Wednesday 18 September 2013

သင့်ကျန်းမာရေးကို အထောက်အကူ ပြုသော အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)September 18, 2013 at 7:02pm

သင့်ကျန်းမာရေးကို အထောက်အ ကူပြုတာကြောင့် စားကို စားသင့်တဲ့ အစား အစာတွေ ရှိနေပါတယ်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်က ခန္ဓာကိုယ်မှာ ရှိတဲ့ဆဲလ် တွေအတွက် အကောင်းဆုံး အစာပါ။ ဂေါ်ဖီထုပ်မှာ ဆဲလ်တွေဖွံ့ဖြိုး ကျန်းမာဖို့ အတွက် ထောက်ပံ့ပေးတဲ့ ဘရာစီနီဒြပ် ပေါင်း ပါဝင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးမှာပါ ဟော်မုန်းတွေကို ညီမျှ စေပြီး ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဇီနိုအီစထရိုဂျင် ဟော်မုန်းကို စွန့်ထုတ်ပေး ပါတယ်။


ချင်း(ဂျင်း)

ချင်းက အစာချေဖျက်မှုကို အား ပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေ ပါတယ်။ အအေးမိတုပ်ကွေးဖြစ်တာတွေ မှာ သဘာဝဆေးနည်းတစ်ခုအနေနဲ့ အ သုံးပြုခဲ့ကြသလို အစာအိမ်နဲ့ အူလမ်း ကြောင်းအတွက်လည်း ချင်းကို အသုံးပြု ကြပါတယ်။ လေ့လာမှုအရ ချင်းအမှုန့် က သားဥအိမ်ကင်ဆာဆဲလ်တွေရဲ့ ဆဲလ်သေမှုကို အားပေးတယ်ဆိုတာ တွေ့ ရပါတယ်။ ချင်းက နာကျင်မှုတွေ သက် သာစေတဲ့ အကောင်းဆုံးအာနိသင် ရှိပြီး ရင်ပူတာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေ အတွက်လည်း များစွာ အကျိုးရှိပါတယ်။

ပင်လယ်ရေမှော်

ပင်လယ်ရေမှော်မှာ အိုင်အိုဒင်းဓာတ် တွေ များစွာပါဝင်ပါတယ်။ သိုင်းရွိုက်ဂ လင်း၊ ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ ဟော်မုန်း ညီမျှမှုရှိစေဖို့အတွက် ခန္ဓာကိုယ်မှာ အိုင် အိုဒင်းဓာတ်က လုပ်ဆောင်ပေးပါတယ်။ ပင်လယ်ရေမှော်မှာ အမျှင်ဓာတ်လည်း အမြောက်အမြားပါဝင်ပါတယ်။

မှို

မှိုက ကယ်လိုရီနည်းနည်းနဲ့ အာ ဟာရ ပြည့်ဝစေတဲ့ အစားအစာတစ်ခုပါ။ ကိုလက်စထရောနဲ့ အဆီဓာတ်လုံးဝမပါ ဝင်ပါဘူး။ ဗီတာမင်ဘီနဲ့ အရိုးသန်မာ စေတဲ့ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က စုပ်ယူရာမှာ လိုအပ်တဲ့ ဗီတာမင်ဒီကိုလည်း မှိုကနေ ရရှိနိုင်ပါတယ်။ လေ့လာမှုတွေ အရ နှလုံးနဲ့ သွေးကြောရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေ ဖြစ်ပွား မှုက ဗီတာမင်ဒီနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဗီတာမင်ဒီက ခန္ဓာကိုယ်ခုခံအားစနစ်အ တွက်လည်း လိုအပ်ပါတယ်။

ဒူးရင်းသီး

အရှေ့တောင် အာရှနိုင်ငံတွေ ဖြစ် တဲ့ဘရုနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတွေ က ဒူးရင်းသီးထွက်ရှိရာ နိုင်ငံတွေပါ။ အသီးတွေရဲ့ဘုရင်လို့တောင် တင်စားရ လောက်အောင် သူ့အရသာက ကောင်း လွန်းပေမယ့်အနံ့ကတော့ ပြင်းလွန်းပါ တယ်။ တချို့တွေက အဲဒီ အနံ့ကြောင့်ပဲ ဒူးရင်းသီးကို မကြိုက်နှစ်သက်တတ်ပါ ဘူး။ ဒူးရင်းသီးမှ ဗီတာမင်စီ၊ ဗီတာမင် ဘီမျိုးစုံနဲ့ အမျှင်ဓာတ်တွေ ရရှိနိုင်ပါတယ်။

ပိန္နဲသီး

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ပေါများစွာ တွေ့နိုင်တဲ့ ပိန္နဲသီးရဲ့ အစေ့ပတ်လည် မှာရှိတဲ့ အသီးက အလွန်အရသာရှိပါ တယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ်၊ သတ္တု ဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီဓာတ် တွေ များစွာပါဝင်ပါတယ်။ အဆီဓာတ် လုံးဝမပါဝင်ဘဲ စွမ်းအင်ရရှိစေတာ ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အ သီးပါ။

မင်းကွက်သီး

မင်းကွတ်သီးကို ခွဲကြည့်လိုက်ရင် အထဲက အဖြူသားက လူ့ဦးနှောက် ပုံစံနဲ့ ဆင်တူပါတယ်။ မင်းကွတ်သီးမှာ အစွမ်း ထက် သဘာဝအင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်ပါတယ်။ မင်းကွတ်သီးမှာပါ ဝင်တဲ့ ဇမ်သုံး (Xanthones) က နှလုံးနဲ့ သွေးကြောရောဂါတွေ၊ ကင်ဆာရောဂါ နဲ့ အရေပြား ပိုးဝင်တာတွေအတွက် အ ကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ မင်းကွတ်သီးက သဘာဝ ပိုးသတ်အာနိ သင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးက ဆီးချိုသွေး ချိုရောဂါရှိသူတွေအတွက် စားသင့်တဲ့ အစားအစာတစ်ခုပါ။ သွေးတွင်းသကြား ဓာတ်ကို လျော့နည်းစေပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

ရုံးပတီးသီး

မိန်းကလေးတစ်ယောက်ရဲ့ လက် ချောင်းလေးတွေလို သွယ်လျလှပတဲ့ ရုံးပတီသီးက အစာချေဖျက်မှုကို အား ပေးပါတယ်။ ရုံးပတီသီးချွဲကျိကျိ ပါဝင်မှု က အူမကြီးကျန်းမာရေးအတွက် စားသုံး ရန် သင့်တော်တဲ့ အသီးပါ။

ပင်လယ်ရေညှိ

ပင်လယ်ရေည§ိက ခန္ဓာကိုယ်မှာရှိ တဲ့ ဓာတ်ရောင်ခြည်အကြွင်းအကျန်တွေ ကို ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပြန်ရည်ကျောစနစ်ကို သန့်စင်စေပြီး သိုင်းရွိုက်အကျိတ်ကို အားဖြည့်ပေးပါ တယ်။ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အဆုတ်ကို အသစ်တဖန် ပြောင်းလဲပေး နိုင်ပါတယ်။ ပင်လယ်ရေည§ိမှာ အမိုင်နို အက်စစ်၊ ဗီတာမင်၊ ကယ်လ်စီယမ်၊ အိုင် အိုဒင်းနဲ့ သံဓာတ်တွေ ပါဝင်ပါတယ်။

သစ်ကြားသီး

သစ်ကြားသီးမှာ ဗာဒံသီးနဲ့ မြေပဲ တွေမှာထက် ကာဗိုဟိုက်ဒရိတ်ပါဝင်မှု နည်းပါတယ်။ သစ်ကြားသီးမှာ မဂ္ဂနီဆီ ယမ်နဲ့ အိုမီဂါ-၃အဆီတွေ ပါဝင်ပါတယ်။ သရေစာအဖြစ် စားသုံးပါက ဆာလောင် မှုမရှိဘဲ ပြည့်ဝနေစေပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
By Good Health

No comments:

Post a Comment