Thursday 2 January 2014

လေဖြတ်နိုင်ခြေ ရှိသလား

by ပိုပိုဇော်(သဘာဝအားအင်)January 3, 2014 at 4:24am

တချို့လူတွေက တခြားလူတွေထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။  အသက် ၅၅ နှစ် ကျော်ချိန်မှာ လူ ၁၀ ဦးအနက် ကိုးဦးက လေဖြတ် ဝေဒနာ ခံစားရကြောင်း သိရတာကြောင့် လေဖြတ်နိုင်ခြေများတဲ့ အချက်တွေကို သိထားနိုင်ဖို့ ဖော်ပြ လိုက်ရပါတယ်။

လေဖြတ်ခြင်းနှင့် ဘဝနေထိုင်မှုပုံစံ

လေဖြတ်နိုင်တဲ့ တချို့အချက်တွေကို ထိန်းချုပ်လို့ ရပါတယ်။ လေဖြတ်စေနိုင်တဲ့ အချက်တွေကတော့

ဆေးလိပ်သောက်ခြင်း

- ဆေးလိပ်သောက်သူတွေက လေဖြတ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။


လှုပ်ရှားမှုမရှိခြင်း

- ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေက လေ့ကျင့်ခန်း အသင့်အတင့် လုပ်သူတွေထက် လေဖြတ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။

အရက်သောက်ခြင်း

- အရက်ကို အလွန်အမင်း သောက်သူတွေက လေဖြတ်နိုင်ခြေ မြင့်မားပါတယ်။

အစားအသောက်

- ဆားနဲ့ အဆီများတဲ့ အစားအသောက်တွေကို စားတာကြောင့် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး လေဖြတ်နိုင်ခြေ မြင့်မားပါတယ်။

လေဖြတ်ခြင်းနှင့် ကျန်းမာရေး အခြေအနေ

တချို့ကျန်းမာရေး အခြေအနေတွေက လေဖြတ်နိုင်ခြေကို မြင့်တက်စေပါတယ်။

သွေးတိုးခြင်း

- တာရှည်ဖြစ်ပြီး ဆေးကုသမှု ခံယူမထားတဲ့ သွေးတိုးရောဂါဟာ လေဖြတ်နိုင်ခြေနဲ့ နှလုံးသွေးကြောကျဉ်းတာတွေကို ဖြစ်စေနိုင်တဲ့ အဓိက အချက်တွေ ဖြစ်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါများ

- သွေးကြောဆိုင်ရာ ရောဂါ၊ ရင်ဘတ်အောင့်တာ၊ နှလုံးရောဂါ ထတာနဲ့ သွေးခုန်နှုန်း မမှန်တာတွေကလည်း လေဖြတ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါ

- ဆီးချိုသွေးချိုရောဂါရှိရင် လေဖြတ်နိုင်ခြေ နှစ်ဆမြင့်တက်နေပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ရောဂါ အများစုကို ကုသလို့ ရနိုင်ပါတယ်။

လေဖြတ်နိုင်ခြေ မြင့်တက်စေသည့် အခြားအချက်များ

သင့်အနေနဲ့ ထိန်းချုပ်လို့ မရတဲ့ လေဖြတ်နိုင်ခြေ မြင့်တက်စေတဲ့ အချက်တွေ ရှိပါတယ်။

အသက်အရွယ်

- အသက် ၅၅ နှစ်ကျော်တဲ့ လူတွေက လေဖြတ်နိုင်ခြေ မြင့်မားပါတယ်။

လိင်အမျိုးအစား

- အသက် ၇၅ နှစ်အောက် အရွယ်မှာ အမျိုးသားတွေက အမျိုးသမီးတွေထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။

လူမျိုး

- အာရှတောင်ပိုင်းရှိ လူမျိုးတွေ၊ အာဖရိကန် လူမျိုးတွေဟာ လေဖြတ်နိုင်ခြေ မြင့်မားပါတယ်။

မျိုးရိုးဗီဇ

- အသက် ၅၀ အောက်ပိုင်း အသက်ငယ်တဲ့ အရွယ်မှာ လေဖြတ်ထားတဲ့ ဆွေမျိုးရင်းချာရှိရင် သင့်မှာလည်း လေဖြတ်နိုင်ခြေ မြင့်မားပါတယ်။

ဇွန်
by >>Good Health
http://www.yatanarpon.com.mm/news/review-54978
photo copy from google search

No comments:

Post a Comment