Monday 16 September 2013

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကျက်မြန်အောင်

by ပိုပိုဇော်(သဘာဝအားအင်)September 16, 2013 at 11:14am

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကျက်မြန်အောင်

၁။ထိခိုက်ဒဏ်ရာရရင် အနာကို ရေနွေးနဲ့ သန့်စင်အောင် ၁၀မိနစ် အရင်ဆေးကြောပါ။ ပြီးရင် drip lineချိတ်တဲ့ စလိုင်းပုလင်းကို ဖောက်ပြီး အနာကို ထပ်မံဆေးကြောပါ။

၂။သိပ္ပံနည်းကျစမ်းသပ်ချက်တွေအရ သွေးထွက်တဲ့နေရာကို compressလုပ်ပြီး ဖိရင် 50mmHgဖိအားလောက်သာ သုံးရပါတယ်။ သွေးလွတ်ကြောရောဂါအခံရှိလျင် 25mmHgဖိအားလောက်သာ သုံပေး သင့်ပါတယ်။

၃။အမှိုက်သရိုက်များ၊ ပျက်ဆီးနေသော ဆဲလ်များအား ဖြတ်ထုတ်၊ဖယ်ရှားပါ။ ယေဘုယျအားဖြင့် ပျက်ဆီး၊ယိုယွင်းသော အနာများသည် နာကျင်ခြင်းမရှိသလို ဖြတ်တောက်သည့်အခါ သွေးမထွက်နိုင်ပါ။ အရေးကြီးဆုံးအချက်မှာ အနာကိုဆေးမလိမ်းမှီ၊ပတ်တီးမစီးမှီ သေချာသန့်စင်အောင် ဆေးကြောဖို့လိုအပ်ပါတယ်။

၎။ပုံမှန်အားဖြင့် အနာတစ်ခုဟာ သန့်ရှင်းခြောက်သွေ့နေရင် ပိုးသတ်ဆေး၊ပိုးသေဆေးတွေ မလိုအပ်ပါဘူး။သို့သော် ထိခိုက်ဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာရရင် antiseptic solution ပိုးသေဆေးရည်တမျိုးမျိုး သုံးပေးတတ်ကြတယ်။ antisepticဆိုတာ သက်ရှိမျက်နှာပြင်မှာ ရှိတဲ့ ပိုးတွေကို သတ်ပေးတဲ့သဘောပါ။ antibiotic ပဋိဇီဝပိုးသတ်ဆေးနဲ့ မတူပါဘူး။ ပဋိဇီဝပိုးသတ်ဆေးဆိုတာ ဘက်တီးရီယားပိုးတွေကိုသာ သေစေနိုင်တယ်။

၅။အချို့က မလိုအပ်ပဲ antisepticတွေ အသုံးပြုခြင်းဟာ အနာကျက်ခြင်းကို နှေးကွေးစေတယ် ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပိုးသတ်ဆေးရည်တွေဟာ ပိုးမွှားတွေသာမက ဆဲလ်သစ်တွေကိုလည်း အဆိပ်အတောက်ဖြစ်စေလို့ပါ။အစိုပြန်နေတဲ့အနာတခုဟာ အနာကျက်ခြင်းကို ပိုမိုကြာရှည်စေတယ်။

၆။အနာကို သန့်စင်ပြီးရင် ခြောက်သွေ့ပြီး ပိုးမွှားကင်းစင်တဲ့ အဝတ်တစ်ခုနဲ့ အုပ်ထားပေးပါ။အလားတူ အောက်စီဂျင် ဝင်ရောက်လွယ်တဲ့ အသားမျိုးဟာ အနာကျက်ခြင်းကို ပိုမြန်စေနိုင်တယ်။

၇။လိုအပ်လျင် ပဋိဇီဝပိုးသတ်ဆေးကို သောက်ပေးသင့်ပါတယ်။ ဆေးသောက်တဲ့အခါ ဆေးပမာဏ လုံလောက်အောင်သောက်ပေးသင့်သလို ဆေးပတ်လည်အောင် သောက်ပေးရပါတယ်။

၈။ဒါတင်မက အစားအသောက်လည်း မျှတအောင် စားပေးရတယ်။ပျက်ဆီးတဲ့ ဆဲလ်သစ်တွေအစားထိုးဖို့ နေ့စဉ် ပရိုတင်းဓာတ်ကို လုံလောက်အောင်စားသုံးသင့်ပါတယ်။ အနည်းဆုံး 1g/kgနဲ့ တွက်ချက်စားသောက်ပါ။ ဥပမာ ၅၀ကီလိုဂရမ်ရှိတဲ့ လူတယောက်ဟာ ပရိုတင်းဓာတ် ၅၀ဂရမ် နေ့စဉ်လုံလောက်အောင် စားပေးရမှာ ဖြစ်ပါတယ်။ အလားတူ ကယ်လိုရီကိုလည်း လုံလောက်အောင် စားသုံးပေးရတယ်။ နေ့စဉ် 30calories/kgတွက်ချက်ပြီး စားသုံးပေးသင့်တယ်။

၉။အနာကျက်မြန်ဖို့ ဗီတာမင်အေ ကြွယ်ဝတဲ့အစားစာတွေ စားပေးပါ။ ခုခံအားအတွက်သာမက ဆဲလ်မျက်နှာပြင်တွေ ပြုပြင်၊ကြီးထွားဖို့ ဗီတာမင်အေ လိုအပ်ပါတယ်။ အသားအရည်အတွက်လည်း အရေးပါတယ်။ ဗီတာမင်အေကို ခါကြက်ဥ၊ခရမ်းချဉ်သီး၊အာလူး၊ဟင်းနုနွယ်၊အမဲသား၊ငါး၊နို့၊ကြက်ဥ၊အသည်း၊ကိုက်လံ၊စိမ်းတဲ့ ဝါတဲ့အသီးအရွက် တွေကနေ အဓိက ရရှိပါတယ်။

၁၀။အရေပြားမှာ ပါဝင်တဲ့ ကိုလာဂျင်ဓာတ်အတွက် ဗီတာမင်စီပါဝငိတဲ့ အစားအသောကိတွေ စားပေးသင့်တယ်။ ရောင်ရမ်းခြင်းကိုသာမက အနာကျက်ခြငိးကိုပါ မြန်ဆန်စေတယ်။ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေက ဆီးဖြူ၊သံပုရာ၊ရှောက်သီး၊ဂရိပ်ဖရု၊ဘယ်ရီသီး၊ပန်းဂေါ်ဖီ၊ဟင်းနုနွယ်၊ဂေါ်ဖီထုပ်တွေက ရရှိတယ်။

၁၁။ဗီတာမင်အီးကလည်း အနာကျက်မြန်ဖို့ အထောက်အကူပြုပေးတယ်။ အသားအရည်ကို စိုပြေလှပစေတယ်။ ဆဲလ်မျက်နှာပြင်လွှာကို ကာကွယ်ပေးပြီး အမာရွတ်ဖြစ်ပေါ်ခြင်းကို လျှော့နည်းစေတယ်။ ဗီတာမင်အီး ကြွယ်ဝတဲ့အစားအစာတွေက နေကြာ၊နှမ်း၊မုန့်ညှင်း၊ငါးအဆီတွေက ရရှိတယ်။

၁၂။ဇင့်(သွပ်)ဓာတ်ကလည်း သွေးဖြူဥကထွက်ပေါ်လာတဲ့ စူပါအောက်ဆိုဒ် ဓာတ်ပေါင်းတွေကို ရှင်းလင်းဖယ်ရှားပေးတယ်။ ဆဲလ်ကွဲပွားခြင်းအတွက် လိုအပ်တဲ့ DNA polymerase အင်ဇိုင်းအပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အင်ဇိုင်းမျိုးပေါင်း ၂၀၀ကျော်အတွက် လိုအပ်ပါတယ်။

ပဲ၊အစေ့အဆံ၊အခွံမာသီး၊ဂျုံ၊ငါး၊နီတဲ့အသား၊အသည်း၊နို့၊ကြက်ဥ၊ပဲနို့၊ဥမြစ်၊ပဲတောင့်ရှည်တွေက ရရှိတယ်။ အနာကျက်မြန်ဆန်ဖို့ အထက်ပါအချက်တွေ လိုက်နာဖို့အပြင် ရေမစိုအောင်နေဖို့၊ ညှော်နံ့မခံမိအောင်နေဖို့ လိုအပ်ပါတယ်။ အနာအများစုဟာ ၁-၂ပတ်အတွင်း သက်သာပျောက်ကင်းကြပါတယ်။

စာဖတ်သူအားလုံး ထိခိုက်ဒဏ်ရာ၊အနာတရဖြစ်ခြင်းဘေး ကင်းဝေးကြပါစေ။

ဒေါက်တာ အေးမင်းထူး
credit to >>>  ကျန်းမာရေးစာတိုများစုစည်းမှု

No comments:

Post a Comment