Wednesday 18 September 2013

ဗိုက်ချပ်ချပ်ရပ်ရပ်လေး ပိုင်ဆိုင်ဖို့အတွက်

by ပိုပိုဇော်(သဘာဝအားအင်)eptember 18, 2013 at 7:19pm

လူတိုင်းလိုလို (အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်တဲ့သူများ) ဗိုက်ကလေးနည်းနည်းတော့ ရှိတတ်တာ သဘာဝပါပဲ။ အဓိက,ကတော့ ဗိုက်နေရာ၊ ခါးနေရာတွေ လှုပ်ရှားမှုအားနည်းလို့ပါ။ ကန်ဒီတို့နေ့စဉ်လှုပ်ရှားမှုတွေမှာ ခြေထောက်နဲ့လက်ကိုပဲ အသုံးများပြီး ဗိုက်နဲ့ခါးရဲ့လှုပ်ရှားမှုကျတော့ မရှိသလောက် နည်းပါးတယ်မဟုတ်လား? အဲ့တော့ အချိန်ကြာလာတာနဲ့အမျှ အဆီတွေက ဗိုက်နေရာ၊ ခါးနေရာတွေမှာ စုနေတော့တာပေါ့။ ဗိုက်နေရာမှာ အဲ့လိုအဆီတွေစုနေတတ်တဲ့အပြင် Bloating လို့ခေါ်တဲ့ အနေအစားမမှန်လို့ ဖောဖောကြီးဖြစ်နေတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဒီနေ့ကန်ဒီပြောပြမှာက ဗိုက်ချပ်ချပ်ရပ်ရပ်လေး ပိုင်ဆိုင်ဖို့အတွက် Bloating ဖြစ်တာကို ဘယ်လိုကာကွယ်မလဲ၊ နောက်
ဗိုက်ကအဆီတွေ ဘယ်လိုချမလဲဆိုတာတွေပေါ့။
► How to Reduce Bloating

Bloating ဆိုတာ အစားအသောက်မမှန်လို့ (သို့) အစားအများကြီးစားမိလို့ ဗိုက်အရမ်းတင်းပြီး မအီမလည်ကြီးဖြစ်နေတာကို ဆိုလိုတာပါ။ အဲ့လိုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲဆိုတော့…

♦ အစာစားတဲ့အခါ ဖြည်းဖြည်းစားပါ။

ကန်ဒီတို့ အစာအိမ်ကနေ ဗိုက်ပြည့်ပြီဆိုတဲ့ Signal ဦးနှောက်ဆီရောက်ဖို့ မိနစ်(၂၀)၀န်းကျင် ကြာပါတယ်။ အစားကိုမြန်မြန်စားတဲ့အခါ လိုတာထက် ပိုစားမိတတ်ပြီး ဗိုက်ဝပြီဆိုတဲ့ Signal ဦးနှောက်ဆီ တကယ်ရောက်တဲ့အချိန်မှာ လူကအစားလွန်နေပြီလေ။ အဲ့နောက်တော့ ဗိုက်ထဲမှာ မအီမလည်ကြီး ခံစားရတော့တာပေါ့။

♦ အမျှင်ဓာတ်များတဲ့ အစားအစာများများစားပါ။

ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ရမယ့် အညစ်အကြေးတချို့ဟာ အူလမ်းကြောင်းတစ်လျှောက်က အူနံရံတွေမှာ ကပ်ကျန်နေတတ်တယ်။ အမျှင်ဓာတ်(Fiber)များတဲ့အစားအစားတွေဟာ အဲ့ဒီကျန်နေတဲ့အညစ်အကြေးတွေကို အူလမ်းကြောင်းကနေ တွန်းထုတ်ဖယ်ရှားပေးတယ်။ အဲ့ဒါကြောင့် အူလမ်းကြောင်းသန့်ရှင်းဖို့ အသီးအရွက်တွေ များများစားပေးဖို့လိုတယ်။ အမျှင်ဓာတ်တွေအပြင် အူလမ်းကြောင်းအတွက်ကောင်းတဲ့ နောက်ထပ်အစားအစာတစ်ခုကတော့ ဒိန်ချဉ်ပါ။

♦ အငန်လျော့စားပါ။

Sodium တွေက ရေကိုဆွဲထားတတ်တော့ အငန်များများစားလေ ခန္ဓာကိုယ်ထဲမှာ ရေကိုပိုဆွဲလေဖြစ်ပြီး ဗိုက်ပူပူလေးဖြစ်နေတတ်တယ်။ ဆီးလမ်းကြောင်းအတွက် ကောင်းတဲ့အစားအစာတွေကတော့ ကညွတ်နဲ့ ကျောက်ဖရုံသီးပါ။

♦ ရေများများသောက်ပါ။

ရေများများသောက်တဲ့အခါ ဆီးခဏခဏသွားတယ်မဟုတ်လား။ အဲ့ဒါ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပေါ့။ ရေများများသောက်သင့်တဲ့ အကောင်းဆုံးအချိန်ကတော့ မနက်မိုးလင်း အိပ်ယာနိုးနိုးချင်းအချိန်ပါ။ Coca Cola လို Carbonated Drink တွေရှောင်ပါ။ သရေစာတွေ လျော့စားပါ။

♦ စိတ်ဖိစီးမှုကို လျော့ချပါ။

စိတ်ဖိစီးမှုများတဲ့အခါ ကန်ဒီတို့ခန္ဓာကိုယ်ကနေ Cortisol (or Stress Hormone) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်တယ်။ အဲ့ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ Fat Storage ကို အားပေးတယ်လေ။ နောက် စိတ်ညစ်တယ်ဆိုပြီး အစားတွေအများကြီးစားတာ တွေ့ဖူးမှာပေါ့။ အဲ့ဒါကို Emotional Eating လို့ခေါ်တယ်။ အဲ့လိုဖြစ်ရတာလည်း ခုနကပြောတဲ့ Stress Hormone ကြောင့်ပေါ့။ စိတ်ဖိစီးမှု လျော့ချချင်ရင် လေ့ကျင့်ခန်းများများလုပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။

► How to Lose Belly Fat

နဂိုရှိပြီးသား ဗိုက်ကအဆီကိုချဖို့ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်။ လေ့ကျင့်ခန်းကို… ခန္ဓာကိုယ်တစ်ခုလုံးကအဆီတွေချတာမျိုးနဲ့ကိုယ်လိုချင်တဲ့နေရာကအဆီကိုပဲကွက်ချတာမျိုးဆိုပြီး နှစ်မျိုးခွဲထားတယ်။ နှလုံးခုန်နှုန်းမြန်လာပြီးချွေးထွက်အောင် လုပ်ရတဲ့ ဘယ်လေ့ကျင့်ခန်းမျိုးကိုမဆို Cardio လို့ခေါ်တယ်။ Cardio ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေချပေးတဲ့ လေ့ကျင့်ခန်းတစ်မျိုးပေါ့။ ပြေးတာပဲဖြစ်ဖြစ်၊ လမ်းမြန်မြန်လျှောက်တာပဲဖြစ်ဖြစ် ကိုယ်အားသန်ရာကို လုပ်လို့ရတယ်။ ဒုတိယတစ်နည်းဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုခုက အဆီကိုရွေးချချင်တာမျိုး ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာအလိုက် သီးသန့်လေ့ကျင့်ခန်းတွေ ရွေးလုပ်သင့်တယ်။ ဗိုက်နေရာ၊ ခါးနေရာတွေကို ဦးတည်ပြီးလုပ်တဲ့ လေ့ကျင့်ခန်းမျိုးကို Core Workout လို့ခေါ်တယ်။ အဲ့ဒီစကားလုံးရိုက်ပြီး YouTube မှာ ရှာလိုက်ရင် ဗွီဒီယိုတွေအများကြီး ကျလာလိမ့်မယ်။ အဲ့ထဲကမှ ကိုယ်ကြိုက်တဲ့လေ့ကျင့်ခန်းမျိုးကို ရွေးလုပ်ပေါ့။ OK…

ကန်ဒီ
credit to >>>shwebeauty

No comments:

Post a Comment