Thursday 26 September 2013

တရေးအိပ်ခြင်းနှင့် ကော်ဖီ ဘယ်ဟာပိုကောင်းသလဲ

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 3:18pm

 ခေါင်းကိုက်လျှင်

– ကော်ဖီသောက်ပါ ကော်ဖီတွင်ပါသည့် ကဖင်းဓါတ်သည် အကိုက်အခဲပျောက်ဆေးများကို စုပ်ယူမှုအားကောင်းစေသည်။ ပါရာစီတမောနှင့် ကော်ဖီတစ်ခွက် သောက်ခြင်းသည် အကိုက်အခဲ ပျောက်ဆေး အပြင်းစားမလိုဘဲလျှင် မြန်ထိရောက်စွာ သက်သာစေသည်။

မြန်မြန်ပြေးလိုလျှင်

-ကော်ဖီသောက်ပါ ကဖင်းဓါတ်သည် ခံနိုင်ရည်နှင့် လျှင်မြန်မှုကို အားကောင်းစေသည်။ ၇၇ ကီလိုဂရမ်ကိုယ်အလေးချိန်ရှိ သည့် အပြေးသမားတစ်ဦးသည် ကော်ဖီတစ်ခွက်နှင့် တစ်ဝက်ကို
အပြေးပွဲမစမီ တစ်နာရီခန့်အလိုတွင် သောက်ထားသင့်သည်။
စာမေးပွဲမဖြေခင်

– တရေးအိပ်ပါ စာမေးပွဲမဖြေခင် တစ်နာရီခန့် တရေးအိပ်ခြင်းသည် ကော်ဖီသောက် ခြင်းထက် ပိုမိုလန်းဆန်းစေသည်။

အိပ်ရေးပျက်ခြင်းကြောင့် စိတ်တိုစိတ် ဆတ်နေလျှင်

– ကော်ဖီသောက်ပြီး တရေးအိပ်ပါ ကော်ဖီသောက်ခြင်းနှင့် တရေး အိပ်ခြင်းသည် စိတ်ခံစားမှုကိုမြှင့် တင်ပေးနိုင်သည်။ ကော်ဖီသောက်ပြီး နာရီဝက်ခန့် တရေးအိပ်ပါက ပြန် နိုးလာလျှင် လန်းဆန်းနေစေသည်။

စိတ်ကူးကောင်းများရရှိလိုလျှင်

-တရေး အိပ်ပါ အချို့စိတ်ကူးကောင်းများသည် အိပ်မက်ထဲမှရသည်။ အချို့က တရေး နိုးချိန်တွင် အကြံပေါ်တတ် သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့် REM အဆင့်သည် စိတ်ကူးကောင်းများ ရရှိစေသည်။

သီဟ
Source:RD
credit to >>Health Updates Journal Vol.2, No.37


No comments:

Post a Comment