Monday 11 March 2013

စိုပြည်တောက်ပသော အသားအရေအတွက် အကြံပြုချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, March 11, 2013 at 4:14pm


-အရေပြားပေါ်မှ ဆဲလ်သေ များကို ဖယ်ရှား၍ သွေးလည်ပတ်မှု မြှင့်တင် နိုင်ရန် ကိုယ်တိုက်ဘရှပ်ဖြင့် ပွတ်တိုက်ပေးပါ။ ခြေဖျားမှစ၍ တင် ပါးဆုံ၊ ၀မ်းဗိုက်၊ လက်မောင်း၊ ရင်ပတ်တ၀ိုက်၊ ပုခုံးနှင့်ကျောကုန်း များကိုပါ ညင်သာစွာ ပွတ်တိုက်သန့် စင်ပေးပါ။
- သံလွင်ဆီကို ခန္ဓာကိုယ် အနှံ့လိမ်း ကျံ၍ သက်သောင့်သက်သာ နွေးထွေး သည့်နေရာတွင် ၁၅ မိနစ်ခန့်အနားယူပါ။ ထို့နောက် ရေ ချိုး၍ ခန္ဓာကိုယ်အရေပြားပေါ်မှ အဆီများကို ညင်သာစွာသန့်စင်ပါ။

- ဒူးခေါင်းနှင့် တံတောင်ဆစ်ရှိ အသားမာတက်၍ အရောင်ရင့်နေ သော အရေပြားနေရာများကို သန့်စင် ရန်ဂွမ်းတစ်စကို သံပရာရည်ထဲစိမ်၍ လိမ်းကျံပေးပါ။ ထို့နောက် တံတောင် ဆစ်ပေါ်၊ ဒူးဆစ်ပေါ်သို့ အရည်ညှစ် ထုတ်ထားသော သံပုရာခြမ်းကို ငါးမိနစ်ကြာ အုံထားပေးပါ။ ထို့နောက်ရေသန့်သန့်နှင့်ဆေးကြော၍ အခြောက်ခံထားပါ။

- ကြမ်းတမ်းသည့်အရေပြားကို သံပရာသီး၊ ရှောက်သီးမှရသော အချဉ်ရည်များဖြင့် သုတ်လိမ်း၍ ဆယ်မိနစ်ခန့်ထားပြီးရေဆေးပါ။ အချဉ်တွင်ပါဝင်သော လက်တစ် အက်ဆစ်က အရေပြားပေါ်မှဆဲလ် သေနှင့် အညစ်အကြေးများကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင် သည်။

- ခြောက်သွေ့၊ ကွဲအက်နေသော အရေပြားများအတွက် ရှေးဟောင်း နည်းလမ်းတစ်ခုကို စမ်းသပ်ကြည့်ပါ။ ပြုတ်ပြီးပါးပါးလှီးထားသည့် အာလူး နှစ်လုံးကို သီးနှံထွက်ဂလစ်စရင်းအဆီ လက်ဖက်ရည်တစ်ဇွန်း၊ နွားနို့အနည်း ငယ်ရောစပ်၍ သမအောင်နယ်ပါ။ ကွဲအက်နေသော အရေပြားများပေါ် လိမ်း၍ ငါးမိနစ်ထားပြီးရေဆေးပါ။

- အရေပြားပိုမိုနူးညံ့လာစေရန် ဖွဲနု အနည်းငယ်ကို သန့်ရှင်းသည့် ခြေစွပ် အတွင်းထည့်၍ ထိပ်ပိတ်ပြီး ရေချိုးကန်ထဲထည့်ပါ။ ဗိုက်တာမင် ကြွယ်ဝသော အဆီများထွက်ရှိစေပြီး အသားအရေကိုနူးညံ့စေသည်။ ထိုသို့ ရေချိုးခြင်းကို ဂျပန်နိုင်ငံ၌ နူကာ ရေချိုးနည်းဟူ၍ အသုံးပြုလျက် ရှိသည်။

ဇော်ကို
Source: Readers' Digest
credit>>>Health Updates JournalVol-2,No-10

No comments:

Post a Comment