Sunday 15 September 2013

ပျိုမေတို့အတွက် လွယ်လွယ်ကူကူ ၀ိတ်ချနည်း

by ပိုပိုဇော်(သဘာဝအားအင်)September 15, 2013 at 7:40pm

 ပျိုမေတို့အတွက်ဝိတ်ချနည်း(၅)ချ က်ကိုဖော်ပြလိုက်ပါတယ်
အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လိုက်လုပ်ကြည့်လိုက်ရအောင်နော်

(၁) သွားတိုက်ပါ။ ဒီအချက်လေးကတော့ မခက်ပါဘူး၊ မင်းအစာစားပြီးတိုင်း မင်းရဲ့သွားနှင့် ခံတွင်းကို သန့်ရှင်းအောင်လုပ်လိုက်ပါ။ ဒီလိုလုပ်လိုက်ရင် မင်းတစ်ခုခု ခံစားရပြီး မင်းရဲ့သွားလေးတွေ သန့်ရှင်းနေတာကိုလည်း တွေ့ရမယ်။ ဒါဆိုရင်မင်းနောက်တစ်ကြိမ် အစာမစားဖြစ်တော့ဘူးပေါ့။


(၂) မှန်မှန်အိပ်ကြည့်ပါ တစ်နေကုန်မှေးဖို့ အချိန်မရှိအောင်တောင် တီဗီကြည့်ရင်း အစားနှင့် ပါးစပ် မပြတ်အောင်စားနေသလား အဲဒီလို လုပ်တာတွေကို ရပ်ပြီးတော့ ပုံမှန် အိပ်ကြည့်ပါ။ ဒါဆိုရင်မင်းသရေစာစားတဲ့အချိန်ေ တွက လျော့လာပါလိမ့်မယ်။

(၃) သောက်တာကိုလည်းရှော့ပါ ကယ်လိုရီများတဲ့ ကိတ်မုန့်တွေနဲ့ အချိုအရသာ ပြင်းတဲ့ အချိုရည်တွေ သာက်တာက မင်းကိုဝတ်တက်စေနိုင်ပါတယ်။ ဒါကြောင့် အစာခြေဖျက် အားကောင်းတဲ့ အချိုရည်နှင့် ၀ိုင်ကိုသာ ရွေးသောက်ကြည့်လိုက်ပါ။

(၄) အသုံးအဆောင်သေးသေးတွေသုံးကြည့်ပ  ထမင်းစားတဲ့အခါပဲဖြစ်ဖြစ်၊ ရေခဲမုန့်စားတဲ့အခါပဲဖြစ်ဖြစ်၊ ပန်းကန်လုံးသေးသေးနဲ့ ဇွန်းသေးသေးလေးကို သုံးပြီးစားကြည့်ပါ။ ဒီလိုစားနေတဲ့အချိန်မျိုးမှာဆို ရင် အများကြီးစားနေရတယ်လို့ မင်းခံစားရလိမ့်မယ်။ ဒီတော့ ထပ်မစားခြင်တော့ဘူးပေါ့။

(၅) (Gym)ဆော့တာထက်ပိုကောင်းတဲ့ အားကစား အလုပ်တစ်ခုကို တစ်နေရာတည်းမှာ ထိုင်လုပ်နေမယ့်အစား မင်းရဲ့ခန္ဓာကိုယ်က ကယ်လိုရီတွေကို ခြေဖျက်ပေးမယ့် လှုပ်ရှားနေရတဲ့ အလုပ်ကိုရွေးချယ်ပါ။

ဒါမှမဟုတ်ရင် ကမ်းခြေမှာ လမ်းလျှောက်တာပဲဖြစ်ဖြစ် အိမ်ကခွေးလေးနဲ့ ဆော့ကစားပေးတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ပြီးတော့ မင်းပစ္စည်းတစ်ခုတစ်ခု လိုချင်တဲ့အခါတွေမှာလည်း တွေ့တဲ့ပစ္စည်းကို တန်းဝယ်တာမျိုးမလုပ်ဘဲရှာဖွေရွေးချယ်ပြီးတော့မှ ၀ယ်တဲ့အကျင့်လေးကို လုပ်ကြည့်ပါ။
ပျိုမေတို့အားလုံးသွယ်လျလှပတဲ့ခန္ဓာကိုယ်လေးတွေပိုင်ဆိုင် နိုင်ပါစေနော်
Sithu Hein
Ref>> ဆေးပညာဆိုင်ရာဆောင်းပါးများ

No comments:

Post a Comment