Friday 13 September 2013

မျက်နှာအရေပြားကို တင်းရင်းစေသော အသီးအရွက်များ

by ပိုပိုဇော်(သဘာဝအားအင်)September 14, 2013 at 4:48am

မျက်နှာအရေပြားကို တင်းရင်းစေသော အသီးအရွက်များ မှာ........

(၁)ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်တွင် 'လူတိန်း' ခေါ် အင်တီအောက်စီဒင့်အသား အရေစိုပြည်မှု၊ အရေပြားဆန့်ကျုံ့ သတ္တိကိုလည်း ကူညီမှုပေးပြီး ပါးရေ တွန့်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုချက်အရ သိရသည်။ Free radical ကြောင့်ဖြစ်ပေါ်သော အသားအရေကို Lipid Level တိုး စေခြင်းဖြင့် ကာကွယ်ပေးသည်။ မျက်လုံးအောက်ရှိ မျက်ကွင်းညိုခြင်း ကို ဗီတာမင် K, C အားဖြင့် လျှော့ချ ပေးသည်။


(၂)ကမာကောင်

ဗီတာမင် B12 သို့မဟုတ် သံ ဓာတ် ချို့တဲ့မှုကြောင့် အနီးမီးယား ရောဂါဖြစ် စေတတ်ပြီး အသားအရေ ဖြူဖတ်ဖြူ ရော်ဖြစ်ခြင်း၊ မျက်ကွင်းညို ခြင်းများအတွက် မရှိမဖြစ်လိုအပ် သော အာဟာရကို ပေးစွမ်းနိုင်သည်။ ခုံး ကောင်၊ ယောက်သွားများကိုလည်း အလားတူစားသုံးပေးနိုင်သည်။

(၃)ကြက်သွန်ဖြူ

သွေးသန့်စေရန် ကိုယ်ခံအား တက်စေရန် ဘက်တီး ရီးယားများကို တိုက်ထုတ်ရန်အတွက် ထိရောက် သော သဘာဝစား သောက်ကုန်တစ်ခု ဖြစ်သည်။ ဝက်ခြံကို သဘာဝအားဖြင့် ထိရောက်မှု ရှိစွာနှင့်ကုန်ကျစရိတ်သက်သာစွာဖြင့် ပျောက်ကင်းစေသည်။ ဝက်ခြံ ကြီးထွားပြီး ရောင်ရမ်းခြင်းများ မဖြစ်စေရန် ကြက်သွန်စိမ်းကို စား ခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပေးနိုင် သည်။

(၄) ထောပတ်သီး

Collagen ထုတ်လုပ်မှုကို တိုးပွား စေပြီး အရေးအကြောင်းများကို ကာ ကွယ်ပေးသည်။ ဗီတာမင် E မြင့်မားစွာ ပါဝင်မှုကြောင့် အသား အရေကို ပျော့ပြောင်းစေပြီး အရွယ် မတိုင်မီ အိုမင်းခြင်းကို ကာကွယ် ပေးသည်။ ထောပတ်သီးတွင် အိုမီဂါ ၃ အက်ဆစ်ပါဝင်သဖြင့် အရေပြား၏ အတွင်းပိုင်းအထိ အစိုဓာတ်ကို ရရှိစေသည်။ ဝက်ခြံကိုလည်းကောင်း၊ ကြမ်းထော်သည့်အနီပိန့်များ ထွက် သည့်ရောဂါကိုလည်းကောင်း ကာ ကွယ်ပေးနိုင်သည်။

(၅)ငှက်ပျောသီး

မျက်နှာဖောင်းပွခြင်း၊ မျက်လုံး အိမ်တွဲခြင်းတို့အတွက် ထိရောက်စေ သည်။ ရေဓာတ်ထိန်းသိမ်းထားမှု ကြောင့် ခန္ဓာကိုယ်မှ ဆိုဒီယမ်နှင့်ပို တက်စီယမ်ကို ညီအောင် ပြန်ညှိ ပေးသည်။ ပိုတက်စီယမ်ကြွယ်ဝ သည့်ငှက်ပျောသီးကို စားပေးခြင်း ဖြင့် ခန္ဓာကိုယ်မှ ရေဓာတ်နှင့်ဆား ဓာတ်အနည်းအများကို ညှိပေး သည်။ စတော်ဘယ်ရီ၊ သင်္ဘော၊ ဖရဲ စသည်တို့သည်လည်း ပိုတက်စီယမ် ကြွယ်ဝသောအသီးများဖြစ်ပြီး မျက် နှာ၏အသားအရေကို ချောမွေ့စေ ပြီး နုပျိုစေသည်။

ဒေါန
credit to>>>Health Updates JournalVol.2, No.35

No comments:

Post a Comment