Thursday 24 October 2013
လူကိုခွန်အားဖြစ်စေမယ့် အစားအသောက်(၁၈)မျိုး
by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 10:09am
(၁)အစိမ်းရောင်အရွက်ဖားဖားဟင်းရွက်များ
ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက် စတဲ့ စိမ်းရောင်ခြယ်အရွက် တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါရှိပြီး၊ ကယ်လိုရီနဲပါးတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါ့ပြင် ဗီတာမင်အေ၊ ဗီတာမင်စီ နဲ့  ဖောလိပ်ဓာတ်တို့  ကြွယ်ဝတာမို့  ခွန်အားတိုးပွားစေရုံမျှုမက ၊ စိတ်ကျရောဂါတွေကိုပါ တိုက်ထုတ်ပေးပါတယ်။
(၂) အစေ့အဆံများ
ဗာဒံစေ့၊ သစ်အယ်သီး၊ သစ်ကျားသီး၊ သီဟိုစေ့ စတဲ့ အစေ့အဆံတွေမှာ ခံနိုင်ရည်စွမ်းအားထောက်ပံ့ ပေး တဲ့ ပရိုတင်းတွေပါရှိနေပါတယ်။ ၄င်းတို့ ကိုစားသုံးပြီးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းရှိကောင်းကျိုးပြုဆဲလ်တွေကို စွမ်းအားပြည့် ထုတ်လုပ်ပေးနိုင်အောင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်ပေးပါတယ်။
(၃) အဆီမပါသောအသားများ
ကြက် နဲ့ ကြက်ဆင်သားတွေကိုအရေခွံမပါ ဘဲစားပေးပါ။ အနီရောင်အသားတွေ စားတဲ့အခါမှာ အဆီကိုရှောင်ပါ။ ထို ကြက်၊ ကြက်ဆင်၊ အနီရောင်အသားတွေမှာပါတဲ့ အမိုင်နိုအက်ဆစ်တွေက ပင်ပန်းနွမ်းနယ်မှုကို တိုက် ထုတ်ပေးပါတယ်။ ဒါ့ပြင် သံဓာတ်၊ ဗီတာမင်ဘီ နဲ့ ပရိုတင်းများပါရှိလို့ ကြွက်သားများသန်မာစေပါတယ်။  (အားကစားသမားများ သက်လုံ ကောင်းစေပါတယ်)
(၄) ပင်လယ်ငါးများ
ပင်လယ်ငါးဟင်းလျာများကို အနည်းဆုံး ရက်သတ္တတ် ၁-ပတ်မှာ ၃ ရက်ခန့်စားပေးပါ။ ပင်လယ်ငါးထဲမှာ ပါတဲ့ ဖက်တီးအက်ဆစ်တွေက အင်ဆူလင်ပမာဏကိုထိန်းညှိပေး တဲ့အပြင်၊ ဦးနှောက်ကိုကောင်းစွာ အလုပ်လုပ်စေပါတယ်။ ဒါ့ ပြင် ရောင်ရမ်းနာများကို သက်သာစေခြင်း၊ အရိုးအဆက်များ သက်တောင့်သက်သာအကွေးအဆန့် ပြုလုပ်နိုင်ခြင်း စသည်တို့ ကို ကောင်းကျိုးပြုကာ၊ ကြွက်သားများ တွဲကျခြင်းကိုမဖြစ်စေပါဘူး။
(၅) ကြက်ဥများ
သက်သက်လွတ်စားသူတွေအတွက် အသားအစားထိုးအဖြစ် ခွန်အားပြည့် ကြက်ဥ ကိုစားပေးသင့်ပါတယ်။ ကြက်ဥထဲမှာလဲ အသားတွေလိုဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်များနဲ့ သံဓာတ်တွေပါရှိနေပါတယ်။
(၆) ကောက်နှံများ
လူး၊ ဆပ်၊ ဂျုံ၊ အုတ်၊ စပါး စတဲ့ကောက်နှံတွေကို စားသောက်ပြီးတဲ့နောက် အချိန်တိုအတွင်းမှာပင် ခွန်အား ဖြစ်စေပါတယ်။ အထူးသဖြင့် ပြုပြင်ထားခြင်းမရှိတဲ့ ဆန်လုံးညိုတွေနဲ့  အညိရောင်ပေါင်မုန့် တွေက အာနိသင်ပိုရှိကြပါတယ်။
(၇) ကော်ဖီ
(၈) လ္ဘက်ရည်
လ္ဘက်ရည်(အချို)/ လ္ဘက်ရည်ကြမ်း(ရေနွေးကြမ်း)/ green tea များမှာလဲ ကော်ဖီထဲမှာလိုဘဲ ကဖိန်းဓာတ်များပါ ရှိနေပါတယ်။ ဒါ့ပြင် L-theanine(ခေါ်)အမိုင်နိုအက်ဆစ်တစ်မျိုး ပါရှိတာကြောင့် လူကိုလန်းဆန်းတက်ကြွစေတဲ့အြ ပင် မှတ် ဥာဏ်အား ကောင်းစေပါတယ်။
(၉) ပဲသီး(ခေါ်) ပဲတောင့်ရှည် နဲ့ ဗိုလ်စားပဲသီးများ
အစိမ်းရောင် ပဲသီးတွေထဲမှာ သံဓာတ်၊ ဗီတာမင်ဘီ နဲ့ အမိုင်နိုအက်ဆစ် များအပြင် အနီရောင်အသားတွေမှာတွေ့ ရတဲ့ ပရိုတင်းဓာတ်များလဲ ပါရှိနေတာကြောင့် ခွန်အားဖြစ်စေပါတယ်။ ဒါ့ပြင် အမျှင် ဓာတ်ကြွယ်ဝလို့ အစာချေစံနစ်ကိုကောင်းမွန်ေ စကာ ကျမ္မာရေးနဲ့ ညီညွတ်စေပါတယ်။
(၁၀) ပန်းသီးများ
ပန်းသီးထဲမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်တွေအပြင်၊ ဗီတာမင်စီနဲ့  အမျှင်ဓာတ်တွေပါရှိသဖြင့် ခွန်အားကိုတိုး ပွားစေပါတယ်။ အထူးသဖြင့် ပန်းသီးထဲမှာပါရှိတဲ့ fructose ဓာတ်က တခဏအတွင်းမှာပင် ကိုယ်ခံစွမ်းအားကို တိုးပွားလာစေပါ တယ်။
(၁၁) ဌက်ပျောသီးများ
ပိုတက်စီယမ်ကြွယ်ဝတဲ့ ဌက်ပျောသီးတွေက ခန္ဓာကိုယ်ကြွက်သားတွေကို ကောင်းစွာတည်ဆောက်ပေး လို့ ခန္ဓာကိုယ်အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်ပါတယ်။ ဒါ့ပြင် သစ်သီးမှရတဲ့ သဘာဝသကြားဓာတ်များဖြစ်သော fructose နဲ့  glucose များက ခွန်အားဖြစ်စေပြီး၊ လန်းဆန်းတက်ကြွမှုကိုဖြစ်စေပါတယ်။
(၁၂) ရွှေဖရုံစေ့များ
အမှတ်စဉ်(၂)မှာ ဖော်ပြထားတဲ့ အစေ့အဆန်များလိုဘဲ၊ ရွှေဖရုံစေ့ထဲမှာ ဗီတာမင်၊ ပရိုတင်များနဲ့  ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်စေတဲ့ အဆီဓာတ်တွေ ပါရှိနေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ် မဂနီစီယမ်ဓာတ် ပါရှိလို့ ခွန်အားဖြစ်စေပါတယ်။
(၁၃) သံပုရာသီးဖျော်ရည်
နုံးချိအားနည်းနေတဲ့အခါ သံပုရာရည်တစ်ခွက် သောက်ပေးခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်ကို တိုးတက် ကောင်းမွန်လာပြီး၊ ခွန်အားဖြစ်စေပါတယ်။ (ထို့ နည်းတူစွာ သဘာဝအုန်းစိမ်းရည် စစ်စစ်ကလဲ လူကို ခွန်အားဖြစ်စေပါတယ်) 
(၁၄) ဖရဲသီး
ရေဓာတ်အမြောက်အများရှိတဲ့ ဖရဲသီးကိုစားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ် ပေးတဲ့အပြင်၊ ဗီတာမင်ဘီ၊ ပိုတက်စီယမ်နဲ့  fructose(ခေါ်)သဘာဝသကြားဓာတ်တို့ ပါရှိသဖြင့် ကိုယ်ခံစွမ်းအား ကောင်းစေပါ တယ်။
(၁၅) ဘလူးဘယ်ရီသီး
ကြွက်ငယ်များနဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ဘလူးဘယ်ရီသီးထဲမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိခြင်းကြောင့် အရွယ်တင်နုပျိုစေတဲ့ “စူပါအသီးအနှံ” လို့ ခေါ်ကြပါတယ်တဲ့။ ဒါ့ပြင် အမှတ်စဉ်(၂)မှာ ဖော်ပြ ထားတဲ့ အစေ့အဆံများလိုဘဲ omega-3 ဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါရှိတာမို့  ဦးနှောက်ကိုခွန်အားဖြစ်စေပါတယ်။
(၁၆) ပန်းငရုပ်ပွသီး
ပန်းငရုပ်ပွသီးတွေထဲမှာ မယုံကြည်နိုင်လောက်အောင် ဗီတာမင်စီတွေ များပြားစွာပါရှိနေပါတယ်။ ဒါ့ပြင် အ မျှင်ဓာတ်၊ ဗီတာမင်ဘီနဲ့  phytochemical lycopene ဓာတ်တို့ ပါရှိနေလို့  ရောင်ရမ်းနာများ ကိုသက်သာစေကာ၊ အလွန်အမင်း မောပန်းနွမ်းနယ်မှုကိုပါ ပြေလျော့စေပါတယ်
(၁၇)အနက်ရောင်ချောကလက်
လေ့လာစမ်းစစ်ချက်များအရ၊ အမဲရောင်ချောကလက်တွေဟာ ဦးနှောက်သို့ သွေးလည်ပတ် စီးဆင်းမှုအားကောင်းစေလို့ ၊ ချောကလက်စားပြီးနောက် ၂-နာရီ(သို့ မဟုတ်) ၃-နာရီအတွင်းမှာပင် သိသိသာသာ စိတ်ဖိစီးမှု တွေ ပြေလျော့သွားပြီး၊ မှတ်ဥာဏ်အားကောင်းလာစေပါတယ်။
(၁၈) ဒိန်ချဉ်
အနီရောင်အသားတွေမှာကဲ့သို့ အမိုင်နိုအက်ဆစ်ပါရှိတာကြောင့် သက်သက်လွတ်စားသူများ ဒိန်ချဉ်တွေသောက် ရင်း ခွန်အားဖြစ်စေပါတယ်။ ဒိန်ချဉ်က လေးလံထိုင်းမှိုင်းခြင်းနဲ့ မောပန်းနွမ်းနယ်မှုတွေကိုပါ ပြေပျောက်စေပါတယ်။ 
ပေါက်ပေါက်
(မှီငြမ်း…American Daily Health Tips on October 2013)
credit to >>Promise Pauk Facebook
No comments:
Post a Comment