Monday 20 January 2014

အိပ်ရာမဝင်ခင် အာဟာရ မှီဝဲမှုနှင့် ပတ်သက်၍ သိကောင်းစရာ

by #ပိုပိုဇော်(သဘာဝအားအင်)January 21, 2014 at 12:05pm

ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ အစာက စွမ်းအင်ပေးနိုင်တာကြောင့် တစ်နေ့တာ လုပ်ရမယ့် လုပ်ဆောင်မှုတွေကို အဆင်ပြေပြေ လန်းလန်းဆန်းဆန်း လုပ်နိုင်စေ ပါတယ်။  အစားအသောက်က အိပ်စက်မှုမှာလည်း အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။ အိပ်ရာမဝင်ခင်မှာ သင့်တော်တဲ့ အာဟာရ မှီဝဲမှုကြောင့် သင့်ကို အလွယ်တကူ အိပ်မောကျစေနိုင်သလို ရွေးချယ်တဲ့ အစာမမှန်တာကြောင့်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။


အိပ်ရာမဝင်ခင် မှီဝဲသင့်သော အာဟာရဓာတ်များ

၁) ထရစ်ပတိုဖန် (Tryptophan)

ထရစ်ပတိုဖန်ဆိုတာ အမိုင်နိုအက်စစ် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အိပ်စက်မှုကို ဖြစ်စေတဲ့ ဆီရိုတိုတင်နဲ့ မယ်လတိုနင် ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ ညနေခင်းမှာ ထရစ်ပတိုဖန် ပါဝင်တဲ့ အစားအစာတွေကို စားပေးတာကြောင့် ဦးနှောက်ဟာ ထရစ်ပတိုဖန်ကို ရရှိစေပြီး ဆီရိုတိုနင်နဲ့ မယ်လတိုနင်တို့ ထွက်ရှိစေပါတယ်။ အဆီနည်း အသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ပဲပိစပ် ထုတ်ကုန် စတဲ့ ပရိုတင်းဓာတ် ပေါများစွာ ပါဝင်တဲ့ အစာတွေထဲမှာ ထရစ်ပတိုဖန် ပါဝင်မှုများပါတယ်။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုစတဲ့ ကောက်ပဲသီးနှံတွေထဲမှာလည်း ထရစ်ပတိုဖန် ပါဝင်မှု များပါတယ်။

၂) ကာဗိုဟိုက်ဒရိတ်(Carbohydrate)

ကာဗိုဟိုက်ဒရိတ်ဟာ အင်ဆူလင် ထွက်ရှိမှုကို လှုံ့ဆော်ပေးတာကြောင့် အိပ်မောကျစေတဲ့ ထရစ်ပတိုဖန်ရဲ့အကျိုးကျေးဇူးကို ကောင်းစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ် အစာတွေက အခွံချွတ်မထားတဲ့ ပေါင်မုန့်၊ ခရက်ကာမုန့်၊ သစ်သီးဝလံ စတာတွေပဲ ဖြစ်ပါတယ်။ ထရစ်ပတိုဖန်နဲ့ ကာဗိုဟိုက်ဒရိတ် တွဲဖက်ရရှိစေဖို့ ပေါင်မုန့်ညိုကို မြေပဲထောပတ်သုတ် စားတာမျိုး လုပ်ပေးနိုင်ပါတယ်။

၃) ကယ်လ်စီယမ် (Calcium)

ကယ်လ်စီယမ်ဟာ ဦးနှောက်ရဲ့ ထရစ်ပတိုဖန် အသုံးပြုမှုကို ကူညီပေးပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ ထရစ်ပတိုဖန်ရော ကယ်လ်စီယမ်ပါ ပါဝင်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာက အကောင်းဆုံး ဖြစ်ပါတယ်။ ညဘက်မှာ အဆီနည်းနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စတဲ့ သရေစာကို စားပေးနိုင်ပါတယ်။

၎) ပရိုတင်းဓာတ် (Protein)

ပရိုတင်းဓာတ်ကိုတော့ အသင့်အတင့် စားပေးဖို့ လိုပါတယ်။ အိပ်ရာမဝင်ခင် ပရိုတင်း များများစားလိုက်ရင် အစာမကြေဖြစ်ကာ အိပ်မပျော်နိုင်လို့ပါ။ ဗိုက်ဆာဆာနဲ့ အိပ်ရာဝင်ရင်လည်း အိပ်မပျော်တာမျိုး ဖြစ်တတ်တာကြောင့် ညစာမှာ ပရိုတင်းပါတဲ့ အစာ အနည်းငယ်ကို စားပေးသင့်ပါတယ်။

အိပ်ရာမဝင်ခင် ရှောင်သင့်သော အရာများ

ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအစာတွေ၊ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောတို့ကို အိပ်ရာမဝင်ခင် ရှောင်ပါ။ ဟင်းခတ် အမွှေးအကြိုင် ကဲတဲ့ အစားအစာတွေက အိပ်မပျော်တာ၊ အိပ်ရင်း ရင်ပူတာကြောင့် လန့်နိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ ကဖင်းဓာတ်ကလည်း သောက်ပြီး အချိန်ခြောက်နာရီလောက်အထိ ခန္ဓာကိုယ်တွင်း စနစ်ထဲမှာ ရှိနေတာကြောင့် အားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကတော့ သောက်ပြီးချိန်မှာ အိပ်ပျော်စေပေမယ့် နောက်ပိုင်း အနားရစေတဲ့ အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပါတယ်။ ဒါကြောင့် အရက်နာကျတဲ့ ဝေဒနာကို နံနက်ခင်းမှာ ခံစားရတာ ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ရေကိုလည်း များများ မသောက်သင့်ပါ။ ရေသောက်များရင် အိမ်သာသွားချင်စိတ်ကြောင့် ညမှာ လန့်နိုးနေနိုင်ပါတယ်။  

ကြယ်စင်
photo copy from google search
originally posted by Good Health
http://news.yatanarpon.com.mm/cp/goodhealth/article-32246

No comments:

Post a Comment