Tuesday 26 March 2013

ကော်ဖီကြိုက်သူတွေ သတိထားသင့်တဲ့ ကော်ဖီရဲ့ မကောင်းတဲ့ အချက် (၁၀) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, March 26, 2013 at 6:03pm


ဟိုးယခင်ကတည်းက ကော်ဖီကို လန်းဆန်းတက်ကြွဖို့နဲ့ ထိုင်းမှိုင်းမှုတွေကို ပြေပျောက်ဖို့အတွက် သုံးစွဲခဲ့ကြပါတယ်။ အခုခေတ်အခါမှာတော့ ကော်ဖီဟာတော်တော်လေးရေပန်းစားလာပြီဖြစ်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ကောင်းကျိုးထက်ဆိုးကပိုများတယ်လို့ကျန်းမာရေးသုသေသီများကဆိုကြပါတယ်။ ကော်ဖီက ဘယ်လို ဆိုးကျိုးတွေပေါ်သက်ရောက်နေလဲဆိုတော့-

၁။ စွဲလမ်းခြင်း

ဒီမကောင်းတဲ့အချက်ကတော့ လူတိုင်းသတိထားသင့်တဲ့အချက်ပါပဲ လေ့လာစမ်းသပ်မှုတွေအရ coffee ကိုတစ်နေ့ ၃၊၄ ခွက်သောက်သုံးသူတွေဟာ ကြာလာတော့ coffee ကိုမသောက်ရမနေနိုင်ဖြစ်လာပါတယ် ဒီလိုဆိုရင်တော့ coffee ရဲ့ bad effects တွေကို တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ဖို့ chance များလာပါတယ်

၂။ လေဖြန်းခြင်း(stroke)

caffeine ဓာတ်က သွေးလည်ပတ်မှုနှေးစေတဲ့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသွေးရောက်ရှိမှုနည်းသွားပါတယ် အထူးသဖြင့်ဝသောသူတွေမှာ coffee အလွန်အမင်းသောက်သုံးပါက လေဖြန်းခြင်းကို အားပေးစေပါတယ်

၃။ နှစ်ခြိုက်စွာအိပ်မပျော်တော့ပီ

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း coffee မှာပါတဲ့ caffeine ဓာတ်က adenosine နဲ့သွားတူတဲ့အတွက် အိပ်စက်ခြင်းကိုအနှောက်အယှက်ပေးပါတယ်။ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းအလျင်းမရှိတော့ပဲ အအိပ်ဆတ်လာပါတော့တယ်

၎။ မွေးကင်းစကလေးပေါ်မှာသက်ရောက်မှု

ကိုယ်ဝန်ဆောင်မိခင်တွေဟာ coffee သောက်သုံးခြင်းကိုရှောင်ရှားသင့်ပါတယ် coffee မှာပါတဲ့ caffeine ဓာတ်က ဗိုက်ထဲမှာရှိတဲ့ကလေးအတွက် အန္တ္တရာယ်ဖြစ်ပါတယ် အလွန်အမင်းသောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်

၅။ ကော်ဖီနဲ့ အာရုံကြော အဖွဲ့အစည်း

ပုံမှန်ဖြစ်စဉ်မှာ ဦးနှောက်က အဒီနိုစင်း(adenosine) ထုတ်ပြီးအာရုံကြောဆိုင်ရာလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်စေပါတယ်။ ကော်ဖီမှာပါတဲ့ caffeine ဓာတ်က adenosine အရွယ်အစားနဲ့ပုံသဏ္ဍန်တူညီတဲ့အတွက် adenosine ယောင်ဆောင်ပြီး (molecular mimicry) ဦးနှောက်ကို ပုံမှန်လုပ်ငန်းစဉ်တွေလုပ်ဆောင်ခိုင်းပါတယ်။ အဲဒီအခါမှာ ကောင်းစွာအိပ်စက်အနားယူလို့မရတော့ပါဘူး။ လုံလောက်တဲ့အိပ်စက်အနားယူမှုမရှိတာကြာလာတော့မှတ်ဥာဏ်ကိုယိုယွင်းထိခိုက်စေနိုင်ပါတယ်။

၆။ ရေဓါတ်ဆုံးရှုံးစေနိုင်တယ်

လူ့ခန္ဓာကိုယ်ရဲ့ ၂/၃ ကိုရေနဲ့ ဖွဲ့စည်းထားပါတယ်။ ကော်ဖီသောက်သုံးမှုများရင် ဆီးရွှင်စေတဲ့အတွက် ရေဓါတ်ဆုံးရှုံးစေပါတယ်။ ရေဓါတ်ဆုံးရှုံးတဲ့အခါ အစားစားချင်စိတ်လျော့နည်းစေတယ်။ မောပန်းခြင်းနဲ့ ပင်ပန်းနွမ်းနယ် ခြင်းဖြစ်စေပါတယ်။

၇။ စိတ်လှုပ်ရှားလွယ်ပြီးဂဏှာမငြိမ်ဖြစ်စေခြင်း(anxiety and restlessness)

စိတ်အတက်အကျ ပြောင်းလဲမှု မြန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ caffeine ကြောင့်ပါ။

၈။ ကိုလက်စ်စတော(cholesterol) ကိုတက်စေတယ်

ကော်ဖီမှာပါတဲ့ Cafestol က ကိုလက်စ်တော(cholesterol) ကိုတက်စေတယ်။ cholesterol ပြဿနာရှိတဲ့လူ တွေဆိုရင် တနေ့မှာ ကော်ဖီ ၂ ခွက်ထက်ပိုမသောက်သင့်ပါဘူး။

၉။ နှလုံးနဲ့ သွေးကြောများအပေါ်သက်ရောက်မှု

ကဖင်းဓါတ်က အဒီနိုစင်း(adenosine) ကို သွားပိတ်တဲ့အတွက် သွေးကြောပိတ်ဆို့မှု ဖြစ်စေပါတယ်။ သွေးလွှတ်ကြောပိတ်တဲ့အခါမှာ သွေးပေါင်ချိန်တွေ တက်လာမယ်။ နှလုံးခုန်မြန်လာမယ်။ အလွယ်တကူမောပန်းနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေထိခိုက်လာနိုင်ပါတယ်။ မကြာသေးမီကလေ့လာထားချက်အရ ကော်ဖီပမာဏများစွာသောက်သုံးခြင်းဟာ နှလုံးထိခိုက်စေမယ့်အလားအလာ ၁၂% ရှိနိုင်ပါတယ်။

၁၀။ အရိုးများအပေါ်မှာ

ကော်ဖီက အရိုးမှာရှိတဲ့ ကယ်လ်ဆီယမ်(calcium)ကို ပွတ်တိုက်စားစေပြီး သတ္တုသိပ်သည်းဆကိုလျော့နည်းစေတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်း(caffeine) ဟာ ဆီးရွှင်စေတဲ့အတွက် ဆီးသွားတဲ့ကြိမ်ဖန်များလာတဲ့အခါမှာ ပွတ်တိုက်ခြင်းခံထားရတဲ့ calcium တွေဆီးနဲ့ အတူပါသွားပါတယ်။ အဲဒီအခါမှာ Osteoporosis လို့ခေါ်တဲ့ အရိုးပွခြင်းကိုဖြစ်ပေါ်စေပြီး အရိုးများအလွယ်တကူကျိုးစေနိုင်ပါတယ်။
credit by >>>internet new

No comments:

Post a Comment