Thursday 24 October 2013

ဝမ်းချုပ်လို့ စိတ်မညစ်နဲ့

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 5:32am

“ ၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲ ” ဆိုတဲ့စကားအတိုင်း၊ နေ့ တဓူဝ ပါးစပ်မှသွင်းလာသော အစာသစ်များကို ခနာကိုယ်က အာ ဟာရအဖြစ်စုပ်ယူပြီးနောက် မလိုလားအပ်သောအစာဟောင်းများကိုမစင်အဖြစ် အနည်းဆုံးတစ်နေ့  ၁-ကြိမ်မျှ စွန့် ထုတ်ပေးမှ သာ ကျန်းမာရေးနဲ့  ညီညွတ်စေမှာပါ။ အချို့ သူများက ၂-ရက် ၁-ခါသာ ၀မ်းသွားလေ့ရှိပြီး ထို့ ထက်ပို၍၀မ်းမသွားခြင်းကိုတော့ ၀မ်းချုပ်တယ်လို့ ခေါ်ပါတယ်။ စားသောက်မှုစံနစ်မကျခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အထိုင်များ၍ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေ သောက်နည်းခြင်း စသည်တို့ ကြောင့် အရွယ် ၃-ပါးမရွေး ၀မ်းချုပ်နေကြပါတယ်။ ၀မ်းသွားချင်စိတ်ရှိတာကို လစ်လှူရှုမထားဘဲ၊ အချိန်ပေး၍ အိမ်သာတက်တဲ့ အကျင့်ကိုမွေးမြူရပါမယ်။ ၀မ်းချုပ်တာကြာလာတာနဲ့ အမျှ စမျဉ်းခံလာပြီး အတင်းအားစိုက်၍ ညှစ်ထုတ်ရခြင်းကြောင့် လိမ်ခေါင်းရောဂါ၊ စအိုကွဲခြင်း စတဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်စေပါတယ်။


ဒါတွေကြောင့်လည်းဝမ်းချုပ်စေနိုင်……

(၁) မူးယစ်ဆေးဝါးသုံးစွဲသူများ၊ aspirin နှင့် ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးဝါးများ၊ ကယ်လ်စီယမ် နဲ့ သံဓာတ်အား ဆေးများက ၀မ်းချုပ်စေပါတယ်။
(၂) ၀မ်းသွားခြင်းအတွက် ၀မ်းပိတ်ဆေးများစွာသောက်သုံးခြင်းကြောင့်လည်း ခေတ္တ၀မ်းချုပ် သွားစေပါတယ်။ (၃) နွားနို့ က၀မ်းမချုပ်စေပါဘူး။ သို့ သော် နွားနို့ ကို ပြန်လည်ပြုပြင်ထားသော ချိစ်၊ ဒိန်ခဲစတဲ့ နို့ ထွက်ပစ္စည်း များနဲ့  အဆီဓာတ်များသော အသားတို့ က အစာမကျေဝမ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။
(၄) ရင်ပူခြင်းကို ပျောက်စေတဲ့ Antacids ဆေးဝါးများ၊ သွေးကျဆေးများ၊ Antihistamines ဓာတ်ပါသော ယားနာပျောက်ဆေးများ၊ စိတ်ကျဝေဒနာသည်များနဲ့  စိတ်ကျ ခြင်းကိုကုသပေးတဲ့ Antidepressant ဆေးဝါးများ က ၀မ်းချုပ်စေလို့  အမျှင်ဓာတ်များသောအစားအစာများစားရင်း ရေများများ သောက်ပေးပါ။
(၅) Crohn's disease(ခေါ်)အစာချေလမ်းကြောင်း နာတာရှည်ရောဂါများ နဲ့  ulcerative colitis(ခေါ်)အူမကြီး အမြှေးယောင်ရမ်းခြင်းကြောင့် ၀မ်းချုပ်စေပါတယ်။
(၆) အမျိုးသမီးများ ရာသီလာစဉ်ကာလများ၊ ကိုယ်ဝန်ဆောင်ချိန်များနဲ့  ကလေးမီးဖွားပြီးစအချိန်များမှာ ၀မ်းချုပ်လေ့ရှိပါတယ်။
(၇) ဆီးချိုရောဂါက အာရုံကြောများကို ပျက်စီးသွားပြီး အစာကိုကောင်း စွာ မချေဖျက်နိုင်တော့ဘဲ ၀မ်းချုပ်လာစေပါတယ်။
(၈) လည်ပင်းအကျိတ်ဂလင်း ရောဂါတစ်မျိုးဖြစ်တဲ့ Hypothyroid က ခနာ ကိုယ်ရဲ့  ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေကာ ၀မ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။
(၉) ချောကလက်လျော့စားပါ။ ၂၀၀၅ ခုနှစ်တွင် အ မေရိကန်နိုင်ငံ ဆေးသုတေသီများက နာတာရှည်ဝမ်းချုပ်သူများကို လေ့လာစမ်းစစ်တဲ့အခါ ချောကလက်စားသုံးမှုများသူတွေမှာ ပိုမိုဝမ်းချုပ်စေကြောင်း လေ့လာတွေ့ ရှိခဲ့ပါတယ်။
(၁၀) အသင့်စား အစားသောက်များ၊ အကြော်အလှော်များက ၀မ်းချုပ်စေပါ တယ်။
(၁၁) ကော်ဖီ နဲ့ လ္ဘက်ရည်ဖြတ်ပါ။
(၁၂) ဆေးလိပ်နဲ့ အရက်များ မသောက်ပါနဲ့ ။

ဒ်ီလိုသက်သာအောင်လုပ်လို့ ရ…………..

(၁) နံက်အိပ်ယာထ သောက်ရေ ၃-ခွက် ဆက်တိုက်သောက်ပေးခြင်းက အူတွေကိုအလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်(နေ့  စဉ် ရေ ၈-ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကိုမွေးမြူပါ)
(၂) သံပုရာသီးကလည်း ၀မ်းချုပ်ခြင်းမှသက်သာစေလို့  နံက် အိပ်ယာထ အစာမစားခင်မှာ ရေနွေး ၁-ဖန်ခွက်ထဲကို သံပုရာသီး ၁-လုံးညှစ်ပြီး၊ ပျားရည်လ္ဘက်ရည်ဇွန်း ၁-ဇွန်း နဲ့ ဆားအနည်း ငယ်ဖျော်၍သောက်ပါ။
(၃) ပဲသီး၊ ဟင်းနုနယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များနဲ့  လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့  အရည်ရွှမ်းပြီး အမျှင်များတဲ့သစ်သီးများစားပါ။
(၄) အမျှင်ဓာတ်ပေါများသော ဂုဏ်လျှော်စေ့က အစာကျေစေပြီး ၀မ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
(၅) နွားနို့ ပူပူသောက်ခြင်းက အူမကြီးကို ကောင်းစွာလှုံ့ ဆော်ပေးတာကြောင့် ၀မ်းမချုပ်စေ တော့ပါဘူး(သို့ မဟုတ်)ညအိပ်ယာဝင်ခါနီး နွားနို့ ပူပူထဲမှာ ထောပတ်ကို လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏခပ်၍ သောက်ခြင်းဖြင့် နံက်ပိုင်း ရှောရှောရှုရှု ၀မ်းသက်စေပါတယ်။
(၆) နံက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက်လျှောက်ခြင်းက အူများကိုလှုပ်ရှား ကာ ၀မ်းသွားစေပါတယ်။
(၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက်စားပေးပါ။
(၈) မာလကာသီး(အူနီ) အမှည့် ကလည်း ၀မ်းချုပ်ခြင်းကိုသက်သာစေပါတယ်။
(၉) ကြံရည်၊ ခရမ်းချဉ်သီး နဲ့  beet root(ခေါ်)သကြားမုန်လာဥ(ခေါ်)သွေးရောင် ကဲ့သို့ မုန်လာဥနီအလုံး တို့ ကလည်း ၀မ်းသက်စေလို့ စားပေးပါ။
(၁၀) နံက်တိုင်း သင်္ဘောသီးမှည့်မှည့်စားပါ။
(၁၁) ပန်းသီးက လည်း ၀မ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့အတွက် တနေ့ ၂-လုံး မှန်မှန်စားသင့်ပါတယ်။
(၁၂) အရွက်မှာအမွှေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကိုသကြားနဲ့ ကြိတ်၍စားပါ။
(၁၃) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့ နဲ့ စိမ်ပြီးသောက်ပါ။
(၁၄) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့်စိမ်၍ ၀မ်းဗိုက်ကိုလိမ်းပေးပါ။
(၁၅) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသောရှောက်သီးဖတ် ၁၀-ကျပ်သား၊ ပါးပါးလှီးထားတဲ့ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုး ၅ပါးကိုအမှုန့်  ၂-ပဲစားစီတို့  ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လ္ဘက်ရည်ဇွန်း ၁-ဇွန်းခန့်  တနေ့  ၃-ကြိမ်စားပေးပါ။  

ပေါက်ပေါက်
(မှီငြမ်း မြန်မာ့ဆေးကျမ်း+အင်တာနက် Health Tips)
credit to >>>Promise Pauk Facebook

No comments:

Post a Comment