖြင့် ရေကန် ရေထဲ့များတွင် ထည့်ရသည်ဟု အသိပိုများပါသည် )

ကျောက်ကပ်ရောဂါဘယ်လိုကာကွယ်ကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, March 5, 2013 at 11:15am


ကျောက်ကပ် ကောင်းစေရန် ( ကျောက်ကပ်ကျန်းမာရေး )...........

ကျောက်ကပ်တွင် ဖြစ်တတ်သော ပြဿနာများ ထိုကဲ့သို့ ခန္ဓာကိုယ်၏ အညစ်အကြေးစွန့်ခြင်း ၊ ထိန်းညှိခြင်း စသော လုပ်ငန်း တာဝန်များကို တရံမလပ် ထမ်းဆောင် နေရသော ကျောက်ကပ်သည် တစ်ခါတစ်လေ တွင် နေမကောင်းခြင်း စသော ကိစ္စရပ်များနှင့် လုပ်ငန်း တာဝန်များ လစ်ဟင်းတတ်သည်။ ရဲဘော်ကြီးကျောက်ကပ် နေမကောင်းရခြင်း အကြောင်းရင်း များထဲမှ အဓိက ဖြစ်တတ်သော အကြောင်းရင်းမှာ - ဆီးကျောက်တည်ခြင်း ဖြစ်သည်။

ဖလန်တောင်ဝှေး၏ထူးတဲ့အာနိသင်

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, March 5, 2013 at 10:43am


ဖလန်တောင်ဝှေး .....

နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ လေနာ၊ အရေပြား ရောဂါ၊ မြွေကိုက်ခြင်း တို့ကို ကုသရာ၌ အမြစ်ကို သုံးသည်။ နားပြည်ယို၊ နားကိုက် ရောဂါကို ဖလံတောင်ဝှေး အခွံ့နွှာ မီးကင်ပြီး အတန်ကြာ အေးစေ၍ ရည်ညှစ်ယူ ၎င်းအရည်ကို နားအတွင်းသို့ ၃-၄ စက်ခန့် မကြာ မကြာ ထည့်ပေးရ၏။ ချောင်းဆိုး ရောဂါ၊ သာမာန် နှလုံးတုန် ရောဂါ တို့ကို ဖလှံတောင်ဝှေး ဟင်းချက်

Friday 1 March 2013

ကွမ်းယာ ယဉ်ကျေးမှု့ နောက်ကွယ်က အန္တရာယ်

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, March 1, 2013 at 8:43am


ကွမ်းယာ ယဉ်ကျေးမှု့ နောက်ကွယ်က အန္တရာယ် .....

ကွမ်းဓလေ့က မြန်မာနိုင်ငံမှာ ရှေးယခင်မြန်မာဘုရင်များလက်ထက်ကတည်း ကရှိခဲ့တဲ့ မြန်မာ့ရိုးရာအလေ့အထဖြစ်ပါတယ်။ ရှေးမြန်မာတို့ရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိစွာ ခန့်ခန့်ထည်ထည်နေရာယူထားတဲ့ ကွမ်းအစ်ကြီးနဲ့ ဧည့်သည်များကို

နည်းကောင်းတစ်ခု လက်ဆောင်ရ ( ခါးနားသောသူများအတွက် ပါ )

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, March 1, 2013 at 8:27am


အခု နည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, March 1, 2013 at 8:16am


အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလာဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်