Tuesday 8 October 2013

အခွံကို မလွှင့်ပစ်ဘဲ စားသုံးနိုင်သည့် ဆေးဘက်ဝင်အသီးများ

by ပိုပိုဇော်(သဘာဝအားအင်)October 8, 2013 at 6:07pm

(၁)ကီဝီသီး

အမွှေးနုကလေးများ နှင့် ကီဝီသီးတွင် အင်တီအောက်ဆီးဒင့်မြင့်မားစွာပါဝင်ပြီး အစာအဆိပ် ဖြစ်တတ်သော Staphylococcus  နှင့် E-coli စသည့်ရောဂါပိုးမွှားများ ကို တိုက်ထုတ်နိုင်သည်။

(၂) နာနတ်သီး 

ယင်း၏အခွံတွင် အမျှင်ဓာတ်နှင့်ဗီတာမင် C တို့ပါဝင် ပြီး ယင်းရှိ broinelain  အင်ဇိုင်းသည် အစာချေဖျက်မှုအတွက် ကောင်းမွန်သည်။ နာနတ်သီးတွင် မာကြောသောအပြင်ပန်းရှိသော် လည်း အခွံအောက်အတွင်းသားက နူးညံ့သည်။ စားသုံးပုံ -အူတိုင်ကို ညှစ်ပြီး အဖတ်များဖြစ်အောင် လုပ်၍ဖျော်ရည်တွင် ထည့်ပြီးစားပါ။  ကျန်နေသောအဖတ်များကို စွတ်ပြုတ်၊အ သားဟင်းပြုတ်တို့နှင့်ရောစားပါက ဖိုင်ဘာဓာတ်ကို ရရှိစေသည်။

(၃)ငှက်ပျောသီး

ငှက်ပျောခွံတွင် Lutein အင်တီအောက်ဆီးဒင့်ပါဝင် ပြီး မျက်လုံး၏ဆဲလ်များကို ခရမ်းလွန်ရောင်ခြည်ပြင်းထန်စွာ ကျရောက်ခြင်းမှ ကာကွယ်ပေးသည်။ စားသုံးပုံ -အခွံကို (၁၀)မိနစ်ပြုတ်ပါ ။ ယင်း၏အရည် သို့မဟုတ် ဖျော်ရည်တွင် ရော၍ သောက်ပါ။

(၄)အာလူး

အာလူးအခွံတွင် ဖိုင် ဘာ၊ပိုတက်စီယမ်၊ သံဓာတ်၊ဖော့စ်ဖရပ်စ်နှင့်ဗီတာမင်စီတို့ပါဝင်သည်။ အာလူးအခွံတွင် လိမ္မော်သီးထက်ပို၍ ဗီတာမင်စီပါဝင်သည်။ အအေးမိခြင်းကို အကာအကွယ်ပေးသည်။ စားသုံးပုံ – အာလူးကို အခွံမခွာဘဲ ပြုတ်ပြီး ချေပါ။ သို့မဟုတ် လှီးပါ ။ သံလွင်ဆီထည့်၍ မီးဖုတ်စားပါ။

(၅)ရှောက်သီး

အခွံတွင် Super-Flavonoid  ခေါ် အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာ ပါဝင်ပြီး  HDL Level ကို နိမ့်မသွား စေဘဲ LDL ကိုလက်စထရာကိုသာ လျော့စေသည်။ အရည်ထက် အဆ(၂၀)ပို၍ အစွမ်းထက်သည်။ စားသုံးပုံ -ဖျော်ရည်ထဲတွင် ညှစ်ပြီးသားအခွံကိုပါ ထည့်၍ သောက်ပါ။

ဒေါန
credit to >>Health Updates Journal No. 86

No comments:

Post a Comment