Saturday 7 September 2013
ဗောက် ယားယံခြင်းအတွက် အိမ်တွင်းကုထုံးများ
by ပိုပိုဇော်(သဘာဝအားအင်)September 8, 2013 at 1:27am
လူလားမြောက်သူ ကျား/မ မရွေး ဦးရေပြားခြောက်သွေ့ မှိုစွဲခြင်းကြောင့် ဗောက်ထလေ့ရှိကြပါတယ်။ ခေါင်းပေါ်မှာ အဖြူအဖတ် များဖြင့် အကြည့်ရဆိုးသလောက်၊ အင်မတန်မှယားယံလို့ နေရထိုင်ရခက်စေပါတယ်။
ရှမ်ပူ(ခေါင်းလျှော်ရည်)အချို့ ဖြင့် ဗောက် ပျောက်စေသော်လဲ၊ လုံးဝအအမြစ်ပြတ်ပျောက်ကင်းသွားလေ့မရှိကြပါဘူး။ အပူဓာတ်စီးဆင်းကာ ဦးရေပြားခြောက်သွေ့ စေတတ်တဲ့ ကော်ဘီးများကို (လုံးဝ)မသုံးပါနှင့်။ ခေါင်းလျှော်သည့်အခါတိုင်း သုံးနေကျ ဘီး၊ ကလစ်၊ ခေါင်းစည်းကြိုး၊ ဘီးကုပ်တို့ ကို ဆပ်ပြာဖြင့်
သန့် စင် အောင်ဆေးကြောရန် နှင့် ခေါင်းအုံးစွပ် အသစ်လဲရန် မမေ့ပါနှင့်။
(၁) ရှာလကာရည်က ဦးရေပြားပေါ်ရှိဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး၊ ယားယံခြင်းကို သက်သာစေပါတယ်။ ဦးစွာခေါင်းပေါ်ရှိ ဗောက်ဖတ်များကို စင်အောင်ဘီးနဲ့ ဖြီးချပါ။ ပြီးနောက် ရှာလကာရည်နဲ့  ရေအေးတို့ ဆတူရော၍ (သို့ မဟုတ်) ရှာလကာရည် အ နည်းငယ်ပို့ ထဲ့ပြီး၊ ဦးရေပြားအနှံ့ နှိပ်နယ်လိမ်းကျံပေးပါ။ မိနစ်အနည်းငယ်အကြာ ရေဖြင့်လောင်းလျှောက်ပြီးနောက်၊ ပုံမှန်သုံး နေကျ ရှမ်ပူဖြင့်စင်အောင်လျှော်ေ ပးပါ။
(၂) မုန့် ဖုတ်ဆော်ဒါက ဦးရေပြားပေါ်ရှိမှိုများကိုေ သစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ခေါင်းတစ်ခုလုံးကိုရေစွတ်ပြီး၊ လက်တစ်ဆုပ်စာ မုန့် ဖုတ်ဆော်ဒါမှုန့် ဖြင့် ဦးရေပြားထိရောက်အောင် အားရပါးရပွတ်တိုက်၍၊ ရေဖြင့်စင်စင်လျှော်ချပေးပါ ။ (မည်သည့်ရှမ်ပူကိုမျှ မသုံးပါနှင့်၊ရေဖြင့်သာလျှော်ပါ)
ဗောက် အထူ/အပါးပေါ်မူတည်ပြီး၊ တစ်ပတ်လျှင် ၂ကြိမ်/  ၃ကြိမ်မျှလျှော်ပေးပါ။ လျှော်ပြီးကာစမှာ ဆံသားများခြောက်ကပ်နေသော်လည်း ရက်အနည်းငယ်အကြာ ဆံသားများပုံမှန်အတိုင်းစို ပြေ၍ပိုမိုနူးညံ့လာကာ ဗောက်များ ကင်းစင်သွားပါလိမ့်မယ်။
(၃) အိန္ဒိယအစားအစာများထဲတွင် အသုံးပြုလေ့ရှိသော ပဲနံ့ သာ သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး၊ အမိုင်နိုအက်ဆစ်နှင့် လက်စီ သင်းဓာတ်တို့ ပါရှိကြသဖြင့် ဆံပင်သန်စွမ်းနက်မှောင်ကာ ဦးရေပြားအေးမြပြီးဗောက်ပျောက်စေပါတယ်။ ပဲနံ့ သာပင် အရွက်က လည်း ဆံသားကိုနူးညံ့ချောမွေ့ စေပါတယ်။ ပဲနံ့ သာ လက်ဆစ်ဆုပ်စာကို ရေတညစိမ်သိပ်ပြီး၊ နောက်တစ်နေ့ နံက်မှာ အနှစ်ဖြစ် အောင်ကြိတ်ချေ၍ ဦးရေပြားအနှံ့ စိမ့်ဝင်အောင်လိမ်းပါ။ နာရီဝက်ခန့် အကြာမှာ မိမိသုံးနေကျ ရှမ်ပူဖြင့် လျှော်ချပေးပါ။
(၄) ဆင်တုံးမနွယ်ပင်၏ အခါးဓာတ်များက ဗောက်ဖြစ်စေတဲ့ မှိုပိုးများကို သေစေသောအစွမ်းသတ္တိရှိပါတယ်။  ဆင်တုံးမနွယ်ရွက် ကိုကြိတ်ချေ၍ ဦးရေပြားအနှံ့ လိမ်းကျံပါ။ ဆင်တုံးမနွယ်ရွက်ရင့်ရင့်၂- ရွက်ကို ရေနွေးတညတာစိမ်ပေးပြီး၊ နံက်မိုးသောက်တဲ့အခါ ထိုအရေဖြင့်ဆံသားများကိုလိမ်းပေးပါ။ တစ်နာရီခန့် အကြာမှာ ရေအေးဖြင့်သန့် စင်လျှော်ချလိုက်ပါ။
(၅) အယ်လ်ကိုဟော ကို အခြေခံထုတ်လုပ်ထားတဲ့ Listerine(ခေါ်)ခံတွင်းသန့် စင်ရည်ကလည်း ဗောက်များကို သေစေတဲ့ အာနိ သင်ရှိပါတယ်။ ဒါကြောင့် မိမိလျှော်နေကျ ခေါင်းလျှော်ရေသုံးပြီးနောက်၊ ခံတွင်းသန့် စင်ရည်ဖြင့် လျှော်ချပေးပါ။
(၆) ပဋိဇီစဆေးတစ်မျိုးဖြစ်တဲ့ အက်စပရင် (ခေါ်) ဖျားနာကိုက်ခဲပျောက်ဆေးထဲမှာ Salicylic အက်ဆစ်ပမာဏ အမြောက်အများ ထဲ့၍ဖော်စပ်ထားပါတယ်။ အဲဒီအက်ဆစ်ဓာတ်ဟာ ဗောက်များကိုသေစေနိုင်တဲ့အစွမ်းရှိလို့  ဗောက်ပျောက်ရှမ်ပူများတွင် ထဲ့သွင်း အသုံးပြုလေ့ရှိကြပါတယ်။ အက်စပရင်ဆေး ၂-ပြားကို အမှုန့်ကြိတ်ကာ မိမိနှစ်သက်ရာရှမ်ပူဖြင့်သမ အောင်ရောမွှေပြီး တခေါင်း လုံးအနှံ့  လိမ်းကျံ၍နှပ်ထားပေးပါ။ ၂-မိနစ်အကြာမှာ ပုံမှန်ခေါင်းလျှော်သကဲ့သို့ လျှော်ပေးရုံပါဘဲ။
(၇) အာဟာရပြည့်ဝစွာစားသောက်နေထိုင်ခြင်းဖြင့် ကျမ္မာရေးကောင်းမွန်စေသလို၊ အသားအရေစိုပြည်ကောင်းမွန်စေ ကာ အသား အရည်နှင့်ပတ်သက်ဆက်စပ်လျှက် ရှိတဲ့ ဗောက်ရောဂါကိုလည်း မဖြစ်စေနိုင်ပါဘူး။ အသားအရည်ခြောက်သွေ့ ခြင်းကင်းဝေးပြီး ဗောက်ပျောက်စေရန်အတွက် ဘရိုကိုလီ (ခေါ်)ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်းထုပ်အဖြူ၊ ဆလတ်ရွက်၊ အဆီများသောငါး (ငါးကြီးဆီ)၊ ကြက်ဥ-ဘဲဥ-ငုံးဥ၊ အစေ့အဆံ နှင့် မြေပဲတို့  စားပေးပါ။
(၉) လ္ဘက်ရွက်အဆီဟာ အဆိပ်ရှိသတ္တ၀ါကိုက်ခံရခြင်းအတွက် အဆိပ်အတောက်ပြေစေသလို၊ အရေပြားပေါ်ရှိမှိုပိုးများကို နှင် ထုတ်ပေးနိုင်သည့် ဆေးဘက်ဝင်အရွက်ဖြစ်၍ ရှေးရာစုနှစ်ပေါင်းများစွာက တည်းကပင် တရုပ်ရိုးရာကုထုံးများတွင် အသုံးပြုလာခဲ့ ကြပါတယ်။
လ္ဘက်ရွက်အဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာကို ရေနွေးတစ်ခွက်ဖြင့် သမအောင်ရောမွှေထားပါ။ ခေါင်းကို ပုံမှန်လျှော်နေ ကျရှမ်ပူဖြင့်လျှော်ပြီးနော က်၊ စောစောကရောစပ်ထားသောလ္ဘက်ရွက်ဆီဖြင့် ဦးရေပြားထဲထိစိမ့်ဝင်အောင်  လိမ်းကျံနှိပ်နယ်ပေးပါ။ (ခေါင်းကိုရေဖြင့် ထပ်မလျှော်ပါနှင့်) ၁၀မိနစ်ခန့် အကြာဆံပင်ပေါ်ရှိရေများကို ပုံမှန်နည်းအတိုင်း ခြောက်အောင်သုတ်ပေးရုံပါဘဲ။  ဗောက်များပါးသွားသည့်အပြင် ဆံသာများနက်မှောင်လာပါလိမ့် မယ်။
(၁၀) ရှားစောင်းလက်ပပ်ပင်က အရေပြားပေါ်ရှိဆဲလ်များတည်ဆောက်မှုကို သူမတူအောင် ကောင်းကျိုးပြုပါတယ်။ ခေါင်းမလျှော် ခင် ၁၅-မိနစ်လောက်ကြိုတင်၍ ရှားစောင်ဂျယ်လီ(အနှစ်)များ ဖြင့် ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပြီး၊ ပုံမှန်လျှော်နေကျ ရှမ်ပူ ဖြင့် လျှော်ချပေးရုံပါဘဲ။
(၁၁) အိမ်သုံးဆားများဟာ အရေပြားပေါ်ရှိပိုလျှံသောအဆီများနှင့် ဗောက်ကဲ့သို့ သေနေသောအရေပြားအဖတ်လွှာများ ကို သဘာ ၀နည်းကျကျ သန့် စင်ပေးနိုင်စွမ်းရှိပါတယ်။  စားပွဲတင်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ ဆားများဖြင့် ဦးရေပြားအနှံ့ ပွတ်တိုက်ပြီး၊ ၁၀-မိနစ်အကြာ ရေစင်စင်လောင်းချ၍ ပုံမှန်လျှော်နေကျ ရှမ်ပူဖြင့် လျှော်ပေးပါ။
ပေါက်ပေါက်
မှီငြမ်း how to relief anti-dandruff naturally
No comments:
Post a Comment