Monday 16 September 2013
လွယ်ကူသက်သာအကျိုးထူးပေးတဲ့ပြိုင်စံရှားဖျော်ရည် (Miracle Drink)
by ပိုပိုဇော်(သဘာဝအားအင်)September 16, 2013 at 3:21pm
ကျွန်မတို့ နေထိုင်ရာ ဒီကမ္ဘာမြေပေါ်မှာ၊ အစာအဟာရဖြည့်တင်းရန် နှင့် ကျမ္မာသက်ရှည်ကြစေရန် သဘာဝတရားကြီးက လက် ဆောင်အဖြစ်အရန်သင့်ဖန်တ်ီပေးထားသော ဆေးဘက်ဝင်ဟင်းသီးဟင်းရွက်နှ င့်သစ်သီးဝလံ အမျိုးပေါင်းစုံလင်လျှက်ရှိ ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၃ နှစ်ဦးပိုင်းမှစ၍ လူပြောများနေပြီး၊ တရုပ်ရိုးရာဆေးမြီးတိုအဖြစ်  တွင်ကျယ်စွာ သောက်သုံး နေကြတဲ့ ဖျော်ရည်ဖြင့် မိတ်ဆက်ပေးလိုပါတယ်။
ဒီသစ်သီးဖျော်ရည်ကိုတရုပ်ပြည်မှာ ရှေးကျသောကာလများကတည်းကကင်ဆာကုထုံးဓာတ်စာအဖြစ် သောက်သုံးခဲ့ကြတယ်လို့ 
ဆိုပါတယ်။
သောက်ပြီး ၃-လအတွင်း အောက်ပါကျမ္မာရေးအကျိုး ကျေးဇူးတွေ ရရှိလာတယ်လို့  သောက်ဖူးသူတိုင်းက ညွှန်းဆိုနေကြပါတယ်။
အခွံနွှာထားသော သကြားမုန်လာဥ၊ မုန်လာဥနီ နဲ့  ပန်းသီးတို့ ကို ဆတူရောကြိတ်ထားတဲ့ ဖျော်ရည်လေးပါဘဲ။
တရုပ်ပြည်မှာ “သကြားမုန်လာဖျော်ရည်” လို့  ခေါ်ဆိုကြပြီး၊ အမေရိကန်ပြည်ထောင်စုမှာတော့  “Miracle Drink (၀ါ) ပြိုင်စံရှားဖျော်ရည် ” လို့  အမည်တွင်ပါတယ်။
(အရသာ ပိုကောင်းပြီး ရနံ့ မွှေးအောင် သံပုရာသီး (သို့ မဟုတ်) ရှောက်သီးစိပ်ကလေး ညှစ်ထဲ့ဖျော်သောက်နိုင်ပါတယ်) ဒီဖျော်ရည်လေးက လုပ်ရတာလွယ်ကူပြီး၊ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ၊ အောက်ပါအတိုင်း အစွမ်းထက်မြက်တယ်လို့  ညွှန်ဆို ထားကြတာကြောင့် သောက်ဖြစ်အောင် သောက်ကြည့်စေလိုပါတယ်။
(၁) ကင်ဆာဆဲလ်များကြီးထွားပြန့် ပွားမလာအောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အဆုတ်ကင်ဆာဆဲလ်များကို သေစေ ပါတယ်။
(၂) အသည်း/ကျောက်ကပ်/ ပန်ကရိယ တို့ ကို ကောင်းကျိုးပြု၍၊ ကိုယ်တွင်းကိုယ်ပအနာများကိုလည်း ပျောက်ကင်းစေပါတယ်။
(၃) အဆုတ်အားကောင်းစေပြီး၊ နှလုံးရောဂါကို ကာကွယ်ပေးကာ သွေးတိုးလည်းကျစေပါတယ်။
(၄) သောက်ပြီး ၂-ပတ်အတွင်း ကိုယ်ခံစွမ်းအားး သိသိသာသာ တိုးတက်ကောင်းမွန်လာပါတယ်။
(၆) အားကစားပြင်းပြင်ထန်ထန်လုပ် ၍ ကြွက်သားများ နာကျင်ကိုက်ခံခြင်းကို သက်သာပြေလျော့စေပါတယ်။ ကိုယ်အလေးချိန် ကျစေပါတယ်။
(၇) အူသိမ်အူမတို့ ကို ကောင်းစွာ အလုပ်လုပ်စေလို့ ဝမ်းမချုပ်စေပါဘူး။ ခနာကိုယ်တွင်း အဆိပ်အတောက်ပြေစေတဲ့အတွက် အသားအရည်စိုပြေတောက်ပလာကာ ၀က်ခြံများပျောက်စေလို့  “ဘုရားသခင်ပေးသောဝက်ခြံပျော က်ဆေး” လို့ သမုသ်ဝ် ကြပါတယ်။
(၈) အစာမကျေခြင်း၊ လည်ချောင်းနာခြင်းတို့ ကို သက်သာစေတဲ့အပြင် ခံတွင်းရနံ့ လည်းကောင်းစေပါတယ်။
(၉) ပင်ပန်းနွယ်နယ်ခြင်းကို သက်သာစေပါတယ်။
(၁၀) ၀တ်မှုန်/ဖုန်မှုန့် တို့ ကြောင့် နှာစေး၊ ချောင်းဆိုး၊ မျက်ရည်ယို၊ လည်ချောင်းနာခြင်းတို့ နှင့် တွဲဖြစ်တတ်သည့် အဖျားရောဂါ များကိုလည်း သက်သာစေပါတယ်။
(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ အင်တာနက် Useful Info & Health Tips)
Ref>>>ပေါက်ပေါက် ၏ ပြိုင်စံရှားဖျော်ရည် (Miracle Drink)ဆောင်းပါးမှ
No comments:
Post a Comment