Sunday 15 September 2013

လည်ချောင်းနာခြင်းအတွက် အိမ်တွင်းဆေးနည်းများ

by ပိုပိုဇော်(သဘာဝအားအင်)September 15, 2013 at 7:21pm

လူတစ်ယောက်ဟာ တစ်နှစ်တာ အတွင်းမှာ အနည်းဆုံး တစ်ကြိမ် တော့ လည်ချောင်းနာခြင်းကို ကြုံ တွေ့ရမှာပါ။ ကလေးငယ်တွေက တော့ လူကြီးတွေထက် ပိုကြုံရပါ တယ်။

လည်ချောင်းနာခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့်ပိုဖြစ်ပါတယ်။ ဘက် တီးရီးယားတွေကြောင့်လည်း ဖြစ် တတ်ပေမယ့် အရေအတွက် နည်းပါး ပါတယ်။ ဖြစ်ပွားရင်လည်း ရောဂါပို ဆိုးပါတယ်။

လည်ချောင်းနာခြင်းဟာ ဖျား ခြင်း၊ ခေါင်းမူးခြင်း၊ ရံဖန်ရံခါ ဗိုက်နာ ခြင်းတွေနဲ့တွဲဖြစ်လေ့ရှိပါတယ်။ လည် ချောင်းနာခြင်းဟာဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ရတာဆိုရင်တော့ လွယ် လွယ်ကူကူ အိမ်တွင်းနည်းလမ်းတွေ ရှိပါတယ်။

ဂျင်းလက်ဖက်ရည်သောက်ပါ

ဂျင်း လက်ဖက်ရည် (ginger tea)ဆိုလို့ အံ့ဩမသွားပါနဲ့။ လက်ဖက်ခြောက် ခတ်ထားတဲ့ ရေနွေးနွေးတစ်ခွက်ထဲ ကို ဂျင်းဖတ် လက်မဝက်ခန့်ထည့်ထား တာကို ဆိုလိုတာပါ။

ချာမို့မိုင်း လက်ဖက်ရည် 

ချာမို့မိုင်း (chamomile)ပွင့်ဖတ်လေးတွေကို သောက်သုံးပေးရင်လည်း ရောင်ရမ်း ခြင်းကို သက်သာစေမှာပါ။ အချို ဓာတ်လိုချင်ရင်လည်း ပျားရည်လက် ဖက်စားဇွန်းတစ်ဇွန်း နှစ်ဇွန်းခန့်ထည့် ပေးပါ။

အာလုတ်ကျင်းပေးပါ

ရေနွေးတစ် ခွက်၊ဆားအနည်းငယ်နှင့် အာလုတ် ကျင်းပေးတာကလည်း ရိုးရှင်းလွယ် ကူသလောက် ထိရောက်တဲ့နည်းပါ။ အဲဒီရေနွေးထဲကို နနွင်းအနည်းငယ် ထည့်ပေးမယ်ဆိုရင် လည်ချောင်းနာ ခြင်း၊ ပူလောင်ခြင်းတွေပါ သက်သာ စေပါတယ်။

ပင်စိမ်းရွက် 

ပင်စိမ်းရွက်ကို ကျိတ် ပြီး သောက်သုံးပေးခြင်း အာလုတ် ကျင်းပေးခြင်းကို ပြုလုပ်ပေးနိုင်ပါ တယ်။

ပျားလိမွန်ရည် 

ရေကျက်သီးနွေးထဲ ကို လီမွန်ရည်၊ ပျားရည်ထည့်ပြီး သောက်သုံးပေးခြင်းဟာလည် ချောင်းနာခြင်းကို သက်သာစေရုံသာ မကကိုယ်ခံအားကိုလည်း မြင့်တက် စေပါတယ်။

ကြက်စွပ်ပြုတ် 

ကြက်စွပ်ပြုတ် ပူပူ လေးတစ်ခွက်ဟာ နာကျင်ခြင်းကို သက်သာစေရုံသာမကပါဘူး။ ရောင် ရမ်းခြင်းကို တိုက်ထုတ်ပေးမယ့် အာဟာ ရဓာတ်တွေကိုပါ ဖြည့်စွက်ပေးနိုင် ပါတယ်။

ငြိမ်းအေး
ref;ANI
credit to >>Health Updates Journal Vol.2, No.35

No comments:

Post a Comment