Saturday 21 September 2013

ဆယ်ကျော်သက် ၀က်ခြံ ပြဿနာ

by ပိုပိုဇော်(သဘာဝအားအင်)September 22, 2013 at 12:13am

အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ့ အလှဖျတ် တဲ့
ဝက်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ
ပေါက်တယ်ပါတယ်။

ဝက်ခြံဖြစ်စေသော အကြောင်းအရာများမှာ

၁။ အဆီအစိမ့်အစာများ (မြေပဲ၊ ချောကလတ်..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက်အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန့် များ စားခြင်း


ဝက်ခြံ ပေါက်သော သူများအနေဲ့ အသား စားတာထက် အသီးအရွက် များ ကို
အလေးပေးစားသင့်ပါတယ်။ တရက် ကို ထမင်းသုံး နှပ် မှန်မှန်စားပြီး အရည်ရွမ်းသော အသီးများများ စားပေးရပါမယ်။
အသင့်စား သစ်သီးဖျော်ရည် ဗူး များ ကို ရှောင်ပါ။
တပတ်လောက် မှန်မှန်စားပေးလိုက်ရင် ၀က်ခြံ တွေ သိသိသာသာ လျှော့ပါးလာမှာပါ။
ဝက်ခြံထွက်လာရင် လဲ မမှည့်ခင်လက်နဲ့လျှောက်ဆိတ်တာ တို့ ညှစ်တာတို့ မလုပ်ရပါဘူး။
ဝက်ခြံ တခု ဆိုတာ အသားထဲမှာ အမြစ်တယ်နေတဲ့ အဖြူရောင် အမြစ် (gland) ကလေး
ရှိပါတယ်။ ၀က်ခြံမမှည်.ခင်မှာ ထိုအမြစ် ကို လက်နဲ့ညှစ်ထုတ်ဖို့ အင်မတန်မှ ခက်ခဲပြီး
နာကျင်လှပါတယ်။

အကယ်၍ လက်နဲ. ဆိတ်တာ ညှစ်တာလုပ်ရင် ၀က်ခြံ အမြစ်က အထဲ မှာ ပုပ် ပြီး ၀က်ခြံ
အထက်မှ အေ၇ပြား တွေရောင် ပြီး တော်ရုံနဲ့ မမှည့်တော့ပါဘူး။ နောက်ဆုံးပြည်တည်ပြီး
မှည့်လာလို့ ညှစ်ပြီးသွားရင် အချိုင့်အခွက်အနာရွက် ကျန်ခဲ့ပြီး အင်မတန်မှ
အကျည်းတန်စေပါတယ်။ အမာရွက်ပျောက်ဆေးတွေရှိပေမယ့် မထိရောက် နိုင်ပါဘူး။
ဒါကြောင့် ၀က်ခြံပေါက်တဲ့ အချိန်မှာ အိမ်တွင်းဖြစ် ဆေးဝါးတွေနဲ့ ကုသနိုင်တဲ့
နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လိမ္မော်သီး အခွံ

လိမ္မော်သီး အခွံ ကို ရေ အနည်းငယ်ရော၍ ထောင်းပါ။ ထွက်လာသော အရည် ဖြင့် ၀က်ခြံ
ပေါ်လိမ်းပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကိုထပ်ခြမ်းခွဲ ၍ ၀က်ခြံ ပေါ်ကို ခဏခဏပွတ်ပေးပါ။ ဒါ့အပြင် ကြက်သွန်ဖြူ ကို
တရက် ၃ဥလောက် ၁လလောက် မှန်မှန်စားကြည့်ပါ။

၃။ နံနံပင် ၊ နနွင်း

နံနံပင် ထောင်းလို့ရတဲ့ အရည် လက်ဖက်ရည် တဇွန်းနဲ့ နနွင်း အနည်းငယ်ရောပြီးတော့လဲ
ဝက်ခြံ ပေါ် လူးနိုင်ပါတယ်။

၎။ သခွားသီး

ဝက်ခြံပေါက်သော မျက်နှာ၊ လည်ပင်း၊ ကျောကုန်း ပေါ် သခွားသီး စိတ် နဲ. ၁၅ မိနစ်လောက်
ကြာအောာင်နေ့စဉ် ပွတ်ပေးပါ။

credit to >> မွေးနေ့ ဆုမွန် 

No comments:

Post a Comment