Tuesday 8 October 2013

အရိုးသန်မာအောင် စားသောက်နည်း

by ပိုပိုဇော်(သဘာဝအားအင်)October 8, 2013 at 2:17pm

(၁) ဟင်းသီးဟင်းရွက် စားပါ။

ကိုက်လံ၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက်၊ မုန်လာရွက်၊ တစောင်းချဉ်၊ ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ တရုပ်နံနံပင် စတဲ့ အစိမ်းရောင်ရင့်ရင့် အရွက်တွေက အရိုးအားကောင်းစေပါတယ်။ မုန်လာဥနီ၊ ပဲထောပတ်၊ ဖုချိုင် တို့ ကလည်း နွားနို့ ကဲ့သို့  ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေပါဘဲ။ (သင်္ဘောရွက်ပြုတ်ကို အတို့ အမြှုပ်လုပ်စားခြင်းက အရိုးပျော့ရောဂါ ပျောက်စေနိုင်သလို၊ သင်္ဘောရွက်ကိုအခြောက်လှမ်း၍ အမှုန့် ပြုထောင်းထားပြီး ရေနွေးပူပူမှာ လက်ဘက်ခြောက်လိုခတ်ကာ နေ့ စဉ်သောက်သုံးခြင်းဖြင့် အရိုးမာစေပါတယ်)

(၂) သက်သက်လွတ် (အမြဲ) မစားသင့်ပါဘူး။

အချို့ သူတွေက တိရိစ္ဆာန်မှရတဲ့ပရိုတင်းဓာတ်များဟာ အရိုးကြွတ်ဆတ်စေတယ်လို့ ထင်မှတ်မှားနေကြပြီး ခြေ ၄-ချောင်းသားကို ရှောင်ကြပါတယ်။ သက်သက်လွတ်ရက်ရှည်စားခြင်း၊ အသားတစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲစားခြင်း..စတဲ့ ဓလေ့စရိုက်ပယ်ကာ၊ သန့် ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ နဲ့  သား/ငါးအစုံတို့ ကို မျှတစွာစားသုံးတဲ့ အကျင့်ကောင်းကိုမွေးမြူမှသာ ကျမ္မာ ရေးအတွက် ဘက်စုံကောင်းမွန်စေမှာဖြစ်ပါတယ်။(သက်သက်လွတ်မကြာခဏ စားသူများအတွက် အရိုးအားကောင်းစေဖို့  ကယ်လ်စီယမ်ဖြည့်စွက်စာအဖြစ် နွားနို့  ၁-ခွက် နေ့ စဉ်သောက်ပေးသင့်ပါတယ်)

(၃) အရိုးရောပြွမ်းတဲ့ ဟင်းလျာများ ချက်စားပါ။

အမှတ်စဉ်(၁)မှာဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ကြက်-၀က်-ဆိတ်-အမဲရိုးတို့ ဖြင့် စွပ်ပြုတ်ချက်စားပါ။ ခြေလေးချောင်း သား(၀က်-ဆိတ်-အမဲ)ရိုးထဲရှိ ခြင်ဆီနှစ်တွေက ကျွန်မတို့ လူသားတွေရဲ့  အရိုးအဆစ်များကို ကောင်းစွာအထောက်အပံ့ ပေးတာ ကြောင့်၊ ထိုအရိုးများထဲမှ ခြင်ဆီတွေထွက်လာအောင် မီးအေးအေးဖြင့် အချိန်ကြာကြာအပူချက်ပြုတ်ပြီး အနည်းဆုံး ရက်သတ္တ ပတ်မှာ ၁-ကြိမ်လောက် စွပ်ပြုတ်လုပ်သောက်ပေးပါ။

(၄) ကောက်နှံများ စားပေးပါ။

ကောက်နှံမျိုးဝင်များဖြစ်ကြတဲ့ ဆန်လုံးညို၊ ဂျုံ၊ ဘာလီစေ့၊ ကွေကာအုတ်၊ ရိုင်းစပါး၊ လူးစပါး၊ ပြောင်း၊ ကောက်စပါး တွေမှာ အမျှင်ဓာတ်၊ ကစီဓာတ်များနဲ့ ဗီတာမင်ဘီဓာတ်ပေါင်းစုတွေ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေပါတယ်။ ၄င်းတို့ အထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်များက ကြွက်သားတစ်ရှုးတွေကို ကောင်းစွာတည်ဆောက်စေတာကြောင့်လည်း အရိုးကို ကျမ္မာသန်စွမ်းစေပါတယ်။ ဒါ့ပြင် ကောက်နှံတွေက မဂနီစီယမ်ရရှိရာအရင်းအမြစ်ဖြစ်လို့ ၎င်းတို့ ကိုစားသုံးပေးခြင်းဖြင့် သွေးထဲ ရှိကယ်လ်စီယမ်တွေကို စုပ်ယူပေးကာ အရိုးသို့ ပို့ ဆောင်ပေးတာကြောင့် အရိုးအားကောင်းစေပါတယ်။  

(၅) သတ္တုဓာတ်ဖြည့်စွက်စာ စားပေးပါ။

ဂျပန်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ပင်လယ်ရေမှော်ထဲမှာ သတ္တုဓာတ်တွေကြွယ်ဝစွာပါရှိနေလို့ အရိုးကိုကောင်းစွာတည်ဆောက် စေပါတယ်။ ၁၉၉၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံမှာ ပင်လယ်ရေမှော်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ရာ အရိုးကြွပ်ဆတ်ရောဂါကို ကာကွယ် ပေးနိုင်ကြောင်းလေ့လာတွေ့ ရှိခဲ့ရတာကြောင့် ထိုင်ဝမ်ဆေးသုတေသီများက ပင်လယ်ရေမှော်ကို ရက်သတ္တပတ် မှာ အနဲဆုံး ၂-ကြိမ် စားပေးသင့်တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။ ဒါ့ပြင် အဲဒီရေမှော်က သိုင်းရွိုက်ဂလင်းတွေကိုလဲ ကျန်းမာစေပါတယ် တဲ့။  

(၆) အရိုးစားပါ။

အရိုးကောင်းစေဖို့ အရိုးများများစားပေးရပါမယ်။ သဘာဝ ကယ်လ်စီယမ်သတ္တုဓာတ်များဖြစ်တဲ့ အရိုးပါဝါးစားလို့ ရသော ငါးသလဲ ထိုး၊ ငါးသစ်တုံး၊ ငဗျက်/ငဘဲဖြူ၊ ငသံဂျိပ်(သေးသေး)၊ အခွံပါဝါးစားလို့ ရတဲ့ပုစွန်ဆိတ်၊ ငနီတူခြောက်၊ ငါးသေတ္တာ၊ ငါးသ လောက်ပေါင်း တို့ စားပေးပါ။ ကြက်-၀က်-ဆိတ်-အမဲ ရိုးတွေကို အရိုးပါစားလို့ ရတဲ့အထိ pressure cooker ဖြင့် အရိုးနူးတဲ့အထိ ပေါင်းစားပေးပါ။

(၇) အဆီစားပါ။

အရိုးကျမ္မာရေးနဲ့ ပတ်သက်ပြီး အဆီစားသုံးရမယ့် ၀ိသေသ(၃)မျိုးရှိပါတယ်။ (၁) အဆီတွေအများကြီးစားတာမကောင်းပါ (၂) အဆီ နည်းနည်းလေးမစားပါနဲ့  (၃) အာဟာရပြည့်တဲ့ဆီသန့် ကိုအလုံအလောက်စားပေးပါ။ သွေးဆုံးပြီး အမျိုးသမီးကြီးများ အတွက် နေ့ စဉ် ၆၀-ဂရမ်ပမာဏရှိတဲ့အဆီဓာတ်လိုအပ်ပါတယ်။ ဆိုလိုတာက တစ်နေ့ တာ စားသုံးတဲ့အစားအစာတွေထဲမှာ သ ဘာဝ ဟင်းသီးဟင်းရွက်အစေ့အဆံတွေကရတဲ့ ဖက်တီးအက်ဆစ်အဆီမျိုးကို လ္ဘက်ရည်ဇွန်း ၂-ဇွန်းလောက်စားပေးရမှာဖြစ်ပြီး၊ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တို့ လို တိရိစ္ဆာန်ကရတဲ့ အဆီမျိုးကိုတော့ လ္ဘက်ရည်ဇွန်း ၁-ဇွန်းလောက် စားပေးရမှာ ဖြစ်ပါတယ်။

ပေါက်ပေါက်
(မှီငြမ်း…..American Daily Health Tips on 4th Oct ’13)
credit to >>promise pauk facebook

No comments:

Post a Comment